သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲများရပ်ရေး ဆန္ဒပြသူ ဗကသကျောင်းသားများရုံးထုတ် (ဓာတ်ပုံ - ထက်အောင်ခန့် (ဗွီအိုအေ))

[Zawgyi/Unicode]

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ မန္တလေးမြို့မှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ၂ ဦးဖြစ်တဲ့ ကိုစိုးလှနိုင်၊ ကိုသီဟ ရဲကျော်တို့ကို ဒီကနေ့ မနက်ပိုင်းမှာ အမပူရ မြို့နယ်တရားရုံးမှာ ရုံးထုတ်လာတာဖြစ်ပါတယ်။

သူတို့ကိုတော့ ပုဒ်မ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ စွဲဆိုထားတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း မဟာအောင်မြေမြို့နယ်က ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ မန္တလေးမြို့မှာ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်လို့ ဗကသ လူငယ် ၃ ဦး ဖမ်းဆီးခံထားရပြီး ၁၂ ဦးကတော့ ထွက်ပြေးနေလို့ ဝရမ်းထုတ်ထားပါသေးတယ်။

[Unicode Version]




နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG