သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြ ဆႏၵျပေက်ာင္းသားသံုးဦး ကပ္ေဘးဥပေဒနဲ႔ တရားစြဲခံရ


ရခိုင္ျပည္ ၿမိဳ႕ေတာ္ခန္းမေရွ႕ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢ သံုး ဦး ကို ရဲတပ္ဖဲြ႔၀င္ေတြက ေခၚေဆာင္သြားတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ အင္တာနက္ ျပန္ဖြင့္ေပးဖို႔ ဆႏၵျပေတာင္းဆိုခဲ့တဲ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ ၃ ဦးကို ဒီကေန႔ပဲ သေဘာ၀ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒနဲ႔ တရားစြဲဆိုလိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း ကိုထက္ေအာင္ခန္႔က ေျပာျပပါမယ္။

မေန႔ စက္တင္ဘာ ၉ ရက္ေန႔က ရခိုင္ျပည္နယ္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ရခိုင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ သံုးဦးျဖစ္တဲ့ ကိုေက်ာ္ႏိုင္ေဌး၊ ကိုဦးသန္းႏိုင္၊ ကိုတူးတူးေအာင္တို႔ ၃ ဦးကို စစ္ေတြၿမိဳ႕ အမွတ္ ၁ ရဲစခန္းက ထိန္းသိမ္းေခၚေဆာင္သြားၿပီး ဒီကေန႔မွာေတာ့ စစ္ေတြၿမိဳ႕တရားရံုးမွာ သဘာ၀ေဘး အႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥေပေဒနဲ႔ တရားစြဲဆိုလိုက္တာျဖစ္ပါတယ္။

သူတို႔ ၃ ဦးဟာ ရခိုင္ျပည္နယ္မွာ အင္တာနက္ 4G စနစ္ ျပန္ဖြင့္ေပးဖို႔နဲ႔ လက္ရွိ NLD အစိုးရကို အယံုအၾကည္မရွိတဲ့အတြက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာလို႔ ေျပာထားပါတယ္။

ဒီကေန႔ တရားစြဲဆိုလိုက္တဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢရဲ႕ သံတမန္ ဆက္ဆံေရး တာ၀န္ခံ ကိုေသာ္ဇင္ထြန္းက -

“အခုေလာေလာဆယ္ က်ေနာ္တို႔ ေနာက္ဆံုး သိထားရတာက ပုဒ္မ ၂၅ သဘာဝ ေဘးအႏၱရာယ္ဆိုင္ရာ ဥပေဒနဲ႔ပဲ စြဲခ်က္တင္ထားတယ္လို႔ သိရတယ္။ တရားရံုးကေန ခ်ဳပ္ရက္ ရမန္ ႏွစ္ပတ္ယူသြားတယ္ခင္ဗ်။ က်ေနာ္တို႔ တရားရံုးကေန သိရတာပါ။"

ဒီကေန႔ မနက္ပိုင္းမွာေတာ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြဟာ ဖမ္းဆီးခံထားရသူ သံုး ဦးကို ေတြ႕ခြင့္ရဖို႔ အမွတ္ ၁ ရဲစခန္းေရွ႕မွာ ေစာင့္ဆိုင္းေနေပမယ့္ ေတြ႕ခြင့္မရခဲ့ပါဘူး။ ဖမ္းဆီးခံထားရတဲ့သူေတြရဲ႕ ကိစၥကို ေျဖရွင္းေပးဖို႔ ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္နဲ႔ ေတြ႕ဆံုခြင့္ရဖို႔လည္း ႀကိဳးစားေနၾကပါတယ္။

ရခိုင္ျပည္နယ္အျပင္ မႏၱေလးၿမိဳ႕မွာလည္း ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြက မႏၱေလး ၈၄-၃၁ လမ္းကေန ေစ်းခ်ိဳနာရီစင္အထိ ခ်ီတက္လမ္းေလွ်ာက္ၿပီး ရခိုင္ျပည္မွာျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ဆန္႔က်င္ကန္႔ကြက္ေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵထုတ္ေဖာ္တာနဲ႔ ပတ္သက္လို႔ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသား သမဂၢအဖြဲ႕၀င္တစ္ဦးျဖစ္တဲ့ ကိုေက်ာ္သီဟရဲေက်ာ္က ....

“ရခိုင္ေဒသက ျပည္သူေတြ ေက်ာင္းသားထုနဲ႔ က်ေနာ္တို႔ အတူရွိေၾကာင္း ဗကသမ်ားအဖြဲ႕ခ်ဳပ္ အေနနဲ႔ တသားတည္း ရပ္တည္ေၾကာင္း ျပတာျဖစ္ပါတယ္။ က်ေနာ္တို႔ အဓိက ကေတာ့ လက္ရွိ ရခိုင္မွာက စစ္ေဘးေရာ၊ ကပ္ေဘးေရာ ရင္ဆိုင္ေနရတာျဖစ္တယ္။ စစ္တပ္ကေနၿပီးေတာ့ လက္ရွိ ကပ္ေဘး ကာလကို အေၾကာင္းျပဳၿပီးေတာ့ ရခိုင္ေဒသက ျပည္သူေတြကို ဖိႏွိပ္မႈေတြ လုပ္ေနတယ္။ အၾကမ္းဖက္ မီးရႈိ႕တာေတြ ျဖစ္ေနတယ္ေပါ့။ အဲ့ဒါေတြကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ ရႈတ္ခ်တယ္။ ၿပီးေတာ့ ရခိုင္ေဒသက လူထုနဲ႔ က်ေနာ္တို႔ ေက်ာင္းသားေတြဟာ တသားတည္း တည္ရွိေၾကာင္း ျပသလိုတဲ့အတြက္ ဒီကေန႔ ပြဲကို လုပ္ရတာ ျဖစ္ပါတယ္။”

ရခိုင္ျပည္နယ္မွာေတာ့ တိုက္ပြဲေတြက ဆက္ျဖစ္ေနဆဲရွိၿပီး ဒီသီတင္းပတ္ထဲမွာပဲ ေျမပံုၿမိဳ႕မွာ လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲခဲ့လို႔ ေက်ာင္းဆရာမ တဦးကေလး ႏွစ္ ဦးနဲ႔ အမ်ိဳးသား တစ္ဦးေသဆံုးခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေ ဆန္ဒပြကျောင်းသားသုံးဦး ကပ်ဘေးဥပဒေနဲ့ တရားစွဲခံရ

ရခိုင်ပြည်နယ်မှာ အင်တာနက် ပြန်ဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ပဲ သဘောဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း ကိုထက်အောင်ခန့်က ပြောပြပါမယ်။

မနေ့ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် သုံးဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုတူးတူးအောင်တို့ ၃ ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက ထိန်းသိမ်းခေါ်ဆောင်သွားပြီး ဒီကနေ့မှာတော့ စစ်တွေမြို့တရားရုံးမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒေနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ ရခိုင်ပြည်နယ်မှာ အင်တာနက် 4G စနစ် ပြန်ဖွင့်ပေးဖို့နဲ့ လက်ရှိ NLD အစိုးရကို အယုံအကြည်မရှိတဲ့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ပြောထားပါတယ်။

ဒီကနေ့ တရားစွဲဆိုလိုက်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂရဲ့ သံတမန် ဆက်ဆံရေး တာဝန်ခံ ကိုသော်ဇင်ထွန်းက -

“အခုလောလောဆယ် ကျနော်တို့ နောက်ဆုံး သိထားရတာက ပုဒ်မ ၂၅ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ပဲ စွဲချက်တင်ထားတယ်လို့ သိရတယ်။ တရားရုံးကနေ ချုပ်ရက် ရမန် နှစ်ပတ်ယူသွားတယ်ခင်ဗျ။ ကျနော်တို့ တရားရုံးကနေ သိရတာပါ။"

ဒီကနေ့ မနက်ပိုင်းမှာတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံထားရသူ သုံး ဦးကို တွေ့ခွင့်ရဖို့ အမှတ် ၁ ရဲစခန်းရှေ့မှာ စောင့်ဆိုင်းနေပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့လည်း ကြိုးစားနေကြပါတယ်။

ရခိုင်ပြည်နယ်အပြင် မန္တလေးမြို့မှာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက မန္တလေး ၈၄-၃၁ လမ်းကနေ ဈေးချိုနာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး ရခိုင်ပြည်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်သီဟရဲကျော်က ....

“ရခိုင်ဒေသက ပြည်သူတွေ ကျောင်းသားထုနဲ့ ကျနော်တို့ အတူရှိကြောင်း ဗကသများအဖွဲ့ချုပ် အနေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြတာဖြစ်ပါတယ်။ ကျနော်တို့ အဓိက ကတော့ လက်ရှိ ရခိုင်မှာက စစ်ဘေးရော၊ ကပ်ဘေးရော ရင်ဆိုင်နေရတာဖြစ်တယ်။ စစ်တပ်ကနေပြီးတော့ လက်ရှိ ကပ်ဘေး ကာလကို အကြောင်းပြုပြီးတော့ ရခိုင်ဒေသက ပြည်သူတွေကို ဖိနှိပ်မှုတွေ လုပ်နေတယ်။ အကြမ်းဖက် မီးရှို့တာတွေ ဖြစ်နေတယ်ပေါ့။ အဲ့ဒါတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်။ ပြီးတော့ ရခိုင်ဒေသက လူထုနဲ့ ကျနော်တို့ ကျောင်းသားတွေဟာ တသားတည်း တည်ရှိကြောင်း ပြသလိုတဲ့အတွက် ဒီကနေ့ ပွဲကို လုပ်ရတာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲရှိပြီး ဒီသီတင်းပတ်ထဲမှာပဲ မြေပုံမြို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ကျောင်းဆရာမ တဦးကလေး နှစ် ဦးနဲ့ အမျိုးသား တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG