သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA အေျခစိုက္စခန္းေတြကို ျမန္မာစစ္တပ္ အင္အားသံုး ထိုးစစ္ဆင္ေန


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာေတြ႔ရတဲ့ ျမန္မာစစ္တပ္ တပ္ဖဲြ႔၀င္မ်ား။ (ေအာက္တိုဘာ ၁၄၊ ၂၀၁၆)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္ ထီးဆြဲနဲ႕ေအာင္သာစည္ၾကား ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တပ္စြဲထားတဲ့ ေတာင္ကုန္းကို ဒုတိယေန႕အျဖစ္တပ္မေတာ္ကေန ၾကည္းေရေလပူးေပါင္းတပ္ဖြဲ႕နဲ႕ထိုးစစ္ဆင္တိုက္ခိုက္ေနပါတယ္။

ရေသ့ေတာင္ ေဒသဖက္ ေတာင္ကုန္းစခန္းတခ်ဳိ႕ ကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔လည္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဗီြအိုေအ သတင္းေထာက္ နိုင္ကြန္းအိန္ကို အေၾကာင္းစုံကို သတင္းေပးပို႔ထားပါတယ္။

အဂၤါေန႕ကတည္းက တပ္မေတာ္ဘက္က ၾကည္းေရေလတပ္အင္အားသုံးတိုက္ခိုက္ခဲ့တဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ထီးဆြဲနဲ႕ ေအာင္သာစည္ၾကား ေတာင္ကုန္းကို ဒီေန႕မြန္းလႊဲပိုင္းကစျပီး ေလယာဥ္နဲ႕ ပစ္ခတ္တိုက္ခိုက္မွဳစတင္လာတယ္လို႕ ေအာင္သာစည္ရြာသားတဦးက ေျပာပါတယ္။

“ထပ္ခ်ေနျပီးေလယာဥ္နဲ႕ (၂)ၾကိမ္ရွိျပီး။ တနာရီ၀န္းက်င္တႀကိမ္ (၃)နာရီေလာက္မွာတၾကိမ္။ ဂ်က္တိုက္ေလယာဥ္(၂) စီးနဲကေပါ့။ လက္နက္ၾကီပစ္တယ္ ရေသ့ေတာင္ကလဲပစ္တယ္ ထီးဆြဲကလဲပစ္တာေပါ့။ ေျမျပင္ထိုးစစ္ေတာ့မရွိေသး ဘူးေလ။”

ထီးဆြဲနဲ႕ ေအာင္သာစည္ၾကား ေတာင္ကုန္းကို အဂၤါေန႔ ညေနပိုင္းမွာ သိမ္းပိုက္နိုင္ခဲ့တယ္လို႕ တပ္မေတာ္ဖက္က သတင္းထုတ္ျပန္ထားပါတယ္။

ေအာင္သာစည္ရြာသားတဦးကေတာ့ မေန႕ကၾကည္းေရေလပူးေပါင္းစစ္ဆင္ေရးမွာ တပ္မေတာ္ဖက္က ေတာင္ကုန္း ငယ္တခု ကိုသာ သိမ္းပိုက္နိုင္ေသးတယ္လို႕ ဆိုပါတယ္။

“မေန႕ကတိုက္ပြဲအေျခအေနက ေလယာဥ္နဲ႕(၉)နာရီခြဲေလာက္မွာလာျပီးဗုံးၾကဲတယ္။ ေလယာဥ္ပစ္ျပီးေတာ့ျပန္တာနဲ႕ သူတို႕ထိုးစစ္ဆင္တာေလ။ သူတို႕တေနကုန္ထိုးစစ္ဆင္ေတာ ့အက်ဆုံးမ်ားတယ္။ ကုန္းေလးတကုန္းကိုေတာ့ သူတို႕ သိမ္းလို႕ရတယ္။ ဒါေပမဲ့ ကုန္းၾကီးကိုေတာ့မရဘူးေပါ့။ ကုန္းအေသးေပၚမွာသူတို႕လဲတပ္မစြဲရဲဘူးခင္ဗ်။ အဲဒီမွာ မိုင္းေတြ ဘာေတြရွိဦးမယ္ထင္တယ္။ အဲတာေၾကာင့္။”

လက္ရွိ ထီးဆြဲနဲ႕ေအာင္သာစည္ၾကားေတာင္တန္းကို ျမန္မာစစ္တပ္ကေန အျပီးပိုင္ ထိန္းခ်ဳပ္လို႕မရေသးဘူးလို႕ ေဒသခံေတြကဆိုပါတယ္။

ဗုဒၶဟူးေန႕မွာလဲ ျမန္မာစစ္တပ္ဖက္က ေရတတပ္သေဘၤာနဲ႕ ထီးစြဲဖက္မွာ တပ္အင္အားျဖည့္တင္းထားဆဲလို႕ ထီးစြဲရြာသားတဦးကေျပာပါတယ္။

“ဒီေန႕ေတာ့ ဇက္ကေတာ့ပစ္တာေတာ့ရွိတယ္ရြာေတြကို။ တပ္ကေတာ့လူအင္အားျဖည့္ေနတာေပါ့။ သူတို႕ဇက္(၂)စီး နဲ႕ လာျပီးတပ္အင္အား(၂၀၀)ေက်ာ္(၃၀၀)နီးပါးလာျဖည့္တာေပါ့။ ထီးစြဲကိုဘဲျပန္ျဖည့္တာ။

အဂၤါေန႔ တိုက္ပြဲအတြင္း ေတာင္ကုန္းကေန ဆုတ္ခြာထြက္ေျပးသြားတဲ့ AA အဖြဲ႕က အနီးပတ္ဝန္းက်င္ရွိ ေက်းရြာေတြ ကို မီးရွို႔ဖ်က္ဆီးသြားတယ္လို႕ တပ္မေတာ္ဘက္ကထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ေအာင္သာစည္ေက်းရြာသားတဦးကေတာ့ လက္နက္ၾကီးက်ည္ထိမွန္လို႕ရြာမီးေလာင္းေၾကာင္းေျပာပါတယ္။

“ဘယ္ရွိဳ႕မလဲ သူတို႕ေနရာကိုသူတို႕ရွိဳ႔မလား။ အဲဒီေျမေနရာေတြကို ဗမာ့တပ္မေတာ္က သူတို႕ေလယာဥ္ေပၚက မီးေလာင္ဗံုးေတြနဲ႕ တမင္တကာလာျပီးဗုံးခ်သြားတာ။ ကြ်န္ေတာ္တို႕ျမင္ေနရတာအေ၀းကဗုံးခ်တာနဲ႕ တခါထဲ မီးခိုးလုံးေတြတန္းျပီးေတာ့ ရြာကတက္လာတာေလ။”

AAတပ္ဖြဲ႕ေတြအေနနဲ႕ရေသ့ေတာင္ၿမိဳ႕နယ္၊ ထီးဆြဲေက်းရြာအနီး စိုးမိုးေတာင္ကုန္းမွာ အခိုင္အမာေနရာယူျပီး လမ္းပန္း ဆက္သြယ္မႈျဖတ္ေတာက္ျခင္း၊ ေရယာဥ္ေတြကိုမၾကာခဏပစ္ခတ္ျခင္းျဖင့္ ၿခိမ္းေျခာက္ေနလို႕ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြက တိုက္ခိုက္သိမ္းပိုက္တာလို႕ တပ္မေတာ္ဘက္ကဆိုပါတယ္။

ဒါေပမဲ့ AAရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ အဂၤါေန႕ကျပဳလုပ္တဲ့စစ္ဆင္ေရးဟာ ေဒသတြင္းရိကၡာ ျဖတ္ေတာက္ဖို႕ရည္ရြယ္ခ်က္နဲ႕ထိုးစစ္ဆင္တာလို႕ဆိုပါတယ္။

“အခုတိုက္ပြဲျဖစ္ေနတဲ့ေနရာက ျမန္မာစစ္တပ္ကေျပာသလို ဗ်ဴဟာေျမာက္တဲ့ကုန္းေတာ့မဟုတ္ဘူးဗ်။ အဲဒီေနရာမွာ လယ္ယာေျမေတြအမ်ားၾကီးရွိတယ္။ အဲဒီေဒသရဲ႕စား၀တ္ေနေရးနဲ႕ ကြ်န္ေတာ္တို႕ရခိုင္တပ္ေတာ္ကို ရိကၡာျပတ္ ေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႕ စပါးစိုက္တဲ့အခ်ိန္ကစျပီးေတာ့မွ အခုဒီစပါးရိတ္သိမ္းတဲ့အခ်ိန္ထိ အဲဒီေဒသတခြင္လုံးကို ငတ္မြတ္ေခါင္းပါးေအာင္ ဖန္တီးလိုတဲ့ရည္ရြယ္ခ်က္တခုထည္းအတြက္တာ ျမန္မာစစ္တပ္ဘက္က ေနျပီးေတာ့ အခုလိုမ်ိဳးသဲၾကီးမဲၾကီး တိုက္ေနတာျဖစ္တယ္။”

အဂၤါေန႔က တိုက္ပြဲအတြင္း ျမန္မာစစ္တပ္ကေရာ AAအဖြဲ႕ဘက္ကပါ ထိခိုက္က်ဆုံးမွဳေတြရွိေနတယ္လို႕ ဆိုေပမဲ့ တရား၀င္ထုတ္ျပန္တာမ်ိဳးေတာ့မရွိခဲ့ပါဘူး။

ဗုဒၶဟူးေန႔ တိုက္ပြဲျဖစ္စဥ္နဲ႕ ပက္သက္လို႕သိရွိဖို႕ တပ္မေတာ္ဘက္ေရာ AAရခိုင္လက္နက္ကိုင္ ေျပာခြင့္ရကို ဆက္သြယ္ ခဲ့ေပမဲ့ ဆက္သြယ္လို႕မရခဲ့ပါဘူး။

အခုတိုက္ပြဲျဖစ္ပြါးေနတဲ့ ထီးစြဲေက်း႐ြာအနီးေတာင္ကုန္းကို ေအာက္တိုဘာလဆန္းတုန္းက ျမန္မာ့တပ္မေတာ္နဲ႕ AAအဖြဲ႕တို႕အျပန္အလွန္ တိုက္ခိုက္သိမ္းပိုက္ဖို႕ၾကိဳးစားေနၾကတာပါ။

အဂၤါေန႔ကျဖစ္ပြါးခဲ့တဲ့တိုက္ပြဲအတြင္း ေထာင္နဲ႕ခ်ီတဲ့လိုင္ဂြင္ေက်းရြာသားေတြ ရေသ့ေတာင္ျမိဳ႕ဖက္တိမ္းေရွာင္ ေနရ သလို တျခား အနီးအနားက ေအာက္ေက်ာင္းေတာင္ စဖိုကြ်န္း၊ ေအာင္ေဇကုန္း၊ ျပင္၀န္း ကံျပင္ ေက်းရြာသားေတြ လည္း ေစတီျပင္ေက်းရြာမွာ ခိုလႈံေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

AA အခြေစိုက်စခန်းတွေကို မြန်မာစစ်တပ် အင်အားသုံး ထိုးစစ်ဆင်နေ

(Unicode)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲနဲ့အောင်သာစည်ကြား ရခိုင်လက်နက်ကိုင် AA အဖွဲ့တပ်စွဲထားတဲ့ တောင်ကုန်းကို ဒုတိယနေ့အဖြစ်တပ်မတော်ကနေ ကြည်းရေလေပူးပေါင်းတပ်ဖွဲ့နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ရသေ့တောင် ဒေသဖက် တောင်ကုန်းစခန်းတချို့ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကို အကြောင်းစုံကို သတင်းပေးပို့ထားပါတယ်။

အင်္ဂါနေ့ကတည်းက တပ်မတော်ဘက်က ကြည်းရေလေတပ်အင်အားသုံးတိုက်ခိုက်ခဲ့တဲ့ ရသေ့တောင်မြို့နယ် ထီးဆွဲနဲ့ အောင်သာစည်ကြား တောင်ကုန်းကို ဒီနေ့မွန်းလွှဲပိုင်းကစပြီး လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုစတင်လာတယ်လို့ အောင်သာစည်ရွာသားတဦးက ပြောပါတယ်။

“ထပ်ချနေပြီးလေယာဉ်နဲ့ (၂)ကြိမ်ရှိပြီး။ တနာရီဝန်းကျင်တကြိမ် (၃)နာရီလောက်မှာတကြိမ်။ ဂျက်တိုက်လေယာဉ်(၂) စီးနဲကပေါ့။ လက်နက်ကြီပစ်တယ် ရသေ့တောင်ကလဲပစ်တယ် ထီးဆွဲကလဲပစ်တာပေါ့။ မြေပြင်ထိုးစစ်တော့မရှိသေး ဘူးလေ။”

ထီးဆွဲနဲ့ အောင်သာစည်ကြား တောင်ကုန်းကို အင်္ဂါနေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်သာစည်ရွာသားတဦးကတော့ မနေ့ကကြည်းရေလေပူးပေါင်းစစ်ဆင်ရေးမှာ တပ်မတော်ဖက်က တောင်ကုန်း ငယ်တခု ကိုသာ သိမ်းပိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။

“မနေ့ကတိုက်ပွဲအခြေအနေက လေယာဉ်နဲ့(၉)နာရီခွဲလောက်မှာလာပြီးဗုံးကြဲတယ်။ လေယာဉ်ပစ်ပြီးတော့ပြန်တာနဲ့ သူတို့ထိုးစစ်ဆင်တာလေ။ သူတို့တနေကုန်ထိုးစစ်ဆင်တော့အကျဆုံးများတယ်။ ကုန်းလေးတကုန်းကိုတော့ သူတို့ သိမ်းလို့ရတယ်။ ဒါပေမဲ့ ကုန်းကြီးကိုတော့မရဘူးပေါ့။ ကုန်းအသေးပေါ်မှာသူတို့လဲတပ်မစွဲရဲဘူးခင်ဗျ။ အဲဒီမှာ မိုင်းတွေ ဘာတွေရှိဦးမယ်ထင်တယ်။ အဲတာကြောင့်။”

လက်ရှိ ထီးဆွဲနဲ့အောင်သာစည်ကြားတောင်တန်းကို မြန်မာစစ်တပ်ကနေ အပြီးပိုင် ထိန်းချုပ်လို့မရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာလဲ မြန်မာစစ်တပ်ဖက်က ရေတတပ်သင်္ဘောနဲ့ ထီးစွဲဖက်မှာ တပ်အင်အားဖြည့်တင်းထားဆဲလို့ ထီးစွဲရွာသားတဦးကပြောပါတယ်။

“ဒီနေ့တော့ ဇက်ကတော့ပစ်တာတော့ရှိတယ်ရွာတွေကို။ တပ်ကတော့လူအင်အားဖြည့်နေတာပေါ့။ သူတို့ဇက်(၂)စီး နဲ့ လာပြီးတပ်အင်အား(၂၀၀)ကျော်(၃၀၀)နီးပါးလာဖြည့်တာပေါ့။ ထီးစွဲကိုဘဲပြန်ဖြည့်တာ။

အင်္ဂါနေ့ တိုက်ပွဲအတွင်း တောင်ကုန်းကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ AA အဖွဲ့က အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေ ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ တပ်မတော်ဘက်ကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အောင်သာစည်ကျေးရွာသားတဦးကတော့ လက်နက်ကြီးကျည်ထိမှန်လို့ရွာမီးလောင်းကြောင်းပြောပါတယ်။

“ဘယ်ရှို့မလဲ သူတို့နေရာကိုသူတို့ရှို့မလား။ အဲဒီမြေနေရာတွေကို ဗမာ့တပ်မတော်က သူတို့လေယာဉ်ပေါ်က မီးလောင်ဗုံးတွေနဲ့ တမင်တကာလာပြီးဗုံးချသွားတာ။ ကျွန်တော်တို့မြင်နေရတာအဝေးကဗုံးချတာနဲ့ တခါထဲ မီးခိုးလုံးတွေတန်းပြီးတော့ ရွာကတက်လာတာလေ။”

AAတပ်ဖွဲ့တွေအနေနဲ့ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာအနီး စိုးမိုးတောင်ကုန်းမှာ အခိုင်အမာနေရာယူပြီး လမ်းပန်း ဆက်သွယ်မှုဖြတ်တောက်ခြင်း၊ ရေယာဉ်တွေကိုမကြာခဏပစ်ခတ်ခြင်းဖြင့် ခြိမ်းခြောက်နေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်တာလို့ တပ်မတော်ဘက်ကဆိုပါတယ်။

ဒါပေမဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ အင်္ဂါနေ့ကပြုလုပ်တဲ့စစ်ဆင်ရေးဟာ ဒေသတွင်းရိက္ခာ ဖြတ်တောက်ဖို့ရည်ရွယ်ချက်နဲ့ထိုးစစ်ဆင်တာလို့ဆိုပါတယ်။

“အခုတိုက်ပွဲဖြစ်နေတဲ့နေရာက မြန်မာစစ်တပ်ကပြောသလို ဗျူဟာမြောက်တဲ့ကုန်းတော့မဟုတ်ဘူးဗျ။ အဲဒီနေရာမှာ လယ်ယာမြေတွေအများကြီးရှိတယ်။ အဲဒီဒေသရဲ့စားဝတ်နေရေးနဲ့ ကျွန်တော်တို့ရခိုင်တပ်တော်ကို ရိက္ခာပြတ် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စပါးစိုက်တဲ့အချိန်ကစပြီးတော့မှ အခုဒီစပါးရိတ်သိမ်းတဲ့အချိန်ထိ အဲဒီဒေသတခွင်လုံးကို ငတ်မွတ်ခေါင်းပါးအောင် ဖန်တီးလိုတဲ့ရည်ရွယ်ချက်တခုထည်းအတွက်တာ မြန်မာစစ်တပ်ဘက်က နေပြီးတော့ အခုလိုမျိုးသဲကြီးမဲကြီး တိုက်နေတာဖြစ်တယ်။”

အင်္ဂါနေ့က တိုက်ပွဲအတွင်း မြန်မာစစ်တပ်ကရော AAအဖွဲ့ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ဆိုပေမဲ့ တရားဝင်ထုတ်ပြန်တာမျိုးတော့မရှိခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပက်သက်လို့သိရှိဖို့ တပ်မတော်ဘက်ရော AAရခိုင်လက်နက်ကိုင် ပြောခွင့်ရကို ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုတိုက်ပွဲဖြစ်ပွါးနေတဲ့ ထီးစွဲကျေးရွာအနီးတောင်ကုန်းကို အောက်တိုဘာလဆန်းတုန်းက မြန်မာ့တပ်မတော်နဲ့ AAအဖွဲ့တို့အပြန်အလှန် တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေကြတာပါ။

အင်္ဂါနေ့ကဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအတွင်း ထောင်နဲ့ချီတဲ့လိုင်ဂွင်ကျေးရွာသားတွေ ရသေ့တောင်မြို့ဖက်တိမ်းရှောင် နေရ သလို တခြား အနီးအနားက အောက်ကျောင်းတောင် စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း ကံပြင် ကျေးရွာသားတွေ လည်း စေတီပြင်ကျေးရွာမှာ ခိုလှုံနေကြရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG