သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေတြအေပၚက်ဴးလြန္မႈကုိ Genocide လုိ႔ သတ္မွတ္ဖုိ႔ ကန္ အထက္လႊတ္ေတာ္အမတ္တခ်ဳိ႕ အဆုိျပဳ


မွတ္တမ္းဓါတ္ပံု-၂၀၁၇ ႏို၀င္ဘာတုန္းက ရုိဟင္ဂ်ာဒုကၡသည္မ်ား ထြက္ေျပးလာစဥ္

(Zawgyi/Unicode)
႐ိုဟင္ဂ်ာ လူနည္းစုအေပၚ ျမန္မာစစ္တပ္နဲ႔ လုံၿခဳံေရး တပ္ဖဲြ႔ဝင္ေတြရဲ႕ တုိက္ခုိက္မႈေတြဟာ Genocide ေခၚ လူမ်ဳိးတုန္း သတ္ျဖတ္မႈ ဟုတ္မဟုတ္ ႏို္င္ငံျခားေရးဝန္ႀကီးက ဆုံးျဖတ္ေစမယ့္ ဥပေဒၾကမ္းတရပ္ကို အမေရိကန္ အထက္လႊတ္ေတာ္ အေရွ႕အာရွေရးရာ အဖြဲ႔ခြဲ အဆင့္ျမင့္အဖဲြ႔ဝင္တဦးျဖစ္တဲ့ မက္ဆာခ်ဴးဆက္ျပည္နယ္ ဒီမုိကရက္-အထက္လႊတ္ေတာ္အမတ္ Edward J. Markey က တျခား အထက္လႊတ္ေတာ္ ဒီမုိကရက္အမတ္ (၃)ဦး ( Jeff Merkley (အိုရီဂြန္ျပည္နယ္), Ben Cardin (ေမရိလန္း), Dick Durbin (အီလီႏိြဳင္း ) ) နဲ႔အတူ ဗုဒၶဟူးေန႔မွာ တင္သ ြင္းလုိက္ပါတယ္။

ႏိုင္ငံျခားေရးဌာနရဲ႕ အေထာက္အပံ့နဲ႔ ျပဳလုပ္ခဲ့တဲ့ လူ႔အခြင့္အေရး စုံစမ္းစစ္ေဆးသူေတြက ဒီလုပ္ေတြဟာ Genocide ျဖစ္တယ္လို႔ ယုံၾကည္ႏိုင္စရာ မွ်တတဲ့ အေထာက္အထားေတြ ရွိေနေၾကာင္း တင္ျပခဲ့ေပမဲ့ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီးက ဒါဟာ Genocide ဟုတ္မဟုတ္ ဆိုတာ ထုတ္ျပန္ခဲ့ျခင္း မရွိေသးပါဘူး။

ကုလသမဂၢကလည္း ဒီလုပ္ရပ္ေတြမွာ Genocide ရည္ရြယ္ခ်က္ ရွိတယ္လို႔ ေကာက္ခ်က္ခ်ႏိုင္တဲ့ ေလွ်ာ္ကန္သင့္ျမတ္တဲ့ အေထာက္အထားေတြ ရွိတယ္လို႔ ဆိုခဲ့သလို ၊ အေမရိကန္ ႏို္င္ငံျခားေရးဝန္ႀကီးဌာန ကိုယ္တုိင္ရဲ႕ ၂၀၁၈ ထုတ္ျပန္ခ်က္ တခုမွာလည္း ျမန္မာစစ္တပ္က ၂၀၁၇ ၾသဂုတ္ကေန စက္တင္ဘာအထိ ႐ုိဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ အၾကမ္းဖက္မႈေတြဟာ လြန္စြာ ႀကီးမားက်ယ္ျပန္႔ၿပီး အၾကမ္းဖက္ ေမာင္းထုတ္မႈ ျဖစ္႐ုံသာမက စနစ္တက် စီစဥ္ေဆာင္ရြက္ခဲ့တာ ျဖစ္တယ္လို႔လည္း ေဖၚျပထားပါတယ္။

ဒါေပမဲ့ ေဒၚနယ္ထရမ့္ အစိုးရရဲ႕ ၂၀၂၀ ျပည့္ Genocide နဲ႔ ရက္စက္ၾကမ္းၾကဳတ္မႈ တားဆီးေရးအစီရင္ခံစာမွာေတာ့ ႐ိုဟင္ဂ်ာေတြနဲ႔ ပတ္သက္ၿပီး အထူးတလည္ ေဖၚျပထားျခင္း မရွိပါဘူး။

အခု ဥပေဒၾကမ္း ဦးေဆာင္တင္သြင္းသူ ဆီနိတ္တာ Markey က " တရားမွ်တမႈနဲ႔ တာဝန္ရွိသူေတြကို တာဝန္ခံမႈ ရွိေစဖို႔အတြက္ အမွန္တရားကို အသိမွတ္ျပဳေရးဟာ အဓိက ေျခလွမ္းတရပ္ျဖစ္ၿပီး ၊ ဒီလိုလုပ္ရပ္ေတြကို Genocide ဆိုတဲ့ ထိုက္သင့္ေလွ်ာ္ကန္ေသာ နာမည္တပ္ဖို႔ လိုအပ္တယ္" လို႔ ဆုိပါတယ္။

အထက္လႊတ္ေတာ္ အမတ္ေတြ ျဖစ္ၾကတဲ့ Markey နဲ႔ ၃ ဦးတို႔ဟာ ႐ုိဟင္ဂ်ာေတြအေပၚ ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြအတြက္ တာဝန္ရွိတဲ့ တပ္မေတာ္အရာရွိႀကီး ၄ ဦးကို အေရးယူဖို႔ ၂၀၁၉ မွာ ဖိအားေပးခဲ့သလို၊ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနကလည္း ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုကို Genocide လို့ သတ်မှတ်ဖို့ ကန် အထက်လွှတ်တော်အမတ်တချို့ အဆိုပြု

(Unicode)
ရိုဟင်ဂျာ လူနည်းစုအပေါ် မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေဟာ Genocide ခေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဟုတ်မဟုတ် နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်စေမယ့် ဥပဒေကြမ်းတရပ်ကို အမရေိကန် အထက်လွှတ်တော် အရှေ့အာရှရေးရာ အဖွဲ့ခွဲ အဆင့်မြင့်အဖွဲ့ဝင်တဦးဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ် ဒီမိုကရက်-အထက်လွှတ်တော်အမတ် Edward J. Markey က တခြား အထက်လွှတ်တော် ဒီမိုကရက်အမတ် (၃)ဦး ( Jeff Merkley (အိုရီဂွန်ပြည်နယ်), Ben Cardin (မေရိလန်း), Dick Durbin (အီလီနွိုင်း ) ) နဲ့အတူ ဗုဒ္ဓဟူးနေ့မှာ တင်သ ွင်းလိုက်ပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အထောက်အပံ့နဲ့ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ဒီလုပ်တွေဟာ Genocide ဖြစ်တယ်လို့ ယုံကြည်နိုင်စရာ မျှတတဲ့ အထောက်အထားတွေ ရှိနေကြောင်း တင်ပြခဲ့ပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒါဟာ Genocide ဟုတ်မဟုတ် ဆိုတာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ကုလသမဂ္ဂကလည်း ဒီလုပ်ရပ်တွေမှာ Genocide ရည်ရွယ်ချက် ရှိတယ်လို့ ကောက်ချက်ချနိုင်တဲ့ လျှော်ကန်သင့်မြတ်တဲ့ အထောက်အထားတွေ ရှိတယ်လို့ ဆိုခဲ့သလို ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်တိုင်ရဲ့ ၂၀၁၈ ထုတ်ပြန်ချက် တခုမှာလည်း မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်ကနေ စက်တင်ဘာအထိ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လွန်စွာ ကြီးမားကျယ်ပြန့်ပြီး အကြမ်းဖက် မောင်းထုတ်မှု ဖြစ်ရုံသာမက စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ၂၀၂၀ ပြည့် Genocide နဲ့ ရက်စက်ကြမ်းကြုတ်မှု တားဆီးရေးအစီရင်ခံစာမှာတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အထူးတလည် ဖေါ်ပြထားခြင်း မရှိပါဘူး။

အခု ဥပဒေကြမ်း ဦးဆောင်တင်သွင်းသူ ဆီနိတ်တာ Markey က " တရားမျှတမှုနဲ့ တာဝန်ရှိသူတွေကို တာဝန်ခံမှု ရှိစေဖို့အတွက် အမှန်တရားကို အသိမှတ်ပြုရေးဟာ အဓိက ခြေလှမ်းတရပ်ဖြစ်ပြီး ၊ ဒီလိုလုပ်ရပ်တွေကို Genocide ဆိုတဲ့ ထိုက်သင့်လျှော်ကန်သော နာမည်တပ်ဖို့ လိုအပ်တယ်" လို့ ဆိုပါတယ်။

အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Markey နဲ့ ၃ ဦးတို့ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တာဝန်ရှိတဲ့ တပ်မတော်အရာရှိကြီး ၄ ဦးကို အရေးယူဖို့ ၂၀၁၉ မှာ ဖိအားပေးခဲ့သလို၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG