သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုကၡသည္အေရး ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ တင္ျပခ်က္ ႐ိုဟင္ဂ်ာေတြ ႀကိဳဆို


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းမွ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

လက္ရွိက်င္းပေနတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြအေရး ဝိုင္းဝန္းအေျဖရွာေပးဖို႔ ေမတၱာရပ္ခံလိုက္တဲ့အေပၚ ဒုကၡသည္ေတြက ႀကိဳဆိုၿပီး သူတို႔ေနရပ္ရင္းကို ေဘးကင္းလံုၿခံဳစြာ အျမန္ဆံုးျပန္ႏုိင္ေရး ျမန္မာအစိုးရကို ေတာင္းဆိုလိုက္ပါတယ္။ အျပည့္အစုံကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ ကုလသမဂၢဌာနခ်ဳပ္မွာ အခုက်င္းပေနတဲ့ ၇၅ ႏွစ္ျပည့္ ကုလသမဂၢ အေထြေထြညီလာခံကို ေပးပို႔တဲ့ စက္တင္ဘာလ ၂၆ ရက္ေန႔ စေနေန႔ ဗီြဒီယုိမိန္႔ခြန္းမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လက္ခံေစာင့္ေရွာက္ထားတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး ဝုိင္းဝန္းအေျဖရွာေပးၾကပါလို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ႏိုင္ငံတကာကို ေမတၱာရပ္ခံလိုက္တာ ျဖစ္ပါတယ္။

ျမန္မာျပည္က ထြက္ေျပးလာရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေရာက္လာတာ သံုးႏွစ္ေက်ာ္ၾကာလာၿပီ ျဖစ္ေပမယ့္ အခုအခ်ိန္အထိ တဦးတေယာက္ေတာင္မွ ေနရပ္ျပန္ႏုိင္ခြင့္ မရွိေသးတဲ့အေပၚ ဒီအက်ပ္အတည္းအေျဖကို ျမန္မာႏုိင္ငံထဲမွာ ရွာဖို႔နဲ႔ ႏုိင္ငံတကာ အသိုင္းအဝိုင္းဘက္ကလည္း ဒီ့ထက္ပိုမိုထိေရာက္တဲ့ အခန္းက႑ေတြကေန တိုက္တြန္းဖိအားေပး ေဆာင္ရြက္ေပးဖို႔ ဝန္ႀကီးခ်ဳပ္က မေန႔က ေျပာသြားခဲ့တာပါ။

အခုလိုမ်ိဳး ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ဘက္က ကုလသမဂၢ အေထြေထြညီလာခံမွာ ႐ိုဟင္ဂ်ာေတြအေရး အေလးထား ထည့္သြင္းေတာင္းဆို ေမတၱာရပ္ခံသြားတဲ့ အေပၚမွာေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က အထူးေက်းဇူးတင္ပါတယ္လို႔ ဂ်န္သူေလ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အမွတ္ ၁၅ မွာ ခိုလံႈေနထိုင္တဲ့ ဒုကၡသည္ ဦးေမာင္ေက်ာ္ျမင့္က ေျပာပါတယ္။

“ကုလသမဂၢမွာ က်ေနာ္တို႔အေရး ေျပာသြားတာကို ခ်ီးက်ဴးပါတယ္၊ ဝမ္းလည္းဝမ္းသာပါတယ္၊ ႀကိဳလည္းႀကိဳဆိုပါတယ္လို႔ ေျပာခ်င္ပါတယ္ခင္ဗ်။ အဓိကကေတာ့ က်ေနာ္တို႔ ႐ိုဟင္ဂ်ာေတြက Peacefully ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ က်ေနာ္တို႔ႀကံဳေနရတဲ့ Crisis အခက္အခဲကို ေျဖရွင္းေပးဖို႔ ႀကိဳးစားေနၾကတယ္။ ဒါေပမယ့္ ျမန္မာအစိုးရဘက္ကေတာ့ က်ေနာ္တို႔နဲ႔ ပူးေပါင္းဖို႔အတြက္ အဆင္သင့္မရွိဘူး။ အဲ့ဒါေၾကာင့္ ျမန္မာအစိုးရအေနနဲ႔ က်ေနာ္တို႔ ႐ိုဟင္ဂ်ာကိုယ္စားလွယ္ေတြနဲ႔ ကမ့္ပ္ထဲမွာ လာၿပီးေတာ့ Political Dialogue ႏုိင္ငံေရးေဆြးေႏြးဖို႔ က်ေနာ္တို႔ ဖိတ္ေခၚပါတယ္။ အဲ့ဒါကိုလည္း ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်။ ႏုိင္ငံတကာဘက္ကလည္း ႐ုိဟင္ဂ်ာ ကိုယ္စားလွယ္ေတြနဲ႔ အဓိက ပူးေပါင္းေဆာင္ရြက္မႈေတြ ဒီ့ထက္ပိုၿပီး အမ်ားႀကီးလုပ္ဖို႔ လိုအပ္တယ္လို႔လည္း ေျပာခ်င္ပါတယ္။”

ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ ကုလသမဂၢမွာ ႐ုိဟင္ဂ်ာေတြကိုယ္စား ကိုယ္စားျပဳ ေတာင္းဆိုခဲ့တဲ့အတြက္ ႏုိင္ငံတကာကေရာ ျမန္မာႏုိင္ငံဘက္ကပါ ႐ုိဟင္ဂ်ာေတြအတြက္ ရလဒ္ေကာင္းေတြ ထြက္ေပၚဖို႔ ကုတုပေလာင္ စခန္းအမွတ္ ၁ မွာ ခိုလံႈေနထုိင္သူလည္းျဖစ္ ARNU (Arakan Rohngya National Union) အဖြဲ႔ရဲ႕ အတြင္းေရးမွဴးလည္းျဖစ္တဲ့ ကိုအီလီယာစ္က ေမွ်ာ္လင့္ပါတယ္။

“ဘဂၤလားေဒ့ရွ္ဘက္က ေျပာတာက က်ေနာ္တို႔ကို ကိုယ္စားျပဳၿပီးေျပာတာ။ ဒီလိုေျပာတာ က်ေနာ္တို႔အတြက္ ေကာင္းတယ္။ ဒါေပမယ့္ ႏုိင္ငံတကာဘက္ကလည္း က်ေနာ္တို႔အတြက္ အေကာင္းဆံုး အေျခအေနတခုကို ဖန္တီးေပးၿပီးေတာ့ က်ေနာ္တို႔ေတြ ေနရပ္ကို က်ေနာ္တို႔ ျမန္မာႏုိင္ငံကို ေနရပ္ျပန္ဖို႔ လုပ္ေပးရင္ ပိုအဆင္ေျပမယ္ ထင္ပါတယ္။ ျမန္မာႏုိင္ငံဘက္က ဒီလိုမ်ိဳး တိတ္ေနတယ္ဆိုရင္ အာမခံခ်က္ ဘာမွမရဘဲ ျပန္လို႔လည္း ဘာအက်ိဳးရွိမွာလဲ။ ႏုိင္ငံသားအခြင့္အေရးရယ္ ေနာက္ၿပီးေတာ့ ဆံုး႐ံႈးနစ္နာမႈေတြရယ္ ေနာက္ၿပီးေတာ့ တရားမွ်တမႈေတြရယ္ ဒါေတြအကုန္လံုး ရၿပီးမွ ျပန္ခ်င္တာေပါ့။”

ဒီ႐ုိဟင္ဂ်ာဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္မွာ လာေနၾကတာ သံုးႏွစ္ေက်ာ္လာေပမယ့္ ေနရပ္မျပန္ႏုိင္ၾကေသးတဲ့ အေျခအေနအေပၚ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ရဲ႕ စိုးရိမ္မႈကို ဘာလုခါလီ စခန္း ၁၊ အမွတ္ ၁၀ မွာ ခိုလံႈေနထုိင္တဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ ဦးစိုးျမင့္ကလည္း အခုလိုသံုးသပ္ပါတယ္။

“သူေျပာသလိုပဲ က်ေနာ္တို႔လည္း က်ေနာ္တို႔ အမိႏုိင္ငံေတာ္ကို ျပန္ခ်င္တာေပါ့ဗ်ာ။ ကိုယ့္ေနရပ္ေဒသကို အျမန္ဆံုး ေစာႏုိင္သမွ် အေဆာတလ်င္ က်ေနာ္တို႔လည္း ျပန္ခ်င္တာေပါ့။ ဒါေပမယ့္ ျမန္မာအစိုးရဘက္ကေတာ့ သိပ္လိႈက္လိႈက္လွဲလွဲ မရွိဘူးဆိုတာ က်ေနာ္တို႔ သံုးႏွစ္ၾကာလာတဲ့အထိ ဘာမွ ထူးထူးျခားျခား မေတြ႔ရေတာ့ သူတို႔ဘက္က က်ေနာ္တို႔ကို လ်စ္လ်ဴ႐ႈထားတယ္လို႔ က်ေနာ္တို႔က အဲ့လိုပဲ သေဘာထားတယ္။ ႏုိင္ငံတကာ အသိုင္းအဝိုင္းကို ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနခ်္ိန္နဲ႔ တေျပးညီ က်ေနာ္တို႔ ေတာင္းဆိုခ်င္တာက ျမန္မာအစိုးရကို ဖိအားေပးေပးပါ။ က်ေနာ္တို႔ အေဆာတလ်င္ျပန္ႏုိင္ေအာင္ ႏုိင္ငံတကာအေနနဲ႔ ဝိုင္းဝန္းၿပီးေတာ့ က်ေနာ္တို႔ကို ပံ့ပိုးကူညီေပးၾကပါလို႔ က်ေနာ္တို႔အေနနဲ႔ ေမတၱာရပ္ခံခ်င္တယ္။”

သူတို႔ေတြ ေနရပ္ျပန္လိုတာကေတာ့ ဒုကၡသည္ေတြရဲ႕ေရွ႕ေရး အထူးသျဖင့္ ႐ုိဟင္ဂ်ာကေလးငယ္ေတြရဲ႕ အနာဂတ္ပညာေရးကို ဦးစိုးျမင့္တို႔လို ႐ုိဟင္ဂ်ာေတြက စိုးရိမ္ေနၾကလို႔ပါ။

“က်ေနာ္တို႔ သံုးႏွစ္တင္းတင္းၾကာၿပီ။ က်ေနာ္တ္ို႔ကေလးေတြရဲ႕ အနာဂတ္က ေပ်ာက္ေနတယ္။ ေနာင္ မလိုလားအပ္တဲ့ လမ္းေၾကာင္းေပၚ ကေလးေတြေရာက္သြားမွာကို က်ေနာ္တို႔က အင္မတန္စိုးရိမ္တယ္။ ဒီမွာ ကေလးေတြရဲ႕ အနာဂတ္မရွိဘူး။ ကေလးေတြအတြက္ ေျပာရမယ္ဆိုရင္ ငါးတန္းထက္ေက်ာ္တဲ့ေက်ာင္း ဒီမွာမရွိဘူး။ အဲ့ဒီ့အခါမွာ စိုးရိမ္တာက ကေလးေတြဟာ လမ္းေၾကာင္းမွန္ကေန လမ္းေၾကာင္းမွားကို သြားနိုင္တယ္ ဆုိတာကို က်ေနာ္တုိ႔က အဲ့ဒါကိုပဲ စိုးရိမ္တယ္။ က်ေနာ္တို႔ ဂုဏ္သိကၡာရွိရွိ ေနာက္ လံုၿခံဳစိတ္ခ်စြာနဲ႔ ကိုယ့္ေနရပ္ရင္းေဒသကို ျပန္ႏုိင္ေအာင္လို႔ ဝိုင္းစီစဥ္ေပးၾကပါလို႔ က်ေနာ္တို႔က ေတာင္းဆိုခ်င္တယ္။”

ဒီဒုကၡသည္ေတြ ေနရပ္ျပန္ႏုိင္ေရး ဘဂၤလားေဒ့ရွ္ဘက္က ဒီလို ကုလညီလာခံမွာ ေတာင္းဆို ေမတၱာရပ္ခံေနခ်ိန္မွာ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရက ျပန္လည္လက္ခံေရးေတြ စီစဥ္ေနတယ္လို႔ ဆိုထားေပမယ့္ လက္ရွိ ဒီ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ႏုိင္ငံတကာ တရားခံု႐ံုးမွာ တရားရင္ဆိုင္ ေျဖရွင္းေနရဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တင်ပြချက် ရိုဟင်ဂျာတွေ ကြိုဆို

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဝိုင်းဝန်းအဖြေရှာပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့အပေါ် ဒုက္ခသည်တွေက ကြိုဆိုပြီး သူတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံးပြန်နိုင်ရေး မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ အခုကျင်းပနေတဲ့ ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံစောင့်ရှောက်ထားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်းအဖြေရှာပေးကြပါလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံတကာကို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်က ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်လာတာ သုံးနှစ်ကျော်ကြာလာပြီ ဖြစ်ပေမယ့် အခုအချိန်အထိ တဦးတယောက်တောင်မှ နေရပ်ပြန်နိုင်ခွင့် မရှိသေးတဲ့အပေါ် ဒီအကျပ်အတည်းအဖြေကို မြန်မာနိုင်ငံထဲမှာ ရှာဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကလည်း ဒီ့ထက်ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍတွေကနေ တိုက်တွန်းဖိအားပေး ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်က မနေ့က ပြောသွားခဲ့တာပါ။

အခုလိုမျိုး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဘက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရိုဟင်ဂျာတွေအရေး အလေးထား ထည့်သွင်းတောင်းဆို မေတ္တာရပ်ခံသွားတဲ့ အပေါ်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က အထူးကျေးဇူးတင်ပါတယ်လို့ ဂျန်သူလေ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၁၅ မှာ ခိုလှုံနေထိုင်တဲ့ ဒုက္ခသည် ဦးမောင်ကျော်မြင့်က ပြောပါတယ်။

“ကုလသမဂ္ဂမှာ ကျနော်တို့အရေး ပြောသွားတာကို ချီးကျူးပါတယ်၊ ဝမ်းလည်းဝမ်းသာပါတယ်၊ ကြိုလည်းကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ အဓိကကတော့ ကျနော်တို့ ရိုဟင်ဂျာတွေက Peacefully ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ကြုံနေရတဲ့ Crisis အခက်အခဲကို ဖြေရှင်းပေးဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ ကျနော်တို့နဲ့ ပူးပေါင်းဖို့အတွက် အဆင်သင့်မရှိဘူး။ အဲ့ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာကိုယ်စားလှယ်တွေနဲ့ ကမ့်ပ်ထဲမှာ လာပြီးတော့ Political Dialogue နိုင်ငံရေးဆွေးနွေးဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။ အဲ့ဒါကိုလည်း တောင်းဆိုချင်ပါတယ်ခင်ဗျ။ နိုင်ငံတကာဘက်ကလည်း ရိုဟင်ဂျာ ကိုယ်စားလှယ်တွေနဲ့ အဓိက ပူးပေါင်းဆောင်ရွက်မှုတွေ ဒီ့ထက်ပိုပြီး အများကြီးလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ကုလသမဂ္ဂမှာ ရိုဟင်ဂျာတွေကိုယ်စား ကိုယ်စားပြု တောင်းဆိုခဲ့တဲ့အတွက် နိုင်ငံတကာကရော မြန်မာနိုင်ငံဘက်ကပါ ရိုဟင်ဂျာတွေအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်ဖို့ ကုတုပလောင် စခန်းအမှတ် ၁ မှာ ခိုလှုံနေထိုင်သူလည်းဖြစ် ARNU (Arakan Rohngya National Union) အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုအီလီယာစ်က မျှော်လင့်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ပြောတာက ကျနော်တို့ကို ကိုယ်စားပြုပြီးပြောတာ။ ဒီလိုပြောတာ ကျနော်တို့အတွက် ကောင်းတယ်။ ဒါပေမယ့် နိုင်ငံတကာဘက်ကလည်း ကျနော်တို့အတွက် အကောင်းဆုံး အခြေအနေတခုကို ဖန်တီးပေးပြီးတော့ ကျနော်တို့တွေ နေရပ်ကို ကျနော်တို့ မြန်မာနိုင်ငံကို နေရပ်ပြန်ဖို့ လုပ်ပေးရင် ပိုအဆင်ပြေမယ် ထင်ပါတယ်။ မြန်မာနိုင်ငံဘက်က ဒီလိုမျိုး တိတ်နေတယ်ဆိုရင် အာမခံချက် ဘာမှမရဘဲ ပြန်လို့လည်း ဘာအကျိုးရှိမှာလဲ။ နိုင်ငံသားအခွင့်အရေးရယ် နောက်ပြီးတော့ ဆုံးရှုံးနစ်နာမှုတွေရယ် နောက်ပြီးတော့ တရားမျှတမှုတွေရယ် ဒါတွေအကုန်လုံး ရပြီးမှ ပြန်ချင်တာပေါ့။”

ဒီရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်မှာ လာနေကြတာ သုံးနှစ်ကျော်လာပေမယ့် နေရပ်မပြန်နိုင်ကြသေးတဲ့ အခြေအနေအပေါ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ စိုးရိမ်မှုကို ဘာလုခါလီ စခန်း ၁၊ အမှတ် ၁၀ မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးစိုးမြင့်ကလည်း အခုလိုသုံးသပ်ပါတယ်။

“သူပြောသလိုပဲ ကျနော်တို့လည်း ကျနော်တို့ အမိနိုင်ငံတော်ကို ပြန်ချင်တာပေါ့ဗျာ။ ကိုယ့်နေရပ်ဒေသကို အမြန်ဆုံး စောနိုင်သမျှ အဆောတလျင် ကျနော်တို့လည်း ပြန်ချင်တာပေါ့။ ဒါပေမယ့် မြန်မာအစိုးရဘက်ကတော့ သိပ်လှိုက်လှိုက်လှဲလှဲ မရှိဘူးဆိုတာ ကျနော်တို့ သုံးနှစ်ကြာလာတဲ့အထိ ဘာမှ ထူးထူးခြားခြား မတွေ့ရတော့ သူတို့ဘက်က ကျနော်တို့ကို လျစ်လျူရှုထားတယ်လို့ ကျနော်တို့က အဲ့လိုပဲ သဘောထားတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန်နဲ့ တပြေးညီ ကျနော်တို့ တောင်းဆိုချင်တာက မြန်မာအစိုးရကို ဖိအားပေးပေးပါ။ ကျနော်တို့ အဆောတလျင်ပြန်နိုင်အောင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းပြီးတော့ ကျနော်တို့ကို ပံ့ပိုးကူညီပေးကြပါလို့ ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တယ်။”

သူတို့တွေ နေရပ်ပြန်လိုတာကတော့ ဒုက္ခသည်တွေရဲ့ရှေ့ရေး အထူးသဖြင့် ရိုဟင်ဂျာကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးကို ဦးစိုးမြင့်တို့လို ရိုဟင်ဂျာတွေက စိုးရိမ်နေကြလို့ပါ။

“ကျနော်တို့ သုံးနှစ်တင်းတင်းကြာပြီ။ ကျနော်တို့ကလေးတွေရဲ့ အနာဂတ်က ပျောက်နေတယ်။ နောင် မလိုလားအပ်တဲ့ လမ်းကြောင်းပေါ် ကလေးတွေရောက်သွားမှာကို ကျနော်တို့က အင်မတန်စိုးရိမ်တယ်။ ဒီမှာ ကလေးတွေရဲ့ အနာဂတ်မရှိဘူး။ ကလေးတွေအတွက် ပြောရမယ်ဆိုရင် ငါးတန်းထက်ကျော်တဲ့ကျောင်း ဒီမှာမရှိဘူး။ အဲ့ဒီ့အခါမှာ စိုးရိမ်တာက ကလေးတွေဟာ လမ်းကြောင်းမှန်ကနေ လမ်းကြောင်းမှားကို သွားနိုင်တယ် ဆိုတာကို ကျနော်တို့က အဲ့ဒါကိုပဲ စိုးရိမ်တယ်။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ နောက် လုံခြုံစိတ်ချစွာနဲ့ ကိုယ့်နေရပ်ရင်းဒေသကို ပြန်နိုင်အောင်လို့ ဝိုင်းစီစဉ်ပေးကြပါလို့ ကျနော်တို့က တောင်းဆိုချင်တယ်။”

ဒီဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဘက်က ဒီလို ကုလညီလာခံမှာ တောင်းဆို မေတ္တာရပ်ခံနေချိန်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရက ပြန်လည်လက်ခံရေးတွေ စီစဉ်နေတယ်လို့ ဆိုထားပေမယ့် လက်ရှိ ဒီရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း နိုင်ငံတကာ တရားခုံရုံးမှာ တရားရင်ဆိုင် ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG