သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာေတြ ဌာေနျပန္ႏုိင္ေရး ႏုိင္ငံတကာကူညီဖုိ႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ကုလမွာ ေတာင္းဆုိ


ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ထြက္ေျပးေနၾကတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ေအာက္တိုဘာ ၁၆၊ ၂၀၁၇)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လက္ခံထားရတဲ့ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာသူ ႏုိင္ငံမဲ့ ႐ိုဟင္ဂ်ာမြတ္စလင္ေတြ ေနရပ္ျပန္ႏိုင္ေရး ဝုိင္းဝန္း အေျဖရွာေပးၾကဖုိ႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ႏိုင္ငံတကာကို ေမတၱာရပ္ခံလိုက္ပါတယ္။

နယူးေယာက္ၿမဳိ႕ ကုလသမဂၢ ဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ၇၅ ႏွစ္ျပည့္ ကုလအေထြေထြညီလာခံကို ေပးပို႔တဲ့ စေနေန႔ ဗီြဒီယုိမိန္႔ခြန္းမွာ စကားျပန္ကတဆင့္ Sheikh Hasina က ခုလို ေျပာၾကားသြားတာပါ။

“ရခုိင္ျပည္နယ္က ၂၀၁၇ အၾကမ္းဖက္မႈလႈိင္းေၾကာင့္ ထြက္ေျပးလာရတဲ့ ႐ုိဟင္ဂ်ာ ၁ သန္းေက်ာ္ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံက လက္ခံထားရၿပီး ၃ ႏွစ္ေက်ာ္ ၾကာလာတဲ့အထိ ႐ုိဟင္ဂ်ာ တဦးတေယာက္မွ ေနရပ္ျပန္ႏိုင္ျခင္း မရွိေသးပါဘူး။ ဒီျပႆနာကို ျမန္မာႏုိင္ငံက ဖန္တီးခဲ့သလုိ အေျဖကိုလည္း ျမန္မာႏိုင္ငံထဲမွာသာ ရွာရမွာျဖစ္ပါတယ္။ ဒီအက်ပ္အတည္းအတြက္ အေျဖရွာေရးကိစၥမွာ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ပိုမုိထိေရာက္တဲ့ အခန္းက႑ကေန ပါဝင္ေပးၾကဖုိ႔ က်မအေနနဲ႔ ေမတၱာရပ္ခံ ေတာင္းဆိုတယ္” ဆုိၿပီး ဝန္ႀကီးခ်ဳပ္ Sheikh Hasina ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာအစုိးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားၿပီး တဖက္ႏိုင္ငံ ထြက္သြားၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာႏိုင္ေရးအတြက္ ကုလသမဂၢ အဖဲြ႔အစည္းတခ်ဳိ႕နဲ႔ ပူးေပါင္းေဆာင္ရြက္ေနေပမယ့္ ခုလို ကိုဗစ္ကာလမွာ လုပ္ငန္းစဥ္ေတြ ေခတၱရပ္ဆိုင္းေနပါတယ္။

ကပ္ေရာဂါကာလ ျဖစ္တာေၾကာင့္ ၇၅ ႏွစ္ျပည့္ ကုလသမဂၢ အေထြေထြညီလာခံကို အရင္မွန္းထားသလို အႀကီးအက်ယ္ က်င္းပႏုိင္ျခင္း မရွိေတာ့ဘဲ ႏိုင္ငံ့ကုိယ္စားလွယ္ အနည္းငယ္ တက္ေရာက္႐ုံကလဲြၿပီး က်န္တဲ့ ႏို္င္ငံ့ေခါင္းေဆာင္ေတြကေတာ့ အြန္လိုင္းကသာ ဗီြဒီယုိမိန္႔ခြန္းေတြ ေပးပို႔ၾကပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ကိုဗစ္ေၾကာင့္ စီးပြားေရဖြ႔ံၿဖဳိးမႈ ထိခုိက္ေနရေပမယ့္ အလုပ္လက္မဲ့ ျဖစ္သြားတဲ့ ဆင္းရဲသားျပည္သူ ၁၀ နီးပါးကုိ ေထာက္ပံ့ခဲ့သလို ပညာေတာ္သင္ ေက်ာင္းသား ၄ သန္း၊ ကုိဗစ္ေၾကာင့္ နစ္နာေနရတဲ့ လယ္သမား အလုပ္သမား ၅ သန္းကို ေငြေၾကးေထာက္ပံ့ႏိုင္ဖို႔ အေမရိကန္ေဒၚလာ ၁၃ ဘီလ်ံေက်ာ္တန္ဖိုး စီးပြားေရးက်ားကန္တဲ့ အစီအစဥ္ကို လုပ္ေဆာင္ခဲ့ေၾကာင္း Sheikh Hasina က ကုလညီလာခံကို ရွင္းျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------

(Unicode)

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး နိုင်ငံတကာကူညီဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ကုလမှာ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားရတဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်း အဖြေရှာပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံတကာကို မေတ္တာရပ်ခံလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၅ နှစ်ပြည့် ကုလအထွေထွေညီလာခံကို ပေးပို့တဲ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းမှာ စကားပြန်ကတဆင့် Sheikh Hasina က ခုလို ပြောကြားသွားတာပါ။

“ရခိုင်ပြည်နယ်က ၂၀၁၇ အကြမ်းဖက်မှုလှိုင်းကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပြီး ၃ နှစ်ကျော် ကြာလာတဲ့အထိ ရိုဟင်ဂျာ တဦးတယောက်မှ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ ဒီပြဿနာကို မြန်မာနိုင်ငံက ဖန်တီးခဲ့သလို အဖြေကိုလည်း မြန်မာနိုင်ငံထဲမှာသာ ရှာရမှာဖြစ်ပါတယ်။ ဒီအကျပ်အတည်းအတွက် အဖြေရှာရေးကိစ္စမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးကြဖို့ ကျမအနေနဲ့ မေတ္တာရပ်ခံ တောင်းဆိုတယ်” ဆိုပြီး ဝန်ကြီးချုပ် Sheikh Hasina ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပြီး တဖက်နိုင်ငံ ထွက်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့် ခုလို ကိုဗစ်ကာလမှာ လုပ်ငန်းစဉ်တွေ ခေတ္တရပ်ဆိုင်းနေပါတယ်။

ကပ်ရောဂါကာလ ဖြစ်တာကြောင့် ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို အရင်မှန်းထားသလို အကြီးအကျယ် ကျင်းပနိုင်ခြင်း မရှိတော့ဘဲ နိုင်ငံ့ကိုယ်စားလှယ် အနည်းငယ် တက်ရောက်ရုံကလွဲပြီး ကျန်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကတော့ အွန်လိုင်းကသာ ဗွီဒီယိုမိန့်ခွန်းတွေ ပေးပို့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ်ကြောင့် စီးပွားရေဖွံ့ဖြိုးမှု ထိခိုက်နေရပေမယ့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဆင်းရဲသားပြည်သူ ၁၀ နီးပါးကို ထောက်ပံ့ခဲ့သလို ပညာတော်သင် ကျောင်းသား ၄ သန်း၊ ကိုဗစ်ကြောင့် နစ်နာနေရတဲ့ လယ်သမား အလုပ်သမား ၅ သန်းကို ငွေကြေးထောက်ပံ့နိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော်တန်ဖိုး စီးပွားရေးကျားကန်တဲ့ အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း Sheikh Hasina က ကုလညီလာခံကို ရှင်းပြပါတယ်။

XS
SM
MD
LG