သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ မိန္းကေလးငယ္ေတြ အသက္မျပည့္ဘဲ အိမ္ေထာင္ခ်ေပးမႈမ်ားေန


မွတ္တမ္းဓါတ္ပံု-Cox's Bazar ဒုကၡသည္စခန္းမွ ရုိဟင္ဂ်ာဒုကၡသည္မိန္းကေလးငယ္မ်ား (ၾသဂုတ္လ ၂၄ ရက္ ၂၀၁၈)

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္က ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာ အသက္မျပည့္ေသးတဲ့ မိန္းကေလးငယ္ေတြကို လက္ထပ္ထိမ္းျမားေပးမႈ မ်ားျပားလာေနတဲ့ အေျခအေန စိုးရိမ္ေနရေၾကာင္း စက္တင္ဘာလ ၂၉ရက္ေန႔က ထုတ္ျပန္တဲ့ Conflict and Health သုေတသနစာတမ္းမွာ ေဖၚျပထားပါတယ္။

အ႐ြယ္မေရာက္ေသးပဲ လက္ထပ္ထိမ္းျမားခံရတဲ့အတြက္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြလဲရွိေနေၾကာင္း ဒုကၡသည္စခန္းတြင္း ေနထိုင္သူတဦးက ဗြီအိုေအ ဘဂၤလားဌာနကို ေျပာျပခဲ့ပါတယ္။

အေၾကာင္းစုံကို မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ကေလးအ႐ြယ္ မိန္းကေလးငယ္ေတြကို လက္ထပ္ထိမ္းျမားေပးေနတဲ့ကိစၥ ဒုကၡသည္စခန္းေတြမွာ ဘာေၾကာင့္ မ်ားလာသလဲဆိုတဲ့ အေၾကာင္းအရင္းကို အမည္မေဖၚလိုတဲ့ ဒုကၡသည္စခန္းမွာ ေနထိုင္သူတဦးက ဗြီအိုေအ ဘဂၤလားဌာနကို အခုလိုေျပာျပပါတယ္။

"မိသားစုေတြမွာ အထူးသျဖင့္ အေဖေတြ၊ အကိုေတြ၊ ေမာင္ေတြ အသတ္ခံရတဲ့ အတြက္ ဒုကၡသည္စခန္းမွာ မိန္းမသားေတြခ်ည္းပဲေနၾကရသူေတြ၊မိဘမဲ့ျဖစ္ေနတဲ့ မိန္းကေလးငယ္ေတြ ဟာ ဒုကၡသည္စခန္းကို ေရာက္လာတဲ့အခါမွာ သူတို႔အတြက္ အဆင္သင့္ေနရာမရွိတာ၊ စနစ္တက်ေဆာက္ေပးထားတဲ့ေနရာမ်ိဳးေတြမရွိပဲေတြ႕တဲ့ေနရာမွာ တဲအိမ္ထိုးၿပီး လူေတြ ႁပြတ္သိပ္ေနတဲ့ေနရာေတြမွာ ျဖစ္သလို ေနၾကရပါတယ္။ ၿပီးေတာ့ ေဆြမ်ိဳးသားခ်င္းနီးစပ္သူေတြနဲ႔လည္း တကြဲတျပားစီ ေနၾကရတယ္။ ဒါေၾကာင့္ သူတို႔အတြက္ ရိကၡာေတာင္းတာ၊ ၾကမ္းတမ္းတဲ့ ေတာင္ကုန္း၊ ေမွာင္မိုက္တဲ့ေနရာေတြမွာ သြားဖို႔လာဖို႔ အလြန္ခက္ခဲၿပီး အႏၲရာယ္မ်ားပါတယ္။ ေနာက္ တဲအိမ္ငယ္ေတြထဲ မိသားစုအလြန္မ်ားတဲ့အတြက္ သူတို႔ မိဘေတြကိုယ္တိုင္ သမီးေတြကို အ႐ြယ္မေရာက္ေသးပဲ လက္ထက္ေပးလိုက္တာေတြလည္း ရွိပါတယ္။"

မိန္းကေလးငယ္ေတြ အ႐ြယ္မေရာက္ေသးပဲ အတင္းအၾကပ္ လက္ထပ္ထိမ္းျမားေပးတဲ့အတြက္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကိုလည္း သူက အခုလို ဆက္ေျပာပါတယ္။

"ဘယ္မိဘကမွ သူတို႔ သမီးေတြကို သူမ်ားလက္ထဲ ထည့္မေပးလိုက္ခ်င္ပါဘူး။ ဒါေပမဲ့ အေျခအေနအရ ေပးစားရတာျဖစ္တယ္။ အက်ိဳးဆက္ကေတာ့ အသက္အ႐ြယ္ မတူတာ၊ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လက္ထက္ရတဲ့အတြက္ အိမ္တြင္းေရးျပႆနာ၊ အိမ္ေထာင္ အဆင္မေျပတာ၊ မိန္းကေလးငယ္ေတြအတြက္ ေပ်ာ္႐ႊင္မႈမရွိတာေတြ ရွိပါတယ္။ အခုလို အ႐ြယ္မေရာက္ေသးသူေတြကို ေစာေစာစီးစီး လက္ထပ္ထိမ္းျမားတာမ်ိဳး မလုပ္ဖို႔ ဘဂၤလားေဒ့ရွ္အာဏာပိုင္ေတြ၊ NGO ေတြနဲ႔ လူမႈအဖြဲ႕အစည္း ေခါင္းေဆာင္ေတြကလည္း မိဘေတြကို ပညာေပးအစီအစဥ္ေတြ အၿမဲလုပ္ေပးေနပါတယ္။"

ျမန္မာစစ္တပ္ရဲ႕ ဖိႏွိပ္ညွင္းပန္းမႈေတြေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ ရိုဟင္ဂ်ာေတြအတြက္ အကာအကြယ္မဲ့ေနတဲ့အေျခအေနမွာ အခုလို အရြယ္ေရာက္မေရာက္ေသးတဲ့ မိန္းကေလးငယ္ေတြအတြက္ ဘက္ေပါင္းစံုကေန ပိုၿပီး လံုၿခံဳမႈကင္းမဲ့ေစတဲ့ အေျခအေနေတြ ရင္ဆိုင္ေနရတယ္လို႔ Women Peace Network အဖြဲ႕ထူေထာင္သူလည္းျဖစ္ ညြန္ၾကားေရးမွဴးလည္းျဖစ္တဲ့ မေဝေ၀ႏုက ဗြီအိုေအကို ေျပာပါတယ္။

"ဒီထက္ဆိုးရြားတဲ့ အေျခအေနေတြျဖစ္ေနတယ္ဆိုတာ က်မတို႔ ေတြ႕ရပါတယ္။ ကေလးသူငယ္ေတြကို လက္ထပ္ထိမ္းျမားေပးရံုတင္မကပဲ မိန္းကေလးေတြကိုလည္း လိင္ ကုန္ကူးခံရတာေတြလည္း ရွိပါတယ္။ မိဘေတြက သူတို႔ သမီးေတြရဲ႕ လံုၿခံဳမႈဘ၀ေနထိုင္ေရးကို စိုးရိမ္တဲ့အခါက်ေတာ့ ရရာနည္းလမ္းနဲ႔ ေယာက်္ား ေပးစာခ်င္တာေပါ့ေနာ္။ ေယာက်္ားသားရွိသြားၿပီဆိုရင္ သူတို႔ဘ၀ေတြ ပိုၿပီးလံုၿခံဳမႈ ရွိႏိုင္တယ္ဆိုတဲ့ အျမင္မ်ဳိးရွိၾကလို႔ ျဖစ္ပါတယ္။ က်မတို႔ နားလည္ရမွာက ဒီကိစၥဟာ သာမန္ဆင္းရဲလို႔၊ ပညာမတတ္လို႔ ဆိုတာထက္ သူတို႔ဘ၀လံုၿခံုမႈ ကင္းမဲ့မႈေၾကာင့္ ျဖစ္လာတယ္လို႔ က်မ ျမင္ပါတယ္။”

ဥပေဒအရ မိန္းကေလးငယ္ေတြကို အကာအကြယ္ေပးဖို႔ အားနည္းတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ လည္း မေဝေ၀ႏုက အခုလို ေျပာပါတယ္။

”ဒီဒုကၡသည္စခန္းေတြမွာ ဒုကၡသည္ျဖစ္သြားေပမယ့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမဟုတ္တဲ့အတြက္ ဘဂၤလားေဒ့ရွ္ဥပေဒအရ ကာကြယ္မႈေပးႏိုင္တာ အားနည္းတာေတြ႕ရပါတယ္။ ျမန္မာျပည္မွာဆိုရင္ မွန္ပါတယ္။ အသက္ (၁၈)ျပည့္မွ လက္ထပ္ထိမ္းျမားရမယ္ဆိုတဲ့ ဥပေဒမ်ဳိးရွိတာေၾကာင့္ ဒီလို အရမ္းငယ္တဲ့ မိန္းကေလးေတြ လက္ထပ္ထိမ္းျမားျခင္းကေန အထိုက္အေလ်ာက္ ကာကြယ္ႏိုင္တယ္လို႔ ထင္ပါတယ္။ ျမန္မာျပည္မွာ အရင္က အသက္မျပည့္သူေတြ လက္ထပ္ထိမ္းျမားတဲ့ အစဥ္အလာ တခုလို ေနရာတိုင္းလိုမွာရွိခဲ့ပါတယ္။ ရိုဟင္ဂ်ာေတြမွာရွိတာမဟုတ္ပါဘူး။ ဒါေပမယ့္ ရခိုင္မွာ ထူးျခားတာက ဒီလိုဥပေဒေတြကို ဒီေလာက္နဲ႔ တင္မဟုတ္ပဲနဲ႔ အသက္ (၁၈)ႏွစ္မျပည့္ခင္ အိမ္ေထာင္မျပဳရဘူးဆိုတဲ့ ဥပေဒထက္ေက်ာ္လြန္ၿပီး တခ်ဳိ႕ကိစၥေတြမွာ ေဒသႏၱာရဥပေဒေတြနဲ႔ပါ ဖိႏွိပ္ခ်ဳပ္ခ်ယ္ ကန္႔သတ္တဲ့ အဆင့္ထိရွိခဲ့ပါတယ္။”

ျမန္မာႏိုင္ငံဥပေဒအရ အသက္ ၁၈ႏွစ္ မျပည့္ခင္ လက္ထပ္ထိမ္းျမားခြင့္ ပိတ္ပင္ထားတဲ့အတြက္ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ေနရပ္မွာ ရွိေနစဥ္အခ်ိန္က ဥပေဒအတိုင္း လိုက္နာရတဲ့အတြက္ အခုလိုမ်ိဳး ကေလးသူငယ္ေတြ လက္ထပ္ေပးတာမ်ိဳးမရွိခဲ့ဘူးလို႔ Conflict and Health စာေစာင္မွာ ေဖၚျပထားတဲ့ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာေတြၾကားမွာ ကေလးသူငယ္ လက္ထပ္ထိမ္းျမားျခင္း ဓေလ့ကို က်င့္သုံးေနျခင္း ဆိုတဲ့ ေခါင္းစဥ္နဲ႔ သုေတသနစာတမ္းမွာ ေဖၚျပထားပါတယ္။

အခုလို ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ေတာ့ သူတို႔ရဲ႕ ဓေလ့ထုံးတမ္းကို ျပန္ၿပီးက်င့္သုံးလာေနတယ္လို႔ ဆိုပါတယ္။

စစ္တမ္းေတြ႕ရွိခ်က္ ပဋိပကၡေတြနဲ႔ ေနရပ္ရင္းစြန္႔ခြာထြက္ေျပးမႈေတြေၾကာင့္ အခုလို ရိုဟင္ဂ်ာဒုကၡသည္ေတြၾကား ကေလးသူငယ္လက္ထပ္ထိမ္းျမားမႈေတြ ပိုၿပီးျဖစ္လာေစတယ္လို႔ ေဖၚျပထားပါတယ္။ ဒါအျပင္ အကာကြယ္မဲ့ျဖစ္ေနတဲ့ ရိုဟင္ဂ်ာကေလးငယ္ေတြအတြက္ အေျခအေန ပိုမိုဆိုးရြားေစတယ္လို႔ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ မိန်းကလေးငယ်တွေ အသက်မပြည့်ဘဲ အိမ်ထောင်ချပေးမှုများနေ
(Unicode)

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လက်ထပ်ထိမ်းမြားပေးမှု များပြားလာနေတဲ့ အခြေအနေ စိုးရိမ်နေရကြောင်း စက်တင်ဘာလ ၂၉ရက်နေ့က ထုတ်ပြန်တဲ့ Conflict and Health သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။

အရွယ်မရောက်သေးပဲ လက်ထပ်ထိမ်းမြားခံရတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေလဲရှိနေကြောင်း ဒုက္ခသည်စခန်းတွင်း နေထိုင်သူတဦးက ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပြခဲ့ပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကလေးအရွယ် မိန်းကလေးငယ်တွေကို လက်ထပ်ထိမ်းမြားပေးနေတဲ့ကိစ္စ ဒုက္ခသည်စခန်းတွေမှာ ဘာကြောင့် များလာသလဲဆိုတဲ့ အကြောင်းအရင်းကို အမည်မဖေါ်လိုတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတဦးက ဗွီအိုအေ ဘင်္ဂလားဌာနကို အခုလိုပြောပြပါတယ်။

"မိသားစုတွေမှာ အထူးသဖြင့် အဖေတွေ၊ အကိုတွေ၊ မောင်တွေ အသတ်ခံရတဲ့ အတွက် ဒုက္ခသည်စခန်းမှာ မိန်းမသားတွေချည်းပဲနေကြရသူတွေ၊မိဘမဲ့ဖြစ်နေတဲ့ မိန်းကလေးငယ်တွေ ဟာ ဒုက္ခသည်စခန်းကို ရောက်လာတဲ့အခါမှာ သူတို့အတွက် အဆင်သင့်နေရာမရှိတာ၊ စနစ်တကျဆောက်ပေးထားတဲ့နေရာမျိုးတွေမရှိပဲတွေ့တဲ့နေရာမှာ တဲအိမ်ထိုးပြီး လူတွေ ပြွတ်သိပ်နေတဲ့နေရာတွေမှာ ဖြစ်သလို နေကြရပါတယ်။ ပြီးတော့ ဆွေမျိုးသားချင်းနီးစပ်သူတွေနဲ့လည်း တကွဲတပြားစီ နေကြရတယ်။ ဒါကြောင့် သူတို့အတွက် ရိက္ခာတောင်းတာ၊ ကြမ်းတမ်းတဲ့ တောင်ကုန်း၊ မှောင်မိုက်တဲ့နေရာတွေမှာ သွားဖို့လာဖို့ အလွန်ခက်ခဲပြီး အန္တရာယ်များပါတယ်။ နောက် တဲအိမ်ငယ်တွေထဲ မိသားစုအလွန်များတဲ့အတွက် သူတို့ မိဘတွေကိုယ်တိုင် သမီးတွေကို အရွယ်မရောက်သေးပဲ လက်ထက်ပေးလိုက်တာတွေလည်း ရှိပါတယ်။"

မိန်းကလေးငယ်တွေ အရွယ်မရောက်သေးပဲ အတင်းအကြပ် လက်ထပ်ထိမ်းမြားပေးတဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

"ဘယ်မိဘကမှ သူတို့ သမီးတွေကို သူများလက်ထဲ ထည့်မပေးလိုက်ချင်ပါဘူး။ ဒါပေမဲ့ အခြေအနေအရ ပေးစားရတာဖြစ်တယ်။ အကျိုးဆက်ကတော့ အသက်အရွယ် မတူတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထက်ရတဲ့အတွက် အိမ်တွင်းရေးပြဿနာ၊ အိမ်ထောင် အဆင်မပြေတာ၊ မိန်းကလေးငယ်တွေအတွက် ပျော်ရွှင်မှုမရှိတာတွေ ရှိပါတယ်။ အခုလို အရွယ်မရောက်သေးသူတွေကို စောစောစီးစီး လက်ထပ်ထိမ်းမြားတာမျိုး မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ NGO တွေနဲ့ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကလည်း မိဘတွေကို ပညာပေးအစီအစဉ်တွေ အမြဲလုပ်ပေးနေပါတယ်။"

မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပန်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် အကာအကွယ်မဲ့နေတဲ့အခြေအနေမှာ အခုလို အရွယ်ရောက်မရောက်သေးတဲ့ မိန်းကလေးငယ်တွေအတွက် ဘက်ပေါင်းစုံကနေ ပိုပြီး လုံခြုံမှုကင်းမဲ့စေတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတယ်လို့ Women Peace Network အဖွဲ့ထူထောင်သူလည်းဖြစ် ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ မဝေဝေနုက ဗွီအိုအေကို ပြောပါတယ်။

"ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေဖြစ်နေတယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ ကလေးသူငယ်တွေကို လက်ထပ်ထိမ်းမြားပေးရုံတင်မကပဲ မိန်းကလေးတွေကိုလည်း လိင် ကုန်ကူးခံရတာတွေလည်း ရှိပါတယ်။ မိဘတွေက သူတို့ သမီးတွေရဲ့ လုံခြုံမှုဘဝနေထိုင်ရေးကို စိုးရိမ်တဲ့အခါကျတော့ ရရာနည်းလမ်းနဲ့ ယောကျ်ား ပေးစာချင်တာပေါ့နော်။ ယောကျ်ားသားရှိသွားပြီဆိုရင် သူတို့ဘဝတွေ ပိုပြီးလုံခြုံမှု ရှိနိုင်တယ်ဆိုတဲ့ အမြင်မျိုးရှိကြလို့ ဖြစ်ပါတယ်။ ကျမတို့ နားလည်ရမှာက ဒီကိစ္စဟာ သာမန်ဆင်းရဲလို့၊ ပညာမတတ်လို့ ဆိုတာထက် သူတို့ဘဝလုံခြုံမှု ကင်းမဲ့မှုကြောင့် ဖြစ်လာတယ်လို့ ကျမ မြင်ပါတယ်။”

ဥပဒေအရ မိန်းကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အားနည်းတဲ့အခြေအနေနဲ့ ပတ်သက်လို့ လည်း မဝေဝေနုက အခုလို ပြောပါတယ်။

”ဒီဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဖြစ်သွားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဥပဒေအရ ကာကွယ်မှုပေးနိုင်တာ အားနည်းတာတွေ့ရပါတယ်။ မြန်မာပြည်မှာဆိုရင် မှန်ပါတယ်။ အသက် (၁၈)ပြည့်မှ လက်ထပ်ထိမ်းမြားရမယ်ဆိုတဲ့ ဥပဒေမျိုးရှိတာကြောင့် ဒီလို အရမ်းငယ်တဲ့ မိန်းကလေးတွေ လက်ထပ်ထိမ်းမြားခြင်းကနေ အထိုက်အလျောက် ကာကွယ်နိုင်တယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာ အရင်က အသက်မပြည့်သူတွေ လက်ထပ်ထိမ်းမြားတဲ့ အစဉ်အလာ တခုလို နေရာတိုင်းလိုမှာရှိခဲ့ပါတယ်။ ရိုဟင်ဂျာတွေမှာရှိတာမဟုတ်ပါဘူး။ ဒါပေမယ့် ရခိုင်မှာ ထူးခြားတာက ဒီလိုဥပဒေတွေကို ဒီလောက်နဲ့ တင်မဟုတ်ပဲနဲ့ အသက် (၁၈)နှစ်မပြည့်ခင် အိမ်ထောင်မပြုရဘူးဆိုတဲ့ ဥပဒေထက်ကျော်လွန်ပြီး တချို့ကိစ္စတွေမှာ ဒေသန္တာရဥပဒေတွေနဲ့ပါ ဖိနှိပ်ချုပ်ချယ် ကန့်သတ်တဲ့ အဆင့်ထိရှိခဲ့ပါတယ်။”

မြန်မာနိုင်ငံဥပဒေအရ အသက် ၁၈နှစ် မပြည့်ခင် လက်ထပ်ထိမ်းမြားခွင့် ပိတ်ပင်ထားတဲ့အတွက် ရိုဟင်ဂျာတွေဟာ သူတို့နေရပ်မှာ ရှိနေစဉ်အချိန်က ဥပဒေအတိုင်း လိုက်နာရတဲ့အတွက် အခုလိုမျိုး ကလေးသူငယ်တွေ လက်ထပ်ပေးတာမျိုးမရှိခဲ့ဘူးလို့ Conflict and Health စာစောင်မှာ ဖေါ်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကြားမှာ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်း ဓလေ့ကို ကျင့်သုံးနေခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။

အခုလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ တော့ သူတို့ရဲ့ ဓလေ့ထုံးတမ်းကို ပြန်ပြီးကျင့်သုံးလာနေတယ်လို့ ဆိုပါတယ်။

စစ်တမ်းတွေ့ရှိချက် ပဋိပက္ခတွေနဲ့ နေရပ်ရင်းစွန့်ခွာထွက်ပြေးမှုတွေကြောင့် အခုလို ရိုဟင်ဂျာဒုက္ခသည်တွေကြား ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုတွေ ပိုပြီးဖြစ်လာစေတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါအပြင် အကာကွယ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာကလေးငယ်တွေအတွက် အခြေအနေ ပိုမိုဆိုးရွားစေတယ်လို့ ရေးသားထားပါတယ်။

XS
SM
MD
LG