သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳ ၁၈,၇၈၁ ေသဆံုး ၄၄၄


ရန္ကုန္ၿမိဳ႕ Quaratine Center တခုတြင္ တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးမ်ား။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္ ဒီေန႔ ၉၈၇ ေယာက္နဲ႔ ေသဆံုးသူ ၃၂ ေယာက္ထပ္တိုးပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာ စုစုေပါင္း ၁၈,၇၈၁ ေယာက္႐ွိၿပီး ေသဆံုးသူက ၄၄၄ ေယာက္ျဖစ္ပါတယ္။ ဒီေန႔အတြက္ စစ္ေဆးတဲ့ စုစုေပါင္း ဓါတ္ခဲြနမူနာက ၈,၂၈၅ ခုျဖစ္ပါတယ္။ ေဆး႐ံုကေန ေနာက္ထပ္ဆင္းခြင့္ရသူ အေရအတြက္ကေတာ့ ၃၅၃ ေယာက္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္အတည္ျပဳလူနာအေရအတြက္ မ်ားလာတာေၾကာင့္ ေရာဂါျပင္းထန္မႈအဆင့္ခဲြၿပီး ကုသေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ေဆာင္႐ြက္ေနပါတယ္။ တျခားေနာက္ခံေရာဂါမ႐ွိတဲ့ ပိုးေတြ႕လူနာေတြကို သီးသန္႔စင္တာေတြမွာ ထားမွာျဖစ္ပါတယ္၊ ေရာဂါလကၡဏာျပေပမဲ့ အရမ္းမဆုိးသူေတြကို လက္႐ွိကုသေနတဲ့ ေဆး႐ံုေတြမွာဆက္ကုၿပီး လိုအပ္မွ ေဖာင္ႀကီးမွာ႐ွိတဲ့ ကိုဗစ္ကုသေရးဌာနကို ပို႔မွာျဖစ္ၿပီး၊ အသက္အ႐ြယ္ႀကီးၿပီး ေရာဂါလကၡဏာျပင္းထန္သူ၊ တျခားေရာဂါအခံ႐ွိသူေတြကိုေတာ့ ကိုဗစ္ကုသေရးဌာနေဆး႐ံုကို ပုိ႔မယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ျမန္မာပိုင္းကိုေျပာပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၈,၇၈၁ သေဆုံး ၄၄၄

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ဒီနေ့ ၉၈၇ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ယောက်ရှိပြီး သေဆုံးသူက ၄၄၄ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးတဲ့ စုစုပေါင်း ဓါတ်ခွဲနမူနာက ၈,၂၈၅ ခုဖြစ်ပါတယ်။ ဆေးရုံကနေ နောက်ထပ်ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃၅၃ ယောက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် များလာတာကြောင့် ရောဂါပြင်းထန်မှုအဆင့်ခွဲပြီး ကုသပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ တခြားနောက်ခံရောဂါမရှိတဲ့ ပိုးတွေ့လူနာတွေကို သီးသန့်စင်တာတွေမှာ ထားမှာဖြစ်ပါတယ်၊ ရောဂါလက္ခဏာပြပေမဲ့ အရမ်းမဆိုးသူတွေကို လက်ရှိကုသနေတဲ့ ဆေးရုံတွေမှာဆက်ကုပြီး လိုအပ်မှ ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်ကုသရေးဌာနကို ပို့မှာဖြစ်ပြီး၊ အသက်အရွယ်ကြီးပြီး ရောဂါလက္ခဏာပြင်းထန်သူ၊ တခြားရောဂါအခံရှိသူတွေကိုတော့ ကိုဗစ်ကုသရေးဌာနဆေးရုံကို ပို့မယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA မြန်မာပိုင်းကိုပြောပါတယ်။

XS
SM
MD
LG