သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္​ေရာဂါျပင္းထန္မႈအဆင့္ခဲြ ကုသေပးဖို႔ စီစဥ္


COVID 19 ေရာဂါေၾကာင့္ ေသဆံုးသူတဦးကို သယ္ေဆာင္လာတဲ့ PPE ၀တ္စံုနဲ႔ ေစတနာ့၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕မွာေတြ႔ရ။ (ေအာက္တိုဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူေတြနဲ႔ ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ေရာဂါျပင္းထန္မႈ အဆင့္ခြဲၿပီး ကုသမႈေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကိို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ကိုဗစ္ပိုးေတြ႕လူနာ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းအတြင္းမွာ လူနာေတြရဲ႕ေရာဂါလကၡဏာေပၚမူတည္ၿပီး ကုသမႈေပးဖို႔နဲ႔ ေရာဂါလကၡဏာ မျပင္းထန္သူေတြကို ေနအိမ္မွာ ထားဖို႔ က်န္းမာေရးတာဝန္ရွိသူေတြ စီစဥ္ေနတာ ျဖစ္ပါတယ္။ ေရာဂါကုသမႈမွာ ထိထိေရာက္ေရာက္ စီမံခန႔္ခြဲႏိုင္ေအာင္ ရည္႐ြယ္ၿပီး ေရာဂါပိုးရွိတဲ့ အတည္ျပဳလူနာေတြကို အုပ္စု ၃ စုခြဲ အဆင့္သတ္မွတ္ၿပီး ကုသမႈေပးမွာျဖစ္တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“ပထမအုပ္စုကေတာ့ အနံ႔မရေသာ ပိုးေတြ႕လူနာေပါ့။ တျခားေရာဂါလကၡဏာလည္း မရွိဘူး၊ ေနာက္ခံေရာဂါလကၡဏာလည္း မရွိဘူး။ ဒါမ်ိဳးေတြဆိုရင္ အနံ႔မရတဲ့သူ သီးသန႔္စင္တာဆိုၿပီးေတာ့ ထားပါတယ္။ ဒုတိယအုပ္စုကေတာ့ ေရာဂါလကၡဏာ အသင့္အတင့္ရွိတယ္။ အဖ်ား၊ ေခ်ာင္းဆိုး၊ အနံ႔မရ၊ ေမာပန္း စသျဖင့္ ဒီလိုလကၡဏာေတြ ရွိတယ္။ သိပ္ၿပီးေတာ့လကၡဏာေတြက မဆိုးဘူး၊ သူတို႔ကိုက်ေတာ့ သူတို႔ လက္ရွိကုသမႈ ခံယူေနတဲ့ ေဆး႐ုံမွာပဲ ဆက္လက္ကုသမႈခံယူမယ္။ လိုအပ္လို႔ ရွိရင္ေတာ့ ကိုဗစ္ကုသေရးဌာန ေဖာင္ႀကီးကိုေ႐ႊ႕မယ္ေပါ့ေနာ္။ ဒါဒုတိယအုပ္စု ျဖစ္ပါတယ္။ တတိယအုပ္စုကေတာ့ အသက္ကလည္းႀကီးမယ္၊ ေရာဂါလကၡဏာကလည္း ပိုၿပီးေတာ့ ဆိုး႐ြားမယ္၊ နဂိုကတည္းက သူတို႔မွာေနာက္ခံေရာဂါေတြက ရွိေနမယ္ဆိုရင္ေတာ့ သူတို႔ကိုေတာ့ ကိုဗစ္ကုသေရးဌာန ေဆး႐ုံေတြကိုပို႔မယ္ေပါ့။"

အရင္တုန္းက ပိုးေတြ႕လူနာေတြကို ထားရွိကုသမႈေပးေနတဲ့ ေတာင္ဥကၠလာ၊ ေဝဘာဂီနဲ႔ ေဖာင္ႀကီးေဆး႐ုံ၊ အဲဒီေနရာေတြအျပင္ အခုအခ်ိန္မွာ ရန္ကုန္ေဆး႐ုံႀကီးကိုလည္း တိုးခ်ဲ႕ေနတယ္လို႔ ေျပာပါတယ္။ ေျမာက္ဥကၠလာ၊ အင္းစိန္နဲ႔ သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီးေတြကို ထပ္တိုးခ်ဲ႕ထားၿပီး ေဆး႐ုံႀကီး ၇ ခုမွာ ကုသမႈေပးဖို႔ စီစဥ္ေနတယ္လို႔လည္း ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ပိုးေတြ႕အတည္ျပဳလူနာေပါင္း ၁၈,၀၀၀ နီးပါးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၄၁၂ ဦးရွိပါတယ္။ ကိုဗစ္အတည္ျပဳလူနာေတြကို အုပ္စုခြဲ ကုသမႈေပးတဲ့ အစီအစဥ္အျပင္ ေနာက္ပိုင္းမွာ အတည္ျပဳလူနာေတြ မ်ားလာခဲ့ရင္ အိမ္မွာပဲ သီးျခားေနၾကဖို႔အထိ က်န္းမာေရးတာဝန္ရွိသူေတြ စဥ္းစားေနတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“ေနာက္ပိုင္းဆိုရင္ေတာ့ ေရာဂါလကၡဏာ မဆိုးတဲ့လူ၊ သူတို႔အိမ္မွာလည္း အမ်ားနဲ႔ေပါင္းေနတာလည္း မဟုတ္ဘူး၊ အသက္ႀကီးတဲ့သူေတြ မရွိဘူး၊ ေနာက္ခံေရာဂါ ခံစားေနရတဲ့သူေတြ မရွိဘူး၊ အေဆာင္တို႔ဘာတို႔လည္း မဟုတ္ဘူး။ စသျဖင့္ ဒီလိုမ်ိဳးသတ္မွတ္ၿပီးတဲ့အခါက်ေတာ့ ဒီလိုမ်ိဳးအိမ္မွာေနဖို႔အတြက္လည္း လူႀကီးေတြအေနနဲ႔ စဥ္းစားေနပါတယ္။ ဒီေနရာမွာဆိုလို႔ရွိရင္ သူတို႔ေတြကို အိမ္မွာ Isolation ထားဖို႔ဆိုတာက သူတို႔ေတြစည္းကမ္းကို တိတိက်က်လိုက္နာႏိုင္ဖို႔အတြက္က သက္ဆိုင္ရာတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကေနၿပီးေတာ့ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာအဆင့္အထိ ပူးေပါင္းေဆာင္႐ြက္တဲ့ သူတို႔ရဲ႕အားက အထူးလိုပါတယ္။ အဲလိုမွမဟုတ္ဘူးဆိုရင္ က်မတို႔အေနနဲ႔ ဒီလိုမ်ိဳးအိမ္မွာ ပိုးေတြ႕တဲ့လူကို ထားရွိဖို႔ဆိုတာက အဆင္ေျပမွာမဟုတ္ပါဘူး။ ဒီဟာေတြလည္း အကုန္လုံးစဥ္းစားသုံးသပ္ေနပါတယ္။"

ကိုဗစ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုဗစ္ေရာဂါဟာ လူတေယာက္မွာ ေနာက္ထပ္တႀကိမ္ထပ္ၿပီး ျဖစ္မလာႏိုင္ဘူးလို႔ ေသခ်ာမသိႏိုင္ေသးတာေၾကာင့္ ေရာဂါပိုးကင္းစင္သြားၿပီးသူေတြအေနနဲ႔လည္း သတိနဲ႔ေနဖို႔ကို အြန္လိုင္းကေနတဆင့္ မိန႔္ခြန္္းေျပာရာမွာ တိုက္တြန္းထားပါတယ္။

“တခ်ိဳ႕ေရာဂါေတြက တခါျဖစ္ၿပီးရင္ တသက္မွာ တခါပဲျဖစ္တဲ့ ေရာဂါမ်ိဳးဆိုတာရွိပါတယ္။ ဒါေပမယ့္ ဒီကိုဗစ္ေရာဂါက တသက္မွာတခါျဖစ္တဲ့ေရာဂါမ်ိဳး မဟုတ္ဘူးလို႔ ေတာ္ေတာ္မ်ားမ်ား ေဆးပညာရွင္ေတြက ဒီလိုသူတို႔ျမင္ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ကိုယ္ဟာတခါျဖစ္ၿပီးၿပီ၊ ျဖစ္ၿပီးေတာ့ ကုသလို႔ေကာင္းသြားၿပီ ဆိုလို႔ရွိရင္ ပိုၿပီးေတာ့ဂ႐ုစိုက္ပါ။ ႏွစ္ခါျပန္မျဖစ္ေအာင္လို႔ အဲလိုဂ႐ုစိုက္ေစခ်င္ပါတယ္။”

ရန္ကုန္တိုင္းအတြင္း ကိုဗစ္ပိုးေတြ႕လူနာနဲ႔ သံသယရွိသူေတြကို ထားႏိုင္ဖို႔အတြက္ ယာယီေနရာေတြကို ထပ္မံတိုးခ်ဲ႕ေနရာမွာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ႐ိုးမရိပ္သာ ၁ နဲ႔ ၂ လည္းပါဝင္ပါတယ္။ သာေကတၿမိဳ႕နယ္မွာရွိတဲ့ Fortune Plaza မွာလည္း လူနာ ၅၀၀ နဲ႔ ၆၀၀ ဝန္းက်င္ထားႏိုင္ဖို႔ စီစဥ္ေနသလို၊ ယဥ္ေက်းမႈတကၠသိုလ္နဲ႔ ေလ့က်င့္ေရးေက်ာင္းေတြမွာပါ ထပ္တိုးထားႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔လည္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ကိုဗစ္ေရာဂါလကၡဏာေတြထဲက တခုျဖစ္တဲ့ အနံ႔အာ႐ုံမရသူေတြကို သီးျခားထားႏိုင္ဖို႔အတြက္လည္း ေအာင္ျမင့္မိုရ္အိမ္ရာမွာ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ရောဂါပြင်းထန်မှုအဆင့်ခွဲ ကုသပေးဖို့ စီစဉ်

ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရောဂါပြင်းထန်မှု အဆင့်ခွဲပြီး ကုသမှုပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းအတွင်းမှာ လူနာတွေရဲ့ရောဂါလက္ခဏာပေါ်မူတည်ပြီး ကုသမှုပေးဖို့နဲ့ ရောဂါလက္ခဏာ မပြင်းထန်သူတွေကို နေအိမ်မှာ ထားဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ စီစဉ်နေတာ ဖြစ်ပါတယ်။ ရောဂါကုသမှုမှာ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင် ရည်ရွယ်ပြီး ရောဂါပိုးရှိတဲ့ အတည်ပြုလူနာတွေကို အုပ်စု ၃ စုခွဲ အဆင့်သတ်မှတ်ပြီး ကုသမှုပေးမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ပထမအုပ်စုကတော့ အနံ့မရသော ပိုးတွေ့လူနာပေါ့။ တခြားရောဂါလက္ခဏာလည်း မရှိဘူး၊ နောက်ခံရောဂါလက္ခဏာလည်း မရှိဘူး။ ဒါမျိုးတွေဆိုရင် အနံ့မရတဲ့သူ သီးသန့်စင်တာဆိုပြီးတော့ ထားပါတယ်။ ဒုတိယအုပ်စုကတော့ ရောဂါလက္ခဏာ အသင့်အတင့်ရှိတယ်။ အဖျား၊ ချောင်းဆိုး၊ အနံ့မရ၊ မောပန်း စသဖြင့် ဒီလိုလက္ခဏာတွေ ရှိတယ်။ သိပ်ပြီးတော့လက္ခဏာတွေက မဆိုးဘူး၊ သူတို့ကိုကျတော့ သူတို့ လက်ရှိကုသမှု ခံယူနေတဲ့ ဆေးရုံမှာပဲ ဆက်လက်ကုသမှုခံယူမယ်။ လိုအပ်လို့ ရှိရင်တော့ ကိုဗစ်ကုသရေးဌာန ဖောင်ကြီးကိုရွှေ့မယ်ပေါ့နော်။ ဒါဒုတိယအုပ်စု ဖြစ်ပါတယ်။ တတိယအုပ်စုကတော့ အသက်ကလည်းကြီးမယ်၊ ရောဂါလက္ခဏာကလည်း ပိုပြီးတော့ ဆိုးရွားမယ်၊ နဂိုကတည်းက သူတို့မှာနောက်ခံရောဂါတွေက ရှိနေမယ်ဆိုရင်တော့ သူတို့ကိုတော့ ကိုဗစ်ကုသရေးဌာန ဆေးရုံတွေကိုပို့မယ်ပေါ့။"

အရင်တုန်းက ပိုးတွေ့လူနာတွေကို ထားရှိကုသမှုပေးနေတဲ့ တောင်ဥက္ကလာ၊ ဝေဘာဂီနဲ့ ဖောင်ကြီးဆေးရုံ၊ အဲဒီနေရာတွေအပြင် အခုအချိန်မှာ ရန်ကုန်ဆေးရုံကြီးကိုလည်း တိုးချဲ့နေတယ်လို့ ပြောပါတယ်။ မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွေကို ထပ်တိုးချဲ့ထားပြီး ဆေးရုံကြီး ၇ ခုမှာ ကုသမှုပေးဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း ၁၈,၀၀၀ နီးပါးရှိနေပြီး၊ သေဆုံးသူကတော့ ၄၁၂ ဦးရှိပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေကို အုပ်စုခွဲ ကုသမှုပေးတဲ့ အစီအစဉ်အပြင် နောက်ပိုင်းမှာ အတည်ပြုလူနာတွေ များလာခဲ့ရင် အိမ်မှာပဲ သီးခြားနေကြဖို့အထိ ကျန်းမာရေးတာဝန်ရှိသူတွေ စဉ်းစားနေတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“နောက်ပိုင်းဆိုရင်တော့ ရောဂါလက္ခဏာ မဆိုးတဲ့လူ၊ သူတို့အိမ်မှာလည်း အများနဲ့ပေါင်းနေတာလည်း မဟုတ်ဘူး၊ အသက်ကြီးတဲ့သူတွေ မရှိဘူး၊ နောက်ခံရောဂါ ခံစားနေရတဲ့သူတွေ မရှိဘူး၊ အဆောင်တို့ဘာတို့လည်း မဟုတ်ဘူး။ စသဖြင့် ဒီလိုမျိုးသတ်မှတ်ပြီးတဲ့အခါကျတော့ ဒီလိုမျိုးအိမ်မှာနေဖို့အတွက်လည်း လူကြီးတွေအနေနဲ့ စဉ်းစားနေပါတယ်။ ဒီနေရာမှာဆိုလို့ရှိရင် သူတို့တွေကို အိမ်မှာ Isolation ထားဖို့ဆိုတာက သူတို့တွေစည်းကမ်းကို တိတိကျကျလိုက်နာနိုင်ဖို့အတွက်က သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ပူးပေါင်းဆောင်ရွက်တဲ့ သူတို့ရဲ့အားက အထူးလိုပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် ကျမတို့အနေနဲ့ ဒီလိုမျိုးအိမ်မှာ ပိုးတွေ့တဲ့လူကို ထားရှိဖို့ဆိုတာက အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီဟာတွေလည်း အကုန်လုံးစဉ်းစားသုံးသပ်နေပါတယ်။"

ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ရောဂါဟာ လူတယောက်မှာ နောက်ထပ်တကြိမ်ထပ်ပြီး ဖြစ်မလာနိုင်ဘူးလို့ သေချာမသိနိုင်သေးတာကြောင့် ရောဂါပိုးကင်းစင်သွားပြီးသူတွေအနေနဲ့လည်း သတိနဲ့နေဖို့ကို အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ တိုက်တွန်းထားပါတယ်။

“တချို့ရောဂါတွေက တခါဖြစ်ပြီးရင် တသက်မှာ တခါပဲဖြစ်တဲ့ ရောဂါမျိုးဆိုတာရှိပါတယ်။ ဒါပေမယ့် ဒီကိုဗစ်ရောဂါက တသက်မှာတခါဖြစ်တဲ့ရောဂါမျိုး မဟုတ်ဘူးလို့ တော်တော်များများ ဆေးပညာရှင်တွေက ဒီလိုသူတို့မြင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကိုယ်ဟာတခါဖြစ်ပြီးပြီ၊ ဖြစ်ပြီးတော့ ကုသလို့ကောင်းသွားပြီ ဆိုလို့ရှိရင် ပိုပြီးတော့ဂရုစိုက်ပါ။ နှစ်ခါပြန်မဖြစ်အောင်လို့ အဲလိုဂရုစိုက်စေချင်ပါတယ်။”

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာနဲ့ သံသယရှိသူတွေကို ထားနိုင်ဖို့အတွက် ယာယီနေရာတွေကို ထပ်မံတိုးချဲ့နေရာမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာ ၁ နဲ့ ၂ လည်းပါဝင်ပါတယ်။ သာကေတမြို့နယ်မှာရှိတဲ့ Fortune Plaza မှာလည်း လူနာ ၅၀၀ နဲ့ ၆၀၀ ဝန်းကျင်ထားနိုင်ဖို့ စီစဉ်နေသလို၊ ယဉ်ကျေးမှုတက္ကသိုလ်နဲ့ လေ့ကျင့်ရေးကျောင်းတွေမှာပါ ထပ်တိုးထားနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုဗစ်ရောဂါလက္ခဏာတွေထဲက တခုဖြစ်တဲ့ အနံ့အာရုံမရသူတွေကို သီးခြားထားနိုင်ဖို့အတွက်လည်း အောင်မြင့်မိုရ်အိမ်ရာမှာ စီစဉ်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG