သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပႀကိဳတင္မဲမ်ား အဆင္ေျပေရး သံ႐ုံးေတြ ျပင္ဆင္ထားဖို႔လို


စကၤာပူႏိုင္ငံရွိ သံရံုးမွာ ျမန္မာႏိုင္ငံသားမ်ားရဲ႕ မဲေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Club (Singapore) - ေအာက္တိုဘာ ၀၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ေနတဲ့အခ်ိန္မွွာ က်င္းပတဲ့ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲေတြ စေပးေနၾကတဲ့ အေျခအေနအေပၚ ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူနဲ႔ ကိုယ္တုိင္မဲေပးခဲ့သူရဲ႕ သံုးသပ္ အႀကံျပဳခ်က္ေတြကုိ မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

၂၀၂၀ ျပည့္နွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဂ်ပန္၊ ထုိင္း၊ ႐ုရွား၊ ဒိန္းမတ္ စတဲ့ ႏုိင္ငံအသီးသီးမွာ အေျခစိုက္တဲ့ ျမန္မာသံ႐ုံးေတြမွာ မဲ႐ုံေတြဖြင့္ၿပီးေတာ့ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ေအာက္တိုဘာလ ၁ ရက္ေန႔ကစလို႔ ႀကိဳတင္မဲေတြ စေပးေနၾကတာပါ။ ဒီတႀကိမ္ ေရြးေကာက္ပြဲရဲ႕ ထူးျခားခ်က္ကေတာ့ ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ေနတဲ့အခ်ိန္ က်င္းပတာမို႔ သက္ဆိုင္ရာ ႏုိင္ငံအသီးသီးရဲ႕ ကူးစက္ျမန္ COVID-19 ေရာဂါ မျပန္႔ပြားေရး လူစုလူေဝး ကန္႔သတ္ခ်က္လို တင္းက်ပ္တဲ့ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္ေတြၾကားကေန ျမန္မာႏုိင္ငံသားေထာင္ခ်ီ ႀကိဳတင္မဲေတြ လာေပးခဲ့ၾကတာပါ။

ဒီလို ႀကိဳတင္မဲေပးသူ အမ်ားအျပား လာေရာက္မဲလာေပးတဲ့အခ်ိန္မွာ မဲေပးသူေတြ အခက္အခဲမျဖစ္ေအာင္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ သက္ဆိုင္ရာ ျမန္မာသံ႐ုံးေတြဘက္က ႀကိဳတင္ျပင္ဆင္ထားသင့္တာေတြကိုေတာ့ ေရြးေကာက္ပြဲ အနီးကပ္ေစာင့္ၾကည့္ ေလ့လာေနတဲ့ New Myanmar Foundation အဖြဲ႔က မျမနႏၵာသင္းက အခုလို အႀကံျပဳပါတယ္။

“အဓိကကေတာ့ေလ မဲထြက္ေပးၾကသူေတြေပါ့၊ ဒီလိုအေျခအေန အခ်ိန္မ်ိဳးႀကီးမွာ အပင္ပန္းခံၿပီးေတာ့ လာၾကတယ္။ ေနာက္ ႏုိင္ငံျခားမွာဆို ပင္ပန္းၾကတယ္၊ မ်ားေသာအားျဖင့္ လုပ္သားေတြဆိုရင္ သူတို႔မွာ နားရက္ဆို ဒီ စေန တနဂၤေနြေလး ပိတ္ရက္ကေလးေတြမွာ မဲေပးဖို႔အတြက္ကို အေဝးႀကီးကေန လာၾကရတယ္ေပါ့ေနာ္ တေနရာနဲ႔တေနရာ။ အဲ့လိုဆိုေတာ့ ပထမဆံုးေျပာခ်င္တာက သူတို႔အတြက္ အရမ္းကို ဂုဏ္ယူပါတယ္လို႔။ ဘယ္ေလာက္ပဲ အခက္အခဲျဖစ္ေနပါေစ မဲသြားေပးရမယ္ဆိုတဲ့ စိတ္ဓာတ္ကိုေပါ့ေနာ္၊ တၿပိဳင္နက္တည္းမွာပဲ မဲလာေပးသူေတြရဲ႕ လံုၿခံဳေရးနဲ႔ အဆင္ေျပစြာ မဲေပးႏုိင္ေရး အတြက္ကိုလည္း သံ႐ုံးေတြဘက္က စနစ္တက် ျပင္ဆင္ထားၿပီး လုပ္ေပးသင့္တယ္။

“ေနာက္ ႐ုတ္တရက္ျဖစ္လာတဲ့ အေျခအေနေပါ့ေနာ္၊ အရင္တုန္းကေတာ့ ဒီေလာက္ လူေတြအမ်ားႀကီး လူစုလူေဝးေတြျဖစ္မယ္လို႔ မမွန္းမိဘူးေပါ့ေနာ္။ ဒါေပမယ့္ အခုက အကုန္လံုး လာေပးၾကတယ္ဆိုရင္ ဒီလူေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ မဲေပးခြင့္ရေအာင္ ကိုယ့္ႏုိင္ငံရဲ႕ အေဝးမွာျဖစ္ေနတဲ့ အတြက္ေၾကာင့္ သံ႐ုံးကေရာ မဲေပးတဲ့သူေတြကေရာ စုေပါင္းၿပီးေတာ့ ဝိုင္းဝန္းၿပီး အေျဖရွာၾကတာမ်ိဳးေတြလည္း လုပ္ရမယ္ေပါ့ေနာ္။ ပိုေကာင္းေအာင္ ဘယ္လိုလုပ္ၾကမလဲ၊ ေကာင္တာေတြ ပိုဖြင့္ေပးလို႔ရမလား၊ ဒါမွမဟုတ္ ေနရာေရႊ႕ၿပီး ယာယီမဲ႐ုံေလးေတြ လုပ္ၿပီးေတာ့ လုပ္လို႔ရမလဲ စသျဖင့္ေပါ့ေနာ္ ေျဖရွင္းတာမ်ိဳးကို အားလံုးပူးေပါင္းၿပီးတာ့ လုပ္သင့္ပါတယ္။”

ဒါ့အျပင္ ႏုိင္ငံရပ္ျခား ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသားေတြ ႀကိဳတင္မဲ လာေပးၾကခ်ိန္ မွန္ကန္စြာ မဲေပးရမယ့္နည္းစနစ္၊ မိမိေပးတဲ့မဲ ပယ္မဲမျဖစ္ေအာင္နဲ႔ မိမိကိုယ္တိုင္ ႏွစ္သက္ေရြးခ်ယ္မယ့္ ကိုယ္စားလွယ္ေလာင္းရဲ႕ ပါတီအမည္၊ မဲဆႏၵနယ္ေတြကို မွန္ကန္စြာ ေရြးခ်ယ္ေပးႏုိင္ေရး စနစ္တက် ပညာေပးသင့္တယ္လို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္သူ မျမနႏၵာသင္းက အႀကံျပဳပါတယ္။

“မဲဆႏၵရွင္ေတြကေလ သူတို႔မွာ မဲေပးတဲ့ အေတြ႔အႀကံဳ ရွိေနတယ္ဆိုရင္ေတာင္မွ တခါတေလက်ေတာ့လည္း ငါးႏွစ္မွတႀကိမ္ မဲေပးၾကတာဆိုေတာ့ ဥပမာ ေမ့သြားတာမ်ိဳး ရွိႏုိင္တယ္။ ဒါမွမဟုတ္ရင္လည္း Procedure အေျပာင္းအလဲေတြ ရွိႏုိင္လို႔ လြဲသြားတာမ်ိဳး ရွိႏုိင္တယ္။ အနည္းဆံုးေတာ့ COVID ကာလျဖစ္လို႔ မဲလက္မွတ္ထုတ္ဖို႔အတြက္ ကိုယ့္ေဘာလ္ပင္ ကုိယ္ယူလာရမွာလား၊ ဟိုကေပးမွာလား၊ အဲ့ဒါေလးေတြကအစ ႏွစ္စဥ္ႏွစ္တုိင္းမွာ မဲေပးတဲ့ပံုစံသစ္ အဆင့္ဆင့္ ေျပာင္းႏုိင္တာမ်ိဳးေတြလည္း ရွိတယ္။

“အဲ့အခါက်ေတာ့ ျပည္တြင္းပဲျဖစ္ျဖစ္ ျပည္ပပဲျဖစ္ျဖစ္ မဲဆႏၵရွင္ေတြကိုေတာ့ မဲလာမေပးခင္မွာေလ မဲေပးပံု မဲေပးနည္းစနစ္ေတြကို ေလ့လာဖို႔အတြက္ မဲ႐ုံေတြရဲ႕အေရွ႕မွာ ဥပမာ ပံုစံေလးေတြ ျပထားတာေပါ့ေနာ္။ ဒါမွမဟုတ္ Broadcast လုပ္ အသံနဲ႔႐ုပ္ သ႐ုပ္ျပ ဖြင့္ျပထားတာမ်ိဳးပဲျဖစ္ျဖစ္ ဒါမွမဟုတ္ မဲေပးနည္းအဆင့္ဆင့္ ပညာေပး လက္ကမ္းစာေစာင္ေတြ ႀကိဳတင္ျဖန္႔ေဝေပးထားတာမ်ိဳး၊ အဲ့ဒါမ်ိဳးေလးေတြ လုပ္ေပးထားေစခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလို ႏုိင္ငံရပ္ျခားမွာ ေပးရတဲ့ မဲေတြဆိုတာကလည္း လူေတြက အေဝးႀကီးေတြကေန လာေပးၾကရတာဆိုေတာ့ တန္ဖိုးရွိတယ္ေပါ့ေနာ္။ သူတို႔ ဘယ္ပါတီကိုေပးေပး ပယ္မဲျဖစ္သြားတယ္ဆိုရင္ အလဟႆ ဆံုး႐ံႈးမွာျဖစ္တဲ့အတြက္ေၾကာင့္ သံ႐ုံးေတြနဲ႔ ေကာ္မရွင္နဲ႔ ေပါင္းၿပီးေတာ့ ဂ႐ုတစိုက္ ေသခ်ာလုပ္ေပးထားသင့္တယ္လို႔ ထင္ပါတယ္။”

ဒီကေန႔ ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕ေတာ္က ျမန္မာသံ႐ုံး မဲ႐ုံဆီကို ရာနဲ႔ခ်ီ ေရာက္လာၾကတဲ့ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားေတြ စနစ္တက် မဲေပးႏုိင္ေရး လြယ္ကူအဆင္ေျပေအာင္ ဂ်ပန္ေရာက္ ျမန္မာလူမႈအဖြဲ႔ေတြက ဝိုင္းကူညီ ပညာေပးခဲ့ၾကတာေတြကို ကိုယ္တုိင္မဲေပးခဲ့တဲ့ ညီညြတ္ေသာ တုိင္းရင္းသားမ်ားအဖြဲ႔ ဥကၠ႒ ဦးမိုင္ေက်ာ္ဦးက သူ႔အေတြ႔အႀကံဳ ေျပာျပပါတယ္။

“က်ေနာ္တို႔က ကိုယ့္မဲတျပားကို အင္မတန္မွကို အက်ိဳးရွိေအာင္ အသံုးခ်ခ်င္ပါတယ္။ က်ေနာ္တို႔ႏုိင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ အာဏာရွင္စနစ္ေအာက္ကေန မလြတ္ေျမာက္ေသးဘူးေပါ့ေနာ္။ လြတ္ေျမာက္လာေအာင္ ဒီမဲနဲ႔ပဲ အာဏာရွင္လက္ေအာက္က လြတ္ေအာင္ လုပ္ႏုိင္မွာ။ မဲတန္ဖိုးေပါ့ေနာ္။ ဒီမဲတျပားဟာ က်ေနာ္တို႔ႏုိင္ငံရဲ႕ အေျပာင္းအလဲအတြက္ အင္မတန္မွကို အေရးႀကီးပါတယ္ဆိုတာကို က်ေနာ္တို႔ ေရြးေကာက္ပြဲ မတိုင္ခင္ကတည္းက အားလံုးျဖန္႔ၿပီးေတာ့ အားလံုး ကိုယ့္မဲကို တန္ဖိုးရွိရွိ အက်ိဳးရွိရွိ အသံုးခ်ပါဆိုၿပီး စစ္မွန္တဲ့ အေျပာင္းအလဲအတြက္ တိုက္တြန္းခဲ့ၾကတယ္။

“အဲ့ဒါေၾကာင့္ မဲေပးခ်ိန္ မဲေပးမမွားေအာင္ မဲေပးရမယ့္ နည္းစနစ္ကို ေဗာ္လံတီယာအုပ္စုေတြက သံ႐ုံးျပင္ပမွာ လူေတြ တန္းစိီေနၾကတဲ့အခ်ိန္ အကုန္လံုး ရွင္းျပပါတယ္။ ေနာက္ဆံုး စာအိတ္ေခါက္တဲ့ ပံုစံကအစ ေနာက္ဆံုး ကိုယ္ေပးတဲ့မဲ ဆံုး႐ႈံးမႈမျဖစ္ေအာင္ ေပးပံုေပးနည္း အဆင့္ဆင့္ေပါ့ေနာ္ မေပးဘူးတဲ့သူေတြကလည္း မ်ားေနတာေပါ့ေနာ္။ သံ႐ုံးထဲမဝင္ခင္မွာ စနစ္တက် အားလံုးကို ေသခ်ာတင္ျပေပးထားေတာ့ က်ေနာ္ထင္တယ္ မဲဆံုး႐ႈံးမႈေတာ့ အနည္းဆံုးျဖစ္လိမ့္မယ္။ အားလံုး မဲေသခ်ာေပးႏုိင္ခဲ့တယ္။”

လတ္တေလာမွာေတာ့ ျပည္ပအေျခစိုက္ သံ႐ုံးတခ်ိဳ႕မွာ မဲလာေပးသူေတြ ေထာင္နဲ႔ခ်ီတဲ့အတြက္ သက္ဆုိင္ရာႏုိင္ငံရဲ႕ COVID-19 စည္းကမ္းခ်က္ေတြနဲ႔အညီ မဲေပးႏုိင္ေရး လူဦးေရေလွ်ာ့ခ်ၿပီးေတာ့ သတ္မွတ္အေရအတြက္နဲ႔ မဲေပးခုိင္းတာ၊ သြားလာရ ခက္ခဲသူေတြအတြက္ အဆင္ေျပေအာင္ မဲ႐ုံခြဲေတြ ဖြင့္လွစ္ေပးတာနဲ႔ မဲေပးခြင့္ရသူအားလံုး ေပးခြင့္ရေအာင္ သတ္မွတ္ရက္ထက္ ေက်ာ္လြန္ၿပီး မဲ႐ုံကို ရက္ထပ္တိုးၿပီးဖြင့္၊ မဲလက္ခံေပးဖို႔ေတြကို အေရးေပၚ စီစဥ္ေနၿပီး ႀကိဳတင္မဲေပးခြင့္စာရင္း မပါလာသူေတြအတြက္ကိုလည္း မဲေပးခြင့္ရေရး ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ပူးေပါင္းၿပီးေတာ့ အဆင္ေျပေအာင္ ေဆာင္ရြက္ေပးေနတယ္လို႔ သံ႐ုံးေတြက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ပြည်ပကြိုတင်မဲများ အဆင်ပြေရေး သံရုံးတွေ ပြင်ဆင်ထားဖို့လို

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေတဲ့အချိန်မှာ ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံတော်တော်များများမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ စပေးနေကြတဲ့ အခြေအနေအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်သူနဲ့ ကိုယ်တိုင်မဲပေးခဲ့သူရဲ့ သုံးသပ် အကြံပြုချက်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ရုရှား၊ ဒိန်းမတ် စတဲ့ နိုင်ငံအသီးသီးမှာ အခြေစိုက်တဲ့ မြန်မာသံရုံးတွေမှာ မဲရုံတွေဖွင့်ပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ကြိုတင်မဲတွေ စပေးနေကြတာပါ။ ဒီတကြိမ် ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေတဲ့အချိန် ကျင်းပတာမို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ ကူးစက်မြန် COVID-19 ရောဂါ မပြန့်ပွားရေး လူစုလူဝေး ကန့်သတ်ချက်လို တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကြားကနေ မြန်မာနိုင်ငံသားထောင်ချီ ကြိုတင်မဲတွေ လာပေးခဲ့ကြတာပါ။

ဒီလို ကြိုတင်မဲပေးသူ အများအပြား လာရောက်မဲလာပေးတဲ့အချိန်မှာ မဲပေးသူတွေ အခက်အခဲမဖြစ်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေဘက်က ကြိုတင်ပြင်ဆင်ထားသင့်တာတွေကိုတော့ ရွေးကောက်ပွဲ အနီးကပ်စောင့်ကြည့် လေ့လာနေတဲ့ New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်းက အခုလို အကြံပြုပါတယ်။

“အဓိကကတော့လေ မဲထွက်ပေးကြသူတွေပေါ့၊ ဒီလိုအခြေအနေ အချိန်မျိုးကြီးမှာ အပင်ပန်းခံပြီးတော့ လာကြတယ်။ နောက် နိုင်ငံခြားမှာဆို ပင်ပန်းကြတယ်၊ များသောအားဖြင့် လုပ်သားတွေဆိုရင် သူတို့မှာ နားရက်ဆို ဒီ စနေ တနင်္ဂနွေလေး ပိတ်ရက်ကလေးတွေမှာ မဲပေးဖို့အတွက်ကို အဝေးကြီးကနေ လာကြရတယ်ပေါ့နော် တနေရာနဲ့တနေရာ။ အဲ့လိုဆိုတော့ ပထမဆုံးပြောချင်တာက သူတို့အတွက် အရမ်းကို ဂုဏ်ယူပါတယ်လို့။ ဘယ်လောက်ပဲ အခက်အခဲဖြစ်နေပါစေ မဲသွားပေးရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုပေါ့နော်၊ တပြိုင်နက်တည်းမှာပဲ မဲလာပေးသူတွေရဲ့ လုံခြုံရေးနဲ့ အဆင်ပြေစွာ မဲပေးနိုင်ရေး အတွက်ကိုလည်း သံရုံးတွေဘက်က စနစ်တကျ ပြင်ဆင်ထားပြီး လုပ်ပေးသင့်တယ်။

“နောက် ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေပေါ့နော်၊ အရင်တုန်းကတော့ ဒီလောက် လူတွေအများကြီး လူစုလူဝေးတွေဖြစ်မယ်လို့ မမှန်းမိဘူးပေါ့နော်။ ဒါပေမယ့် အခုက အကုန်လုံး လာပေးကြတယ်ဆိုရင် ဒီလူတွေကို မြန်မြန်ဆန်ဆန်နဲ့ မဲပေးခွင့်ရအောင် ကိုယ့်နိုင်ငံရဲ့ အဝေးမှာဖြစ်နေတဲ့ အတွက်ကြောင့် သံရုံးကရော မဲပေးတဲ့သူတွေကရော စုပေါင်းပြီးတော့ ဝိုင်းဝန်းပြီး အဖြေရှာကြတာမျိုးတွေလည်း လုပ်ရမယ်ပေါ့နော်။ ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ၊ ကောင်တာတွေ ပိုဖွင့်ပေးလို့ရမလား၊ ဒါမှမဟုတ် နေရာရွှေ့ပြီး ယာယီမဲရုံလေးတွေ လုပ်ပြီးတော့ လုပ်လို့ရမလဲ စသဖြင့်ပေါ့နော် ဖြေရှင်းတာမျိုးကို အားလုံးပူးပေါင်းပြီးတာ့ လုပ်သင့်ပါတယ်။”

ဒါ့အပြင် နိုင်ငံရပ်ခြား ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ လာပေးကြချိန် မှန်ကန်စွာ မဲပေးရမယ့်နည်းစနစ်၊ မိမိပေးတဲ့မဲ ပယ်မဲမဖြစ်အောင်နဲ့ မိမိကိုယ်တိုင် နှစ်သက်ရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းရဲ့ ပါတီအမည်၊ မဲဆန္ဒနယ်တွေကို မှန်ကန်စွာ ရွေးချယ်ပေးနိုင်ရေး စနစ်တကျ ပညာပေးသင့်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူ မမြနန္ဒာသင်းက အကြံပြုပါတယ်။

“မဲဆန္ဒရှင်တွေကလေ သူတို့မှာ မဲပေးတဲ့ အတွေ့အကြုံ ရှိနေတယ်ဆိုရင်တောင်မှ တခါတလေကျတော့လည်း ငါးနှစ်မှတကြိမ် မဲပေးကြတာဆိုတော့ ဥပမာ မေ့သွားတာမျိုး ရှိနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း Procedure အပြောင်းအလဲတွေ ရှိနိုင်လို့ လွဲသွားတာမျိုး ရှိနိုင်တယ်။ အနည်းဆုံးတော့ COVID ကာလဖြစ်လို့ မဲလက်မှတ်ထုတ်ဖို့အတွက် ကိုယ့်ဘောလ်ပင် ကိုယ်ယူလာရမှာလား၊ ဟိုကပေးမှာလား၊ အဲ့ဒါလေးတွေကအစ နှစ်စဉ်နှစ်တိုင်းမှာ မဲပေးတဲ့ပုံစံသစ် အဆင့်ဆင့် ပြောင်းနိုင်တာမျိုးတွေလည်း ရှိတယ်။

“အဲ့အခါကျတော့ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပပဲဖြစ်ဖြစ် မဲဆန္ဒရှင်တွေကိုတော့ မဲလာမပေးခင်မှာလေ မဲပေးပုံ မဲပေးနည်းစနစ်တွေကို လေ့လာဖို့အတွက် မဲရုံတွေရဲ့အရှေ့မှာ ဥပမာ ပုံစံလေးတွေ ပြထားတာပေါ့နော်။ ဒါမှမဟုတ် Broadcast လုပ် အသံနဲ့ရုပ် သရုပ်ပြ ဖွင့်ပြထားတာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် မဲပေးနည်းအဆင့်ဆင့် ပညာပေး လက်ကမ်းစာစောင်တွေ ကြိုတင်ဖြန့်ဝေပေးထားတာမျိုး၊ အဲ့ဒါမျိုးလေးတွေ လုပ်ပေးထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို နိုင်ငံရပ်ခြားမှာ ပေးရတဲ့ မဲတွေဆိုတာကလည်း လူတွေက အဝေးကြီးတွေကနေ လာပေးကြရတာဆိုတော့ တန်ဖိုးရှိတယ်ပေါ့နော်။ သူတို့ ဘယ်ပါတီကိုပေးပေး ပယ်မဲဖြစ်သွားတယ်ဆိုရင် အလဟဿ ဆုံးရှုံးမှာဖြစ်တဲ့အတွက်ကြောင့် သံရုံးတွေနဲ့ ကော်မရှင်နဲ့ ပေါင်းပြီးတော့ ဂရုတစိုက် သေချာလုပ်ပေးထားသင့်တယ်လို့ ထင်ပါတယ်။”

ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့တော်က မြန်မာသံရုံး မဲရုံဆီကို ရာနဲ့ချီ ရောက်လာကြတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ စနစ်တကျ မဲပေးနိုင်ရေး လွယ်ကူအဆင်ပြေအောင် ဂျပန်ရောက် မြန်မာလူမှုအဖွဲ့တွေက ဝိုင်းကူညီ ပညာပေးခဲ့ကြတာတွေကို ကိုယ်တိုင်မဲပေးခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက သူ့အတွေ့အကြုံ ပြောပြပါတယ်။

“ကျနော်တို့က ကိုယ့်မဲတပြားကို အင်မတန်မှကို အကျိုးရှိအောင် အသုံးချချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်ကနေ မလွတ်မြောက်သေးဘူးပေါ့နော်။ လွတ်မြောက်လာအောင် ဒီမဲနဲ့ပဲ အာဏာရှင်လက်အောက်က လွတ်အောင် လုပ်နိုင်မှာ။ မဲတန်ဖိုးပေါ့နော်။ ဒီမဲတပြားဟာ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲအတွက် အင်မတန်မှကို အရေးကြီးပါတယ်ဆိုတာကို ကျနော်တို့ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အားလုံးဖြန့်ပြီးတော့ အားလုံး ကိုယ့်မဲကို တန်ဖိုးရှိရှိ အကျိုးရှိရှိ အသုံးချပါဆိုပြီး စစ်မှန်တဲ့ အပြောင်းအလဲအတွက် တိုက်တွန်းခဲ့ကြတယ်။

“အဲ့ဒါကြောင့် မဲပေးချိန် မဲပေးမမှားအောင် မဲပေးရမယ့် နည်းစနစ်ကို ဗော်လံတီယာအုပ်စုတွေက သံရုံးပြင်ပမှာ လူတွေ တန်းစီနေကြတဲ့အချိန် အကုန်လုံး ရှင်းပြပါတယ်။ နောက်ဆုံး စာအိတ်ခေါက်တဲ့ ပုံစံကအစ နောက်ဆုံး ကိုယ်ပေးတဲ့မဲ ဆုံးရှုံးမှုမဖြစ်အောင် ပေးပုံပေးနည်း အဆင့်ဆင့်ပေါ့နော် မပေးဘူးတဲ့သူတွေကလည်း များနေတာပေါ့နော်။ သံရုံးထဲမဝင်ခင်မှာ စနစ်တကျ အားလုံးကို သေချာတင်ပြပေးထားတော့ ကျနော်ထင်တယ် မဲဆုံးရှုံးမှုတော့ အနည်းဆုံးဖြစ်လိမ့်မယ်။ အားလုံး မဲသေချာပေးနိုင်ခဲ့တယ်။”

လတ်တလောမှာတော့ ပြည်ပအခြေစိုက် သံရုံးတချို့မှာ မဲလာပေးသူတွေ ထောင်နဲ့ချီတဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ COVID-19 စည်းကမ်းချက်တွေနဲ့အညီ မဲပေးနိုင်ရေး လူဦးရေလျှော့ချပြီးတော့ သတ်မှတ်အရေအတွက်နဲ့ မဲပေးခိုင်းတာ၊ သွားလာရ ခက်ခဲသူတွေအတွက် အဆင်ပြေအောင် မဲရုံခွဲတွေ ဖွင့်လှစ်ပေးတာနဲ့ မဲပေးခွင့်ရသူအားလုံး ပေးခွင့်ရအောင် သတ်မှတ်ရက်ထက် ကျော်လွန်ပြီး မဲရုံကို ရက်ထပ်တိုးပြီးဖွင့်၊ မဲလက်ခံပေးဖို့တွေကို အရေးပေါ် စီစဉ်နေပြီး ကြိုတင်မဲပေးခွင့်စာရင်း မပါလာသူတွေအတွက်ကိုလည်း မဲပေးခွင့်ရရေး ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းပြီးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ သံရုံးတွေက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG