သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ေရာက္ ျမန္မာေတြ ကုိဗစ္စည္းကမ္းခ်က္နဲ႔အညီ ႀကိဳတင္မဲေပး


ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားေတြ မဲေပးေနတဲ့ျမင္ကြင္း။ (ေအာက္တုိဘာ ၃၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - တုိက်ဳိ)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံမွာ COVID-19 စည္းကမ္းခ်က္ေတြနဲ႔အညီ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသား ၁,၀၀၀ ေက်ာ္ ႀကိဳတင္မဲ စေပးခဲ့ၾကပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ႏိုဝင္ဘာ ၈ ရက္မွာ က်င္းပမယ့္ အေထြေထြေရြးေကာက္ပြဲ သက္ဆုိင္ရာ လႊတ္ေတာ္အသီးသီးအတြက္ ကိုယ္စားလွယ္ေလာင္းေတြကို ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသား ၁,၁၇၅ ဦး ကိုဗစ္စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ ဂ်ပန္ႏုိင္ငံ တိုက်ိဳၿမိဳ႕ ျမန္မာသံ႐ုံး မဲ႐ုံမွာ ေအာက္တုိဘာလ ၃ ရက္ေန႔ စေနေန႔မွာ ႀကိဳတင္မဲစေပးခဲ့ၾကပါတယ္လို႔ ျမန္မာသံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

တုိက်ဳိၿမိဳ႕ ျမန္မာသံ႐ုံးမွာ မဲေပးဖို႔ တန္းစီေနတဲ့ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားမ်ား။ (ေအာက္တုိဘာ ၃၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - တုိက်ဳိ)
တုိက်ဳိၿမိဳ႕ ျမန္မာသံ႐ုံးမွာ မဲေပးဖို႔ တန္းစီေနတဲ့ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားမ်ား။ (ေအာက္တုိဘာ ၃၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - တုိက်ဳိ)

ဒီကေန႔ ႀကိဳတင္မဲေပးဖို႔ မဲ႐ုံ ပထမဆံုး စဖြင့္တဲ့ေန႔မွာေတာ့ တိုက်ိဳၿမိဳ႕ အနီးတဝိုက္မွာရွိတဲ့ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသား ရာနဲ႔ခ်ီ အမ်ားအျပား ေရာက္ရွိလာၾကၿပီး COVID-19 စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ အခ်ိန္မီ မဲေပးႏုိင္ခဲ့တယ္လို႔ မဲေပးသူေတြကို အခက္အခဲမျဖစ္ေစေရး ဝိုင္းဝန္းကူညီေပးခဲ့တဲ့ တိုက်ိဳက ဂ်ပန္-ျမန္မာတဦးျဖစ္တဲ့ ဦးေက်ာ္ေက်ာ္စိုးက ေျပာျပပါတယ္။

“တိုက်ိဳပတ္ဝန္းက်င္မွာရွိတဲ့ မဲဆႏၵရွင္ေတြ အမ်ားႀကီး တျဖည္းျဖည္းနဲ႔ တဖြဲဖြဲ ေရာက္လာၾကၿပီးေတာ့ မဲေပးဖို႔အတြက္ တန္းစီၾကတယ္။ မနက္ ၈ နာရီထိုးတဲ့ အခ်ိန္မွာ သံ႐ုံးက ေနရာစီစဥ္ထားတာ သံ႐ုံးထဲမွာ ေနရာ လူ ၈၀ စာ ထိုင္ခံုေနရာ ျပင္ဆင္ထားတဲ့ အခါက်ေတာ့ လမ္းေပၚမွာ လူေတြအမ်ားႀကီး မရွိေအာင္ ေလွ်ာ့ခ်တဲ့အေနနဲ႔ သံ႐ုံးက အထဲထဲမွာ ဝင္ထုိင္ၿပီး အလွည့္က် မဲေပးတဲ့စနစ္ေပါ့။ အဲ့ေတာ့ ဒီ စေန တနဂၤေနြ ၂ ရက္ကေတာ့ တိုက်ိဳအပါအဝင္ ခ႐ုိင္ ၇ ခ႐ုိင္မွာ ေနထိုင္တဲ့ ျမန္မာႏုိင္ငံသားေတြ မဲေပးဖို႔အတြက္ သတ္မွတ္ထားတာပါ။ လူငယ္ေတြ အသက္ငယ္တဲ့သူေတြ ေတာ္ေတာ္မ်ားမ်ား လာၾကတယ္ မဲလာေပးတဲ့ သူေတြထဲမွာ။ ဒီမွာ ေက်ာင္းလာတက္တဲ့သူေတြ အလုပ္သင္လာတဲ့လုပ္သားေတြ ရွိတယ္။ ဂ်ပန္မွာကေတာ့ တန္းစီတဲ့အက်င့္က က်င့္သားရေနေတာ့ စည္းကမ္းရွိၾကလို႔ သိပ္ထူးထူးေထြေထြ ျပႆနာ မရွိခဲ့ဘူး။ ေနာက္ ဂ်ပန္ရဲတပ္ဖြဲ႔ကလည္း ဆူညံမႈေတြရွိရင္ နားလည္ခြင့္လႊတ္ေပးပါ ဆိုတာကို ရဲတပ္ဖြဲ႔ဘက္ကေရာ သံ႐ုံးတာဝန္ရွိသူေတြဘက္ကလည္း ေျပာထားတဲ့ အတြက္ေၾကာင့္ ထူးထူးျခားျခား အခက္အခဲ ျပႆနာမရွိဘဲ စုစုေပါင္း လူ ၁,၁၀၀ ေက်ာ္ မဲေပးခြင့္ရခဲ့ပါတယ္။”

ဂ်ပန္နယ္ေျမခံ လံုၿခံဳေရးအဖြဲ႔ဝင္ေတြနဲ႔ ေဒသႏၱရ အာဏာပိုင္ေတြဘက္ကလည္း ျမန္မာတို႔ ႀကိဳတင္မဲေပးတဲ့ပြဲ အဆင္ေျပေခ်ာေမြ႔ေအာင္လည္း လံုၿခံဳေရးပိုင္းနဲ႔ ေနရာထိုင္ခင္း အဆင္ေျပေအာင္ ဝိုင္းကူညီေပးတယ္လို႔ ျပည္ေထာင္စုျမန္မာႏုိင္ငံသားမ်ားအသင္း ဂ်ပန္က ဦးသန္းေဆြက ေျပာပါတယ္။

“မဲေပးတဲ့ရက္မတုိင္ခင္ ၿပီးခဲ့တဲ့ ၃ ရက္ေလာက္မွာ နယ္ေျမခံ ဂ်ပန္ရဲေပါ့၊ သံ႐ုံးတည္ရွိတဲ့ နယ္ေျမက ရဲေတြနဲ႔ က်ေနာ္တို႔ အစည္းအေဝးလုပ္ပါတယ္။ ေဆြးေႏြးညိႇႏႈိင္းမႈေတြ လုပ္ပါတယ္။ မဲလာေပးမယ့္သူဦးေရ ခန္႔မွန္းေျခနဲ႔ လာေရာက္မယ့္ အခ်ိန္ေပါ့ေလ၊ တန္းစီပံု တန္းစီနည္း အဓိက Social Distancing ကို ဘယ္လိုလုပ္မလဲ။ တကယ္လို႔ လူေတြအမ်ားႀကီးျဖစ္လာရင္ အနီးနားမွာရွိတဲ့ ပန္းၿခံေတြဆီ ဘယ္လိုေရႊ႕မလဲေပါ့။ ဘက္ေပါင္းစံုကေန ျပင္ဆင္ၿပီးေတာ့ ညိႇႏိႈင္းထားပါတယ္။ တကယ္လက္ေတြ႔မွာ သံ႐ုံးထဲက လာတဲ့သူေတြ အကုန္လံုး အျမန္ဆံုးေပးႏုိင္ေအာင္ စီစဥ္ေပးေတာ့ လူ ၁,၀၀၀ ေလာက္ကို သတ္မွတ္ခ်ိန္မွာ မဲေပးလို႔ၿပီးသြားေအာင္ အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါတယ္။ ဂ်ပန္ရဲကလည္း ေတာက္ေလွ်ာက္ ပတၱေယာင္လွည့္ၿပီးေတာ့ လုိအပ္တာေတြ ကူေပးဖို႔ ေစာင့္ၾကည့္ကူညီလ်က္ ရွိပါတယ္။”

ေအာက္တိုဘာ ၃ ရက္ကေန ေအာက္တိုဘာ ၉ ရက္ေန႔အထိ တိုက်ိဳၿမိဳ႕တဝိုက္နဲ႔ Chiba, Kanagawa, Saitama, Ibaraki, Tochigi, Gunma ျပည္နယ္ေတြမွာ ေနထိုင္တဲ့ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားေတြ မဲေပးႏုိင္ပါတယ္။ ေအာက္တိုဘာလ ၉ ရက္ေန႔အထိ တိုက်ိဳဝန္းက်င္က ၿမိဳ႕က ျမန္မာေတြ ႀကိဳတင္မဲေပးၿပီးရင္လည္း ဂ်ပန္ႏုိင္ငံရွိ က်န္ျပည္နယ္ေတြက ႀကိဳတင္မဲဆႏၵေပးပိုင္ခြင့္ရွိသူ ျမန္မာႏုိင္ငံသားေတြအတြက္ တိုက်ိဳမဲ႐ုံကို ေအာက္တိုဘာ ၁၀ ရက္ေန႔ကေန ၁၄ ရက္ေန႔အထိ ဆက္ဖြင့္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ လာမယ့္ ေအာက္တိုဘာလ ၁၀ ရက္နဲ႔ ေအာက္တိုဘာလ ၁၁ ရက္ စေန တနဂၤေႏြ ပိတ္ရက္ေတြမွာေတာ့ နာဂိုယာၿမိဳ႕ ျမန္မာႏုိင္ငံဆိုင္ရာ ဂုဏ္ထူးေဆာင္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွာ ႀကိဳတင္မဲ႐ုံခြဲတခု ဖြင့္လွစ္ေပးသြားမယ္လို႔ တုိက်ိဳ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ကမာၻ႔ကပ္ေရာဂါကာလ လူစုလူေဝးစုေဝးမႈ ကန္႔သတ္ခ်က္ေတြ ရွိေနခ်ိန္မွာပဲ လူေထာင္ခ်ီ ေရြးေကာက္ပြဲ ႀကိဳတင္မဲေပးႏုိင္ေရး ဂ်ပန္ႏုိင္ငံရဲ႕ ကိုဗစ္ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ မဲေပးၾကဖို႔ ျမန္မာသံ႐ုံးနဲ႔ ဂ်ပန္ေရာက္ ျမန္မာေတြဘက္က ပံ့ပိုးကူညီေပးခဲ့ၾကပါတယ္။ အလားတူပဲ အာရွႏုိင္ငံေတြျဖစ္တဲ့ စင္ကာပူနဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြဘက္မွာလည္း သက္ဆိုင္ရာႏုိင္ငံေတြက ခ်မွတ္တင္းက်ပ္ထားတဲ့ ကိုဗစ္ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ႀကိဳတင္မဲေပးပြဲေတြ ဆက္တုိက္က်င္းပေနခ်ိန္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ဂျပန်ရောက် မြန်မာတွေ ကိုဗစ်စည်းကမ်းချက်နဲ့အညီ ကြိုတင်မဲပေး

ဂျပန်နိုင်ငံမှာ COVID-19 စည်းကမ်းချက်တွေနဲ့အညီ ဂျပန်ရောက် မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ကြိုတင်မဲ စပေးခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတွေကို ဂျပန်ရောက် မြန်မာနိုင်ငံသား ၁,၁၇၅ ဦး ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံး မဲရုံမှာ အောက်တိုဘာလ ၃ ရက်နေ့ စနေနေ့မှာ ကြိုတင်မဲစပေးခဲ့ကြပါတယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ကြိုတင်မဲပေးဖို့ မဲရုံ ပထမဆုံး စဖွင့်တဲ့နေ့မှာတော့ တိုကျိုမြို့ အနီးတဝိုက်မှာရှိတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသား ရာနဲ့ချီ အများအပြား ရောက်ရှိလာကြပြီး COVID-19 စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ အချိန်မီ မဲပေးနိုင်ခဲ့တယ်လို့ မဲပေးသူတွေကို အခက်အခဲမဖြစ်စေရေး ဝိုင်းဝန်းကူညီပေးခဲ့တဲ့ တိုကျိုက ဂျပန်-မြန်မာတဦးဖြစ်တဲ့ ဦးကျော်ကျော်စိုးက ပြောပြပါတယ်။

“တိုကျိုပတ်ဝန်းကျင်မှာရှိတဲ့ မဲဆန္ဒရှင်တွေ အများကြီး တဖြည်းဖြည်းနဲ့ တဖွဲဖွဲ ရောက်လာကြပြီးတော့ မဲပေးဖို့အတွက် တန်းစီကြတယ်။ မနက် ၈ နာရီထိုးတဲ့ အချိန်မှာ သံရုံးက နေရာစီစဉ်ထားတာ သံရုံးထဲမှာ နေရာ လူ ၈၀ စာ ထိုင်ခုံနေရာ ပြင်ဆင်ထားတဲ့ အခါကျတော့ လမ်းပေါ်မှာ လူတွေအများကြီး မရှိအောင် လျှော့ချတဲ့အနေနဲ့ သံရုံးက အထဲထဲမှာ ဝင်ထိုင်ပြီး အလှည့်ကျ မဲပေးတဲ့စနစ်ပေါ့။ အဲ့တော့ ဒီ စနေ တနင်္ဂနွေ ၂ ရက်ကတော့ တိုကျိုအပါအဝင် ခရိုင် ၇ ခရိုင်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ မဲပေးဖို့အတွက် သတ်မှတ်ထားတာပါ။ လူငယ်တွေ အသက်ငယ်တဲ့သူတွေ တော်တော်များများ လာကြတယ် မဲလာပေးတဲ့ သူတွေထဲမှာ။ ဒီမှာ ကျောင်းလာတက်တဲ့သူတွေ အလုပ်သင်လာတဲ့လုပ်သားတွေ ရှိတယ်။ ဂျပန်မှာကတော့ တန်းစီတဲ့အကျင့်က ကျင့်သားရနေတော့ စည်းကမ်းရှိကြလို့ သိပ်ထူးထူးထွေထွေ ပြဿနာ မရှိခဲ့ဘူး။ နောက် ဂျပန်ရဲတပ်ဖွဲ့ကလည်း ဆူညံမှုတွေရှိရင် နားလည်ခွင့်လွှတ်ပေးပါ ဆိုတာကို ရဲတပ်ဖွဲ့ဘက်ကရော သံရုံးတာဝန်ရှိသူတွေဘက်ကလည်း ပြောထားတဲ့ အတွက်ကြောင့် ထူးထူးခြားခြား အခက်အခဲ ပြဿနာမရှိဘဲ စုစုပေါင်း လူ ၁,၁၀၀ ကျော် မဲပေးခွင့်ရခဲ့ပါတယ်။”

ဂျပန်နယ်မြေခံ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဒေသန္တရ အာဏာပိုင်တွေဘက်ကလည်း မြန်မာတို့ ကြိုတင်မဲပေးတဲ့ပွဲ အဆင်ပြေချောမွေ့အောင်လည်း လုံခြုံရေးပိုင်းနဲ့ နေရာထိုင်ခင်း အဆင်ပြေအောင် ဝိုင်းကူညီပေးတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်က ဦးသန်းဆွေက ပြောပါတယ်။

“မဲပေးတဲ့ရက်မတိုင်ခင် ပြီးခဲ့တဲ့ ၃ ရက်လောက်မှာ နယ်မြေခံ ဂျပန်ရဲပေါ့၊ သံရုံးတည်ရှိတဲ့ နယ်မြေက ရဲတွေနဲ့ ကျနော်တို့ အစည်းအဝေးလုပ်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပါတယ်။ မဲလာပေးမယ့်သူဦးရေ ခန့်မှန်းခြေနဲ့ လာရောက်မယ့် အချိန်ပေါ့လေ၊ တန်းစီပုံ တန်းစီနည်း အဓိက Social Distancing ကို ဘယ်လိုလုပ်မလဲ။ တကယ်လို့ လူတွေအများကြီးဖြစ်လာရင် အနီးနားမှာရှိတဲ့ ပန်းခြံတွေဆီ ဘယ်လိုရွှေ့မလဲပေါ့။ ဘက်ပေါင်းစုံကနေ ပြင်ဆင်ပြီးတော့ ညှိနှိုင်းထားပါတယ်။ တကယ်လက်တွေ့မှာ သံရုံးထဲက လာတဲ့သူတွေ အကုန်လုံး အမြန်ဆုံးပေးနိုင်အောင် စီစဉ်ပေးတော့ လူ ၁,၀၀၀ လောက်ကို သတ်မှတ်ချိန်မှာ မဲပေးလို့ပြီးသွားအောင် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဂျပန်ရဲကလည်း တောက်လျှောက် ပတ္တယောင်လှည့်ပြီးတော့ လိုအပ်တာတွေ ကူပေးဖို့ စောင့်ကြည့်ကူညီလျက် ရှိပါတယ်။”

အောက်တိုဘာ ၃ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ တိုကျိုမြို့တဝိုက်နဲ့ Chiba, Kanagawa, Saitama, Ibaraki, Tochigi, Gunma ပြည်နယ်တွေမှာ နေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့အထိ တိုကျိုဝန်းကျင်က မြို့က မြန်မာတွေ ကြိုတင်မဲပေးပြီးရင်လည်း ဂျပန်နိုင်ငံရှိ ကျန်ပြည်နယ်တွေက ကြိုတင်မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေအတွက် တိုကျိုမဲရုံကို အောက်တိုဘာ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဆက်ဖွင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၁၀ ရက်နဲ့ အောက်တိုဘာလ ၁၁ ရက် စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာတော့ နာဂိုယာမြို့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံးမှာ ကြိုတင်မဲရုံခွဲတခု ဖွင့်လှစ်ပေးသွားမယ်လို့ တိုကျို မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါကာလ လူစုလူဝေးစုဝေးမှု ကန့်သတ်ချက်တွေ ရှိနေချိန်မှာပဲ လူထောင်ချီ ရွေးကောက်ပွဲ ကြိုတင်မဲပေးနိုင်ရေး ဂျပန်နိုင်ငံရဲ့ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ မဲပေးကြဖို့ မြန်မာသံရုံးနဲ့ ဂျပန်ရောက် မြန်မာတွေဘက်က ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ အလားတူပဲ အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေဘက်မှာလည်း သက်ဆိုင်ရာနိုင်ငံတွေက ချမှတ်တင်းကျပ်ထားတဲ့ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကြိုတင်မဲပေးပွဲတွေ ဆက်တိုက်ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG