သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပႀကိဳတင္မဲ စကၤာပူမွာအဆင္ေျပ၊ ထိုင္းမွာ အခက္ၾကံဳ


စကၤာပူႏိုင္ငံရွိ ျမန္မာသံ႐ုံးမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Phyo Phyo - ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရွ႕လထဲ က်င္းပမယ့္ ေရြးေကာက္ပဲြအတြက္ ဒီကေန႔ စကၤာပူႏိုင္ငံမွာ ၾကိဳတင္မဲေပးရာမွာ ေခ်ာေခ်ာေမာေမာျဖစ္တာ ေတြ႔ရေပမဲ့ ျပည္ပေရာက္ ျမန္မာအမ်ားစုရိွရာ ထုိင္းႏိုင္ငံမွာေတာ့ အခက္အခဲ ႀကံဳရမယ့္ အလားအလာရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ဒီလ ၁၈ ရက္ေန႔အထိ ၾကိဳတင္မဲေပးခြင့္ျပဳထားတဲ့ စကၤာပူႏုိင္ငံမွာ ျမန္မာႏုိင္ငံသားေတြ စတင္မဲေပးေနၾကတာပါ။ မဲေပးခြင့္ရမယ့္သူ စာရင္းကုိေတာ့ ျမန္မာသံ႐ုံးက အြန္လုိင္းကေန ထုတ္ျပန္ေပးၿပီး မနက္ ၉ နာရီကေန ညေန ၅ နာရီအတြင္း အလွည့္က် မဲေပးႏုိင္ၾကပါတယ္။ ပထမဆုံး ႀကိဳတင္မဲေပးခြင့္ရတဲ့ ဒီေန႔မွာပဲ ကိုယ္တုိင္မဲသြားေပးခဲ့တဲ့ မေမေက်ာ္စိုးညႊန္႔ကေတာ့ သူ႔အေတြ႔အႀကံဳကုိ VOA ကို အခုလုိ ေျပာပါတယ္။

“မဲေပးရတာေတာ့ အဆင္ေျပပါတယ္။ ၀င္သြားတာနဲ႔ က်မတုိ႔ မဲဆႏၵနယ္က ဘယ္မွာ ရိွလဲ။ ရန္ကုန္တိုင္းဆို ေကာင္တာက ၃- ၄ခု ခဲြထားတယ္။ ရန္ကုန္တိုင္းေကာင္တာမွာ က်မရဲ့ မဲလက္မွတ္ကို ေတာင္းယူၿပီး ရပါတယ္။ ေတာင္းယူတဲ့အခါမွာလည္း သူတုိ႔ ေရြးေကာ္က ထုတ္ေပးလုိက္တဲ့ က်မနာမည္နဲ႔ေပါ့ေနာ္၊ မဲဆႏၵရွင္အမည္စာရင္းေဘးမွာ က်မကိုယ္တုိင္ လက္မွတ္ထုိးရပါတယ္။ က်မရဲ့ မဲလက္မွတ္ကို ထုတ္လုိက္ပါၿပီဆုိ လက္မွတ္ထုိးၿပီးေတာ့မွ အခန္းထဲကို ၀င္သြားၿပီး ကိုယ္ၾကိဳက္တဲ့ပါတီကို ကိုယ္ဟာကိုယ္ အမွန္ျခစ္ မဲေလး ေပးရတာေပါ့။ ဒီေန႔အတြက္ Q နံပတ္ယူထားတာက ၈၀၀ ပဲ ယူထားပါတယ္။”

စကၤာပူႏိုင္ငံရွိ ျမန္မာသံရံုးမွာ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ၾကိဳတင္မဲေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Maykyaw Soenyunt - ေအာက္တိုဘာ ၀၁၊ ၂၀၂၀)
စကၤာပူႏိုင္ငံရွိ ျမန္မာသံရံုးမွာ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ၾကိဳတင္မဲေပးေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Maykyaw Soenyunt - ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

ပထမဦးဆံုးေန႔မွာ မဲေပးဖုိ႔ စာရင္းယူထားသူ ၈၀၀ေလာက္ရိွေပမဲ့ ဒီကေန႔ မဲလာေပးသူဟာ ၂၀၀ေလာက္ရိွေၾကာင္း ခန္႔မွန္းထားၾကပါတယ္။

ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းျဖစ္တဲ့ ထုိင္းႏိုင္ငံမွာေတာ့ ဒီလ ၃ ရက္ေန႔မွာ ၾကိဳတင္မဲေပးတာေတြကို စတင္မွာျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႔က ျမန္မာသံရံုးနဲ႔ ခ်င္းမုိင္ၿမိဳ႕က ေကာင္စစ္၀န္ရံုး ၂ေနရာမွာ မဲေပးၾကရမွာျဖစ္ပါတယ္။

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရး လႈပ္ရွားသူေတြအေနနဲ႔ ျမန္မာအမ်ားစုေနထုိင္ရာအရပ္ေတြမွာ မဲရံုဖြင့္ေပးဖို႔ ျမန္မာသံရံုးကို ထိုင္းအစိုးရနဲ႔ ညိွႏိႈင္းေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုခဲ့ေပမဲ့ COVID 19 ကပ္ေရာဂါေၾကာင့္ ထိုင္းႏုိင္ငံဘက္က ခြင့္ျပဳတာမရိွခဲ့ပါဘူး။

ဒီလို ခြင့္မျပဳတဲ့အတြက္ မဲဆႏၵရွင္အေတာ္ေတာ္မ်ားမ်ားဟာ မဲေပးဖုိ႔အတြက္ အခက္အခဲရိွႏိုင္ေၾကာင္းကို ေရႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္ MWRN ရဲ့ ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလုိ ေျပာပါတယ္။

“အခက္အခဲဆိုတာက ထုိင္းႏိုင္ငံမွာ ခရုိင္ တုိင္းနဲ႔ျပည္နယ္ ၇၇ခု ရိွတဲ့အတြက္ေၾကာင့္ ဒီဘန္ေကာက္လိုေနရာမ်ိဳးမွာ လာေပးဖို႔ဆိုတာ တျခားေဒသကလူေတြအတြက္ အလွမ္းကြာေ၀းတာက တစ္ပိုင္း၊ ေနာက္ၿပီးေတာ့ မဲေပးရက္ကို ၃ ရက္ေန႔ကေန ၂၈ ရက္ေန႔ထိ ေန႔စဥ္ေပးလုိ႔ ရတယ္ဆုိေပမဲ့ ထိုင္းႏိုင္ငံမွာ အလုပ္ပိတ္ရက္က သူရက္နဲ႔ သူသတ္မွတ္ထားတဲ့အတြက္ေၾကာင့္ ပိတ္ရက္မဟုတ္ရင္ သြားေရးလာေရးအတြက္ စက္ရံုနဲ႔ ေျပာဆုိရမယ့္ အခက္အခဲက တစ္ပိုင္း၊ ေနာက္တစ္ခါ တခ်ိဳ႕ခရီးသြားတဲ့ အေတြ႔အၾကံဳမရိွတဲ့ ပုဂၢဳိလ္မ်ားအတြက္က်ေတာ့လည္း ဘာသာစကားအခက္အခဲအရ ေသာ္လည္းေကာင္း၊ ေနာက္ကုန္က်မႈေတြအတြက္ေသာ္လည္းေကာင္း၊သြားဖို႔ လာဖို႔ အခက္အခဲရိွတဲ့အပိုင္းေတြလည္း ေပၚလာႏိုင္တဲ့အတြက္ေၾကာင့္ စိန္ေခၚမႈေတြေတာ့ အမ်ားၾကီးရိွမွာပါခင္ဗ်။”

အထူးသျဖင့္ ထုိင္းႏိုင္ငံေတာင္ပိုင္းေဒသမွာ ေရာက္ရိွေနသူေတြအတြက္ဆုိရင္ ပိုမိုခက္ခဲႏိုင္ေၾကာင္း ေျပာပါတယ္။

ႏွစ္ဘက္အစိုးရက ထုတ္ျပန္ထားတဲ့ တရား၀င္စာရင္းအရဆုိရင္ ထိုင္းႏိုင္ငံမွာ ျမန္မာႏိုင္ငံသား ၂,၀၀၀,၀၀၀ ေက်ာ္ေလာက္ အလုပ္လုပ္ကိုင္ေနၿပီး ေလာေလာဆယ္မွာေတာ့ မဲေပးဖုိ႔ ေလွ်ာက္ထားသူ ၃၀,၀၀၀ ေက်ာ္သာရိွတာပါ။

ဒီလို ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြ မဲေပးပိုင္ခြင့္ ဆံုးရႈံးေနရတဲ့ အေျခအေနအေပၚမွာေတာ့ လာမယ့္ေရြးေကာက္ပဲြကို ေစာင့္ၾကည့္ေလ့လာမယ့္ Pace Myanmar အဖဲြ႔ရဲ႕ ဒါရိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က အခုလို သံုးသပ္ပါတယ္။

“က်ေနာ္တုိ႔ အခုလက္ရိွ ရိွေနတဲ့ မဲေပးတဲ့ စနစ္ကို ျပင္ဖုိ႔လုိတယ္။ ေလာေလာဆည္ကေတာ့ တအားေနာက္က်သြားၿပီ။ ေရြးေကာက္ပဲြေတာင္ ေရာက္လာမယ္ဆုိေတာ့ အခုကေတာ့ မျပင္ႏိုင္ေတာ့ဘူး။ ေနာင္ေရြးေကာက္ပဲြေတြ၊ ၾကားျဖတ္ေရြးေကာက္ပဲြေတြ၊ ဒီ ၂၀၂၀ ေရြးေကာက္ပဲြၿပီးတာနဲ႔ က်ေနာ္တုိ႔ ႏိုင္ငံတကာမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အလြယ္တကူ မဲေပးခြင့္ရေအာင္ အဲဒါေတာ့ အားလံုး လုပ္ရမွာေပါ့။ သေဘာကေတာ့ ထုိင္းကေတာ့ အထင္ရွားဆံုးဥပမာေပါ့ဗ်ာ။ တျခားႏိုင္ငံေတြမွာလည္း ထုိနည္းလည္းေကာင္းပါပဲ။ သံရံုးမရိွတဲ့ေနရာမွာ မဲေပးလုိ႔ မရဘူးျဖစ္ေနတာကိုး။ ဒါကေတာ့ က်ေနာ္တို႔ ျပင္ရမယ္လုိ႔ပဲ အၾကမ္းဖ်ဥ္းေျပာခ်င္ပါတယ္ခင္ဗ်။ ”

ျမန္မာႏိုင္ငံမွာ ၂၀၂၀ ေရြးေကာက္ပဲြကို ႏို၀င္ဘာလ ၈ရက္ေန႔မွာ စတင္ဖို႔ သတ္မွတ္ထားေပမဲ့ လက္ရိွ ကပ္ေရာဂါ ကူးစက္မႈျမင့္မားေနတဲ့အေျခအေနေၾကာင့္ ေရြးေကာက္ပဲြေရႊ႔ဆိုင္းဖို႔ ေတာင္းဆုိတာေတြ ရိွေနပါတယ္။ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ သဘာ၀ေဘးနဲ႔ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ အေျခအေနအရ ေရြးေကာက္ပဲြေရႊ႔ဆုိင္းဖုိ႔လိုရင္ ေအာက္တုိဘာလအတြင္း ထုတ္ျပန္သြားမယ္လို႔ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပကြိုတင်မဲ စင်္ကာပူမှာအဆင်ပြေ၊ ထိုင်းမှာ အခက်ကြုံ

မြန်မာနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီကနေ့ စင်္ကာပူနိုင်ငံမှာ ကြိုတင်မဲပေးရာမှာ ချောချောမောမောဖြစ်တာ တွေ့ရပေမဲ့ ပြည်ပရောက် မြန်မာအများစုရှိရာ ထိုင်းနိုင်ငံမှာတော့ အခက်အခဲ ကြုံရမယ့် အလားအလာရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီလ ၁၈ ရက်နေ့အထိ ကြိုတင်မဲပေးခွင့်ပြုထားတဲ့ စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ စတင်မဲပေးနေကြတာပါ။ မဲပေးခွင့်ရမယ့်သူ စာရင်းကိုတော့ မြန်မာသံရုံးက အွန်လိုင်းကနေ ထုတ်ပြန်ပေးပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း အလှည့်ကျ မဲပေးနိုင်ကြပါတယ်။ ပထမဆုံး ကြိုတင်မဲပေးခွင့်ရတဲ့ ဒီနေ့မှာပဲ ကိုယ်တိုင်မဲသွားပေးခဲ့တဲ့ မမေကျော်စိုးညွှန့်ကတော့ သူ့အတွေ့အကြုံကို VOA ကို အခုလို ပြောပါတယ်။

“မဲပေးရတာတော့ အဆင်ပြေပါတယ်။ ဝင်သွားတာနဲ့ ကျမတို့ မဲဆန္ဒနယ်က ဘယ်မှာ ရှိလဲ။ ရန်ကုန်တိုင်းဆို ကောင်တာက ၃- ၄ခု ခွဲထားတယ်။ ရန်ကုန်တိုင်းကောင်တာမှာ ကျမရဲ့ မဲလက်မှတ်ကို တောင်းယူပြီး ရပါတယ်။ တောင်းယူတဲ့အခါမှာလည်း သူတို့ ရွေးကော်က ထုတ်ပေးလိုက်တဲ့ ကျမနာမည်နဲ့ပေါ့နော်၊ မဲဆန္ဒရှင်အမည်စာရင်းဘေးမှာ ကျမကိုယ်တိုင် လက်မှတ်ထိုးရပါတယ်။ ကျမရဲ့ မဲလက်မှတ်ကို ထုတ်လိုက်ပါပြီဆို လက်မှတ်ထိုးပြီးတော့မှ အခန်းထဲကို ဝင်သွားပြီး ကိုယ်ကြိုက်တဲ့ပါတီကို ကိုယ်ဟာကိုယ် အမှန်ခြစ် မဲလေး ပေးရတာပေါ့။ ဒီနေ့အတွက် Q နံပတ်ယူထားတာက ၈၀၀ ပဲ ယူထားပါတယ်။ ”

ပထမဦးဆုံးနေ့မှာ မဲပေးဖို့ စာရင်းယူထားသူ ၈၀၀လောက်ရှိပေမဲ့ ဒီကနေ့ မဲလာပေးသူဟာ ၂၀၀လောက်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ဒီလ ၃ ရက်နေ့မှာ ကြိုတင်မဲပေးတာတွေကို စတင်မှာဖြစ်ပြီး ဘန်ကောက်မြို့က မြန်မာသံရုံးနဲ့ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံး ၂နေရာမှာ မဲပေးကြရမှာဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ မြန်မာအများစုနေထိုင်ရာအရပ်တွေမှာ မဲရုံဖွင့်ပေးဖို့ မြန်မာသံရုံးကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ COVID 19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံဘက်က ခွင့်ပြုတာမရှိခဲ့ပါဘူး။

ဒီလို ခွင့်မပြုတဲ့အတွက် မဲဆန္ဒရှင်အတော်တော်များများဟာ မဲပေးဖို့အတွက် အခက်အခဲရှိနိုင်ကြောင်းကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

“အခက်အခဲဆိုတာက ထိုင်းနိုင်ငံမှာ ခရိုင် တိုင်းနဲ့ပြည်နယ် ၇၇ခု ရှိတဲ့အတွက်ကြောင့် ဒီဘန်ကောက်လိုနေရာမျိုးမှာ လာပေးဖို့ဆိုတာ တခြားဒေသကလူတွေအတွက် အလှမ်းကွာဝေးတာက တစ်ပိုင်း၊ နောက်ပြီးတော့ မဲပေးရက်ကို ၃ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ နေ့စဉ်ပေးလို့ ရတယ်ဆိုပေမဲ့ ထိုင်းနိုင်ငံမှာ အလုပ်ပိတ်ရက်က သူရက်နဲ့ သူသတ်မှတ်ထားတဲ့အတွက်ကြောင့် ပိတ်ရက်မဟုတ်ရင် သွားရေးလာရေးအတွက် စက်ရုံနဲ့ ပြောဆိုရမယ့် အခက်အခဲက တစ်ပိုင်း၊ နောက်တစ်ခါ တချို့ခရီးသွားတဲ့ အတွေ့အကြုံမရှိတဲ့ ပုဂ္ဂိုလ်များအတွက်ကျတော့လည်း ဘာသာစကားအခက်အခဲအရ သော်လည်းကောင်း၊ နောက်ကုန်ကျမှုတွေအတွက်သော်လည်းကောင်း၊သွားဖို့ လာဖို့ အခက်အခဲရှိတဲ့အပိုင်းတွေလည်း ပေါ်လာနိုင်တဲ့အတွက်ကြောင့် စိန်ခေါ်မှုတွေတော့ အများကြီးရှိမှာပါခင်ဗျ။ ”

အထူးသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသမှာ ရောက်ရှိနေသူတွေအတွက်ဆိုရင် ပိုမိုခက်ခဲနိုင်ကြောင်း ပြောပါတယ်။

နှစ်ဘက်အစိုးရက ထုတ်ပြန်ထားတဲ့ တရားဝင်စာရင်းအရဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂,၀၀၀,၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေပြီး လောလောဆယ်မှာတော့ မဲပေးဖို့ လျှောက်ထားသူ ၃၀,၀၀၀ ကျော်သာရှိတာပါ။

ဒီလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မဲပေးပိုင်ခွင့် ဆုံးရှုံးနေရတဲ့ အခြေအနေအပေါ်မှာတော့ လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် Pace Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ အခုလက်ရှိ ရှိနေတဲ့ မဲပေးတဲ့ စနစ်ကို ပြင်ဖို့လိုတယ်။ လောလောဆည်ကတော့ တအားနောက်ကျသွားပြီ။ ရွေးကောက်ပွဲတောင် ရောက်လာမယ်ဆိုတော့ အခုကတော့ မပြင်နိုင်တော့ဘူး။ နောင်ရွေးကောက်ပွဲတွေ၊ ကြားဖြတ်ရွေးကောက်ပွဲတွေ၊ ဒီ ၂၀၂၀ ရွေးကောက်ပွဲပြီးတာနဲ့ ကျနော်တို့ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ မဲပေးခွင့်ရအောင် အဲဒါတော့ အားလုံး လုပ်ရမှာပေါ့။ သဘောကတော့ ထိုင်းကတော့ အထင်ရှားဆုံးဥပမာပေါ့ဗျာ။ တခြားနိုင်ငံတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သံရုံးမရှိတဲ့နေရာမှာ မဲပေးလို့ မရဘူးဖြစ်နေတာကိုး။ ဒါကတော့ ကျနော်တို့ ပြင်ရမယ်လို့ပဲ အကြမ်းဖျဉ်းပြောချင်ပါတယ်ခင်ဗျ။ ”

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ထားပေမဲ့ လက်ရှိ ကပ်ရောဂါ ကူးစက်မှုမြင့်မားနေတဲ့အခြေအနေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ သဘာဝဘေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှု အခြေအနေအရ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့လိုရင် အောက်တိုဘာလအတွင်း ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

XS
SM
MD
LG