သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုင္းကိုင္မွာ ရွမ္းလက္နက္ကိုင္အဖဲြ႕ ေရြးေကာက္ပဲြစည္းရံုးမႈ တားျမစ္ေန


တအန္း(ပေလာင္) အမ်ိဳးသားပါတီ TNP ကို မိုင္းကိုင္ၿမိဳ႕နယ္မွာ ေတြ႔ရ။ (ဓာတ္ပံု - TNP-Mong Kung - စက္တင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရွမ္းျပည္နယ္ေတာင္ပိုင္း မုိင္းကိုင္ၿမိဳ႕နယ္မွာ ရွမ္းလက္ကိုင္အဖဲြ႔က ႏိုင္ငံေရးပါတီေတြကို မဲဆြယ္စည္းရံုးခြင့္မျပဳဘူးဆုိၿပီး ေဒသခံ တအန္း(ပေလာင္) ပါတီက၊ ခရိုင္ေရြးေကာက္ပဲြေကာ္မရွင္ကို တုိင္ၾကားထားတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

မုိင္းကိုင္ၿမိဳ႕နယ္၊ ပန္ေကတုေက်းရြာအုပ္စုက တအန္း(ပေလာင္)ရြာ ၃ ရြာမွာ ႏိုင္ငံေရးပါတီေတြကုိ မဲဆြယ္စည္းရံုးခြင့္မျပဳဖုိ႔နဲ႔ ပ်က္ကြက္ခဲ့ရင္ ဒဏ္ေငြေပးေဆာင္ရမယ္လို႔ NCA အပစ္ရပ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS က သတိေပးထားေၾကာင္း တအန္း(ပေလာင္) အမ်ိဳးသားပါတီ TNP ကေျပာပါတယ္။

ဒီလိုသတိေပးထားတာေၾကာင့္ TNP ပါတီက သြားေရာက္မဲဆြယ္ရာမွာ ရြာလူထုက လက္မခံရဲဘဲ ျဖစ္ေနတယ္လုိ႔လည္း ပါတီရဲ႕ အေထြေထြအတြင္းေရးမွဴး ၁၊ မုိင္းအုန္းခိုင္က VOA ကို ေျပာပါတယ္။

“TNP အေနနဲ႔က ပေလာင္အမ်ိဳးသားပါတီအေနနဲ႔က စည္းရံုးေရးဆင္းဖုိ႔ေလ။ စည္းရံုးေရးဆင္းဖို႔ဆို ပန္ေကတု ေက်းရြာကို က်ေနာ္တုိ႔က ကြင္းဆင္းတယ္။ ဆင္းတဲ့အခါက်ေတာ့ ရြာလူထုေတြက လက္ခံရဲဘူး။ မေတြ႔ဆံုရဲဘူးေပါ့ဗ်ာ။ ဘယ္လုိေၾကာင့္ဆုိ ဒီဘက္က RCSS က သူတုိ႔ကို ပါတီေတြနဲ႔ ေတြ႔ဆံုမယ္ဆုိရင္ေတာ့ တစ္ရြာကို ၁၀သိန္း ဒဏ္ေငြ ေပးေဆာင္ရမယ္ဆုိတဲ့ ထပ္ထပ္ေရာက္လာတဲ့အခါက်ေတာ့ ရြာလူထုေတြက စိုးရိမ္သြားတာေပါ့။ စုိးရိမ္မႈေတြျဖစ္တဲ့အခါက ပါတီနဲ႔ ေတြ႔ဖုိ႔ လက္မခံရဲတာျဖစ္ပါတယ္။”

RCSS အဖဲြ႔ကေတာ့ သူတုိ႔ထိန္းခ်ဳပ္ရာ နယ္ေျမမွာ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးမယ္ဆုိရင္ ႀကိဳတင္အေၾကာင္းၾကားဖုိ႔ အေစာပုိင္းမွာ သတိေပးထားပါတယ္။ TNP ပါတီကေတာ့ ပန္ေကတုေက်းရြာအုပ္စုကို မသြားမီမွာ RCSS ရဲ႕ ညႊန္ၾကားခ်က္အတုိင္း အေၾကာင္းၾကားခဲ့ၿပီး ဒီလ ၂၄ ရက္ေန႔က သြားေရာက္တာျဖစ္ေၾကာင္းနဲ႔ RCSS တားျမစ္တာနဲ႔ ပတ္သက္ၿပီး ၂၆ ရက္ေန႔မွာပဲ လြိဳင္လင္ ခရိုင္ ေရြးေကာက္ပဲြ ေကာ္မရွင္ထံကို တိုင္ၾကားစာေပးပို႔ထားတယ္လုိ႔လည္း ေျပာပါတယ္။

လြိဳင္လင္ ခရိုင္ေရြးေကာက္ပဲြေကာ္မရွင္ အတြင္းေရးမွဴး ဦးသိန္းႏိုင္ကလည္း TNP ပါတီရဲ႕ တုိင္ၾကားခ်က္ လက္ခံရရွိထားေၾကာင္း အခုလုိ ေျပာပါတယ္။

“၂၆ ရက္ေန႔က စာတင္ထားတယ္။ ပန္ေကတုအုပ္စု ရြာ ၃ ရြာရိွတယ္။ လြယ္ရဲႊတို႔၊ ကုန္းေပါင္းတုိ႔ ရြာေလး ၃ ရြာ၊ အဲဒီရြာမွာ မဲဆြယ္လုိ႔ မရဘူးတဲ့။ မဲဆြယ္လုိ႔ မရတဲ့အေၾကာင္းရင္းက RCSS ကေနၿပီးေတာ့ ရြာသူၾကီးေတြကို စာေရးထားတယ္တဲ့။ ရြာမွာ မဲဆြယ္မယ္ဆုိရင္ ရြာေတြကို ဒဏ္ရိုက္မယ္။ အဲဒါေၾကာင့္မို႔ ပေလာင္ပါတီ လာလို႔ရိွရင္ ရြာေတြကို ဒဏ္ရိုက္မယ္။ သူကေတာ့ ၁၀ သိန္းလုိ႔ ေျပာတယ္။ ဒါေပမဲ့ ရွမ္းစာနဲ႔ ငါ ေရးထားတာ ဖတ္ၾကည့္တာေတာ့ ၁၀၀,၀၀၀ ပဲ ေတြ႔တယ္။ အဲလိုမ်ိဳးဒဏ္ရိုက္မယ္ဆုိလုိ႔ မဲဆြယ္လို႔ မရဘူးတဲ့ အဲ့ဒါ ေလးကို စာတင္ထားတယ္။”

မိုင္းကိုင္ၿမိဳ႕နယ္အတြင္းမွာ ႏုိင္ငံေရးပါတီ ၆ ခုထက္မနည္း ေရြးေကာက္ပဲြ၀င္ဖုိ႔ ျပင္ဆင္ထားၿပီး၊ က်န္ပါတီေတြကေတာ့ တားျမစ္ခံရလို႔ တုိင္ၾကားတာမ်ဳိး မရွိေၾကာင္းလည္း ေရြးေကာက္ပဲြ ေကာ္မရွင္က ေျပာပါတယ္။

ခရိုင္ေရြးေကာက္ပဲြေကာ္မရွင္အေနနဲ႔ ပါတီအဖဲြ႔အစည္းအခ်င္းခ်င္း၊ ဒါမွမဟုတ္ ဌာနဆုိင္ရာနဲ႔ တစံုတရာျဖစ္ရင္ ေခၚယူညိွႏိႈင္းႏိုင္ေပမဲ့ အခုအျဖစ္အပ်က္က လက္နက္ကိုင္အဖဲြ႔အစည္းျဖစ္ေနတာေၾကာင့္ အထက္ကို တင္ျပထားေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“လက္နက္ကိုင္အဖဲြ႔ဆိုေတာ့ ငါတုိ႔က ေခၚလို႔လည္း မရဘူး။ ငါတုိ႔က ကိုင္လုိ႔ တြယ္လို႔ ရတဲ့ကိစၥေတြ မဟုတ္ဘူးျဖစ္ေနတယ္။ ငါတုိ႔ ေဘာင္အျပင္ေရာက္သြားၿပီ။ အဲေတာ့ ျပည္နယ္ ေကာ္မရွင္ကိုေတာ့ ဆက္တင္ျပထားတာေပါ့။ ျပည္နယ္ေကာ္မရွင္က အစိုးရတို႔ ဘာတုိ႔နဲ႔ သူ႔မွာ လမ္းေၾကာင္းေတြ ရိွပါလိမ့္မယ္။ အဲဒီ လမ္းေၾကာင္းေတြက တဆင့္ ဒီအဖဲြ႔အစည္းေတြကို ထိန္းေၾကာင္းေပးဖုိ႔ေပါ့ေနာ္။ အဲလုိမ်ိဳးေတာ့ လုပ္ေပးႏိုင္ေအာင္လုိ႔ေတာ့ စာတင္ထားလုိက္တယ္။”

ဒီသတင္းနဲ႔ပတ္သက္ၿပီး အတည္ျပဳေမးျမန္းႏိုင္ဖို႔ RCSS က တာ၀န္ရိွသူေတြကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံ ေျဖဆုိတာ မရိွခဲ့ပါဘူး။

၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြကာလကလည္း တအန္း(ပေလာင္)အမ်ိဳးသားပါတီ TNP မုိင္းကိုင္ၿမိဳ႕နယ္ ဥကၠ႒ မိုင္းေအာင္ခန္းကို RCSS က ဒီေဒသမွာ မလႈပ္ရွားဖုိ႔ သတိေပးတားျမစ္ခဲ့ဖူးသလို ဒီတားျမစ္ခ်က္ကို မလုိက္နာတာေၾကာင့္ TNP ပါတီ မုိင္းကိုင္ၿမိဳ႕နယ္ ပါတီဥကၠ႒နဲ႔ အတြင္းေရးမွဴးကို တစ္လေက်ာ္ၾကာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ဖူးပါတယ္။

ကုိဗစ္ကပ္ေရာဂါနဲ႔ နယ္ေျမလုံၿခံဳေရး ျပႆနာေတြ ရွိတဲ့ ေနရာေတြမွာ ေရြးေကာက္ပဲြေတြ ေရႊ႕သင့္၊ မသင့္ဆုိတာကိုေတာ့ ေရွ႕လထဲေလာက္မွာ ေၾကညာမယ္လုိ႔လည္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ ရွေးကောက်ပွဲစည်းရုံးမှုတားမြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းလက်ကိုင်အဖွဲ့က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဘူးဆိုပြီး ဒေသခံ တအန်း(ပလောင်) ပါတီက၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စုက တအန်း(ပလောင်)ရွာ ၃ ရွာမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဖို့နဲ့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေပေးဆောင်ရမယ်လို့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က သတိပေးထားကြောင်း တအန်း(ပလောင်) အမျိုးသားပါတီ TNP ကပြောပါတယ်။

ဒီလိုသတိပေးထားတာကြောင့် TNP ပါတီက သွားရောက်မဲဆွယ်ရာမှာ ရွာလူထုက လက်မခံရဲဘဲ ဖြစ်နေတယ်လို့လည်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ၁၊ မိုင်းအုန်းခိုင်က VOA ကို ပြောပါတယ်။

“TNP အနေနဲ့က ပလောင်အမျိုးသားပါတီအနေနဲ့က စည်းရုံးရေးဆင်းဖို့လေ။ စည်းရုံးရေးဆင်းဖို့ဆို ပန်ကေတု ကျေးရွာကို ကျနော်တို့က ကွင်းဆင်းတယ်။ ဆင်းတဲ့အခါကျတော့ ရွာလူထုတွေက လက်ခံရဲဘူး။ မတွေ့ဆုံရဲဘူးပေါ့ဗျာ။ ဘယ်လိုကြောင့်ဆို ဒီဘက်က RCSS က သူတို့ကို ပါတီတွေနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ တစ်ရွာကို ၁၀သိန်း ဒဏ်ငွေ ပေးဆောင်ရမယ်ဆိုတဲ့ ထပ်ထပ်ရောက်လာတဲ့အခါကျတော့ ရွာလူထုတွေက စိုးရိမ်သွားတာပေါ့။ စိုးရိမ်မှုတွေဖြစ်တဲ့အခါက ပါတီနဲ့ တွေ့ဖို့ လက်မခံရဲတာဖြစ်ပါတယ်။”

RCSS အဖွဲ့ကတော့ သူတို့ထိန်းချုပ်ရာ နယ်မြေမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ အစောပိုင်းမှာ သတိပေးထားပါတယ်။ TNP ပါတီကတော့ ပန်ကေတုကျေးရွာအုပ်စုကို မသွားမီမှာ RCSS ရဲ့ ညွှန်ကြားချက်အတိုင်း အကြောင်းကြားခဲ့ပြီး ဒီလ ၂၄ ရက်နေ့က သွားရောက်တာဖြစ်ကြောင်းနဲ့ RCSS တားမြစ်တာနဲ့ ပတ်သက်ပြီး ၂၆ ရက်နေ့မှာပဲ လွိုင်လင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ထံကို တိုင်ကြားစာပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

လွိုင်လင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသိန်းနိုင်ကလည်း TNP ပါတီရဲ့ တိုင်ကြားချက် လက်ခံရရှိထားကြောင်း အခုလို ပြောပါတယ်။

“၂၆ ရက်နေ့က စာတင်ထားတယ်။ ပန်ကေတုအုပ်စု ရွာ ၃ ရွာရှိတယ်။ လွယ်ရွဲှတို့၊ ကုန်းပေါင်းတို့ ရွာလေး ၃ ရွာ၊ အဲဒီရွာမှာ မဲဆွယ်လို့ မရဘူးတဲ့။ မဲဆွယ်လို့ မရတဲ့အကြောင်းရင်းက RCSS ကနေပြီးတော့ ရွာသူကြီးတွေကို စာရေးထားတယ်တဲ့။ ရွာမှာ မဲဆွယ်မယ်ဆိုရင် ရွာတွေကို ဒဏ်ရိုက်မယ်။ အဲဒါကြောင့်မို့ ပလောင်ပါတီ လာလို့ရှိရင် ရွာတွေကို ဒဏ်ရိုက်မယ်။ သူကတော့ ၁၀ သိန်းလို့ ပြောတယ်။ ဒါပေမဲ့ ရှမ်းစာနဲ့ ငါ ရေးထားတာ ဖတ်ကြည့်တာတော့ ၁၀၀,၀၀၀ ပဲ တွေ့တယ်။ အဲလိုမျိုးဒဏ်ရိုက်မယ်ဆိုလို့ မဲဆွယ်လို့ မရဘူးတဲ့ အဲ့ဒါ လေးကို စာတင်ထားတယ်။”

မိုင်းကိုင်မြို့နယ်အတွင်းမှာ နိုင်ငံရေးပါတီ ၆ ခုထက်မနည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားပြီး၊ ကျန်ပါတီတွေကတော့ တားမြစ်ခံရလို့ တိုင်ကြားတာမျိုး မရှိကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီအဖွဲ့အစည်းအချင်းချင်း၊ ဒါမှမဟုတ် ဌာနဆိုင်ရာနဲ့ တစုံတရာဖြစ်ရင် ခေါ်ယူညှိနှိုင်းနိုင်ပေမဲ့ အခုအဖြစ်အပျက်က လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေတာကြောင့် အထက်ကို တင်ပြထားကြောင်း အခုလို ဆက်ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့ဆိုတော့ ငါတို့က ခေါ်လို့လည်း မရဘူး။ ငါတို့က ကိုင်လို့ တွယ်လို့ ရတဲ့ကိစ္စတွေ မဟုတ်ဘူးဖြစ်နေတယ်။ ငါတို့ ဘောင်အပြင်ရောက်သွားပြီ။ အဲတော့ ပြည်နယ် ကော်မရှင်ကိုတော့ ဆက်တင်ပြထားတာပေါ့။ ပြည်နယ်ကော်မရှင်က အစိုးရတို့ ဘာတို့နဲ့ သူ့မှာ လမ်းကြောင်းတွေ ရှိပါလိမ့်မယ်။ အဲဒီ လမ်းကြောင်းတွေက တဆင့် ဒီအဖွဲ့အစည်းတွေကို ထိန်းကြောင်းပေးဖို့ပေါ့နော်။ အဲလိုမျိုးတော့ လုပ်ပေးနိုင်အောင်လို့တော့ စာတင်ထားလိုက်တယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုမေးမြန်းနိုင်ဖို့ RCSS က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလကလည်း တအန်း(ပလောင်)အမျိုးသားပါတီ TNP မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းအောင်ခန်းကို RCSS က ဒီဒေသမှာ မလှုပ်ရှားဖို့ သတိပေးတားမြစ်ခဲ့ဖူးသလို ဒီတားမြစ်ချက်ကို မလိုက်နာတာကြောင့် TNP ပါတီ မိုင်းကိုင်မြို့နယ် ပါတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို တစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ နယ်မြေလုံခြုံရေး ပြဿနာတွေ ရှိတဲ့ နေရာတွေမှာ ရွေးကောက်ပွဲတွေ ရွှေ့သင့်၊ မသင့်ဆိုတာကိုတော့ ရှေ့လထဲလောက်မှာ ကြေညာမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG