သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စကၤာပူေရာက္ျမန္မာေတြ ကုိဗစ္စည္းကမ္းခ်က္နဲ႔အညီ ႀကိဳတင္မဲေပးဖုိ႔ ျပင္ဆင္


၂၅-၉-၂၀၂၀-ေရြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနကတဆင့္ ေပးပို႔လိုက္တဲ့ စင္ကာပူက ႀကိဳတင္မဲမ်ား ေရတြက္စဥ္ ( သတင္းဓာတ္ပံု Myanmar Club Singapore)

(Zawgyi/Unicode)

ကိုဗစ္ ၁၉ ကာလ စင္ကာပူရဲ႕ က်န္းမာေရးစည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ေထာင္ခ်ီတဲ့ စင္ကာပူေရာက္ျမန္မာနုိင္ငံသားေတြ ၾကိဳတင္မဲေပးႏိုင္ေရး ျပင္ဆင္ေနၾကတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးပါမယ္။

၂၀၂၀ျပည့္နွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ ေအာက္တိုဘာလဆန္းကစလို႔ ျပည္ပနုိင္ငံအေျခစိုက္ ျမန္မာသံ႐ံုးေတြ ေကာင္စစ္ဝန္႐ံုး အျမဲတမ္းကိုယ္စားလွယ္႐ံုးေတြမွာ ျပည္ပေရာက္မဲဆႏၵရွင္ေတြ ၾကိဳတင္မဲဆႏၵမဲ စေပးၾကေတာ့မွာျဖစ္ပါတယ္။ ဒီႏုိင္ငံေတြထဲ ျမန္မာႏုိင္ငံသား ေသာင္းခ်ီေနထိုင္တဲ့ စင္ကာပူႏုိင္ငံမွာလည္း ျမန္မာႏုိင္ငံသား သံုးေသာင္းေက်ာ္ ၾကိဳတင္ဆႏၵမဲေပးခြင့္ ပံုစံ(၁၅) ေလွ်ာက္ထားၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ႕စိစစ္မႈနဲ႔ ျပည္နယ္နဲ႔တိုင္းအလိုက္ မဲေပးခြင့္ရွိသူစာရင္းေတြ စင္ကာပူႏုိင္ငံဆိုင္ရာျမန္မာသံ႐ံုးက စတင္ထုတ္ျပန္ေနပါတယ္။

COVID- 19 ကပ္ေရာဂါကာလ စင္ကာပူနုိင္ငံရဲ႕ က်န္းမာေရး စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔အညီ ေသာင္းဂဏန္းရွိတဲ့ စင္ကာပူေရာက္ျမန္မာႏုိင္ငံသားေတြ စနစ္တက် မဲေပးနုိင္ေရး စင္ကာပူျမန္မာသံ႐ံုးနဲ႔အတူ စင္ကာပူေရာက္ျမန္မာ လူမႈအဖြဲ႔အစည္းေတြ ဝုိင္းဝန္းပူးေပါင္းၿပီး ၾကိဳတင္ျပင္ဆင္ေနၾကတယ္လို႔ျမန္မာကလပ္စင္ကာပူရဲ႕ဥကၠ႒ ဦးဘိုဘိုဝင္းက ဗီြအိုေအျမန္မာပိုင္းကိုေျပာျပပါတယ္။

“ အေဝးေရာက္ျမန္မာေတြ မဲေပးႏိုင္ဖို႔အတြက္ေရြးေကာက္ပြဲေကာ္မရွင္က စစ္ၿပီးေတာ့ နုိင္ငံသားျဖစ္သည့္အေၾကာင္း မဲေပးႏုိင္ခြင့္ရွိတဲ့အေၾကာင္းကို စိစစ္ၿပီးေတာ့ စက္တင္ဘာ၂၅ရက္ေန႔မွာ UEC က စစ္ေဆးၿပီး ျပန္ပို႔တာ အခုပထမ အသုတ္ ေရာက္လာၿပီ။တုိင္းနဲ႔ျပည္နယ္ ၇တိုင္းမွာ ၃ပံု၂ပံုေလာက္ ေရာက္လာတယ္။ ၂ေသာင္းေက်ာ္ေလာက္ ေရာက္လာၿပီ။ ဒုတိယအသုတ္က ၂၇ရက္ေန႔ေရာက္မယ္။ သံုးေသာင္းေက်ာ္ထဲက အကုန္လံုးနီးပါးေလာက္ မဲေပးခြင့္ရွိတယ္။ မဲေပးမယ့္ေန႔ကေတာ့ ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ။ စင္ကာပူျမန္မာသံရံုးက ဒီမဲေပးမယ့္ျမန္မာ သံုးေသာင္းေက်ာ္ မဲေပးဖို႔ အတြက္ အေၾကာင္းၾကားတဲ့အခါမွာ စင္ကာပူအစိုးရဘက္ကလည္း စင္ကာပူႏုိင္ငံကထုတ္ျပန္တဲ့ ကိုဗစ္Social Distancing Regulation စည္းကမ္းခ်က္ေတြကို လိုက္နာပါ့မယ္ဆိုတဲ့ သတ္မွတ္ခ်က္ေအာက္မွာ ျမန္မာသံရံုးမွာ သံုးေသာင္းေက်ာ္ မဲေပးၾကပါမယ္။”

ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ေအာက္တိုဘာလ ၁၈ ရက္ေန႔ မနက္ ၉ နာရီကေန ညေန ငါးနာရီခြဲအထိ သတ္မွတ္ကာလအတြင္း စင္ကာပူေရာက္ျမန္မာနုိင္ငံသားေတြ ၾကိဳတင္မဲေပးၾကမယ့္အခ်ိန္ လာေရာက္သူအားလံုးကို ကိုယ္အပူခ်ိန္တိုင္းတာ စစ္ေဆးမွာျဖစ္ၿပီး သတ္မွတ္အပူခ်ိန္ေက်ာ္လြန္သူေတြကို သံရံုးအတြင္းကို ဝင္ေရာက္ခြင့္ျပဳမွာ မဟုတ္သလို စင္ကာပူနုိင္ငံရဲ႕ ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးအစီအမံအရ Social Distancing ကိုစနစ္တက်လိုက္နာၿပီး လူစုလူေဝးျဖစ္ေပၚျခင္းမရွိေအာင္ စနစ္တက်လုိက္နာၾကဖို႔ကိုလည္း စင္ကာပူျမန္မာသံရံုးက သတိေပးႏိုးေဆာ္ေနပါတယ္။

စင္ကာပူေရာက္ျမန္မာလူမႈအဖြဲ႔အစည္းက ေစတနာ့ဝန္ထမ္းေတြကလည္း မဲေပးမယ့္ေန႔ေတြမွာ ကိုဗစ္ကာလ စည္းကမ္းခ်က္ေတြနဲ႔အညီ စနစ္တက်မဲေပးနုိင္ေရး ဝိုင္းဝန္းကူညီၾကမယ္လို႔ ဦးဘိုဘိုဝင္းကေျပာျပပါတယ္။

“ မဲေပးနုိင္ခြင့္ရွိသူ ပံုစံ(၁၅)ျဖည့္ထားသူေတြQueue ယူရမယ္။ Queue ယူၿပီးေတာ့ ေအာက္တိုဘာ ၁ရက္ေန႔က ၁၈ရက္ေန႔အတြင္းဘယ္ေန႔ဘယ္ရက္ သတ္မွတ္ထားတဲ့အတိုင္း မဲေပးရမယ္။ ဘယ္လိုQueue ယူရမလဲ ဘယ္လိုမဲေပးဖို႔ အဆင္ေျပေအာင္ လုပ္ၾကမလဲ ဆိုတာေတြကို ျမန္မာကလပ္တို႔ တျခားလူမႈေရးအဖြဲ႔အစည္းေတြက အခုစျပင္ဆင္ေနၾကတယ္။ မဲရံုဖြင့္မွာက မနက္ ၉နာရီကေန ညေန ၅နာရီခြဲအထိ ဖြင့္မယ္။ ၂ နာရီ တပိုင္းစီနဲ႔ ၄ပိုင္းပိုင္းၿပီးေတာ့၈နာရီမဲေပးမယ္ ဖြင့္မွာျဖစ္တဲ့အတြက္ ဘယ္လိုတန္းစီၾကမလဲ ဘယ္လိုမဲသြားေပးၾကမလဲ စင္ကာပူရဲ႕Social Distancing Regulation ကို သံရံုးက လုိက္ကို လိုက္နာရတယ္။ အဲ့တာေတြ ဘယ္လိုတန္းစီရမယ္ ဆိုတာကို သံရံုးရဲ႕အျပင္မွာရွိတဲ့ ျမန္မာလူမႈအဖြဲ႔အစည္း ေဗာ္လံတီယာေတြက ၁၀ေယာက္ေလာက္ရွိမယ္။Mask တပ္ဖို႔ ကိုယ္အပူခ်ိန္တိုင္းဖို႔ ကိစၥေတြ မဲေပးခ်ိန္ ၿပီးတဲ့အခ်ိန္အထိVolunteers ေတြက လုပ္ေပးလိုက္မယ္။ လာဖို႔အတြက္Maid အိမ္ေဖာ္ ေလးေတြဆို ၾကိဳတင္ခြင့္ယူၿပီး ျပင္ဆင္ထားဖို႔လိုမယ္။ ေနာက္တခုက ကေလးထိန္းေတြ ကေလးပါလာမယ့္ ကေလးမိခင္ေတြလည္း ဒီ Pendemic ကာလအေျခအေနအရ ျပင္ဆင္ထားဖို႔လိုပါမယ္။”

ၿပီးခဲ့တဲ့ ၂၀၁၅ေရြးေကာက္ပြဲတုန္းက ညပါအိပ္ၿပီး လူေထာင္ခ်ီတန္းစီမဲေပးခဲ့ၾကတဲ့ စင္ကာပူမွာ အခုကပ္ေရာဂါကာလမွာလည္း တင္းက်ပ္တဲ့ စင္ကာပူႏုိင္ငံရဲ႕ စည္းကမ္းခ်က္ေတြနဲ႔အညီ မဲေပးခြင့္ရွိတဲ့ စင္ကာပူေရာက္ျမန္မာႏုိင္ငံသားေတြဘက္က စည္းကမ္းတက်မဲေပးၾကဖို႔ ျပင္ဆင္ေနၾကတယ္လို႔ စင္ကာပူေရာက္ျမန္မာတဦးျဖစ္တဲ့ ကိုေအာင္လင္းထြဋ္ကေျပာပါတယ္။

“ စင္ကာပူေရာက္ျမန္မာေတြကေလ အရမ္းစည္းကမ္းရွိၾကပါတယ္။COVID-19 ကို နဖူးေတြ႔ ဒူးေတြ႔ ရင္ဆိုင္ခဲ့ၾကရတာ ဆိုေတာ့ အခုလည္း က်ေနာ္တို႔က တေယာက္နဲ႔တေယာက္ ၁မီတာအကြာ ခပ္ခြာခြာေနရမယ္တို႔ လူစုလူေဝးနဲ႔မေနရဘူးဆိုတာက နိစၥဓူဝ က်ေနာ္တို႔လုိက္နာေနၾကရတဲ့ကိစၥေတြဆိုေတာ့ က်ေနာ္ထင္ပါတယ္။ သံရံုးမွာ မဲေပးၾကမယ့္ကိစၥက တကယ့္ကို ေအာင္ျမင္မွာပါ။တကယ့္ကို အခုကူညီေပးေနတဲ့ ျမန္မာ Volunteers အဖြဲ႔ေတြကလည္း အားရဖို႔ေကာင္းတယ္။ သူတို႔သံရံုးကိုသြားၾကတဲ့အခါမွာလည္း အားနည္းခ်က္ အားသာခ်က္ေတြစ ေထာက္ျပၾကတယ္။ သံရံုးကလည္း ဟိုးတုန္းကတည္းက စင္ကာပူမွာရွိတဲ့ Volunteersအဖြဲ႔ေတြနဲ႔ပူးေပါင္းလုပ္တဲ့အေလ့အက်င့္လည္းရွိေတာ့ ေအာင္ျမင္မွာပါ။”

ျပည္ပေရာက္ျမန္မာႏုိင္ငံသားေတြၾကိဳတင္မဲေပးခ်ိန္ ျမန္မာသံရံုးပရဝဏ္အတြင္း ျဖစ္ေစ ကိုက္ ၅၀၀ အတြင္းျဖစ္ေစမဲေပးဖို႔ မဲမေပးဖို႔ တိုက္တြန္းနိုးေဆာ္တာ မဲလာေပးသူ စိတ္အေနွာင့္အယွက္ျဖစ္ေအာင္လုပ္တာ ဒါမွမဟုတ္ တာဝန္ရွိသူေတြကို ေနွာင့္ယွက္တာ၊ ပါတီ အလံ ေခါင္းစီး အက်ီ္ေတြဝတ္ဆင္လာၿပီး အသံခ်ဲ႕စက္သံုး ေအာ္ဟစ္တာ ခိုက္ရန္ျဖစ္တာမ်ိဳးေတြနဲ႔ နုိင္ငံဂုဏ္ထိခိုက္ေအာင္ မလုပ္ၾကဖို႔၊ ၾကိဳတင္မဲေပးမယ့္သူကိုပဲ ဝင္ခြင့္ေပးမွာျဖစ္ၿပီးအေဖာ္လံုးဝ ေခၚေဆာင္ခြင့္ျပဳမွာ မဟုတ္သလို လူစုလူေဝးနဲ႔ အစားအေသာက္ေဝဌတာေတြ မလုပ္ၾကဖို႔ ေမတၱာရပ္ခံေၾကာင္း စင္ကာပူ ျမန္မာသံရံုးက စက္တင္ဘာ ၂၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

ကိုဗစ် ၁၉ ကာလ စင်ကာပူရဲ့ ကျန်းမာရေးစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ထောင်ချီတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ရေး ပြင်ဆင်နေကြတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အောက်တိုဘာလဆန်းကစလို့ ပြည်ပနိုင်ငံအခြေစိုက် မြန်မာသံရုံးတွေ ကောင်စစ်ဝန်ရုံး အမြဲတမ်းကိုယ်စားလှယ်ရုံးတွေမှာ ပြည်ပရောက်မဲဆန္ဒရှင်တွေ ကြိုတင်မဲဆန္ဒမဲ စပေးကြတော့မှာဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲ မြန်မာနိုင်ငံသား သောင်းချီနေထိုင်တဲ့ စင်ကာပူနိုင်ငံမှာလည်း မြန်မာနိုင်ငံသား သုံးသောင်းကျော် ကြိုတင်ဆန္ဒမဲပေးခွင့် ပုံစံ(၁၅) လျှောက်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့စိစစ်မှုနဲ့ ပြည်နယ်နဲ့တိုင်းအလိုက် မဲပေးခွင့်ရှိသူစာရင်းတွေ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာသံရုံးက စတင်ထုတ်ပြန်နေပါတယ်။

COVID- 19 ကပ်ရောဂါကာလ စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ သောင်းဂဏန်းရှိတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ စနစ်တကျ မဲပေးနိုင်ရေး စင်ကာပူမြန်မာသံရုံးနဲ့အတူ စင်ကာပူရောက်မြန်မာ လူမှုအဖွဲ့အစည်းတွေ ဝိုင်းဝန်းပူးပေါင်းပြီး ကြိုတင်ပြင်ဆင်နေကြတယ်လို့မြန်မာကလပ်စင်ကာပူရဲ့ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

“ အဝေးရောက်မြန်မာတွေ မဲပေးနိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်က စစ်ပြီးတော့ နိုင်ငံသားဖြစ်သည့်အကြောင်း မဲပေးနိုင်ခွင့်ရှိတဲ့အကြောင်းကို စိစစ်ပြီးတော့ စက်တင်ဘာ၂၅ရက်နေ့မှာ UEC က စစ်ဆေးပြီး ပြန်ပို့တာ အခုပထမ အသုတ် ရောက်လာပြီ။တိုင်းနဲ့ပြည်နယ် ၇တိုင်းမှာ ၃ပုံ၂ပုံလောက် ရောက်လာတယ်။ ၂သောင်းကျော်လောက် ရောက်လာပြီ။ ဒုတိယအသုတ်က ၂၇ရက်နေ့ရောက်မယ်။ သုံးသောင်းကျော်ထဲက အကုန်လုံးနီးပါးလောက် မဲပေးခွင့်ရှိတယ်။ မဲပေးမယ့်နေ့ကတော့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ။ စင်ကာပူမြန်မာသံရုံးက ဒီမဲပေးမယ့်မြန်မာ သုံးသောင်းကျော် မဲပေးဖို့ အတွက် အကြောင်းကြားတဲ့အခါမှာ စင်ကာပူအစိုးရဘက်ကလည်း စင်ကာပူနိုင်ငံကထုတ်ပြန်တဲ့ ကိုဗစ်Social Distancing Regulation စည်းကမ်းချက်တွေကို လိုက်နာပါ့မယ်ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ မြန်မာသံရုံးမှာ သုံးသောင်းကျော် မဲပေးကြပါမယ်။”

အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ငါးနာရီခွဲအထိ သတ်မှတ်ကာလအတွင်း စင်ကာပူရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးကြမယ့်အချိန် လာရောက်သူအားလုံးကို ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်အပူချိန်ကျော်လွန်သူတွေကို သံရုံးအတွင်းကို ဝင်ရောက်ခွင့်ပြုမှာ မဟုတ်သလို စင်ကာပူနိုင်ငံရဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးအစီအမံအရ Social Distancing ကိုစနစ်တကျလိုက်နာပြီး လူစုလူဝေးဖြစ်ပေါ်ခြင်းမရှိအောင် စနစ်တကျလိုက်နာကြဖို့ကိုလည်း စင်ကာပူမြန်မာသံရုံးက သတိပေးနိုးဆော်နေပါတယ်။

စင်ကာပူရောက်မြန်မာလူမှုအဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကလည်း မဲပေးမယ့်နေ့တွေမှာ ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျမဲပေးနိုင်ရေး ဝိုင်းဝန်းကူညီကြမယ်လို့ ဦးဘိုဘိုဝင်းကပြောပြပါတယ်။

“ မဲပေးနိုင်ခွင့်ရှိသူ ပုံစံ(၁၅)ဖြည့်ထားသူတွေQueue ယူရမယ်။ Queue ယူပြီးတော့ အောက်တိုဘာ ၁ရက်နေ့က ၁၈ရက်နေ့အတွင်းဘယ်နေ့ဘယ်ရက် သတ်မှတ်ထားတဲ့အတိုင်း မဲပေးရမယ်။ ဘယ်လိုQueue ယူရမလဲ ဘယ်လိုမဲပေးဖို့ အဆင်ပြေအောင် လုပ်ကြမလဲ ဆိုတာတွေကို မြန်မာကလပ်တို့ တခြားလူမှုရေးအဖွဲ့အစည်းတွေက အခုစပြင်ဆင်နေကြတယ်။ မဲရုံဖွင့်မှာက မနက် ၉နာရီကနေ ညနေ ၅နာရီခွဲအထိ ဖွင့်မယ်။ ၂ နာရီ တပိုင်းစီနဲ့ ၄ပိုင်းပိုင်းပြီးတော့၈နာရီမဲပေးမယ် ဖွင့်မှာဖြစ်တဲ့အတွက် ဘယ်လိုတန်းစီကြမလဲ ဘယ်လိုမဲသွားပေးကြမလဲ စင်ကာပူရဲ့Social Distancing Regulation ကို သံရုံးက လိုက်ကို လိုက်နာရတယ်။ အဲ့တာတွေ ဘယ်လိုတန်းစီရမယ် ဆိုတာကို သံရုံးရဲ့အပြင်မှာရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်း ဗော်လံတီယာတွေက ၁၀ယောက်လောက်ရှိမယ်။Mask တပ်ဖို့ ကိုယ်အပူချိန်တိုင်းဖို့ ကိစ္စတွေ မဲပေးချိန် ပြီးတဲ့အချိန်အထိVolunteers တွေက လုပ်ပေးလိုက်မယ်။ လာဖို့အတွက်Maid အိမ်ဖော် လေးတွေဆို ကြိုတင်ခွင့်ယူပြီး ပြင်ဆင်ထားဖို့လိုမယ်။ နောက်တခုက ကလေးထိန်းတွေ ကလေးပါလာမယ့် ကလေးမိခင်တွေလည်း ဒီ Pendemic ကာလအခြေအနေအရ ပြင်ဆင်ထားဖို့လိုပါမယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းက ညပါအိပ်ပြီး လူထောင်ချီတန်းစီမဲပေးခဲ့ကြတဲ့ စင်ကာပူမှာ အခုကပ်ရောဂါကာလမှာလည်း တင်းကျပ်တဲ့ စင်ကာပူနိုင်ငံရဲ့ စည်းကမ်းချက်တွေနဲ့အညီ မဲပေးခွင့်ရှိတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားတွေဘက်က စည်းကမ်းတကျမဲပေးကြဖို့ ပြင်ဆင်နေကြတယ်လို့ စင်ကာပူရောက်မြန်မာတဦးဖြစ်တဲ့ ကိုအောင်လင်းထွဋ်ကပြောပါတယ်။

“ စင်ကာပူရောက်မြန်မာတွေကလေ အရမ်းစည်းကမ်းရှိကြပါတယ်။COVID-19 ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာ ဆိုတော့ အခုလည်း ကျနော်တို့က တယောက်နဲ့တယောက် ၁မီတာအကွာ ခပ်ခွာခွာနေရမယ်တို့ လူစုလူဝေးနဲ့မနေရဘူးဆိုတာက နိစ္စဓူဝ ကျနော်တို့လိုက်နာနေကြရတဲ့ကိစ္စတွေဆိုတော့ ကျနော်ထင်ပါတယ်။ သံရုံးမှာ မဲပေးကြမယ့်ကိစ္စက တကယ့်ကို အောင်မြင်မှာပါ။တကယ့်ကို အခုကူညီပေးနေတဲ့ မြန်မာ Volunteers အဖွဲ့တွေကလည်း အားရဖို့ကောင်းတယ်။ သူတို့သံရုံးကိုသွားကြတဲ့အခါမှာလည်း အားနည်းချက် အားသာချက်တွေစ ထောက်ပြကြတယ်။ သံရုံးကလည်း ဟိုးတုန်းကတည်းက စင်ကာပူမှာရှိတဲ့ Volunteersအဖွဲ့တွေနဲ့ပူးပေါင်းလုပ်တဲ့အလေ့အကျင့်လည်းရှိတော့ အောင်မြင်မှာပါ။”

ပြည်ပရောက်မြန်မာနိုင်ငံသားတွေကြိုတင်မဲပေးချိန် မြန်မာသံရုံးပရဝဏ်အတွင်း ဖြစ်စေ ကိုက် ၅၀၀ အတွင်းဖြစ်စေမဲပေးဖို့ မဲမပေးဖို့ တိုက်တွန်းနိုးဆော်တာ မဲလာပေးသူ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာ ဒါမှမဟုတ် တာဝန်ရှိသူတွေကို နှောင့်ယှက်တာ၊ ပါတီ အလံ ခေါင်းစီး အကျီ်တွေဝတ်ဆင်လာပြီး အသံချဲ့စက်သုံး အော်ဟစ်တာ ခိုက်ရန်ဖြစ်တာမျိုးတွေနဲ့ နိုင်ငံဂုဏ်ထိခိုက်အောင် မလုပ်ကြဖို့၊ ကြိုတင်မဲပေးမယ့်သူကိုပဲ ဝင်ခွင့်ပေးမှာဖြစ်ပြီးအဖော်လုံးဝ ခေါ်ဆောင်ခွင့်ပြုမှာ မဟုတ်သလို လူစုလူဝေးနဲ့ အစားအသောက်ဝေဌတာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံကြောင်း စင်ကာပူ မြန်မာသံရုံးက စက်တင်ဘာ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG