သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Newcastle United ေဘာလုံးအသင္းကုိ စကၤာပူလုပ္ငန္းရွင္ေတြ၀ယ္ဖုိ႔ ျပင္ဆင္ေန


Newcastle United ေဘာလုံးသမားမ်ား

(Zawgyi/Unicode)

ျပင္သစ္အေျခစိုက္ စီးပြားေရးလုပ္ငန္းကုမၸဏီႀကီးတစ္ခုကိုပိုင္ဆိုင္တဲ့ စကၤာပူ စီးပြားေရးလုပ္ငန္းရွင္ႀကီး ၃ ဦးက အဂၤလန္ Premier League ေဘာလုံးအသင္းတခုျဖစ္တဲ့ Newcastle United အသင္းကို ဝယ္ယူဖို႔ ေဆြးေႏြးေျပာဆိုေနတာေတြ အေတာ္ေလး ခရီး ေရာက္ေနၿပီလို႔ အဲဒီကုမၸဏီက တနလၤာေန႔ကေျပာပါတယ္။

အေစာပိုင္းက Newcastle United အသင္းကို ေဆာ္ဒီနိုင္ငံက ဝယ္ယူ မလို႔လုပ္ေနတာျဖစ္ၿပီး မေအာင္ျမင္ခဲ့ပဲ သီတင္းပတ္ အနည္းငယ္အၾကာမွာ စကၤာပူလုပ္ငန္းရွင္ေတြက အခုလိုဝယ္ယူဖို႔ႀကိဳးစားေနတာပါ။

Newcastle United ေဘာလုံး အသင္းကို ဝယ္ယူမယ့္ Bellagraph Nova Group အုပ္စုဟာ နိုင္ငံေပါင္း ၁၀၀ ေက်ာ္မွာ အားကစား၊ က်န္းမာေရး နဲ႔ ဇိမ္ခံပစၥည္း အသုံးအေဆာင္ဆိုင္ရာ လုပ္ငန္းေတြ လုပ္ကိုင္ေနတာျဖစ္ပါတယ္။

အေရာင္းအဝယ္ကိစၥနဲ႔ ပတ္သက္လို႔ အဂၤလန္အသင္း ကပၸတိန္ေဟာင္းလည္းျဖစ္Newcastle ေဘာလုံးသမားေဟာင္းလည္း ျဖစ္တဲ့ Alan Shearer နဲ႔ အရင္ ကစားသမားေဟာင္း Michael Chopra တို႔ရဲ့ အကူအညီကို ရယူေနတယ္လို႔လည္း Bellagraph Nova Group က ေျပာပါတယ္။

အရင္လေတြတုန္းကေတာ့ ေဆာ္ဒီအာေရဗ် ကုမၸဏီတစ္ခုက Newcastle အသင္းကို ဝယ္ယူဖို႔ ႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။ Premier League အာဏာပိုင္ေတြရဲ့ အတည္ျပဳခ်က္ကို ရဖို႔ လအတန္ၾကာ ေစာင့္ဆိုင္းေနခဲ့ၿပီးတဲ့ေနာက္ ဇူလိုင္လ ေႏွာင္းပိုင္းမွာ ဝယ္ယူခြင့္ ေလၽွာက္ထားခ်က္ကို႐ုပ္သိမ္းသြားတာ ျဖစ္ပါတယ္။

Newcastle United ကို ဝယ္ယူမယ့္ Bellagraph Nova Group ကုမၸဏီ ကို စကၤာပူနိုင္ငံသား ညီအကိုဝမ္းကြဲႏွစ္ဦးျဖစ္တဲ့ Nelson နဲ႔ Terence Loh တို႔နဲ႔အတူ စီးပြားဘက္ Evangeline Shen တို႔က ၂၀၀၈ ခုႏွစ္မွာ တြဲဘက္တည္ေထာင္ခဲ့တာပါ။

စကၤာပူ စီးပြားေရးလုပ္ငန္းရွင္ တဦးျဖစ္တဲ့ Peter Lim ကလည္း စပိန္ La Liga ခ်န္ပီယံ ၆ ႀကိမ္ျဖစ္ဖူးတဲ့ Valencia အသင္းကို ဝယ္ယူထားသူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

Newcastle United ဘောလုံးအသင်းကို စင်္ကာပူလုပ်ငန်းရှင်တွေဝယ်ဖို့ ပြင်ဆင်နေ

(Unicode)

ပြင်သစ်အခြေစိုက် စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးတစ်ခုကိုပိုင်ဆိုင်တဲ့ စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင်ကြီး ၃ ဦးက အင်္ဂလန် Premier League ဘောလုံးအသင်းတခုဖြစ်တဲ့ Newcastle United အသင်းကို ဝယ်ယူဖို့ ဆွေးနွေးပြောဆိုနေတာတွေ အတော်လေး ခရီး ရောက်နေပြီလို့ အဲဒီကုမ္ပဏီက တနင်္လာနေ့ကပြောပါတယ်။

အစောပိုင်းက Newcastle United အသင်းကို ဆော်ဒီနိုင်ငံက ဝယ်ယူ မလို့လုပ်နေတာဖြစ်ပြီး မအောင်မြင်ခဲ့ပဲ သီတင်းပတ် အနည်းငယ်အကြာမှာ စင်္ကာပူလုပ်ငန်းရှင်တွေက အခုလိုဝယ်ယူဖို့ကြိုးစားနေတာပါ။

Newcastle United ဘောလုံး အသင်းကို ဝယ်ယူမယ့် Bellagraph Nova Group အုပ်စုဟာ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အားကစား၊ ကျန်းမာရေး နဲ့ ဇိမ်ခံပစ္စည်း အသုံးအဆောင်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။

အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်လို့ အင်္ဂလန်အသင်း ကပ္ပတိန်ဟောင်းလည်းဖြစ်Newcastle ဘောလုံးသမားဟောင်းလည်း ဖြစ်တဲ့ Alan Shearer နဲ့ အရင် ကစားသမားဟောင်း Michael Chopra တို့ရဲ့ အကူအညီကို ရယူနေတယ်လို့လည်း Bellagraph Nova Group က ပြောပါတယ်။

အရင်လတွေတုန်းကတော့ ဆော်ဒီအာရေဗျ ကုမ္ပဏီတစ်ခုက Newcastle အသင်းကို ဝယ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ Premier League အာဏာပိုင်တွေရဲ့ အတည်ပြုချက်ကို ရဖို့ လအတန်ကြာ စောင့်ဆိုင်းနေခဲ့ပြီးတဲ့နောက် ဇူလိုင်လ နှောင်းပိုင်းမှာ ဝယ်ယူခွင့် လျှောက်ထားချက်ကိုရုပ်သိမ်းသွားတာ ဖြစ်ပါတယ်။

Newcastle United ကို ဝယ်ယူမယ့် Bellagraph Nova Group ကုမ္ပဏီ ကို စင်္ကာပူနိုင်ငံသား ညီအကိုဝမ်းကွဲနှစ်ဦးဖြစ်တဲ့ Nelson နဲ့ Terence Loh တို့နဲ့အတူ စီးပွားဘက် Evangeline Shen တို့က ၂၀၀၈ ခုနှစ်မှာ တွဲဘက်တည်ထောင်ခဲ့တာပါ။

စင်္ကာပူ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ Peter Lim ကလည်း စပိန် La Liga ချန်ပီယံ ၆ ကြိမ်ဖြစ်ဖူးတဲ့ Valencia အသင်းကို ဝယ်ယူထားသူ ဖြစ်ပါတယ်။

XS
SM
MD
LG