သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘောလုံးအသင်း FIFA ဇယားမှာ အဆင့်နိမ့်ကျဖွယ်ရှိ


မြန်မာဘောလုံးအသင်းရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ဟာ အာဆီယံနိုင်ငံတွေထဲမှာ အများဆုံးကျဆင်းသွားမယ့် အလားအလာ ရှိနေပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ လက်ရှိအားဖြင့် အဆင့် ၁၃၅ မှာရှိနေတဲ့ မြန်မာ အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ FIFA က အဆင့်သတ်မှတ်ချက်အသစ်တွေ ထုတ်ပြန်တဲ့အခါ ၁၁ ဆင့်ထိကျပြီး ၁၄၆ ကို ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြန်မာအသင်း အဆင့်ကျသွားဖို့ဖြစ်ရတဲ့ အဓိကအကြောင်းကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မွန်ဂိုလီးယားအသင်းနဲ့ကန်တဲ့ပွဲမှာ ဘောလုံးဝါသနာရှင်တွေ အံ့အားသင့်သွားရတဲ့ထိ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာကြောင့်ပါ။ ဒီခြေစစ်ပွဲ နောက်တပွဲအဖြစ် အာရှထိပ်သီး ဂျပန်အသင်းနဲ့ ကန်တာမှာတော့ နှစ် ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။

အာဆီယံအသင်းတွေထဲမှာ အဆင့်ကျသွားဖွယ်ရှိတဲ့ နောက်တသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ မလေးရှားကို ၃ ဂိုး ၂ ဂိုး ထိုင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးထားတဲ့ အင်ဒိုနီးရှားအသင်းဖြစ်ပြီး ၉ ဆင့်ကျသွားဖွယ်ရှိပြီးတော့ အဆင့် ၁၆၈ မှာ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

အာဆီယံမှာ ဗီယက်နမ်က အဆင့် ၉၉ နဲ့ ထိပ်ဆုံးမှာရှိပြီး ထိုင်းကတော့ အဆင့် ၁၁၃ နဲ့ ဒုတိယလိုက်ပါတယ်။ ဖိလစ်ပိုင်က ၁၂၅၊ စင်္ကာပူက ၁၅၆၊ မလေးရှားက ၁၅၈၊ ကမ္ဘောဒီးယားက ၁၇၀ အဆင့်အသီးသီး ရှိထားကြပါတယ်။

မြန်မာဘောလုံးအသင်း FIFA ဇယားမှာ အဆင့်နိမ့်ကျဖွယ်ရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG