သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးဘောလုံးသမား Rapinoe နဲ့ သမ္မတ Trump တို့ Twitter ပေါ်မှာ အပြန်အလှန်


အမေရိကန် အမျိုသမီး ဘောလုံးအသင်းရဲ့ အကျော်အမော် တစ်ဦး ဖြစ်သူ Megan Rapinoe က အခု ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ သူတို့ ဗိုလ်စွဲခဲ့ရင် အိမ်ဖြုတော်ကို သွားရောက် လည်ပတ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့အတွက် အင်တာနက်မှာ ပွဲဆူ သွားခဲ့ပါတယ်။

အိမ်ဖြူတော်ကို ကျွန်မ မသွားဘူး၊ ကျွန်မတို့ကို ဖိတ်မှာ မဟုတ်ဘူး ဆိုတဲ့ စာသားကို ခပ်ကြမ်းကြမ်း အသုံးအနှုန်းတွေနဲ့ ပြောထားတဲ့ ဗီဒီယိုကို 8 by 8 မဂ္ဂဇင်းက တွစ်တာ လူမှုကွန်ယက်မှာ အင်္ဂါနေ့က တင်ထားတာဖြစ်ပါတယ်။

သမ္မတ Donald Trump က Rapinoe နဲ့ သူမတို့ ဘောလုံးအသင်းကို ဖိတ်ကြားချက်တွေ ဗုဒ္ဒဟူးနေ့ တွစ်တာမှာ တုန့်ပြန် ဖော်ပြခဲ့ပါတယ်။ လာလည်မယ့် ကိစ္စကို မပြောခင် အနိုင်ရအောင် ကစားဖို့ ဖောြ်ပထားပေမဲ့နိုင်နိုင် ရှုံးရှုံး လာလည်ဖို့ ဖိတ်ကြားပါတယ်လို့ ရေးထားခဲ့ပါတယ်။

ဒီ ကမ္ဘာ့ ဖလားပွဲမှာ ပွဲ မစခင် အမေရိကန် အမျိုးသား သီချင်းကို ထုတ်လွှင့်တဲ့အခါ လိုက်မဆိုတဲ့ Rapinoe ကို တိုင်းပြည်နဲ့ အိမ်ဖြူတော် ဒါမှမဟုတ် နိုင်ငံတော် အလံကို လေးစားဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် အမျိုးသမီး ဘောလုံးအသင်းဟာ အမျိုးသား အသင်းထက် အောင်ပွဲတွေ ပို ရရှိခဲ့ပေမဲ့ အမျိုးသား ဘောလုံး သမားတွေထက် လစာ နည်းတာဟာ ခွဲခြား ဆက်ဆံမှု ဖြစ်တယ် ဆိုပြီး အမေရိကန် ဘောလုံး အဖွဲ့ချုပ်ကို တရား စွဲဆိုထားချိန်မှာ Donald Trump နဲ့ Rapinoe တို့အကြား တွစ်တာမှာ အခုလို အပြန်အလှန်ရေးသားမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG