သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားအသင်းနဲ့ လစာတူရရှိရေး ကန်အမျိုးသမီးဘောလုံးအသင်း တရားစွဲ


အမေရိကန် အမျိုးသမီး ဘောလုံးအသင်း (Photo Credit: Sideline Sports Photography, LLC)
အမေရိကန် အမျိုးသမီး ဘောလုံးအသင်း (Photo Credit: Sideline Sports Photography, LLC)

ကမ္ဘာ့ဖလားလက်ရှိ ချံပီယံ ဖြစ်တဲ့ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက အမေရိကန် အမျိုးသားဘောလုံး အသင်းတန်းတူ လစာရဖို့အရေး အမေရိကန် ဘောလုံးဖက်ဒရေးရှင်းကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တဲ့ သောကြာနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလား ဆက်လက်ထိန်းထားနိုင်ဖို့ ပြင်သစ်မှာ ယှဉ်ပြိုင်မကစားမီ ၃ လအလိုမှာ ကျား-မ တန်းတူ အခွင့်အရေးမပေးဘဲ ခွဲခြားဆက်ဆံတဲ့ ပြစ်မှုနဲ့ အသင်းသူ ၂၈ ယောက်ပါတဲ့ လက်ရှိ ကမ္ဘာ့ဖလားချံပီယံ အမေရိကန် ဘောလုံးအသင်းက Los Angeles မြို့ ဖက်ဒရယ် တရားရုံးမှာ တရားစွဲဆိုထားတာပါ။

အမျိုးသမီးနဲ့ အမျိုးသား အသင်းကြား လစာ ကွာဟနေတာတင်မက ခရီးသွားစရိတ်၊ လေ့ကျင့်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကစားပွဲတွေအကြောင်း ကြော်ငြာပေးမှု စတဲ့ ကဏ္ဍတွေမှာ အမျိုးသမီး ဘောလုံးအသင်းကို ထောက်ပံ့မှုက အမျိုးသားဘောလုံး အသင့်ထက် လျော့နည်းနေပြီး ခွဲခြားဆက်ဆံခံရတဲ့အကြောင်း အဆိုပြု တင်သွင်းထားတာပါ။

ဒီလို တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘောလုံးဖက်ဒရေးရှင်းက ချက်ချင်းမတုန့်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသား ဘောလုံးသမားတွေထက် အမျိုးသမီး ဘောလုံးသမားတွေကို လစာလျှော့ပေးတဲ့ အကြောင်း အမေရိကန် ဘောလုံးဖက်ဒရေးရှင်းက ဝန်ခံထားပြီး တကယ်ဆို လက်တွေ့ ဘောလုံးဈေးကွက်မှာ အမျိုးသမီးတွေကို အမျိုးသားတွေလောက် လစာပေးဖို့ မတန်ဘူးလို့တောင် ပြောဆိုခဲ့ပါတယ်။

အမျိုးသားအသင်းနဲ့ လစာတူရရှိရေး ကန်အမျိုးသမီးဘောလုံးအသင်း တရားစွဲ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG