သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အားကစားအေျချပဳ မူးယစ္ပညာေပး ကန္-ျမန္မာ ပူးတဲြလုပ္ေဆာင္


အားကစားအေျချပဳ မူးယစ္ပညာေပး ကန္-ျမန္မာ ပူးတဲြလုပ္ေဆာင္

(Zawgyi/Unicode)

အေမရိကန္သံရံုးနဲ႔ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္တို႔ ပူးေပါင္းျပီး အားကစားအေျချပဳ မူးယစ္ေဆးဝါး တားဆီးကာကြယ္ေရး အသိပညာေပး အစီအစဥ္ျဖစ္တဲ႔ Community Champion ေဘာလံုးေလ႔က်င့္ေရး အစီအစဥ္ တခုကို ဒီေန႔စတင္လိုက္ၿပီျဖစ္ပါတယ္။

ဒီအစီစဥ္မွာ အေမရိကန္နဲ႔ ျမန္မာ ေဘာလံုးနည္းျပ ႏွစ္ေယာက္က ဦးေဆာင္ျပီး ကေလးေတြကို ေဘာလံုးကစားနည္းေလ႔က်င့္ေပးျပီး မူးယစ္ေဆးဝါး အသိပညာေပး တာကိုလည္း တျပိဳင္နက္တည္းမွာ လုပ္ေဆာင္ေပးဖို႔ျဖစ္ပါတယ္။ ႏိုဝင္ဘာ ၁၃ရက္၊ ရန္ကုန္ျမိဳ႕ အမ်ိဳးသားေဘာလံုးအကယ္ဒမီမွာ လုပ္တဲ႔ ဒီအစီအစဥ္မိတ္ဆက္ပြဲကို ကိုုယ္တိုင္သြားေရာက္ သတင္းယူခဲ႔တဲ႔ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က အျပည့္အစံုကို ေျပာျပေပးသြားမွာပါ။

မူးယစ္ေဆးဝါးအသိပညာေပးတာကို ေဘာလံုးအားကစားနည္းနဲ႔ တြဲဖက္ေလ႔က်င့္ေပးဖို႔ ရည္ရြယ္ျပီး အေမရိကန္သံရံုးနဲ႔ ျမန္မာေဘာလံုးအဖြဲ႔ခ်ဳပ္ပူးေပါင္း လုပ္ေဆာင္ေနတဲ႔ Community Champion ေဘာလံုးေလ႔က်င့္ေရး အစီအစဥ္ကို ဒီေန႔ ႏိုဝင္ဘာ ၁၃ရက္ ရန္ကုန္ျမိဳ႕ သုဝဏၰအားကစားကြင္း၊ အမ်ိဳးသား ေဘာလံုးအကယ္ဒမီမွာ စတင္မိတ္ဆက္လိုက္တာျဖစ္ပါတယ္။

ဒီအစီအစဥ္ကို အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ျဖိဳးေရးေအဂ်င္စီ USAID က ေထာက္ပံ႔ေပးထားျပီး ခုခံအားက်ဆင္းေရာဂါ HIV/ AIDS အတြက္ အေမရိကန္အစိုးရရဲ႕ အေရးေပၚအကူအညီ စီမံကိန္းေတြထဲက တခုလည္းျဖစ္ပါတယ္။

အခုလို အေမရိကန္သံရံုးနဲ႔ ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႔ခ်ဳပ္ ပူးေပါင္းေဆာင္ရြက္တဲ႔ အစီအစဥ္ကေန ေလ႔က်င့္ သင္ၾကားေပးလိုက္တဲ႔ လူငယ္ေတြဟာ သူတို႔နဲ႔ ထိေတြ႔ဆက္ဆံေနတဲ႔ အသိုင္းအဝန္းက မူးယစ္ေဆးသံုးစြဲေနတဲ႔ လူငယ္ေတြကို ဆြဲေဆာင္ၿပီး အားကစားမွာ ပူးေပါင္းေဆာင္ရြက္လာေအာင္ ရည္ရြယ္တဲ႔ အစီအစဥ္ျဖစ္ေၾကာင္း အေမရိကန္သံရံုး၊ ယဥ္ေက်းမႈေရးရာအရာရွိ Jennifer M. Schuett က ဗီြအိုေအကို ေျပာပါတယ္။

“ ဒီ လႈပ္ရွားမႈ ကို community champion လို႔ေခၚပါတယ္။ သူ႔ရဲ႕ အဓိက ရည္ရြယ္္ခ်က္က ေဘာလံုးကစားသမားေတြ အေနနဲ႔ အားေကာင္းတဲ႔ အဖြဲ႔အစည္းတခု တည္ေဆာက္ျပီးတဲ႔အခါက်ရင္ သူ႔ရဲ႕ ပတ္ဝန္းက်င္မွာရွိတဲ႔ မူးယစ္ေဆးသံုးစြဲေနသူေတြ သူတို႔နဲ႔ပူးေပါင္းပါဝင္လာေအာင္ ဆြဲေဆာင္ႏိုင္ဖုိ႔ပါ။ အေမရိကန္ကေန ပေရာ္ဖက္ရင္အဆင့္ရွိတဲ႔ နည္းျပႏွစ္ေယာက္ကို ဖိတ္ေခၚထားျပီး ျမန္မာႏိုင္ငံက နာမည္ၾကီးနည္းျပႏွစ္ေယာက္နဲ႔ ပူးတြဲသင္ၾကားေပးမွာ ျဖစ္ပါတယ္။”

ျမန္မာနည္းျပဆရာေတြနဲ႔ ပူးေပါင္းအကူအညီေပးဖို႔ အေမရိကန္ေဘာလံုးနည္းျပ Johnny Collins နဲ႔ Lisa Berg လည္း ခဏတာ ေရာက္ရွိေနျပီး သူတို႔အေနနဲ႔ ဒီအစီအစဥ္မွာ ပူေပါင္းပံ႔ပိုးခြင့္ရတာ ဝမ္းသာေၾကာင္း ဒီေန႔ သုဝဏအားကစားကြင္း၊ ျမန္မာႏိုင္ငံ ေဘာလံုးအကယ္ဒမီမွာလုပ္တဲ႔ သတင္းစာရွင္းလင္းပြဲမွာ Lisa Berg ကေျပာပါတယ္။

“ က်မတို႔ ေခါင္းေဆာင္နည္းျပ ႏွစ္ေယာက္နဲ႔ ျမန္မာျပည္က နည္းျပေတြကို မေန႔က သင္တန္းေလး ေပးထားတယ္။ အေရးအၾကီးဆံုးကေတာ႔ ကေလးတေယာက္ခ်င္းစီ အေပၚမွာ က်မတို႔ နည္းျပေတြအေနနဲ႔ ေပးႏိုင္တဲ႔ ခ်စ္ျခင္းေမတၱာေတြ၊ ပံ႔ပိုးေပးႏိုင္တာေတြ က်မတို႔ ရွိေနတဲ႔အခ်ိန္ေလးမွာ အတတ္ႏို္င္ဆံုးေပးပါမယ္။ ဒီကနည္းျပေတြကလည္း ဆက္လက္ျပီးေတာ႔ ကေလးေတြ တေယာက္ခ်င္းကို ဂရုစိုက္ေပးဖို႔၊ အားေပး ကူညီႏိုင္ဖုိ႔ က်မတို႔ စီစဥ္ထားပါတယ္။ ဒီေန႔ပြဲေလးနဲ႔ ေဘာလံုးေလ႔က်င့္ေရးသင္တန္းမွာ အတူလုပ္ခြင့္ရတဲ႔ အတြက္လည္း က်မတို႔ ဝမ္းသာမိပါတယ္။”

လူငယ္ေတြကို အားကစားနဲ႔ ပူးတြဲျပီး မူးယစ္ေဆးဝါးအသိပညာေပးတဲ႔ ကိစၥမွာ အေမရိကန္ေဘာလံုးအဖြဲ႔နဲ႔ ဆက္ျပီး ပူေပါင္းေဆာင္ရြက္ဖို႔ အစီအစဥ္ေတြရွိေၾကာင္း ျမန္မာႏို္င္ငံ ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠ႒ ဦးေဇာ္ေဇာ္က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

“ က်ေနာ္တို႔အေနနဲ႔က က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္သြားဖို႔ အစီအစဥ္ ရွိပါတယ္။ အေမရိကန္သံရံုးနဲ႔ေရာ၊ အေမရိကန္ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ေရာ ေပါင္းျပီးေတာ႔ေပါ႔ေနာ္။ တခ်ိဳ႕ေနရာေတြမွာလုပ္သလို က်ေနာ္တို႔ ေဘာလံုးအဖြဲ႔ခ်ဳပ္က တျခားအဖြဲ႔အစည္းေတြနဲ႔ေပါင္းျပီး မူးယစ္ေဆးးဝါးကိစၥကို တတ္ႏိုင္သမ်ွ ၾကိဳးစား အားထုတ္ၿပီး လုပ္သြားပါမယ္။”

ဒါဟာ အေမရိကန္အစိုးရရဲ႕ ျမန္မာျပည္တြင္း ပထမဦးဆံုး အားကစားအေျချပဳ မူးယစ္ေဆးဝါးအသိပညာေပး အစီအစဥ္ျဖစ္ျပီး အေမရိကန္သံရံုးအေနနဲ႔ မူးယစ္ေဆးဝါးနဲ႔ ထိေတြ႔ပတ္သက္ေနရတဲ႔ ေဒသ၊ အသိုင္းအဝန္းကို ေထာက္ပံ႔ေပးဖုိ႔ ျမန္မာႏိုင္ငံက အားကစားသမားေတြနဲ႔ အတူတြဲျပီး လုပ္ကိုင္ရတာ ဂုဏ္ယူတဲ႔ေၾကာင္း သံအမတ္ၾကီး Scot Marcial က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာလည္း ျဖစ္ပါတယ္။

ဒီအစီအစဥ္ကို ႏိုဝင္ဘာ ၁၂ကေန ၁၉ ရက္အထိ လုပ္ေဆာင္သြားမွာျဖစ္ျပီး နည္းျပစုစုေပါင္း အေယာက္ ၃၀နဲ႔ လူငယ္ေဘာလံုးကစားသမား အေယာက္ ၃၀၀ ပူးေပါင္း ေဆာင္ရြက္ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

အားကစားအခြေပြု မူးယစ်ပညာပေး ကန်-မြန်မာ ပူးတွဲလုပ်ဆောင်

(Unicode)

အမေရိကန်သံရုံးနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး အားကစားအခြေပြု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး အစီအစဉ်ဖြစ်တဲ့ Community Champion ဘောလုံးလေ့ကျင့်ရေး အစီအစဉ် တခုကို ဒီနေ့စတင်လိုက်ပြီဖြစ်ပါတယ်။

ဒီအစီစဉ်မှာ အမေရိကန်နဲ့ မြန်မာ ဘောလုံးနည်းပြ နှစ်ယောက်က ဦးဆောင်ပြီး ကလေးတွေကို ဘောလုံးကစားနည်းလေ့ကျင့်ပေးပြီး မူးယစ်ဆေးဝါး အသိပညာပေး တာကိုလည်း တပြိုင်နက်တည်းမှာ လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ရက်၊ ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီမှာ လုပ်တဲ့ ဒီအစီအစဉ်မိတ်ဆက်ပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က အပြည့်အစုံကို ပြောပြပေးသွားမှာပါ။

မူးယစ်ဆေးဝါးအသိပညာပေးတာကို ဘောလုံးအားကစားနည်းနဲ့ တွဲဖက်လေ့ကျင့်ပေးဖို့ ရည်ရွယ်ပြီး အမေရိကန်သံရုံးနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ပူးပေါင်း လုပ်ဆောင်နေတဲ့ Community Champion ဘောလုံးလေ့ကျင့်ရေး အစီအစဉ်ကို ဒီနေ့ နိုဝင်ဘာ ၁၃ရက် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၊ အမျိုးသား ဘောလုံးအကယ်ဒမီမှာ စတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID က ထောက်ပံ့ပေးထားပြီး ခုခံအားကျဆင်းရောဂါ HIV/ AIDS အတွက် အမေရိကန်အစိုးရရဲ့ အရေးပေါ်အကူအညီ စီမံကိန်းတွေထဲက တခုလည်းဖြစ်ပါတယ်။

အခုလို အမေရိကန်သံရုံးနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်ကနေ လေ့ကျင့် သင်ကြားပေးလိုက်တဲ့ လူငယ်တွေဟာ သူတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ အသိုင်းအဝန်းက မူးယစ်ဆေးသုံးစွဲနေတဲ့ လူငယ်တွေကို ဆွဲဆောင်ပြီး အားကစားမှာ ပူးပေါင်းဆောင်ရွက်လာအောင် ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်ကြောင်း အမေရိကန်သံရုံး၊ ယဉ်ကျေးမှုရေးရာအရာရှိ Jennifer M. Schuett က ဗွီအိုအေကို ပြောပါတယ်။

“ ဒီ လှုပ်ရှားမှု ကို community champion လို့ခေါ်ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ဘောလုံးကစားသမားတွေ အနေနဲ့ အားကောင်းတဲ့ အဖွဲ့အစည်းတခု တည်ဆောက်ပြီးတဲ့အခါကျရင် သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မူးယစ်ဆေးသုံးစွဲနေသူတွေ သူတို့နဲ့ပူးပေါင်းပါဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ပါ။ အမေရိကန်ကနေ ပရော်ဖက်ရင်အဆင့်ရှိတဲ့ နည်းပြနှစ်ယောက်ကို ဖိတ်ခေါ်ထားပြီး မြန်မာနိုင်ငံက နာမည်ကြီးနည်းပြနှစ်ယောက်နဲ့ ပူးတွဲသင်ကြားပေးမှာ ဖြစ်ပါတယ်။”

မြန်မာနည်းပြဆရာတွေနဲ့ ပူးပေါင်းအကူအညီပေးဖို့ အမေရိကန်ဘောလုံးနည်းပြ Johnny Collins နဲ့ Lisa Berg လည်း ခဏတာ ရောက်ရှိနေပြီး သူတို့အနေနဲ့ ဒီအစီအစဉ်မှာ ပူပေါင်းပံ့ပိုးခွင့်ရတာ ဝမ်းသာကြောင်း ဒီနေ့ သုဝဏအားကစားကွင်း၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Lisa Berg ကပြောပါတယ်။

“ ကျမတို့ ခေါင်းဆောင်နည်းပြ နှစ်ယောက်နဲ့ မြန်မာပြည်က နည်းပြတွေကို မနေ့က သင်တန်းလေး ပေးထားတယ်။ အရေးအကြီးဆုံးကတော့ ကလေးတယောက်ချင်းစီ အပေါ်မှာ ကျမတို့ နည်းပြတွေအနေနဲ့ ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ ပံ့ပိုးပေးနိုင်တာတွေ ကျမတို့ ရှိနေတဲ့အချိန်လေးမှာ အတတ်နိုင်ဆုံးပေးပါမယ်။ ဒီကနည်းပြတွေကလည်း ဆက်လက်ပြီးတော့ ကလေးတွေ တယောက်ချင်းကို ဂရုစိုက်ပေးဖို့၊ အားပေး ကူညီနိုင်ဖို့ ကျမတို့ စီစဉ်ထားပါတယ်။ ဒီနေ့ပွဲလေးနဲ့ ဘောလုံးလေ့ကျင့်ရေးသင်တန်းမှာ အတူလုပ်ခွင့်ရတဲ့ အတွက်လည်း ကျမတို့ ဝမ်းသာမိပါတယ်။”

လူငယ်တွေကို အားကစားနဲ့ ပူးတွဲပြီး မူးယစ်ဆေးဝါးအသိပညာပေးတဲ့ ကိစ္စမှာ အမေရိကန်ဘောလုံးအဖွဲ့နဲ့ ဆက်ပြီး ပူပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“ ကျနော်တို့အနေနဲ့က ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ အမေရိကန်သံရုံးနဲ့ရော၊ အမေရိကန် ဘောလုံးအဖွဲ့ချုပ်နဲ့ရော ပေါင်းပြီးတော့ပေါ့နော်။ တချို့နေရာတွေမှာလုပ်သလို ကျနော်တို့ ဘောလုံးအဖွဲ့ချုပ်က တခြားအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး မူးယစ်ဆေးးဝါးကိစ္စကို တတ်နိုင်သမျှ ကြိုးစား အားထုတ်ပြီး လုပ်သွားပါမယ်။”

ဒါဟာ အမေရိကန်အစိုးရရဲ့ မြန်မာပြည်တွင်း ပထမဦးဆုံး အားကစားအခြေပြု မူးယစ်ဆေးဝါးအသိပညာပေး အစီအစဉ်ဖြစ်ပြီး အမေရိကန်သံရုံးအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ထိတွေ့ပတ်သက်နေရတဲ့ ဒေသ၊ အသိုင်းအဝန်းကို ထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံက အားကစားသမားတွေနဲ့ အတူတွဲပြီး လုပ်ကိုင်ရတာ ဂုဏ်ယူတဲ့ကြောင်း သံအမတ်ကြီး Scot Marcial က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို နိုဝင်ဘာ ၁၂ကနေ ၁၉ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး နည်းပြစုစုပေါင်း အယောက် ၃၀နဲ့ လူငယ်ဘောလုံးကစားသမား အယောက် ၃၀၀ ပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG