သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆင္နယ္လ္-မန္စီးတီးပြဲ ထုတ္လႊင့္ခ်က္ တ႐ုတ္ပယ္ဖ်က္မႈ ဝန္ႀကီး Pompeo ေဝဖန္


အာဆင္နယ္လ္အသင္းရဲ႕ ဂ်ာမန္ႏုိင္ငံသား နာမည္ေက်ာ္ အလယ္တန္း တိုက္စစ္ကစားသမား Mesut Ozil

(Zawgyi/Unicode)

အာဆင္နယ္လ္နဲ႔ မန္ခ်က္စတာ စီးတီးတို႔ ၿပီးခဲ့တဲဲ့ ဒီဇင္ဘာလ ၁၅ ရက္ တနဂၤေႏြေန႔က ကစားတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ ကို တ႐ုတ္ႏိုင္ငံမွာ ႐ုပ္သံကေန တိုက္႐ိုက္ထုတ္လႊင့္မယ့္အစီအစဥ္ ပယ္ဖ်က္လိုက္တဲ့ လုပ္ရပ္အေပၚ အေမရိကန္ႏုိ္င္ငံျခားေရး ဝန္ႀကီး Mike Pompeo က တ႐ုတ္ကို ေဝဖန္ေျပာဆိုပါတယ္။

ဒီလုပ္ရပ္ေၾကာင့္ ဘာသာေရးလူနည္းစုေတြအေပၚ တ႐ုတ္အစိုးရရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကေန အာ႐ံုေျပာင္းေစမွာ မဟုတ္ဘူးလို႔ ဝန္ႀကီး Pompeo က အဂၤါေန႔ Twitter မွာ ေရးတာပါ။

အာဆင္နယ္လ္အသင္းရဲ႕ ဂ်ာမန္ႏုိင္ငံသား နာမည္ေက်ာ္ အလယ္တန္း တိုက္စစ္ကစားသမား Mesut Ozil က Uighur မြတ္ဆလင္ေတြအေပၚ တ႐ုတ္အစိုးရရဲ႕ျပဳမူပံုနဲ႔ ဒီအေပၚမွာ တျခားမြတ္ဆလင္ႏုိ္င္ငံေတြ ေဝဖန္ေျပာဆိုဖို႔ ပ်က္ကြက္ေနတာေတြနဲ႔ ပတ္သက္ၿပီး Instagram နဲ႔ Twitter ေပၚမွာ ေသာၾကာေန႔က ေဝဖန္ေရးသားတဲ့အေပၚ တ႐ုတ္အစိုးရဘက္က တုံ႔ျပန္တာပါ။

“တ႐ုတ္ကြန္ျမဴနစ္ပါတီ CCP ရဲ႕ ဝါဒျဖန္႔ခ်ိေရးဌာနေတြအေနနဲ႔ @MesutOzil1088 နဲ႔ @Arsenal ပြဲေတြကို ေဘာလံုးရာသီတခု လံုး ပိတ္ပင္ႏိုင္ေပမယ့္ အမွန္တရားက ေအာင္ပြဲခံမွာပဲ” လို႔ ဝန္ႀကီး Pompeo က Twitter မွာေရးပါတယ္။ “Uighur ေတြနဲ႔ တျခားဘာသာဝင္ေတြအေပၚ ဆိုးရြားတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို CCP အေနနဲ႔ ကမာၻေပၚကေန ဖံုးကြယ္ထားလို႔ မရ ႏုိင္ပါဘူး” လို႔လည္း ဝန္ႀကီး Pompeo ကေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အာဆင်နယ်လ်-မန်စီးတီးပွဲ ထုတ်လွှင့်ချက် တရုတ်ပယ်ဖျက်မှု ဝန်ကြီး Pompeo ဝေဖန်

(Unicode)

အာဆင်နယ်လ်နဲ့ မန်ချက်စတာ စီးတီးတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ကို တရုတ်နိုင်ငံမှာ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မယ့်အစီအစဉ် ပယ်ဖျက်လိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တရုတ်ကို ဝေဖန်ပြောဆိုပါတယ်။

ဒီလုပ်ရပ်ကြောင့် ဘာသာရေးလူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ အာရုံပြောင်းစေမှာ မဟုတ်ဘူးလို့ ဝန်ကြီး Pompeo က အင်္ဂါနေ့ Twitter မှာ ရေးတာပါ။

အာဆင်နယ်လ်အသင်းရဲ့ ဂျာမန်နိုင်ငံသား နာမည်ကျော် အလယ်တန်း တိုက်စစ်ကစားသမား Mesut Ozil က Uighur မွတ်ဆလင်တွေအပေါ် တရုတ်အစိုးရရဲ့ပြုမူပုံနဲ့ ဒီအပေါ်မှာ တခြားမွတ်ဆလင်နိုင်ငံတွေ ဝေဖန်ပြောဆိုဖို့ ပျက်ကွက်နေတာတွေနဲ့ ပတ်သက်ပြီး Instagram နဲ့ Twitter ပေါ်မှာ သောကြာနေ့က ဝေဖန်ရေးသားတဲ့အပေါ် တရုတ်အစိုးရဘက်က တုံ့ပြန်တာပါ။

“တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ဝါဒဖြန့်ချိရေးဌာနတွေအနေနဲ့ @MesutOzil1088 နဲ့ @Arsenal ပွဲတွေကို ဘောလုံးရာသီတခု လုံး ပိတ်ပင်နိုင်ပေမယ့် အမှန်တရားက အောင်ပွဲခံမှာပဲ” လို့ ဝန်ကြီး Pompeo က Twitter မှာရေးပါတယ်။ “Uighur တွေနဲ့ တခြားဘာသာဝင်တွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို CCP အနေနဲ့ ကမ္ဘာပေါ်ကနေ ဖုံးကွယ်ထားလို့ မရ နိုင်ပါဘူး” လို့လည်း ဝန်ကြီး Pompeo ကရေးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG