သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုတိုက်ဖျက်ရေး တရုတ်နိုင်ငံ အဆိုးဆုံးအဆင့် သတ်မှတ်ခံရ


၂၀၁၇ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိန့်ခွန်းပြော။
၂၀၁၇ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိန့်ခွန်းပြော။

လူကုန်ကူးမှု၊ အဓမ္မအလုပ်ခိုင်းစေမှု လုပ်ငန်းတွေ ကမ္ဘာမှာ အဆိုးဆုံး လုပ်နေတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံဟာ အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား နိုင်ငံတွေနဲ့ အတူရှိနေတယ်လို့အမေရိကန်ပြည်ထောင်စုက ဇွန်လ၂၇ ရက် အင်္ဂါနေ့က ကြေညာ လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာထဲမှာ တရုတ် နိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းရာမှာ ပူးပေါင်းဆောင်ရွက်မှု မရှိဆုံးနိုင်ငံ အဆင့်ဖြစ်တဲ့ အဆင့်၃ ၊ Tier 3 မှာ သတ်မှတ်လိုက်တာပါ။

လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တချို့အဆင့်တွေမှာ အမေရိကန်က တရုတ်ကို အသိအမှတ်ပြုခဲ့ပေမဲ့ ရှင်းကျန်းပြည်နယ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဝီဂါ တိုင်းရင်းသားတွေကို အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့တဲ့ အကြောင်း၊ တရုတ် ရဲတပ်ဖွဲ့ဝင်တွေ ကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ကြိုးပမ်းအားထုတ်မှုတွေ ကျဆင်းနေတဲ့ အကြောင်းနဲ့ကလေးငယ်တွေ အပါအဝင် တရုတ် အမျိုးသား အမျိုးသမီးတွေဟာ အုတ်ဖုတ်တဲ့လုပ်ငန်း၊ ကျောက်မီးသွေးတွင်း လုပ်ငန်းနဲ့အစိုးရ စောင့်ကြည့်မှု နည်းပါးတဲ့ စက်ရုံတွေမှာ အဓမ္မ အလုပ်ခိုင်းခံနေရပြီး တရုတ် အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေ ဟာလည်း လိင်လုပ်ငန်းအတွက် လူကုန်ကူးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မနေ့က ၂၀၁၇ ခုနှစ် လူကုန်ကူးမှု အစီရင်ခံ စာထဲမှာ ဖေါ်ပြထားပါတယ်။

၂၀၁၆ခုနှစ်တုန်းကတော့ အမေရိကန်ရဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာ တရုတ်နိုင်ငံဟာ Tier 2 ( Watch List) အဆင့်၂ စောင့်ကြည့်ခံ နိုင်ငံအဆင့်မှာ သတ်မှတ်ခြင်း ခံခဲ့ရပြီး ဒီနှစ်မှာ အဆင့် ပိုကျဆင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG