(Zawgyi/Unicode)
ၿပီးခဲ႔တဲ႔ႏွစ္ ကမၻာ႔ဖလား ေျခစစ္ပြဲမွာ ျမန္မာက ၇ ဂိုး အသြင္းခံရၿပီး တဂိုးမွ ျပန္မသြင္းႏုိင္ဘဲ ရံႈးနိမ့္ခဲ႔ရတာဟာ လုပ္ပြဲျဖစ္မလားဆိုတဲ႔ သံသယနဲ႔ ကမၻာ့ေဘာလံုး အဖြဲ႔ခ်ဳပ္ FIFA က ျမန္မာေဘာလုံးအသင္းကုိ စံုစမ္းစစ္ေဆးေနပါတယ္။
ကစားသမားေတြကို ေမးျမန္းဖို႔ အတြက္ FIFA က တာ၀န္ရွိသူေတြ ျမန္မာႏုိင္ငံမွာ ေရာက္ေနတယ္ဆိုၿပီး ျမန္မာ မီဒီယာမွာ ေဖာ္ျပခဲ႔တာကို FIFA က အတည္ျပဳခဲ႔ၿပီး ဒီကိစၥကို စံုစမ္းေနေၾကာင္း FIFA က အဂၤါေန႔မွာ ေျပာဆိုတာ ျဖစ္ပါတယ္။
လုပ္ပြဲကစားေၾကာင္း ျပစ္မႈထင္ရွားရင္ေတာ့ ႀကီးေလးတဲ႔ ျပစ္ဒဏ္ ခ်မွတ္ခံရမွာျဖစ္ေၾကာင္း FIFA က ေျပာၾကားလုိက္ၿပီး မၾကာေသးခင္ကဘဲ အနည္းဆံုး ၅ ႏွစ္ ပိတ္ပင္မယ့္အစီအစဥ္ကုိ FIFA က ခ်မွတ္ ျပဌာန္းခဲ့ပါတယ္။
ျမန္မာပါ၀င္တဲ့ အုပ္စု F က ထိပ္သီး ၂ သင္းက ၂၀၂၀ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အာရွတုိက္ကုိယ္စားျပဳၿပီး ၀င္ေရာက္ယွဥ္ၿပိဳင္ႏုိင္ေရး ေနာက္တဆင့္တက္ ကစားၾကရမွာ ျဖစ္ပါတယ္။
....................
မြန်မာဘောလုံးအသင်း လုပ်ပွဲကစားခဲ့ခြင်းဟုတ်မဟုတ် FIFA စုံစမ်းနေ
(Unicode)
ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာက ၇ ဂိုး အသွင်းခံရပြီး တဂိုးမှ ပြန်မသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့ရတာဟာ လုပ်ပွဲဖြစ်မလားဆိုတဲ့ သံသယနဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA က မြန်မာဘောလုံးအသင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ကစားသမားတွေကို မေးမြန်းဖို့ အတွက် FIFA က တာဝန်ရှိသူတွေ မြန်မာနိုင်ငံမှာ ရောက်နေတယ်ဆိုပြီး မြန်မာ မီဒီယာမှာ ဖော်ပြခဲ့တာကို FIFA က အတည်ပြုခဲ့ပြီး ဒီကိစ္စကို စုံစမ်းနေကြောင်း FIFA က အင်္ဂါနေ့မှာ ပြောဆိုတာ ဖြစ်ပါတယ်။
လုပ်ပွဲကစားကြောင်း ပြစ်မှုထင်ရှားရင်တော့ ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်ကြောင်း FIFA က ပြောကြားလိုက်ပြီး မကြာသေးခင်ကဘဲ အနည်းဆုံး ၅ နှစ် ပိတ်ပင်မယ့်အစီအစဉ်ကို FIFA က ချမှတ် ပြဌာန်းခဲ့ပါတယ်။
မြန်မာပါဝင်တဲ့ အုပ်စု F က ထိပ်သီး ၂ သင်းက ၂၀၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှတိုက်ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နောက်တဆင့်တက် ကစားကြရမှာ ဖြစ်ပါတယ်။