သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FIFA အမျိုးသမီး ကမ္ဘာ့ဖလား ဆွီဒင် တတိယ ရရှိ


ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၉ FIFA အမျိုးသမီး ကမ္ဘာ့ဖလားပွဲမှာတော့ ဆွီဒင်က-အင်္ဂလန်အသင်းကို နိုင်ပြီး တတိယ ရသွားပါတယ်။ ဆွီဒင်နဲ့ အင်္ဂလန်တို့ ဒီကနေ့ကစားကြတာမှာ ဆွီဒင်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယ ရသွားတာပါ။

ပွဲစပြီး ၁၁ မိနစ်မှာ ဆွီဒင်အသင်း ဘယ်တောင်ပံက ဂိုးရှေ့ချပေးလိုက်တာကို အင်္ဂလန်နောက်တန်းက သေချာ မဖျက်နိုင်ဘဲ ထွက်လာတဲ့ ဘောလုံးကို Asllani က သွင်းယူခဲ့လို့ ဆွီဒင်က အဖွင့်ဂိုး ရသွားပါတယ်။

ဆွီဒင်အတွက် ဒုတိယဂိုးကိုတော့ Jakobsson က ၂၂ မိနစ်မှာ သွင်းခဲ့ပါတယ်။ ၃၁ မိနစ်မှာတော့ အင်္ဂလန်က Kirby က ညာဝင်းကနေ အတွင်းကို ဆွဲဝင်ပြီးသွင်းခဲ့လို့ ၁ဂိုး ပြန်ရပါတယ်။

အဲဒီနောက် ၃၃ မိနစ်မှာ အင်္ဂလန်တိုက်စစ်မှူး White ရင်ဘတ်နဲ့တားပြီး ချေပဂိုး သွင်းခဲ့ပေမယ့် အငြင်းပွားစရာဖြစ်လို့ VAR ပြန်ကြည့်တာမှာ ဒိုင်က ဂိုးမပေးခဲ့လို့ အင်္ဂလန် ချေပဂိုး မရခဲ့ပါဘူး။

ပဲွဲပြီးခါနီး ၈၉ မိနစ်အရောက်မှာ အင်္ဂလန်က ဂိုးရှေ့ကနေ အပိုင်ကန်သွင်းတာမှာ ဆွီဒင်နောက်တန်းလူက ဂိုးပေါက်ဝကနေ ခေါင်းတိုက် ဖျက်ထုတ်လိုက်တဲ့အတွက် အင်္ဂလန်ဂိုးမရဘဲ နောက်ဆုံးမှာ ဆွီဒင်က ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တတိယ ရသွားတာ ဖြစ်ပါတယ်။

ဒီကနေ့ညမှာတော့ အမေရိကန်နဲ့ နယ်သာလန် အမျိုးသမီးအသင်းတို့ ကမ္ဘာ့ဖလားအတွက် လီယွန်မြို့မှာ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

FIFA အမျိုးသမီး ကမ္ဘာ့ဖလား ဆွီဒင် တတိယ ရရှိ
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG