သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးဖလား အမေရိကန် ပြင်သစ်ကိုနိုင် ဆီမီးတက်


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ဒုတိယပွဲစဉ်မှာ လက်ရှိချန်ပီယံ အမေရိကန်အသင်းက အိမ်ရှင် ပြင်သစ်နိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အမေရိကန်အသင်းအတွက် ပထမဂိုးကို ပွဲစပြီး ၅ မိနစ်အကြာမှာ Rapinoe က သွင်းယူတာဖြစ်ပြီး ၆၅ မိနစ်အကြာမှာ ဒုတိယ ဂိုးကိုလည်း Rapinoe ကပဲ ထပ်မံ သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ၈၁ မိနစ်မှာတော့ ပြင်သစ်အသင်းက ထောင့်ကန်ဘော ရရှိပြီး အဲဒီထောင့်ကန်ဘောကို ပြင်သစ်အသင်း နံပါတ် ၃ Renard က ခေါင်းတိုက်သွင်းယူပြီး ချေပဂိုးတဂိုး ရရှိသွားပါတယ်။

အဲဒီနောက်ပိုင်းမှာ အမေရိကန်အသင်းဘက်က လက်ထိဘောဖြစ်ခဲ့ပေမယ့် ဒိုင်လူကြီးက ပြစ်ဒဏ်ဘော မပေးခဲ့တာကိုတော့ ပြင်သစ်ဘက်က အတော်လေး မကျေမနပ် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ ပြင်သစ်ဘက်က ဒုတိယခြေပဂိုး ရဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှု မရပဲ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။

အခုအခါ အမေရိကန်အသင်းဟာ ဆီမီးဖိုင်နယ် တက်လာတဲ့ ဒုတိယအသင်းဖြစ်ပြီး အင်္ဂလန်အသင်းနဲ့ လာမယ့်အင်္ဂါနေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ ကွာတာဖိုင်နယ် ပွဲစဉ်တွေအဖြစ် အီတလီနဲ့ နယ်သာလန်၊ ဂျာမနီနဲ့ ဆွီဒင်တို့ ဒီကနေ့ စနေနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG