သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇွန် ၂၀ ကမ္ဘာ့ဖလား ပွဲစဉ်များ


ရုရှားမှာ ကျင်းပနေတဲ့ ကမ္ဘာဖလားပွဲစဉ်တွေမှာ ဒီကနေ့ အုပ်စု ပွဲစဉ်တွေ ဆက်ပြီးယှဉ်ပြိုင်ရာမှာ ပထမဦးဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ မော်ရိုကိုတို့ ကစားခဲ့ကြပြီး ၁ ဂိုး- ဂိုးမရှိနဲ့ ပေါ်တူဂီအသင်းက အနိုင်ရသွားပါတယ်။ ပထမပိုင်း ၄ မိနစ်အကျော်မှာပဲ ပေါ်တူဂီအသင်းက Cristiano Ronaldo က ပွဲဦးထွက်ဂိုးကို သွင်းခဲ့တာပါ။ မော်ရိုကိုအသင်းကို အနိုင်ရလိုက်တဲ့အတွက် အုပ်စု B မှာ ပေါ်တူဂီက အုပ်စုဗိုလ်အဖြစ်နဲ့ ဦးဆောင်နေပါတယ်။

မကြာခင်ကစားမှာဖြစ်တဲ့ အုပ်စု A က ဥရုဂွေးနဲ့ ဆော်ဒီအာရေးဗျတို့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ ကစားကြမှာပါ။ အုပ်စုပွဲ အတွင်း အီဂျစ်ကို အနိုင်ယူထားတဲ့ ဥရုဂွေး အသင်းနဲ့ ရုရှားကို တလုံးမှ ပြန်မသွင်းနိုင်ဘဲ ၅ ဂိုးပေးထားတဲ့ ဆော်ဒီအသင်းတို့ ကစားပွဲမှာတော့ ဥရုဂွေးက ခြေသာလှတယ်လို့လည်း သုံးသပ်ထားကြပါတယ်။

ဒီကနေ့ နောက်ဆုံးပွဲ မြန်မာစံတော်ချိန် သန်းခေါင်းကျော် ၁၂ ခွဲမှာ ကစားမယ့် အုပ်စု B အီရန်နဲ့ စပိန်ပွဲကိုတော့ Kazan မြို့က Kazan ကွင်းမှာ ကစားကြမှာပါ။ အုပ်စုပွဲ အတွင်း စပိန်က ပေါ်တူဂီနဲ့ သရေကစားထားပြီး ၁ မှတ်ရထားတဲ့ အချိန်မှာ အီရန်ကတော့ မော်ရိုကိုကို အနိုင်ကစားထားတာကြောင့် ၃ မှတ်ရထားပါတယ်။ ဒါပေမယ့် အခုပွဲမှာတော့ စပိန်က နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မနေ့က ပွဲစဉ်တွေမှာတော့ ဂျပန်က ကိုလံဘီယာကို ၂ ဂိုး တဂိုး၊ ဆီနီဂေါ နဲ့ ပိုလန်ပွဲမှာတော့ ဆီနီဂေါက ၂-၁ နဲ့ နိုင်ပါတယ်။ အိမ်ရှင် ရုရှားနဲ့ အီဂျစ်ပွဲမှာတော့ သုံးဂိုး တဂိုးနဲ့ ရုရှားက အနိုင်ရခဲ့ပါတယ်။

ဇွန် ၂၀ ကမ္ဘာ့ဖလား ပွဲစဉ်များ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG