သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်ရ


၂၀၂၆ ခုနှစ် အတွက် ကမ္ဘာ့ဖလားဘောလုံးပွဲကိုတော့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် FIFA က ပေးအပ်လိုက်ပါတယ်။

FIFA အဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံမဲ ၁၃၄ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ မော်ရိုကိုနဲ့ ယှဉ်ပြိုင်ရွေးချယ်ခံခဲ့တဲ့ သုံးနိုင်ငံ အဖွဲ့ကို မဲပေးရွေးချယ်လိုက်တာပါ။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပခွင့် ပေးအပ်ခဲ့တဲ့ အပေါ် အမေရိကန် သမ္မတ Donald Trump က ချီးကျူး ပြောဆိုပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကတော့ ၁၉၉၄ ခုနှစ် နောက်ပိုင်း အမေရိကန်တို့ ပထမဆုံး အကြိမ် အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ပွဲ ဖြစ်မှာပါ။ သုံးနိုင်ငံ ပူးတွဲ ကျင်းပခွင့်ပေးလိုက်တာက FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် သမိုင်းမှာလည်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

မြောက်အမေရိကတိုက် သုံးနိုင်ငံတို့ အဆိုပြုထားတဲ့ အစီအစဉ်ကတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် ၈၀ မှာ ပွဲစဉ် ၆၀ ကို အမေရိကန်မှာ ကစားမှာ ဖြစ်ပြီး ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ပွဲစဉ် ၁၀ ခုစီ ကစားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ၃၂ သင်းကစားနေတာကနေ ၂၀၂၆ ခုနှစ်မှာတော့ ၄၈ သင်းထိ ပါဝင် ကစားကြမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုတော့ မနက်ဖြန် ကြာသပတေးနေ့မှာ ရုရှားနိုင်ငံမှာ စတင်တော့မှာ ဖြစ်ပြီး အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေးဗျတို့ ကစားကြမှာပါ။ ၂၀၂၂ ခုနှစ် အတွက် ကမ္ဘာ့ဖလား ဘောလုံးပွဲကိုတော့ ကာတာနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ကျင်းပခွင့်ရ
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG