သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူက တရားမဝင် မြန်မာငွေလွှဲလုပ်ငန်းတွေ ဖမ်းဆီးခံရ


စင်္ကာပူနိုင်ငံ Merlion ရုပ်ထုနားက မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၀)
စင်္ကာပူနိုင်ငံ Merlion ရုပ်ထုနားက မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

စင်္ကာပူမှာ မြန်မာအလုပ်သမားတွေ ဟွန်ဒီ ငွေလွှဲကြလေ့ရှိတဲ့ Peninsula Plaza က ဆိုင် ခြောက် ခုကို နယ်စပ်ဖြတ်တရားမဝင်ငွေလွှဲမှုနဲ့ စင်္ကာပူအစိုးရက စုံစမ်းနေပါတယ်။

စင်္ကာပူ CDC, CID, CPD ရဲတပ်ဖွဲ့တွေအပြင် လူ့စွမ်းအား MOM ဝန်ကြီးဌာနတွေက ပူးတွဲစီမံချက်နဲ့ ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့က Peninsula Plaza ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ဒေါ်လာ ၄၆၀,၀၀၀ ကျော် ငွေသားတွေအပြင် computer တွေ ငွေမှောင်ခိုလွှဲရာမှာ အသုံးပြုတဲ့ ပစ္စည်းအထောက်အထားတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ Straits Times သတင်းက ဖော်ပြပါတယ်။

ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ ဆိုင် ၆ ဆိုင်ဟာ စင်္ကာပူဘဏ္ဍာရေး အာဏာပိုင်တွေ တရားဝင်ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်နေကြတယ်လို့ သတင်းကပြောပါတယ်။ ငွေပေးချေ၊ လွှဲပြောင်းရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်သူတွေအနေနဲ့ ငွေဒဏ် စင်္ကာပူဒေါ်လာ ၁၂၅,၀၀၀၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

ရှာဖွေဖမ်းဆီးမှုအတွင်း ဘယ်နှယောက်အဖမ်းခံထားရသလဲဆိုတာကို VOA က စုံစမ်းနေဆဲဖြစ်ပါတယ်။ စင်္ကာပူမှာ အလုပ်လုပ်နေကြသူ တော်တော်များများဟာ အဲဒီ Peninsula Plaza ကဆိုင်တွေကနေ မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတွေဆီ ငွေပြန်ပို့နေကြတာဖြစ်ပါတယ်။

စင်္ကာပူက တရားမဝင် မြန်မာငွေလွှဲလုပ်ငန်းတွေ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG