သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဒုတိယလႈိင္း ကာကြယ္ေဆးထုတ္လုပ္မႈ


အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္,
ကိုဗစ္ဒုတိယလႈိင္း ကာကြယ္ေဆးထုတ္လုပ္မႈ
please wait

No media source currently available

0:00 0:12:00 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ႏိုင္တင္းေရာဂါ တေက်ာ့ျပန္ကူးစက္မႈအတြက္ စိုးရိမ္ေနၾကခ်ိန္မွာ ႏိုင္ငံတကာမွာေတာ့ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ေရး အထူးအာ႐ုံစိုက္ လုပ္ေနပါတယ္။ ဒီေနရာမွာ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ မ်ိိုးဗီဇေျပာင္းလဲပုံကို ေသခ်ာသိိရွိဖို႔ အေရးႀကီးတာပါ။ အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္, ကို ေဒၚခင္မ်ိဳးသက္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ အားလံုးက စိတ္ဝင္တစားျဖစ္ေနတာက Second Wave ဒုတိယလိႈင္းဆိုတဲ့ စကားလံုးက ဘယ္ကေန စေပၚလာသလဲ။ အဲဒါကစၿပီးေတာ့ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ ဒုတိယလိႈင္းဆိုတာကေတာ့ စခဲ့တာ Reference အေနနဲ႔ စေျပာရမယ္ဆိုရင္ေတာ့ ၁၉၁၈ တုန္းက ျဖစ္ခဲ့တဲ့ influenza pandemic ကို အေျခခံၿပီးေတာ့ ေျပာတာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ၁၉၁၈ တုန္းက စခဲ့တဲ့ဟာက ၁၉၁၈ မွာ ပထမဦးဆံုး စျဖစ္တုန္းက Spring ေႏြဦးရာသီမွာ စျဖစ္တယ္။ ျဖစ္ၿပီးတဲ့ေနာက္ ျပန္ၿပီးေတာ့ infection rate ေတြက ေသတဲ့ႏႈန္းေတြက က်သြားခဲ့တယ္။ က်သြားၿပီးတဲ့ေနာက္မွ ၁၉၁၈ ေဆာင္းဦးရာသီမွာ တစ္ခါျပန္တက္တယ္။ ၿပီးမွ ေနာက္တစ္ခါျပန္က်သြားတယ္။ အဲဒီေနာက္ ၁၉၁၉ မွာ တစ္ခါျပန္တက္လာပါတယ္။ အဲဒီ့ဟာက ႏွစ္နဲ႔ခ်ီၿပီးေတာ့ ၾကာသြားခဲ့ၿပီး ပထမတစ္လိႈင္းတက္တယ္။ ျပန္က်တယ္။ ဒုတိယတစ္လိႈင္းတက္တယ္။ ျပန္က်တယ္။ တတိယတစ္လိႈင္းတက္တယ္။ ျပန္က်တယ္။ အဲဒါေတြကိုေျပာၿပီးေတာ့ Reference အေနနဲ႔ ေျပာတာပါ။

ေမး ။ ။ ဆိုေတာ့ ကိုဗစ္-၁၉ ျဖစ္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ တခ်ဳိ ႔ႏုိင္ငံေတြမွာ အမ်ားႀကီးတက္တယ္။ တက္ၿပီးေတာ့ ျပန္က်တယ္။ က်ၿပီးေတာ့ ဘာမွမရိွတဲ့အခ်ိန္မွာ ျပန္တက္လာတယ္ဆိုေတာ့ ဒုတိယလိႈင္းကို ျမန္မာႏုိင္ငံက လူေတြကလည္း စိုးရိမ္ေနၾကတယ္။ အခုလိုမ်ဳိး ဒုတိယလိႈင္းက ကိုဗစ္-၁၉ အတြက္ကို တကယ္ပဲ ၁၉၁၈ မွာ ျဖစ္တဲ့ တုပ္ေကြးေရာဂါနဲ႔ ပတ္သက္လို႔ ဘယ္လိုမ်ဳိးနဲ႔ ပံုစံတူပါသလား။ အဲဒါကို ေျပာျပေပးပါ။

ေျဖ ။ ။ တူပါသလားဆိုေတာ့ အခုလက္ရိွျဖစ္ေနတဲ့ အေနအထားကို ၾကည့္ရတာကေတာ့ တိုက္ရိုက္ႀကီး ေသေသခ်ာခ်ာ၊ တိတိပပ တူတယ္လို႔ေတာ့ ေျပာလုိ႔ေတာ့ မရပါဘူး။ ဒုတိယလိႈင္းဆိုတာက ဗိယက္နမ္လို တိုင္းျပည္မ်ဳိး၊ တရုတ္ျပည္ပတိုင္းျပည္မ်ဳိးေတာင္ မဟုတ္လုိ႔ရိွရင္ နယူးဇီလန္လို႔ တုိင္းျပည္မ်ဳိး၊ သူတုိ႔ေတြမွာ Zero အထိ ျဖစ္သြားၿပီးေတာ့မွ တဖန္ျပန္ၿပီးေတာ့ တက္လာတယ္။ တစ္ခါျပန္ၿပီးေတာ့ ေတြ႔ရတယ္။ ဒါမ်ဳိးကိုေတာ့ Second Wave ဆုိၿပီးေတာ့ ေျပာလို႔ရတယ္။ အေမရိကန္လို တုိင္းျပည္မ်ဳိး၊ UK လို တုိင္းျပည္မ်ဳိးေတြမွာဆိုရင္ေတာ တက္ေနတာကေန ျပန္က်သြားတဲ့ Base က ေရျပင္ညီမ်ဥ္းနဲ႔ မညီေသးတဲ့အတြက္ ပထမလိႈင္းမွာပဲ ရိွေနေသးတာလား။ ေနာက္တစ္လိႈင္း ဘယ္ေတာ့လာမလဲဆိုတာကို မသိေသးဘူး။ ေသေသခ်ာခ်ာ ဒီဟာတစ္ခုလံုးကို ပံုေသဆြဲေျပာလို႔ မရေသးဘူး ျဖစ္ေနပါတယ္။

ေမး ။ ။ ဆိုေတာ့ ကိုဗစ္-၁၉ မွာ ဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီလိုမ်ဳိး အတက္အက်ေတြ ျဖစ္တာေပါ့။ ကူးစက္တာေတြက တန္႔သြားတာေတြ၊ ပိုၿပီးေတာ့ ကူးလာတာေတြ။ အဲဒါေတြက ဘယ္အေပၚမွာ အေျခခံသလဲ။ နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ လူေတြရဲ ႔ ျပဳမႈပံုေပၚမွာလည္း မူတည္ေနသလိုမ်ဳိး။ ဗိုင္းရပ္စ္ရဲ ႔ မ်ဳိးဗီဇာေျပာင္းလဲမႈေပၚမွာလည္း မူတည္ပါတယ္။ အခု သိထားတဲ့အရေတာ့ တရုတ္ျပည္သူသမၼတႏုိင္ငံမွာ စစခ်င္းျဖစ္ခဲ့တဲ့ ဗိုင္းရပ္စ္နဲ႔ ဥေရာပဘက္မွာျဖစ္ခဲ့တဲ့ ဗုိင္းရပ္စ္ေတြဆို mutation ေတြ ရိွတယ္။ ဒါေၾကာင့္ အီတလီ၊ စပိန္တို႔မွာ ကူးစက္ႏႈန္း၊ ေသႏႈန္းေတြ အရမ္းကိုမ်ားခဲ့တယ္။ အခုဆိုရင္ ဘရာဇီးမွာ ျဖစ္ခဲ့တဲ့ဗိုင္းရပ္စ္ဆိုရင္ mutation ရိွသလား၊ မ်ဳိးဗီဇ ဘယ္လိုေျပာင္းလဲသြားသလဲဟာကို ေလ့လာေနတုန္းပဲ။ ဒါေတြက ဘယ္လိုထပ္ၿပီးေတာ့ ေျပာင္းလဲမလား၊ မေျပာင္းလဲဘူးဆုိတာေတြကို ထုတ္ျပန္ခ်က္ မရိွေသးဘူး။ မ်ဳိးဗီဇ ေျပာင္းလဲမႈေပၚမွာလဲ မူတည္ပါတယ္။ ေနာက္ၿပီးေတာ့ လူေတြရဲ ႔ အျပဳအမႈ၊ အေနအထိုင္ေပၚမွာလဲ မူတည္ပါတယ္။

ေမး ။ ။ လူေတြရဲ ႔ အျပဳအမႈကေတာ့ အကုန္လံုး သိၾကတယ္။ ေျခာက္ေပကြာ အနည္းဆံုး ခပ္ခြါခြါ ေနၾကပါ။ လက္ေဆးပါ။ တကိုယ္ရည္ သန္႔ရွင္းမႈတုိ႔ဘာတို႔။ အခု mutation လို႔ေျပာတဲ့ မ်ဳိးဗီဇ ေျပာင္းလဲတာနဲ႔ ပတ္သက္ၿပီးေတာ့ နည္းနည္းရွင္းျပေပးပါအံုး။

ေျဖ ။ ။ မ်ဳိးဗီဇ ေျပာင္းလဲတယ္ဆိုတာက အခုအခ်ိန္ထိေတာ့ စၿပီးေတြ႔ခဲ့တဲ့ ကိုဗစ္-၁၉ ဗုိင္းရပ္စ္ပိုးသည္ သူနဲ႔ မ်ဳိးဗီဇတူတဲ့ ၉၆.၄ ရာခိုင္ႏႈန္းတူတဲ့ဟာက Horseshoe ျမင္းခြါပံုစံရိွတဲ့ လင္းႏို႔မွာေတြ႔ခဲ့တဲ့ ဗိုင္းရပ္စ္နဲ႔ ၉၆.၄ ရာခိုင္ႏႈန္း မ်ဳိးဗီဇာ တူတယ္။ အဲဒီကေန က်န္တဲ့ ၃.၆ ရာခိုင္ႏႈန္းေလာက္သာ နည္းနည္းကြဲသြားတယ္။ ကြဲသြားတဲ့အထဲမွာ အဓိကေတြ႔ရတာကေတာ့ receptor ၾကက္ေမာက္သီးဆိုရင္ သူ႔ရဲ ႔ထိပ္က အေမႊးေလးမွာရိွတဲ့ဟာလိုမ်ဳိး ၾကက္ေမာက္သီးပံုစံမ်ဳိးတြက္မယ္ - ဗုိင္းရပ္စက ၾကက္ေမာက္သီးဆိုၿပီး ေျပာမယ္ဆိုရင္ သူ႔ရဲ ႔ထိပ္က အေမႊးေလးက receptor ကို လာထိမယ္။ လာထိၿပီးေတာ့ ျပန္ခြါလို႔မရတဲ့ ေပါင္းစပ္ခ်င္းနဲ႔ ေပါင္းၿပီးေတာ့ -- ဝင္တယ္။ အဲဒီဟာမွာ အဓိကကြဲသြားတာ - အဲဒီကြဲသြားတာက မ်ဳိးဗီဇတဆင့္ ေျပာင္းသြားတယ္။ ေျပာင္းသြားၿပီးေတာ့ စစခ်င္းေတြ႔ခဲ့တဲ့ တရုတ္ျပည္မက မ်ဳိးဗီဇ sequences ကို ဒီေလာက္တူတယ္ဆိုၿပီးေတာ့ တြက္ၾကတယ္။ ၿပီးေတာ့ ဥေရာပက ေတြ႔ခဲ့တဲ့ လူေတြဆီကေနရတဲ့ - လူနာေတြဆီက မ်ဳိးဗီဇနဲ႔ တရုတ္ျပည္မက မ်ဳိးဗီဇတို႔ကို တစ္ခါျပန္ၿပီးေတာ့ ျပန္ယွဥ္တဲ့အခ်ိန္မွာေတာ့ ေျပာင္းလဲမႈေလးေတြ ရိွတယ္။ တစ္ခုပဲ … အဲဒီေျပာင္းလဲမႈ တစ္ခုက သူ႔ရဲ ႔ပူးေပါင္းႏိုင္မႈနဲ႔ ျပန္႔ႏုိင္စြမ္းအားကို ပိုၿပီးေတာ့ တိုးေစတယ္ဆိုၿပီးေတာ့ ခန္႔မွန္းၾကတယ္။ ဒါေၾကာင့္မို႔ သူတို႔ရဲ ႔ ျပန္႔ပြားတဲ့ႏႈန္းက ဥေရာပက ျပန္႔ပြားတဲ့ႏႈန္းက တရုတ္ျပည္မက ျပန္႔ပြားတဲ့ႏႈန္းထက္ အဆမတန္ပိုၿပီးေတာ့ မ်ားသြားတယ္။ ဒါေၾကာင့္ ထပ္ၿပီးေတာ့ ေျပာင္းလဲအံုးမလားဆိုတဲ့ဟာကိုေတာ့ က်မတုိ႔လည္း ေလ့လာေနတုန္းပဲ။ သိပၸံပညာရွင္ေတြလည္း ေလ့လာေနတုန္းပါပဲ။ တခ်ိန္တည္းမွာပဲ ေတြ႔တဲ့ -- ကို target လုပ္တာက အထိေရာက္ဆံုး ျဖစ္တဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားက ကာကြယ္ေဆးေတြနဲ႔ ကုသေနၾကတယ္။

ေမး ။ ။ Mutation ကလဲ သိပ္အေရးႀကီးတယ္ေပါ့။ ဒီေရာဂါ ကူးစက္ပ်ံ ႔ႏံွ႔တဲ့ေနရာမွာ အရမ္းအေရးႀကီးတယ္ေပါ့။ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ အခုမွ ေလ့လာေနတဲ့အခ်ိန္မ်ဳိးမွာ ဒီေရာဂါေၾကာင့္ လူေတြေသေနတာ၊ ကူးစက္မႈမ်ားေနတာေတြ ျဖစ္တယ္။ ဒါကိုတားဆီးဖို႔အတြက္ ကာကြယ္ေဆးေတြ ထုတ္ေနၾကတယ္။ အခု ဒုတိယလိႈင္း လာေနတယ္ဆိုရင္ ပိုဆိုးမွာကို လူေတြက စိုးရိမ္ေနၾကတယ္။ စိုးရိမ္ေနၾကတဲ့ အေျခအေနမွာ ကာကြယ္ေဆး ထုတ္ႏုိင္တဲ့ အေနအထားကို ေျပာျပေပးပါ။ ဘယ္လို အေျခအေန ရိွေနသလဲ။ ေနာက္ဆံုးသိရသေလာက္ ေျပာျပေပးပါ။

ေျဖ ။ ။ ဇူလိုင္ (၃၁) ရက္ေန႔ ထုတ္ျပန္ခ်က္အရေတာ့ အနယ္နယ္အရပ္ရပ္၊ ႏုိင္ငံအသီးသီးကေန လူေတြနဲ႔ စၿပီးေတာ့ စမ္းသပ္ေနတယ္။ Phase 2, 3, ဒါမွမဟုတ္ Phase 3 စမ္းသပ္ေနတယ္ဆိုတဲ့ဟာက စုစုေပါင္း (၂၆) ခု ရိွပါတယ္။ က်န္တဲ့ ေနာက္လာမယ့္ ၾသဂုတ္ - စက္တင္ဘာမွာလဲ ဆက္ၿပီးေတာ့ လူေတြနဲ႔စမ္းဖုိ႔ ထြက္လာမယ့္ေဆးေတြ ရိွေနပါေသးတယ္။ ဆိုေတာ့ ဒီလို vaccine candidates ကာကြယ္ေဆးထိုးခံမယ့္ အေလာင္းအလ်ာေတြကေတာ့ ရာနဲ႔ခ်ီၿပီးေတာ့၊ တစ္ရာေက်ာ္ ရိွပါတယ္။

ေမး ။ ။ ဒီတစ္ရာေလာက္ လူေတြအမ်ားႀကီး ဝိုင္းႀကိဳးစားေနေတာ့ အမ်ားႀကီးထြက္လာတယ္။ ထြက္လာတဲ့အထဲက တကယ္တမ္း အားထားရမယ့္ဥစၥာေတြ ဘယ္ႏွစ္ခုေလာက္ ရိွမယ္လို႔ သိရသလဲ။

ေျဖ ။ ။ တကယ္တမ္း အားထားရမယ့္ဟာဆိုေတာ့ က်မ ဒီအပတ္ US ဘက္ကဟာေတြကို ပိုၿပီးေတာ့ ဖတ္မိတယ္ဆိုေတာ့ US ဘက္မွာဆိုရင္ေတာ့ အခု အလားအလာေကာင္းမယ့္ဟာက Moderna, Johnson and Johnson ရိွမယ္။ Pfizer နဲ႔ … လည္း ရိွမယ္။ အဲဒီကေန သူတုိ႔ေတြက အလားအလာ အေကာင္းဆံုးဆိုၿပီးေတာ့ Scientists ေတြ ေျပာေနတဲ့ဟာကေတာ့ Moderna Therapeutics ျဖစ္ၿပီး၊ သူက US မွာ ထုတ္ၿပီး၊ US ကုမၸဏီေတြ ထုတ္တဲ့အထဲမွာ သူကေတာ့ အလားအလာ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ခ်က္ ရိွေနတယ္။ အလားအလာ အေတာ္ေလးေကာင္းတယ္ဆိုတဲ့ ေဆးတစ္ခုေပါ့။ သူကေတာ့ MRNA ကို အေျခခံၿပီးေတာ့ ထုတ္တဲ့ေဆးေပါ့။ သူတို႔က ဗိုင္းရပ္စ္ရဲ ႔ … အပိုင္းတစ္ခုကို ၾကည့္လိုက္တယ္။ ကြန္ျပဴတာနဲ႔ ပံုေဖာ္ၿပီးေတာ့ အဲဒီဟာကို အပိုင္းေလးကို target လုပ္ၿပီးေတာ့ ဒီဟာေလးကို cell ထဲမွာ အရင္ထည့္တယ္။ အဲဒါေလးေတြလုပ္ၿပီးရင္ သတၱဝါေတြနဲ႔ စမ္းတယ္။ ေမ်ာက္နဲ႔စမ္းတယ္။ ၾကြက္နဲ႔စမ္းတယ္။ အဲဒါမ်ဳိးေတြ လုပ္ခဲ့ၿပီးေနာက္မွ ဒီအပိုင္းအစေလးက သတၱဝါထဲမွာဆိုရင္ သူတုိ႔ရဲ ႔ ခုခံအားကို ဘယ္ေလာက္ တိုးပြားႏုိင္ေစမလဲဆိုတာကို သူတုိ႔က အဆင့္ဆင့္ ျပန္ၿပီးေတာ့ ေလ့လာထားတာျဖစ္တယ္။

ေမး ။ ။ အခု ကိုဗစ္-၁၉ ျဖစ္တဲ့လူေတြဆီကေန ေသြးရည္ၾကည္ကို ယူၿပီးေတာ့ စမ္းတယ္လို႔ ေျပာတယ္။ အဲဒါေလး နည္းနည္းေျပာျပေပးပါ။ ဘာေၾကာင့္ ေသြးရည္ၾကည္ယူၿပီးေတာ့ စမ္းတာပါလဲ။

ေျဖ ။ ။ အရမ္းေကာင္းတဲ့ ေမးခြန္းပါ။ ေသြးရည္ၾကည္ကို ယူၿပီးေတာ့ စမ္းတယ္ဆိုတဲ့ဟာက သူ႔ရဲ ႔ ေသြးရည္ၾကည့္ကုထံုနဲ႔ အဓိကသေဘာတရား နိယာမက ဘာကိုသြားၿပီး အေျခခံထားသလဲဆိုရင္ ဗိုင္းရပ္စ္က ခႏၶာကိုယ္ထဲကို ဝင္တယ္။ ဒီလူတစ္ေယာက္သည္ ဒီဗိုင္းရပ္စ္ကို ခုခံႏုိင္တဲ့ သူ႔ရဲ ႔ ခုခံအားကေန ဗိုင္းရပ္စ္ကို ထုတ္ယူထုတ္။ ဥပမာေျပာရမယ္ဆိုရင္ အေစာကေျပာတဲ့ ၾကက္ေမာက္သီးကေလးဆုိရင္ ၾကက္ေမာက္သီးရဲ ႔အေမႊးေလးေတြကို Target လုပ္ႏုိင္တယ္။ အဲဒါေလးကေတာ့ ေခ်းဖ်က္ႏုိင္တယ္။ ဒီဗိုင္းရပ္စ္ကို ေခ်ဖ်က္ႏိုင္တယ္။ အဲဒီ ခုခံအားထြက္သြားတဲ့ဟာသည္ အဲဒီခုခံအားကို သူတုိ႔က ေသြးရည္ၾကည္က ခြဲထုတ္ယူၿပီးေတာ့ Anti-body လို႔ ေခၚမွာပဲ ေသြးရည္ၾကည္က ျပဳလုပ္ယူၿပီးေတာ့ အဲဒီေသြးရည္ၾကည္နဲ႔ အစားထိုးကုတာပါ။

ေမး ။ ။ ဆိုေတာ့ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီးေတာ့ ကာကြယ္ေဆးေတြ ထုတ္ႏုိင္ဖို႔လဲ ႀကိဳးစားေနတယ္။ အလားအလာ ရိွေနတာေတြလည္း ေတြ႔ေနရတယ္။ ဒီအခ်ိန္မွာလဲ ဒုတိယလိႈင္း Second Wave လာမယ္ဆိုတာကိုလဲ လူတုိင္းက စိုးရိမ္ေနၾကတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံက ဘာေတြသတိထားသင့္သလဲဆိုတာကို နည္းနည္းေလး ေျပာျပေပးပါ။။

ေျဖ ။ ။ အခုက ေစာေစာက က်မတို႔ ေျပာခဲ့သလိုပါပဲ … တခ်ဳိ ႔တိုင္းျပည္ေတြမွာက ပထမလိႈင္း၊ ဒုတိယလိႈင္း၊ အဲဒီလိုမ်ဳိး ပံုစံမ်ဳိးနဲ႔ သြားေနတဲ့ ပထမတစ္ခု တက္သြားတယ္။ ၿပီးေတာ့ က်သြားၿပီေနာက္ ဒုတိယအႀကိမ္ ျပန္တက္လာတယ္။ ဒါမ်ဳိး ပံုစံကို ဝင္ေနတဲ့ - တခ်ဳိ ႔တိုင္းျပည္ ခႏၶာကိုယ္ ဥပမာ US, Singapore တို႔မွာ အတက္ေတြပဲ ရိွေနတယ္ဆိုေတာ့ ပထမလိႈင္းထဲမွာပဲ ရိွေနတာလား။ ဘယ္လိုမ်ဳိး ျဖစ္အံုးမလဲဆိုတာကို မသိေသးဘူး။ အဲဒဲေၾကာင့္လဲ ဗမာျပည္က ပထမလိႈင္းထဲမွာ ရိွေနေသးတာလား။ ဘယ္လိုမ်ဳိး သြားမလဲဆိုတာကို ေျပာလို႔မရေသးဘူး။ အခုကေတာ့ တျဖည္းျဖည္းတက္တဲ့ဟာက ခုန္ခုန္ၿပီးေတာ့ ဥပမာ အိႏိၵယလို ခုန္ခုန္ၿပီး တက္သြားတာမ်ဳိး မဟုတ္ဘဲနဲ႔ တစ္ေယာက္၊ ႏွစ္ေယာက္ မ်ားတဲ့အခ်ိန္ဆိုရင္ ဆယ္ေယာက္ အဲဒီေလာက္ပဲ ပတ္ဝန္းက်င္က အဲဒီေလာက္ပဲ တက္ေနတယ္ဆိုရင္ေတာ့ ထိန္းလို႔ရေနေသးတယ္ ျဖစ္ေနေသးေပမယ့္ ျပည္သူေတြအေနနဲ႔လဲ တအားႀကီး ငါတို႔မျဖစ္ပါဘူးဆိုၿပီးေတာ့ အဲဒီလိုမ်ဳိးေတြးၿပီး မေပါ့ဆသင့္ပါဘူး။ အနည္းဆံုးေတာ့ အထူးသျဖင့္ အသက္ (၆၀) (၆၅) အထက္ လူႀကီးေတြ၊ ေရာဂါအခံရိွတဲ့ ဘယ္အရြယ္မဆို လူေတြဆိုရင္ေတာ့ လူစုလူေဝးကို ေရွာင္က်ဥ္ရမယ္။ မေရွာင္ႏိုင္ဘူးဆိုရင္ေတာင္မွ ခပ္ခြါခြါဆက္ေနရမယ္။ ေနာက္ၿပီးေတာ့ အျပင္သြားတဲ့အခါက်ရင္ ႏွားေခါင္းစည္းေလးေတြ ဝတ္သြားရမယ္။ အဲဒီလိုမ်ဳိး အဓိကေတာ့ လူစုလူေဝး ေရွာင္းရွားရမယ္။ ဒါမ်ဳိးေတြ တကိုယ္ရည္ သန္႔ရွင္းေရးနဲ႔ သန္႔သန္႔ရွင္းရွင္း ဆက္ၿပီးေတာ့ ေနရင္ေတာ့ …

ေမး ။ ။ ဒုတိယလိႈင္းကို ကာကြယ္ဖို႔

ေျဖ ။ ။ ကိုယ့္အတြက္ကိုယ္ အေလးထားရတဲ့အတြက္နဲ႔ ခ်စ္တဲ့ခင္တဲ့လူေတြအတြက္ တခါတည္း ကာကြယ္ေပးဖို႔

ေမး ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ မခင္ဇာဝင္းျပည့္။

ေျဖ ။ ။ အခုလို ပါဝင္ေဆြးေႏြးခြင့္ရတဲ့အတြက္လဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။


==Unicode ===

ကိုဗစ်နိုင်တင်းရောဂါ တကျော့ပြန်ကူးစက်မှုအတွက် စိုးရိမ်နေကြချိန်မှာ နိုင်ငံတကာမှာတော့ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အထူးအာရုံစိုက် လုပ်နေပါတယ်။ ဒီနေရာမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲပုံကို သေချာသိရှိဖို့ အရေးကြီးတာပါ။ အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့်, ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ အားလုံးက စိတ်ဝင်တစားဖြစ်နေတာက Second Wave ဒုတိယလှိုင်းဆိုတဲ့ စကားလုံးက ဘယ်ကနေ စပေါ်လာသလဲ။ အဲဒါကစပြီးတော့ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ဒုတိယလှိုင်းဆိုတာကတော့ စခဲ့တာ Reference အနေနဲ့ စပြောရမယ်ဆိုရင်တော့ ၁၉၁၈ တုန်းက ဖြစ်ခဲ့တဲ့ influenza pandemic ကို အခြေခံပြီးတော့ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၁၈ တုန်းက စခဲ့တဲ့ဟာက ၁၉၁၈ မှာ ပထမဦးဆုံး စဖြစ်တုန်းက Spring နွေဦးရာသီမှာ စဖြစ်တယ်။ ဖြစ်ပြီးတဲ့နောက် ပြန်ပြီးတော့ infection rate တွေက သေတဲ့နှုန်းတွေက ကျသွားခဲ့တယ်။ ကျသွားပြီးတဲ့နောက်မှ ၁၉၁၈ ဆောင်းဦးရာသီမှာ တစ်ခါပြန်တက်တယ်။ ပြီးမှ နောက်တစ်ခါပြန်ကျသွားတယ်။ အဲဒီနောက် ၁၉၁၉ မှာ တစ်ခါပြန်တက်လာပါတယ်။ အဲဒီ့ဟာက နှစ်နဲ့ချီပြီးတော့ ကြာသွားခဲ့ပြီး ပထမတစ်လှိုင်းတက်တယ်။ ပြန်ကျတယ်။ ဒုတိယတစ်လှိုင်းတက်တယ်။ ပြန်ကျတယ်။ တတိယတစ်လှိုင်းတက်တယ်။ ပြန်ကျတယ်။ အဲဒါတွေကိုပြောပြီးတော့ Reference အနေနဲ့ ပြောတာပါ။

မေး ။ ။ ဆိုတော့ ကိုဗစ်-၁၉ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ တချို့နိုင်ငံတွေမှာ အများကြီးတက်တယ်။ တက်ပြီးတော့ ပြန်ကျတယ်။ ကျပြီးတော့ ဘာမှမရှိတဲ့အချိန်မှာ ပြန်တက်လာတယ်ဆိုတော့ ဒုတိယလှိုင်းကို မြန်မာနိုင်ငံက လူတွေကလည်း စိုးရိမ်နေကြတယ်။ အခုလိုမျိုး ဒုတိယလှိုင်းက ကိုဗစ်-၁၉ အတွက်ကို တကယ်ပဲ ၁၉၁၈ မှာ ဖြစ်တဲ့ တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ ဘယ်လိုမျိုးနဲ့ ပုံစံတူပါသလား။ အဲဒါကို ပြောပြပေးပါ။

ဖြေ ။ ။ တူပါသလားဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ အနေအထားကို ကြည့်ရတာကတော့ တိုက်ရိုက်ကြီး သေသေချာချာ၊ တိတိပပ တူတယ်လို့တော့ ပြောလို့တော့ မရပါဘူး။ ဒုတိယလှိုင်းဆိုတာက ဗိယက်နမ်လို တိုင်းပြည်မျိုး၊ တရုတ်ပြည်ပတိုင်းပြည်မျိုးတောင် မဟုတ်လို့ရှိရင် နယူးဇီလန်လို့ တိုင်းပြည်မျိုး၊ သူတို့တွေမှာ Zero အထိ ဖြစ်သွားပြီးတော့မှ တဖန်ပြန်ပြီးတော့ တက်လာတယ်။ တစ်ခါပြန်ပြီးတော့ တွေ့ရတယ်။ ဒါမျိုးကိုတော့ Second Wave ဆိုပြီးတော့ ပြောလို့ရတယ်။ အမေရိကန်လို တိုင်းပြည်မျိုး၊ UK လို တိုင်းပြည်မျိုးတွေမှာဆိုရင်တော တက်နေတာကနေ ပြန်ကျသွားတဲ့ Base က ရေပြင်ညီမျဉ်းနဲ့ မညီသေးတဲ့အတွက် ပထမလှိုင်းမှာပဲ ရှိနေသေးတာလား။ နောက်တစ်လှိုင်း ဘယ်တော့လာမလဲဆိုတာကို မသိသေးဘူး။ သေသေချာချာ ဒီဟာတစ်ခုလုံးကို ပုံသေဆွဲပြောလို့ မရသေးဘူး ဖြစ်နေပါတယ်။

မေး ။ ။ ဆိုတော့ ကိုဗစ်-၁၉ မှာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုး အတက်အကျတွေ ဖြစ်တာပေါ့။ ကူးစက်တာတွေက တန့်သွားတာတွေ၊ ပိုပြီးတော့ ကူးလာတာတွေ။ အဲဒါတွေက ဘယ်အပေါ်မှာ အခြေခံသလဲ။ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ လူတွေရဲ့ ပြုမှုပုံပေါ်မှာလည်း မူတည်နေသလိုမျိုး။ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇာပြောင်းလဲမှုပေါ်မှာလည်း မူတည်ပါတယ်။ အခု သိထားတဲ့အရတော့ တရုတ်ပြည်သူသမ္မတနိုင်ငံမှာ စစချင်းဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ ဥရောပဘက်မှာဖြစ်ခဲ့တဲ့ ဗိုင်းရပ်စ်တွေဆို mutation တွေ ရှိတယ်။ ဒါကြောင့် အီတလီ၊ စပိန်တို့မှာ ကူးစက်နှုန်း၊ သေနှုန်းတွေ အရမ်းကိုများခဲ့တယ်။ အခုဆိုရင် ဘရာဇီးမှာ ဖြစ်ခဲ့တဲ့ဗိုင်းရပ်စ်ဆိုရင် mutation ရှိသလား၊ မျိုးဗီဇ ဘယ်လိုပြောင်းလဲသွားသလဲဟာကို လေ့လာနေတုန်းပဲ။ ဒါတွေက ဘယ်လိုထပ်ပြီးတော့ ပြောင်းလဲမလား၊ မပြောင်းလဲဘူးဆိုတာတွေကို ထုတ်ပြန်ချက် မရှိသေးဘူး။ မျိုးဗီဇ ပြောင်းလဲမှုပေါ်မှာလဲ မူတည်ပါတယ်။ နောက်ပြီးတော့ လူတွေရဲ့ အပြုအမှု၊ အနေအထိုင်ပေါ်မှာလဲ မူတည်ပါတယ်။

မေး ။ ။ လူတွေရဲ့ အပြုအမှုကတော့ အကုန်လုံး သိကြတယ်။ ခြောက်ပေကွာ အနည်းဆုံး ခပ်ခွါခွါ နေကြပါ။ လက်ဆေးပါ။ တကိုယ်ရည် သန့်ရှင်းမှုတို့ဘာတို့။ အခု mutation လို့ပြောတဲ့ မျိုးဗီဇ ပြောင်းလဲတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းရှင်းပြပေးပါအုံး။

ဖြေ ။ ။ မျိုးဗီဇ ပြောင်းလဲတယ်ဆိုတာက အခုအချိန်ထိတော့ စပြီးတွေ့ခဲ့တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် သူနဲ့ မျိုးဗီဇတူတဲ့ ၉၆.၄ ရာခိုင်နှုန်းတူတဲ့ဟာက Horseshoe မြင်းခွါပုံစံရှိတဲ့ လင်းနို့မှာတွေ့ခဲ့တဲ့ ဗိုင်းရပ်စ်နဲ့ ၉၆.၄ ရာခိုင်နှုန်း မျိုးဗီဇာ တူတယ်။ အဲဒီကနေ ကျန်တဲ့ ၃.၆ ရာခိုင်နှုန်းလောက်သာ နည်းနည်းကွဲသွားတယ်။ ကွဲသွားတဲ့အထဲမှာ အဓိကတွေ့ရတာကတော့ receptor ကြက်မောက်သီးဆိုရင် သူ့ရဲ့ထိပ်က အမွှေးလေးမှာရှိတဲ့ဟာလိုမျိုး ကြက်မောက်သီးပုံစံမျိုးတွက်မယ် - ဗိုင်းရပ်စက ကြက်မောက်သီးဆိုပြီး ပြောမယ်ဆိုရင် သူ့ရဲ့ထိပ်က အမွှေးလေးက receptor ကို လာထိမယ်။ လာထိပြီးတော့ ပြန်ခွါလို့မရတဲ့ ပေါင်းစပ်ချင်းနဲ့ ပေါင်းပြီးတော့ -- ဝင်တယ်။ အဲဒီဟာမှာ အဓိကကွဲသွားတာ - အဲဒီကွဲသွားတာက မျိုးဗီဇတဆင့် ပြောင်းသွားတယ်။ ပြောင်းသွားပြီးတော့ စစချင်းတွေ့ခဲ့တဲ့ တရုတ်ပြည်မက မျိုးဗီဇ sequences ကို ဒီလောက်တူတယ်ဆိုပြီးတော့ တွက်ကြတယ်။ ပြီးတော့ ဥရောပက တွေ့ခဲ့တဲ့ လူတွေဆီကနေရတဲ့ - လူနာတွေဆီက မျိုးဗီဇနဲ့ တရုတ်ပြည်မက မျိုးဗီဇတို့ကို တစ်ခါပြန်ပြီးတော့ ပြန်ယှဉ်တဲ့အချိန်မှာတော့ ပြောင်းလဲမှုလေးတွေ ရှိတယ်။ တစ်ခုပဲ … အဲဒီပြောင်းလဲမှု တစ်ခုက သူ့ရဲ့ပူးပေါင်းနိုင်မှုနဲ့ ပြန့်နိုင်စွမ်းအားကို ပိုပြီးတော့ တိုးစေတယ်ဆိုပြီးတော့ ခန့်မှန်းကြတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ ပြန့်ပွားတဲ့နှုန်းက ဥရောပက ပြန့်ပွားတဲ့နှုန်းက တရုတ်ပြည်မက ပြန့်ပွားတဲ့နှုန်းထက် အဆမတန်ပိုပြီးတော့ များသွားတယ်။ ဒါကြောင့် ထပ်ပြီးတော့ ပြောင်းလဲအုံးမလားဆိုတဲ့ဟာကိုတော့ ကျမတို့လည်း လေ့လာနေတုန်းပဲ။ သိပ္ပံပညာရှင်တွေလည်း လေ့လာနေတုန်းပါပဲ။ တချိန်တည်းမှာပဲ တွေ့တဲ့ -- ကို target လုပ်တာက အထိရောက်ဆုံး ဖြစ်တဲ့အတွက် တော်တော်များများက ကာကွယ်ဆေးတွေနဲ့ ကုသနေကြတယ်။

မေး ။ ။ Mutation ကလဲ သိပ်အရေးကြီးတယ်ပေါ့။ ဒီရောဂါ ကူးစက်ပျံ့နံှ့တဲ့နေရာမှာ အရမ်းအရေးကြီးတယ်ပေါ့။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ အခုမှ လေ့လာနေတဲ့အချိန်မျိုးမှာ ဒီရောဂါကြောင့် လူတွေသေနေတာ၊ ကူးစက်မှုများနေတာတွေ ဖြစ်တယ်။ ဒါကိုတားဆီးဖို့အတွက် ကာကွယ်ဆေးတွေ ထုတ်နေကြတယ်။ အခု ဒုတိယလှိုင်း လာနေတယ်ဆိုရင် ပိုဆိုးမှာကို လူတွေက စိုးရိမ်နေကြတယ်။ စိုးရိမ်နေကြတဲ့ အခြေအနေမှာ ကာကွယ်ဆေး ထုတ်နိုင်တဲ့ အနေအထားကို ပြောပြပေးပါ။ ဘယ်လို အခြေအနေ ရှိနေသလဲ။ နောက်ဆုံးသိရသလောက် ပြောပြပေးပါ။

ဖြေ ။ ။ ဇူလိုင် (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရတော့ အနယ်နယ်အရပ်ရပ်၊ နိုင်ငံအသီးသီးကနေ လူတွေနဲ့ စပြီးတော့ စမ်းသပ်နေတယ်။ Phase 2, 3, ဒါမှမဟုတ် Phase 3 စမ်းသပ်နေတယ်ဆိုတဲ့ဟာက စုစုပေါင်း (၂၆) ခု ရှိပါတယ်။ ကျန်တဲ့ နောက်လာမယ့် သြဂုတ် - စက်တင်ဘာမှာလဲ ဆက်ပြီးတော့ လူတွေနဲ့စမ်းဖို့ ထွက်လာမယ့်ဆေးတွေ ရှိနေပါသေးတယ်။ ဆိုတော့ ဒီလို vaccine candidates ကာကွယ်ဆေးထိုးခံမယ့် အလောင်းအလျာတွေကတော့ ရာနဲ့ချီပြီးတော့၊ တစ်ရာကျော် ရှိပါတယ်။

မေး ။ ။ ဒီတစ်ရာလောက် လူတွေအများကြီး ဝိုင်းကြိုးစားနေတော့ အများကြီးထွက်လာတယ်။ ထွက်လာတဲ့အထဲက တကယ်တမ်း အားထားရမယ့်ဥစ္စာတွေ ဘယ်နှစ်ခုလောက် ရှိမယ်လို့ သိရသလဲ။

ဖြေ ။ ။ တကယ်တမ်း အားထားရမယ့်ဟာဆိုတော့ ကျမ ဒီအပတ် US ဘက်ကဟာတွေကို ပိုပြီးတော့ ဖတ်မိတယ်ဆိုတော့ US ဘက်မှာဆိုရင်တော့ အခု အလားအလာကောင်းမယ့်ဟာက Moderna, Johnson and Johnson ရှိမယ်။ Pfizer နဲ့ … လည်း ရှိမယ်။ အဲဒီကနေ သူတို့တွေက အလားအလာ အကောင်းဆုံးဆိုပြီးတော့ Scientists တွေ ပြောနေတဲ့ဟာကတော့ Moderna Therapeutics ဖြစ်ပြီး၊ သူက US မှာ ထုတ်ပြီး၊ US ကုမ္ပဏီတွေ ထုတ်တဲ့အထဲမှာ သူကတော့ အလားအလာ တော်တော်လေး မျှော်လင့်ချက် ရှိနေတယ်။ အလားအလာ အတော်လေးကောင်းတယ်ဆိုတဲ့ ဆေးတစ်ခုပေါ့။ သူကတော့ MRNA ကို အခြေခံပြီးတော့ ထုတ်တဲ့ဆေးပေါ့။ သူတို့က ဗိုင်းရပ်စ်ရဲ့ … အပိုင်းတစ်ခုကို ကြည့်လိုက်တယ်။ ကွန်ပြူတာနဲ့ ပုံဖော်ပြီးတော့ အဲဒီဟာကို အပိုင်းလေးကို target လုပ်ပြီးတော့ ဒီဟာလေးကို cell ထဲမှာ အရင်ထည့်တယ်။ အဲဒါလေးတွေလုပ်ပြီးရင် သတ္တဝါတွေနဲ့ စမ်းတယ်။ မျောက်နဲ့စမ်းတယ်။ ကြွက်နဲ့စမ်းတယ်။ အဲဒါမျိုးတွေ လုပ်ခဲ့ပြီးနောက်မှ ဒီအပိုင်းအစလေးက သတ္တဝါထဲမှာဆိုရင် သူတို့ရဲ့ ခုခံအားကို ဘယ်လောက် တိုးပွားနိုင်စေမလဲဆိုတာကို သူတို့က အဆင့်ဆင့် ပြန်ပြီးတော့ လေ့လာထားတာဖြစ်တယ်။

မေး ။ ။ အခု ကိုဗစ်-၁၉ ဖြစ်တဲ့လူတွေဆီကနေ သွေးရည်ကြည်ကို ယူပြီးတော့ စမ်းတယ်လို့ ပြောတယ်။ အဲဒါလေး နည်းနည်းပြောပြပေးပါ။ ဘာကြောင့် သွေးရည်ကြည်ယူပြီးတော့ စမ်းတာပါလဲ။

ဖြေ ။ ။ အရမ်းကောင်းတဲ့ မေးခွန်းပါ။ သွေးရည်ကြည်ကို ယူပြီးတော့ စမ်းတယ်ဆိုတဲ့ဟာက သူ့ရဲ့ သွေးရည်ကြည့်ကုထုံနဲ့ အဓိကသဘောတရား နိယာမက ဘာကိုသွားပြီး အခြေခံထားသလဲဆိုရင် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို ဝင်တယ်။ ဒီလူတစ်ယောက်သည် ဒီဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ သူ့ရဲ့ ခုခံအားကနေ ဗိုင်းရပ်စ်ကို ထုတ်ယူထုတ်။ ဥပမာပြောရမယ်ဆိုရင် အစောကပြောတဲ့ ကြက်မောက်သီးကလေးဆိုရင် ကြက်မောက်သီးရဲ့အမွှေးလေးတွေကို Target လုပ်နိုင်တယ်။ အဲဒါလေးကတော့ ချေးဖျက်နိုင်တယ်။ ဒီဗိုင်းရပ်စ်ကို ချေဖျက်နိုင်တယ်။ အဲဒီ ခုခံအားထွက်သွားတဲ့ဟာသည် အဲဒီခုခံအားကို သူတို့က သွေးရည်ကြည်က ခွဲထုတ်ယူပြီးတော့ Anti-body လို့ ခေါ်မှာပဲ သွေးရည်ကြည်က ပြုလုပ်ယူပြီးတော့ အဲဒီသွေးရည်ကြည်နဲ့ အစားထိုးကုတာပါ။

မေး ။ ။ ဆိုတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ ကာကွယ်ဆေးတွေ ထုတ်နိုင်ဖို့လဲ ကြိုးစားနေတယ်။ အလားအလာ ရှိနေတာတွေလည်း တွေ့နေရတယ်။ ဒီအချိန်မှာလဲ ဒုတိယလှိုင်း Second Wave လာမယ်ဆိုတာကိုလဲ လူတိုင်းက စိုးရိမ်နေကြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဘာတွေသတိထားသင့်သလဲဆိုတာကို နည်းနည်းလေး ပြောပြပေးပါ။။

ဖြေ ။ ။ အခုက စောစောက ကျမတို့ ပြောခဲ့သလိုပါပဲ … တချို့တိုင်းပြည်တွေမှာက ပထမလှိုင်း၊ ဒုတိယလှိုင်း၊ အဲဒီလိုမျိုး ပုံစံမျိုးနဲ့ သွားနေတဲ့ ပထမတစ်ခု တက်သွားတယ်။ ပြီးတော့ ကျသွားပြီနောက် ဒုတိယအကြိမ် ပြန်တက်လာတယ်။ ဒါမျိုး ပုံစံကို ဝင်နေတဲ့ - တချို့တိုင်းပြည် ခန္ဓာကိုယ် ဥပမာ US, Singapore တို့မှာ အတက်တွေပဲ ရှိနေတယ်ဆိုတော့ ပထမလှိုင်းထဲမှာပဲ ရှိနေတာလား။ ဘယ်လိုမျိုး ဖြစ်အုံးမလဲဆိုတာကို မသိသေးဘူး။ အဲဒဲကြောင့်လဲ ဗမာပြည်က ပထမလှိုင်းထဲမှာ ရှိနေသေးတာလား။ ဘယ်လိုမျိုး သွားမလဲဆိုတာကို ပြောလို့မရသေးဘူး။ အခုကတော့ တဖြည်းဖြည်းတက်တဲ့ဟာက ခုန်ခုန်ပြီးတော့ ဥပမာ အိန္ဒိယလို ခုန်ခုန်ပြီး တက်သွားတာမျိုး မဟုတ်ဘဲနဲ့ တစ်ယောက်၊ နှစ်ယောက် များတဲ့အချိန်ဆိုရင် ဆယ်ယောက် အဲဒီလောက်ပဲ ပတ်ဝန်းကျင်က အဲဒီလောက်ပဲ တက်နေတယ်ဆိုရင်တော့ ထိန်းလို့ရနေသေးတယ် ဖြစ်နေသေးပေမယ့် ပြည်သူတွေအနေနဲ့လဲ တအားကြီး ငါတို့မဖြစ်ပါဘူးဆိုပြီးတော့ အဲဒီလိုမျိုးတွေးပြီး မပေါ့ဆသင့်ပါဘူး။ အနည်းဆုံးတော့ အထူးသဖြင့် အသက် (၆၀) (၆၅) အထက် လူကြီးတွေ၊ ရောဂါအခံရှိတဲ့ ဘယ်အရွယ်မဆို လူတွေဆိုရင်တော့ လူစုလူဝေးကို ရှောင်ကျဉ်ရမယ်။ မရှောင်နိုင်ဘူးဆိုရင်တောင်မှ ခပ်ခွါခွါဆက်နေရမယ်။ နောက်ပြီးတော့ အပြင်သွားတဲ့အခါကျရင် နှားခေါင်းစည်းလေးတွေ ဝတ်သွားရမယ်။ အဲဒီလိုမျိုး အဓိကတော့ လူစုလူဝေး ရှောင်းရှားရမယ်။ ဒါမျိုးတွေ တကိုယ်ရည် သန့်ရှင်းရေးနဲ့ သန့်သန့်ရှင်းရှင်း ဆက်ပြီးတော့ နေရင်တော့ …

မေး ။ ။ ဒုတိယလှိုင်းကို ကာကွယ်ဖို့

ဖြေ ။ ။ ကိုယ့်အတွက်ကိုယ် အလေးထားရတဲ့အတွက်နဲ့ ချစ်တဲ့ခင်တဲ့လူတွေအတွက် တခါတည်း ကာကွယ်ပေးဖို့

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ မခင်ဇာဝင်းပြည့်။

ဖြေ ။ ။ အခုလို ပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG