သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ


ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စင်ကာပူပြည်သူများ။ (ဇူလိုင် ၁၀၊ ၂၀၂၀)
ရွေးကောက်ပွဲမှာ မဲပေးနေတဲ့ စင်ကာပူပြည်သူများ။ (ဇူလိုင် ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ စင်ကာပူ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ People’s Action Party (PAP) က အမတ်နေရာအများစု အနိုင်ရသွားပါတယ်။

စင်ကာပူပါလီမန်ရဲ့ အမတ်နေရာ ၉၃ နေရာမှာ PAP ပါတီက ၈၃ နေရာ အနိုင်ရခဲ့ပြီး အဓိက အတိုက်အခံဖြစ်တဲ့ အလုပ်သမားပါတီက ၁၀ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ အတိုက်အခံတွေဘက်က အမတ်နေရာ အများဆုံး ရရှိတာလည်း ဖြစ်ပါတယ်။

PAP ပါတီဟာ ၁၉၆၅ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံမှာ အာဏာရလာခဲ့တာဖြစ်ပြီး ဒီရွေးကောက်ပွဲမှာလည်း ထပ်အနိုင်ရတာကြောင့် ဝန်ကြီးချုပ် လီရှန်လွန်းကိုပဲ ခေါင်းဆောင်အဖြစ် နောက်ဆုံးအကြိမ် ဆက်ပြီးတော့ တင်မြှောက်သွားမယ်လို့ အတော်များများက ခန့်မှန်းထားကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကတော့ PAP ပါတီဟာ စုစုပေါင်း မဲအရေအတွက် ၇၀ ရာခိုင်နှုန်း ရရှိခဲ့ပြီး အခုတကြိမ်မှာတော့ ၆၁ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကတော့ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့်လည်း မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲအရေအတွက် ကျဆင်းပြီး မျှော်လင့်ထားသလောက် မရခဲ့ဘူးလို့ ဒီကနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

၁၃ ကြိမ်မြောက် စင်ကာပူရွေးကောက်ပွဲအတွက် စင်ကာပူလူထုကို ချီးကျူးဂုဏ်ပြုပါကြောင်းနဲ့ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ PAP ပါတီ အနိုင်ရတဲ့အတွက်လည်း ချီးကျူးဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဇူလိုင်လ ၁၀ ရက်နေ့မှာ ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)








XS
SM
MD
LG