သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံႏုိင္ငံတခ်ိဳ႕နဲ႔ သံတမန္ေရး အဖုအထစ္ရွိေနတဲ့ တ႐ုတ္က စင္ကာပူနဲ႔ ေျပလည္


ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါပိုး မက်ေရာက္ခင္ ေတြ႔ရသည့္ စင္ကာပူ ညျမင္ကြင္းတခု။

(Zawgyi / Unicode)

အာဆီယံႏုိင္ငံတခ်ဳိ႕နဲ႔ တ႐ုတ္ႏုိင္ငံၾကား ဆက္ဆံေရး အဆင္မေျပ ျဖစ္ေနခ်ိန္မွာ စင္ကာပူႏိုင္ငံနဲ႔ကေတာ့ ဆက္ဆံေရး ေကာင္းေနတယ္လို႔ သုံးသပ္ၾကပါတယ္။

ၿပီးခဲ့တဲ့ မတ္လထဲမွာ တ႐ုတ္က ဖိလစ္ပိုင္ကို COVID-19 ေဆးစစ္တဲ့ ကိရိယာေတြ လွဴဒါန္းခဲ့ေပမယ့္ သေဘာထား ကြဲျပားမႈေတြ ရွိခဲ့သလို ဗီယက္နမ္ႏုိင္ငံကလည္း ကိုဗစ္ေရာဂါ ကူးစက္မွာစုိးလို႔ တ႐ုတ္-ဗီယက္နမ္ၾကား ပ်ံသန္းေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကို ဧၿပီလထဲမွာ ရပ္ပစ္ခဲ့တာေၾကာင့္ တ႐ုတ္ကို စိတ္ကသိကေအာက္ ျဖစ္ေစခဲ့တယ္လို႔ တ႐ုတ္သတင္းစာေတြက ျပစ္တင္ ေရးသားပါတယ္။

မေလးရွားႏိုင္ငံဆိုရင္လည္း ကမၻာႀကီးမွာ ကုိဗစ္ကပ္ေရာဂါနဲ႔ အားလုံး အလုပ္႐ႈပ္ေနခ်ိန္မွာ တ႐ုတ္သေဘၤာေတြက အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ သြားလာေနတာကို ဆန္႔က်င္ကန္႔ကြက္ခဲ့ပါတယ္။

COVID-19 ေရာဂါတိုက္ဖ်က္ေရး တ႐ုတ္အကူအညီနဲ႔ သံတမန္ေရးခ်ဥ္းကပ္မႈ
please wait

No media source currently available

0:00 0:03:25 0:00

အျခားႏုိင္ငံေတြနဲ႔ တ႐ုတ္ၾကား အဲဒီလို သံတမန္ေရး အဖုထစ္ ရွိေနခ်ိန္မွာ တ႐ုတ္နဲ႔ ဆက္ဆံေရး ေကာင္းေနတာက အာဆီယံထဲမွာ စင္ကာပူပဲ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံရဲ႕ ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ကို႐ုိနာဗုိင္းရပ္စ္ ကာကြယ္ေဆးထုတ္ဖုိ႔ ပူးတြဲ သုေတသန လုပ္ငန္းေတြအတြက္ စင္ကာပူက ေဒၚလာသန္းေပါင္းမ်ားစြာ လွဴဒါန္းခဲ့သလုိ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး အႏွစ္ ၃၀ ေျမာက္ အထိမ္းအမွတ္ပြဲကိုလည္း က်င္းပခဲ့ၾကပါတယ္။

ဒါ့အျပင္ စင္ကာပူဟာ တ႐ုတ္နဲ႔ ေသြးစည္းညီညြတ္စြာ ရပ္တည္ေနပါတယ္လို႔ စင္ကာပူသမၼတ Halimah Yacob က တ႐ုတ္သမၼတ Xi Jinping ဆီ ေရးတဲ့စာမွာ ေဖာ္ျပခဲ့ပါတယ္။

စင္ကာပူႏုိင္ငံလိုပဲ အာဆီယံထဲမွာ ကုိဗစ္ကပ္ေရာဂါ ကာလအတြင္း တ႐ုတ္နဲ႔ ျမန္မာရဲ႕ ဆက္ဆံေရးဟာ အေတာ္ေကာင္းမြန္တယ္လို႔ အကဲခတ္ေတြ သုံးသပ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

အာဆီယံနိုင်ငံတချို့နဲ့ သံတမန်ရေး အဖုအထစ်ရှိနေတဲ့ တရုတ်က စင်ကာပူနဲ့ ပြေလည်

အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်မှာ စင်ကာပူနိုင်ငံနဲ့ကတော့ ဆက်ဆံရေး ကောင်းနေတယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ တရုတ်က ဖိလစ်ပိုင်ကို COVID-19 ဆေးစစ်တဲ့ ကိရိယာတွေ လှူဒါန်းခဲ့ပေမယ့် သဘောထား ကွဲပြားမှုတွေ ရှိခဲ့သလို ဗီယက်နမ်နိုင်ငံကလည်း ကိုဗစ်ရောဂါ ကူးစက်မှာစိုးလို့ တရုတ်-ဗီယက်နမ်ကြား ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ဧပြီလထဲမှာ ရပ်ပစ်ခဲ့တာကြောင့် တရုတ်ကို စိတ်ကသိကအောက် ဖြစ်စေခဲ့တယ်လို့ တရုတ်သတင်းစာတွေက ပြစ်တင် ရေးသားပါတယ်။

မလေးရှားနိုင်ငံဆိုရင်လည်း ကမ္ဘာကြီးမှာ ကိုဗစ်ကပ်ရောဂါနဲ့ အားလုံး အလုပ်ရှုပ်နေချိန်မှာ တရုတ်သင်္ဘောတွေက အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်ပြင်ထဲ သွားလာနေတာကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

အခြားနိုင်ငံတွေနဲ့ တရုတ်ကြား အဲဒီလို သံတမန်ရေး အဖုထစ် ရှိနေချိန်မှာ တရုတ်နဲ့ ဆက်ဆံရေး ကောင်းနေတာက အာဆီယံထဲမှာ စင်ကာပူပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်ဖို့ ပူးတွဲ သုတေသန လုပ်ငန်းတွေအတွက် စင်ကာပူက ဒေါ်လာသန်းပေါင်းများစွာလှူဒါန်းခဲ့သလို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၃၀ မြောက် အထိမ်းအမှတ်ပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။

ဒါ့အပြင် စင်ကာပူဟာ တရုတ်နဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်နေပါတယ်လို့ စင်ကာပူသမ္မတ Halimah Yacob က တရုတ်သမ္မတ Xi Jinping ဆီ ရေးတဲ့စာမှာ ဖော်ပြခဲ့ပါတယ်။

စင်ကာပူနိုင်ငံလိုပဲ အာဆီယံထဲမှာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးဟာ အတော်ကောင်းမွန်တယ်လို့ အကဲခတ်တွေ သုံးသပ်ကြပါတယ်။

XS
SM
MD
LG