သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ ကုိဗစ္တုိက္ဖ်က္ေရး တရုတ္-ျမန္မာေခါင္းေဆာင္ ၂ ဦး ဖုန္းနဲ႔ေဆြးေႏြး


မွတ္တမ္းဓါတ္ပံု-၂၀၂၀ ဇန္န၀ါရီတုန္းက တရုတ္သမၼတရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ျမန္မာသမၼတ ႏွင့္ေတြ႔ဆံုစဥ္

(Zawgyi/Unicode)

တ႐ုတ္သမၼတ Xi Jinping က ျမန္မာသမၼတ ဦးဝင္းျမင့္ကို ဗုဒၶဟူးေန႔က တယ္လီဖုန္းနဲ႔ ဆက္သြယ္ စကားေျပာၿပီး COVID-19 တိုက္ဖ်က္ေရးမွာ ျမန္မာနိုင္ငံအတြက္ လိုအပ္တဲ့ ေဆးဝါးေတြ ေထာက္ပံ့ေပးေရးနဲ႔ တ႐ုတ္ေဆးပညာအဖြဲ႕ေတြ ေစလႊတ္ေပးေရး ဆက္လက္ အကူအညီေပး သြားမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ တ႐ုတ္နိုင္ငံက COVID-19 ကပ္ေရာဂါကို တိုက္ဖ်က္ေနတုန္း အေရးႀကီးတဲ့ အခ်ိန္ကာလမွာ ျမန္မာ အစိုးရနဲ႔ လူမႈ နယ္ပယ္ အသီးသီးက တ႐ုတ္နိုင္ငံကို ေထာက္ခံအားေပးခဲ့တဲ့ အေၾကာင္းကိုလည္း ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ တ႐ုတ္ သတင္းဌာန CGTN က ေျပာပါတယ္။ ဒီႏွစ္ထဲ တ႐ုတ္-ျမန္မာ သံတမန္ ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ေျမာက္တဲ့ အေၾကာင္းနဲ႔ သူ ဇန္နဝါရီလအတြင္း ျမန္မာႏိုင္ငံကို သြားခဲ့တဲ့ ခရီးစဥ္ရဲ႕ ရလဒ္ေတြကို ႏွစ္ႏိုင္ငံ ရင္းရင္းႏွီးႏွီးနဲ႔ အေကာင္အထည္ ေဖာ္ဖို႔ ေမၽွာ္လင့္ေၾကာင္းလည္း တ႐ုတ္သမၼတက ေျပာပါတယ္။

ႏွစ္ႏိုင္ငံ​နယ္စပ္ေတြမွာ ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးေတြ ေဆာင္ရြက္ၿပီး ကုန္ထုတ္လုပ္ေရး လုပ္ငန္းေတြ ျပန္လည္စတင္ဖို႔အျပင္ တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍ စီမံကိန္း တိုးတက္မႈေတြ ရရွိေအာင္ ႏွစ္ႏိုင္ငံ အရွိန္မွန္မွန္နဲ႔ တိုးျမႇင့္ လုပ္ေဆာင္သြားသင့္တယ္လို႔လည္း တ႐ုတ္သမၼတ Xi က သမၼတ ဦးဝင္းျမင့္ ကို ေျပာေၾကာင္းနဲ႔ ဦးဝင္းျမင့္က ျမန္မာႏိုင္ငံ အေနနဲ႔ တ႐ုတ္ တႏိုင္ငံ တည္း မူဝါဒကို ဆက္လက္ ေထာက္ခံ သြားမယ့္ အေၾကာင္း တုံ႔ျပန္ ေျပာဆိုခဲ့တယ္လို႔လည္း CGTN သတင္းဌာနက ေျပာပါတယ္။

ဗုဒၶဟူးေန႔ တရက္တည္း မွာပဲ တ႐ုတ္ သမၼတ Xi Jinping က ဘဂၤလားေဒ့ရွ္နိုင္ငံ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ကိုလည္း သီးျခား တယ္လီဖုန္းနဲ႔ ဆက္သြယ္ၿပီး COVID-19 ေရာဂါ တိုက္ဖ်က္ ေရး တ႐ုတ္နိုင္ငံက ဆက္လက္ အကူအညီေပးသြားမယ့္ အေၾကာင္းနဲ႔ COVID-19 တိုက္ဖ်က္ေရး ႏိုင္ငံတကာက ႀကိဳးပမ္းမႈေတြမွာ ဝင္ေရာက္ေႏွာက္ယွက္စြက္ဖက္မႈေတြကို တ႐ုတ္ႏိုင္ငံက လက္ခံမွာ မဟုတ္ေၾကာင္း ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ WHO ရဲ့ ဦးေဆာင္မႈေအာက္မွာ COIVD-19 ေရာဂါ ထိန္းခ်ဳပ္ ကာကြယ္ေရးလုပ္ေဆာင္ဖို႔ အေရးႀကီးတဲ့ အေၾကာင္းကိုေတာ့ တ႐ုတ္သမၼတက ျမန္မာ သမၼတနဲ႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ႏွစ္ဦးစလုံးနဲ႔စကားေျပာရာမွာ အေလးထား ေဆြးေႏြးခဲ့တယ္လို႔လည္း တ႐ုတ္ႏိုင္ငံ CGTN သတင္းဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

မြန်မာ့ ကိုဗစ်တိုက်ဖျက်ရေး တရုတ်-မြန်မာခေါင်းဆောင် ၂ ဦး ဖုန်းနဲ့ဆွေးနွေး

(Unicode)

တရုတ်သမ္မတ Xi Jinping က မြန်မာသမ္မတ ဦးဝင်းမြင့်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောပြီး COVID-19 တိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးရေးနဲ့ တရုတ်ဆေးပညာအဖွဲ့တွေ စေလွှတ်ပေးရေး ဆက်လက် အကူအညီပေး သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက COVID 19 ကပ်ရောဂါကို တိုက်ဖျက်နေတုန်း အရေးကြီးတဲ့ အချိန်ကာလမှာ မြန်မာ အစိုးရနဲ့ လူမှု နယ်ပယ် အသီးသီးက တရုတ်နိုင်ငံကို ထောက်ခံအားပေးခဲ့တဲ့ အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ တရုတ် သတင်းဌာန CGTN က ပြောပါတယ်။ ဒီနှစ်ထဲ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်တဲ့ အကြောင်းနဲ့ သူ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်ရဲ့ ရလဒ်တွေကို နှစ်နိုင်ငံ ရင်းရင်းနှီးနှီးနဲ့ အကောင်အထည် ဖော်ဖို့ မျှော်လင့်ကြောင်းလည်း တရုတ်သမ္မတက ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်တွေမှာ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတွေ ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်စတင်ဖို့အပြင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ စီမံကိန်း တိုးတက်မှုတွေ ရရှိအောင် နှစ်နိုင်ငံ အရှိန်မှန်မှန်နဲ့ တိုးမြှင့် လုပ်ဆောင်သွားသင့်တယ်လို့လည်း တရုတ်သမ္မတ Xi က သမ္မတ ဦးဝင်းမြင့် ကို ပြောကြောင်းနဲ့ ဦးဝင်းမြင့်က မြန်မာနိုင်ငံ အနေနဲ့ တရုတ် တနိုင်ငံ တည်း မူဝါဒကို ဆက်လက် ထောက်ခံ သွားမယ့် အကြောင်း တုံ့ပြန် ပြောဆိုခဲ့တယ်လို့လည်း CGTN သတင်းဌာနက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ တရက်တည်း မှာပဲ တရုတ် သမ္မတ Xi Jinping က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကိုလည်း သီးခြား တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး COVID-19 ရောဂါ တိုက်ဖျက် ရေး တရုတ်နိုင်ငံက ဆက်လက် အကူအညီပေးသွားမယ့် အကြောင်းနဲ့ COVID-19 တိုက်ဖျက်ရေး နိုင်ငံတကာက ကြိုးပမ်းမှုတွေမှာ ဝင်ရောက်နှောက်ယှက်စွက်ဖက်မှုတွေကို တရုတ်နိုင်ငံက လက်ခံမှာ မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဦးဆောင်မှုအောက်မှာ COIVD-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ဆောင်ဖို့ အရေးကြီးတဲ့ အကြောင်းကိုတော့ တရုတ်သမ္မတက မြန်မာ သမ္မတနဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် နှစ်ဦးစလုံးနဲ့စကားပြောရာမှာ အလေးထား ဆွေးနွေးခဲ့တယ်လို့လည်း တရုတ်နိုင်ငံ CGTN သတင်းဌာနက ပြောပါတယ်။

XS
SM
MD
LG