(Zawgyi/Unicode)
အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (UAE) က ျပန္လာတဲ့ ျမန္မာႏုိင္ငံသား ၆ ေယာက္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ႔ရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ပဲ အတည္ျပဳလုိက္တဲ့အတြက္ စုစုေပါင္း COVID-19 ေရာဂါကူးစက္သူ ၂၀၀ နီးပါး ရွိသြားပါၿပီ။
ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတုိ႔က ဓာတ္ခဲြနမူနာ ၂၅၃ ခုကုိ စစ္ေဆးၿပီး ၆ ဦးမွာ ေရာဂါပုိးရွိေနေၾကာင္း အတည္ျပဳလုိက္တာပါ။ အသက္ ၂၄ ႏွစ္ကေန ၄၄ ႏွစ္အရြယ္အထိ ပါ၀င္တဲ့ အမ်ဳိးသား ၆ ဦးဟာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈ မရွိေပမဲ့ UAE က ျပန္လာသူေတြျဖစ္ၾကၿပီး အင္းစိန္ၿမိဳ႕နယ္မွာ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ခံထားရသူေတြ ျဖစ္ေၾကာင္းလည္း က်န္းမာေရး ၀န္ႀကီးဌာနက ေျပာပါတယ္။
အခုေနာက္ဆုံး အတည္ျပဳလူနာသစ္ေတြနဲ႔ပါဆုိရင္ ျမန္မာႏုိင္ငံမွာ ေသဆုံးသူ ၆ ဦး အပါအ၀င္ COVID-19 ေရာဂါကူးစက္သူ ၁၉၉ ေယာက္ ရွိေနပါၿပီ။ အတည္ျပဳလူနာေဟာင္းေတြထဲက ၂ ႀကိမ္ဆက္တုိက္ ေရာဂါပုိးမေတြ႔သူ ၄ ဦးအပါအဝင္ ေရာဂါပုိးကင္းစင္သူ ၁၀၈ ဦးထဲက ၉၈ ဦးကုိေတာ့ ေဆး႐ုံကဆင္းခြင့္ျပဳခဲ့ၿပီး အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္ေနတယ္လုိ႔လည္း က်န္းမာေရး ၀န္ႀကီးဌာနကေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈရွိ-မရွိ စစ္ေဆးမႈေပါင္း ဒီကေန႔ထိဆိုရင္ ၁၅,၈၃၈ ခု ရွိၿပီျဖစ္ၿပီး ဒီအထဲမွာ အတည္ျပဳလူနာေတြနဲ႔ ထိေတြ႔ရာက ကူးစက္မႈ ၃.၅ ရာခိုင္ႏႈန္း၊ ေစာင့္ၾကည့္လူနာေတြထဲမွာ ၁.၄ ရာခိုင္ႏႈန္းနဲ႔ ေရာဂါလကၡဏာမျပေပမဲ့ ျပည္တြင္း၊ ျပည္ပ ခရီးသြားရာဇ၀င္ ရွိတဲ့အတြက္ အသြားအလာကန္႔သတ္ထားသူေတြထဲက ကူးစက္မႈ ၀.၃ ရာခိုင္ႏႈန္း ရွိေၾကာင္းလည္း ဒီေန႔အေစာပုိင္း က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၆ ဦးထပ်တိုး
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ပြန်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း COVID-19 ရောဂါကူးစက်သူ ၂၀၀ နီးပါး ရှိသွားပါပြီ။
ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့က ဓာတ်ခွဲနမူနာ ၂၅၃ ခုကို စစ်ဆေးပြီး ၆ ဦးမှာ ရောဂါပိုးရှိနေကြောင်း အတည်ပြုလိုက်တာပါ။ အသက် ၂၄ နှစ်ကနေ ၄၄ နှစ်အရွယ်အထိ ပါဝင်တဲ့ အမျိုးသား ၆ ဦးဟာ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိပေမဲ့ UAE က ပြန်လာသူတွေဖြစ်ကြပြီး အင်းစိန်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အခုနောက်ဆုံး အတည်ပြုလူနာသစ်တွေနဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ သေဆုံးသူ ၆ ဦး အပါအဝင် COVID-19 ရောဂါကူးစက်သူ ၁၉၉ ယောက် ရှိနေပါပြီ။ အတည်ပြုလူနာဟောင်းတွေထဲက ၂ ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့သူ ၄ ဦးအပါအဝင် ရောဂါပိုးကင်းစင်သူ ၁၀၈ ဦးထဲက ၉၈ ဦးကိုတော့ ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်နေတယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ-မရှိ စစ်ဆေးမှုပေါင်း ဒီကနေ့ထိဆိုရင် ၁၅,၈၃၈ ခု ရှိပြီဖြစ်ပြီး ဒီအထဲမှာ အတည်ပြုလူနာတွေနဲ့ ထိတွေ့ရာက ကူးစက်မှု ၃.၅ ရာခိုင်နှုန်း၊ စောင့်ကြည့်လူနာတွေထဲမှာ ၁.၄ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာမပြပေမဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင် ရှိတဲ့အတွက် အသွားအလာကန့်သတ်ထားသူတွေထဲက ကူးစက်မှု ဝ.၃ ရာခိုင်နှုန်း ရှိကြောင်းလည်း ဒီနေ့အစောပိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။