(Zawgyi/Unicode)
တိုင်းရင်းသား အဓိကပါတီကြီးဖြစ်တဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး တာဝန်ကနေ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သူ့သဘောနဲ့ သူ ကြေညာခဲ့ပါတယ်။
ဦးခွန်ထွန်းဦးဟာ ၁၉၈၈ ဒီမိုကရေစီအရေးနောက်ပိုင်း အဓိကနိုင်ငံရေးကဏ္ဍမှာပါခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် လက်တွဲလုပ်ဆောင်ခဲ့သူလည်းဖြစ်၊ SNLD ပါတီကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
ပါတီတာဝန်ကနေ ဦးခွန်ထွန်းဦး အနားယူလိုက်တာ ဘာကြောင့်ပါလဲ။ ရွေးကောက်ပွဲမတိုင်ခင် ပါတီခေါင်းဆောင်အပြောင်းအလဲက စည်းရုံးရေးလုပ်ငန်းတွေကို ထိခိုက်မှုရှိနိုင်မလား။
SNLDတွဲဖက်အတွင်းရေးမူး (၁) စိုင်းကျော်ညွှန့်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
စိုင်းကျော်ညွန့် ။ ။ ဥက္ကဌကြီးကတော့ သူ့ဆန္ဒပေါ့ဗျာ သူ့သဘောထားကို 7Day (သတင်းဌာန) မှာ အဲ့လိုမျိုး ကြေညာလိုက်တဲ့ သဘောပေါ့ဗျာ။အဲ့ဒါကတော့ သူ ဟိုတုန်းက ကျွန်တော်နဲ့ တခြားလူငယ်တွေပေ့ါဗျာ၊ သွားတွေ့တဲ့တုံးကတော့၊ သူနည်းနည်း နားချင်တယ်ဆိုတဲ့အကြောင်းပြောဖူးတာရှိတယ်။နောက်ပြီးတော့ သူ့ရဲ့ မိသားစုကိစ္စပေါ့ဗျာ၊ စော်ဘွားကြီးနဲ့ မဟာဒေဝီက ပေးထားတဲ့ တာဝန်မကျေမှာလည်း စိုးတာပေါ့ဗျာ။နောက်ပြီး ဒီကျန်းမာရေးတို့ ဘာတို့အပိုင်းမှာလည်း နည်းနည်း ယိုယွင်းလာတော့၊ နားဖို့ပြုဖို့ ဆိုတဲ့သဘောမျိုးကိုတော့ ကျွန်တော်တို့ကိုပြောဖူးတယ်။အဲ့ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ဘယ်သူမှ မသိလိုက်ဘဲနဲ့ သတင်းဌာနာကို ခေါ်ပြီးတော့ သူဟာနဲ့သူ အင်တာဗျူးပေးလိုက်တဲ့ သဘောပါပဲဗျ။
ဝင်းမင်း ။ ။ ဒီနေရာမှာထူးခြားတာက၊ ရွေးကောက်ပွဲမတိုင်ခင်မှာပေါ့နော်၊ အရေးပါတဲ့ အချိန်လေးမှာ ကပ်ပြီးတော့ဖြစ်တဲ့အတွက်၊ ဒီရွေးကောက်ပွဲအပေါ်မှာရော၊ ဘယ်လိုမျိုးသက်ရောက်မူရှိမယ်ထင်လဲ။
စိုင်းကျော်ညွှန့် ။ ။ အထွေအထူးတော့ သိပ်သက်ရောက်စရာမရှိဘူးဗျ။ဘာလို့လဲဆိုတော့ ဥက္ကဌကြီးက နားမယ်ပြုမယ်ဆိုပေမယ့် ဒီ ပါတီထဲမှာတော့ ဥက္ကဌကြီးကို ဆက်လက်ပြီးတော့ ဥက္ကဌနေရာအဖြစ်ပဲ အသိအမှတ်ပြုထားသေးတယ်။ပါတီ CEC (ဗဟိုအလုပ်အမူဆောင်အဖွဲ့) တို့၊ ဗဟိုကော်မတီ CC တို့လိုမျိုးကအစ၊ ခေါ်ပြီး ပြုပြီးတော့မှ မဆွေးနွေးနိုင်သေးဘူးလေ၊ ဆုံးဖြတ်ချက်မချနိုင်သေးဘူးဆိုတော့ ဥက္ကဌကြီးပါပဲ။
ဝင်းမင်း ။ ။အခု ရုတ်တရက်ကြီး ဖြစ်သွားတဲ့ မတိုင်ခင်လေးမှာ ဒီတစ်ခုခု မှာကြားခဲ့တာ၊ ဘာညာရော၊ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့။
စိုင်းကျော်ညွန့် ။ ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၁၃၁ ဦးပေါ့ဗျာ။သြဝါဒပေးတဲ့ပွဲမှာ၊ ဥက္ကဌကြီးက အမှာစကားပြောပေး ခဲ့သေးတယ်ဗျ။ဒါကိုယ်စားလှယ်လောင်းရွေးပြီးမှလေ။အဲ့ဒီအချိန်ထိက ဘာမှ မဖြစ်ပါဘူး၊ အဆင်ပြေပါတယ်။နောက်ပြီးတော့ ဒီ ကြိုးစားဖို့ပေါ့ဗျာ၊ အဓိကအားဖြင့် လူငယ်ပိုင်းကို သူတော်တော် ပြောပါတယ်။နောက်ဒီရွေးကောက်ပွဲ Campaign (မဲဆွယ်ပွဲ) မတိုင်ခင်၊ ဒီလူမရွေးခင်တုန်းကလည်း တောင်ကြီးမှာ၊ ဒီဇွန်လတုန်းကဆိုရင်၊ ဒီလူငယ်တွေကို နေရာပေးဖို့သင့်ပြီ၊ လမ်းဖွင့်ပေးရမယ်၊ သြဝါဒပေးခဲ့တာတော့ ရှိပါတယ်။
ဝင်းမင်း ။ ။ အဲ့ဒီ (လူငယ်တွေလမ်းဖွင့်ပေးရေး) အပေါ်မှာရော ဘယ်လိုခံစားမိလဲ။
စိုင်းကျော်ညွန့် ။ ။ဥက္ကဌကြီးက အသက် ၈၀ နီးလာပြီလေ။ပြီးတော့ ပါတီမှာလဲ အဆင့်လိုက် အဆင့်လိုက်တော့၊ ဥက္ကဌကြီးရဲ့ အတန်းတွေပေါ့ဗျာ။ သပ်သပ်ရှိတယ်။ပြီးရင် သူ့ထက်ငယ်တဲ့ ၆၀ အောက်ပေါ့လေ။နောက် ၅၀ အောက်တွေ၊ အဲ့လိုမျိုး ၄၀ အောက်တွေ သူ့အတန်းလိုက် အတန်းလိုက်တော့ ရှိနေတယ်ဗျ။ပါတီအနေနဲ့တော့ မျိုးဆက်အရကတော့၊ လက်လွှဲပြီး ဆက်ခံသွားနိုင်တဲ့ အဆင့်ဆင့်တွေ ၃၊ ၄၊ ၅ ဆင့်လောက်အထိ ကျွန်တော်တို့ တည်ဆောက်ထားတာ ရှိတယ်ဆိုတော့၊ ဒီ ဥက္ကဌကြီး နားခြင်း၊ မနားခြင်းက သိပ်တော့ ကျွန်တော်တို့အပေါ်မှာတော့ အတွေအထူး ထိခိုက်နိုင်ချေတော့ မရှိပါဘူးဗျ။
ဝင်းမင်း ။ ။ နောက်တစ်ခုက ရှမ်းပြည်နယ်မှာ နောက်ထပ်ရှမ်းပါတီတစ်ခုလည်းရှိနေတဲ့ အနေအထားမှာ၊ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ SNDP (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီ) ရှိတော့၊ ဒီပြိုင်ဆိုင်မူတွေက အခု ဦးခွန်ထွန်းဦးထွက်တဲ့အပေါ်မူတည်ပြီးတော့ရော၊ အပြောင်းအလဲဖြစ်လာနိုင်မယ်ထင်လား။
စိုင်းကျော်ညွန့် ။ ။ ဒါကတော့ နည်းနည်း ရှင်းမယ်ထင်ပါတယ်။၂၀၁၅ (ရွေးကောက်ပွဲ) မှာကတည်းက၊ ပြည်သူတွေရဲ့ သဘောထားကို ဒါရှင်းရှင်းလင်းလင်းပြထားပြီးပြီလေ။ဒီတစ်ခေါက်လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားမယ်လေ။
ဝင်းမင်း ။ ။ အဓိက ပြိုင်ရမယ့် ပါတီပေါ့၊ ရှမ်းပြည်နယ်မှာ ဘာတွေရှိမယ်ထင်လဲ။
စိုင်းကျော်ညွှန့် ။ ။ အဓိကကတော့ ရှမ်းအရှေ့ပိုင်းမှာဆို USDP (ကြံခိုင်ဖွံံဖြိုးရေးပါတီ) ဗျ။ပြီးခဲ့တဲ့ကာလတုန်း ကဆိုရင်တော့ ရှမ်းအရှေ.ခြမ်းဆို USDP က တော်တော်နိုင်တယ်ဗျ။အဲဒီ တချို့မြို့ကြီးတွေမှာဆိုရင်တော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ပေါ့ဗျာ။
ဝင်းမင်း ။ ။ ဘယ်မြို့ကြီးတွေဖြစ်မလဲ၊ NLD နဲ့ ပြိုင်ဖို့လေ။
စိုင်းကျော်ညွန့် ။ ။တောင်ကြီးလိုမျိုး၊ လားရှိုးလိုမျိုး၊ ကျိုင်းတုံ၊ တာချီလိတ်ပေါ့လေ။အဲ့ဒီလို မြို့ကြီးတွေဆိုရင်တော့၊ မြို.က လူမျိုး တော်တော်စုံသွားတယ်၊ ပြုသွားတယ်။နောက်ပြီးတော့ တပ်အင်အားလျော့သွားတဲ့ နေရာတွေဆိုရင်တော့ သူတို့ (NLD) နိုင်တယ်ပေါ့ဗျာ။
ဝင်းမင်း ။ ။နောက်ဒီ USDP ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ အဓိက ပြိုင်ရမယ့် ရှမ်းအရှေ့ မြို.နယ်တွေကရော။
စိုင်းကျော်ညွန့် ။ ။ မိုင်းဖြတ်တို့ဘာတို့ဆိုလဲ သူတို့ (ကြံခိုင်ဖွံ့ဖြိုးရေး) နိုင်ထားတယ်လေ။မိုင်းပျင်းတို့လိုမျိုးပေါ့လေ။ ရှမ်းအရှေ့ပိုင်းတော်တော်များများပဲဗျ။ဒါပေမဲ့ ထူးခြားတာကတော့ အဲ့ဘက်မှာတော့၊ ဒီ တပ်တွေများတယ်၊ နောက် ဒီပြည်သူ့စစ်တွေလည်း များတယ်ပေါ့လေ။အဲ အခုကတော့ အဲ့ဒိမှာ ဒီ NLD လည်း လှုပ်ရှားနေတာတွေရှိတယ်ဗျ။သူ မိုင်းယောင်းတို့ ဘာတို့ဆို တော်တော်ပြိုင်ရမယ့် နေရာတွေဗျ။ဒီမိုင်းယောင်းက ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အခြေအနေ တော်တော်ကောင်းပါတယ်၊ မိုင်းယောင်းတို့၊ မိုင်းဖြတ်တို့၊ မိုင်းပျင်းတို့ပေါ့လေ။ကျန်တဲ့ ရှမ်းမြောက်ကတော့ အခြေအနေတောင်တော် ကောင်းပါတယ်။ရှမ်းတောင်လည်း ကောင်းတယ်ဆိုတော့၊ ၂၀၁၅ နဲ့ စာရင်တော့၊ ပိုပြီးတော့ နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။
ဝင်းမင်း ။ ။ ကျေးဇူးပါ၊ စိုင်းကျော်ညွှန့်။
............
(Unicode)
စိုငျးကြောျညှှန့ျ ။ ။ အထှအေထူးတော့ သိပျသကျရောကျစရာမရှိဘူးဗြ။ဘာလို့လဲဆိုတော့ ဥက်ကဌကွီးက နားမယျပွုမယျဆိုပမေယ့ျ ဒီ ပါတီထဲမှာတော့ ဥက်ကဌကွီးကို ဆကျလကျပွီးတော့ ဥက်ကဌနရောအဖွဈပဲ အသိအမှတျပွုထားသေးတယျ။ပါတီ CEC (ဗဟိုအလုပျအမူဆောငျအဖှဲ့) တို့၊ ဗဟိုကောျမတီ CC တို့လိုမြိုးကအစ၊ ခေါျပွီး ပွုပွီးတော့မှ မဆှေးနှေးနိုငျသေးဘူးလေ၊ ဆုံးဖွတျခကြျမခနြိုငျသေးဘူးဆိုတော့ ဥက်ကဌကွီးပါပဲ။