သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

No Vote ျပသနာ ဘယ္လို ကိုင္တြယ္ေျဖရွင္းသင့္သလဲ 


၂၀၁၇ခုႏွစ္ ဧၿပီလက က်င္းပခဲ့တဲ့ ၾကားျဖတ္ေရြးေကာက္ပဲြအတြြက္ ဆႏၵမဲေပးဖို႔ ရန္ကုန္ၿမိဳ႕က မဲရံုတရုံ
No Vote ျပသနာ ဘယ္လို ကိုင္တြယ္ေျဖရွင္းသင့္သလဲ
please wait

No media source currently available

0:00 0:07:10 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ အေထြေထြ ေ႐ြးေကာက္ပြဲႀကီး က်င္းပပါေတာ့မယ္။ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတုန္းက အတိုင္း အားလုံးပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ေ႐ြးေကာက္ပြဲ အမ်ိဳးအစားပါ။ ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္တဲ့ ႀကီးႀကီးမားမား ပါတီ၊ အဖြဲ႕အစည္း မရွိပါဘူး။ ဒါေပမယ့္ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ ျခားနားတာ တစ္ခုက No Vote လုပ္မယ့္သူေတြ ေပၚလာသလို၊ ပယ္မဲ သြားေပးၾကဖို႔ အထိ လြန္လြန္ကြၽံကြၽံ ေျပာဆိုသူေတြလည္း ရွိလာပါတယ္။ လာမယ့္ ေ႐ြးေကာက္ပြဲမွာ No Vote လုပ္မယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ေျပာဆိုထားသူေတြက သူတို႔ဟာ ၂၀၁၅ ခုႏွစ္မွာ အေျပာင္းအလဲကို လိုလားတာေၾကာင့္ အင္န္အယ္လ္ဒီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကို မဲေပးခဲ့ၾကေၾကာင္း၊ ဒါေပမယ့္ အင္န္အယ္လ္ဒီ အစိုးရအုပ္ခ်ဳပ္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္ ကာလမွာ သူတို႔ ေမွ်ာ္လင့္သလို၊ အေျပာင္းအလဲကို မေဖာ္ေဆာင္ႏိုင္တဲ့အေၾကာင္း၊ ခ်ိဳ႕ယြင္းခ်က္၊ အားနည္းခ်က္၊ အမွားေတြ အမ်ားႀကီး လုပ္ခဲ့တဲ့အေၾကာင္း၊ တိုင္းရင္းသားေတြ အက်ိဳးအတြက္လည္း မလုပ္ႏိုင္ပဲ ပဋိပကၡ ျဖစ္စရာေတြကိုေတာင္ လုပ္ခဲ့ေၾကာင္း၊ အျခား တစ္ဖက္မွာလည္း အင္န္အယ္လ္ဒီကို မဲမေပးေပမယ့္ အျခားေပးစရာ ႀကိဳက္ႏွစ္သက္တဲ့ ပါတီလည္း မရွိတာေၾကာင့္ ဘယ္ပါတီကိုမွ မဲမေပးပဲ No Vote လုပ္မယ္ ဆိုတဲ့အေၾကာင္း ေျပာဆိုထားၾကပါတယ္။ No Vote လႈပ္ရွားမႈဟာ လာမယ့္ ေ႐ြးေကာက္ပြဲ အေပၚ ဘယ္လို သက္ေရာက္လာမွာလဲ ဆိုတဲ့ ကိစၥ စိတ္ဝင္စားစရာပါ။ ခုတစ္ပတ္ အဲဒီ အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

တကယ္ေတာ့ ကိုယ့္ဖာသာကိုယ္ တစ္ဦးခ်င္း No Vote လုပ္တယ္၊ No Vote လုပ္ဖို႔ စည္း႐ုံးတယ္ ဆိုတာမ်ိဳးကေတာ့ ႏိုင္ငံတကာမွာေရာ၊ ျမန္မာႏိုင္ငံမွာပါ သိပ္ မစိမ္းပါဘူး။ အဲလို ကိစၥမ်ိဳးဟာ အေၾကာင္းရင္းခံ (၂) မ်ိဳးအေပၚမွာ အေျခခံၿပီး ေပၚေပါက္လာတာမ်ိဳးပါ။ ပထမ တစ္မ်ိဳးကေတာ့ ဒီမိုကေရစီ ထြန္းကားတဲ့ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာ ျဖစ္ေလ့ ျဖစ္ထ ရွိပါတယ္။ အဲဒီႏိုင္ငံေတြမွာ ေ႐ြးေကာက္ပြဲ လုပ္တယ္ ဆိုတာ ပုံမွန္ လုပ္႐ိုးလုပ္စဥ္ ျဖစ္ၿပီး လြတ္လပ္ၿပီး တရားမွ်တမႈ ရွိပါတယ္။ ေ႐ြးေကာက္ပြဲ မသမာမႈ ဆိုတာ အဲဒီႏိုင္ငံက ျပည္သူေတြ မၾကားဘူးတဲ့ အရာမ်ိဳးပါ။ ႏိုင္ငံတစ္ခ်ိဳ႕မွာေတာ့ ၿပိဳင္ဘက္ ပါတီေတြအၾကား ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး စတဲ့ မူဝါဒ ေရးရာေတြမွာ သိပ္ၿပီး မကြာျခားတတ္ပါဘူး။ ခိုင္မာအားေကာင္းတဲ့ Institution ေတြေအာက္မွာ အစိုးရ တစ္လက္ကေန ေနာက္တစ္လက္ ေျပာင္းတိုင္း၊ ဝန္ႀကီးခ်ဳပ္ ဒီတစ္ေယာက္ကေန ေနာက္တစ္ေယာက္ ေျပာင္းသြားတိုင္း လူ႔အဖြဲ႕အစည္းထဲမွာ သိသာတဲ့ သက္ေရာက္မႈေတြ ျဖစ္ေလ့ ျဖစ္ထ မရွိပါဘူး။

ေျပာရရင္ အစိုးရ ေျပာင္းသြားတယ္ ဆိုေပမယ့္ သာမန္ ျပည္သူ အမ်ားစုႀကီးရဲ႕ ေန႔စဥ္ လူေနမႈ ဘ၀ သိပ္ၿပီး ေျပာင္းလဲသြားတာမ်ိဳး မရွိတတ္ၾကတာမ်ိဳးပါ။ ဒီလို အေျခအေနမ်ိဳး သာမန္ျပည္သူေတြၾကားမွာ မဲေပးျခင္း၊ မဲမေပးျခင္းဟာ သိပ္ ထူးျခားမႈ မရွိဘူးလို႔ ခံစားတတ္ၾကပါတယ္။ ပါတီ တစ္ခုခု၊ လူပုဂၢိဳလ္ တစ္ေယာက္ေယာက္ကို မဲသြားေပးလိုက္လို႔လဲ သူတို႔ ေန႔စဥ္ဘ၀ သိပ္ၿပီး ထူးျခားသြားမွာ မဟုတ္ဘူးလို႔ ခံစားတတ္ၾကပါတယ္။ ဒီအခါ No Vote ဆိုၿပီး မဲသြားမေပးပဲ ေနတတ္ၾကတာမ်ိဳးပါ။ တခ်ိဳ႕ႏိုင္ငံေတြမွာဆိုရင္ No Vote မ်ားလြန္းလို႔ မဲေပးသူ ရာခိုင္ႏႈန္း အေတာ္ေလး နည္းပါးတာမ်ိဳးေတာင္ ျဖစ္တတ္ပါတယ္။ နမူနာအားျဖင့္ေတာ့ ဂ်ပန္နဲ႔ အေနာက္ဥေရာပက ႏိုင္ငံတစ္ခ်ိဳ႕ပါ။

ေနာက္တစ္မ်ိဳးကေတာ့ သပိတ္ေမွာက္မႈ ဆန္တဲ့ No Vote ပါ။ မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံေတြ၊ အာဏာရွင္ႏိုင္ငံေတြ၊ အာဏာရွင္ တစ္ပိုင္း ႏိုင္ငံေတြမွာ ျဖစ္ေပၚေလ့ ရွိပါတယ္။ အဲဒီႏိုင္ငံေတြမွာ ေ႐ြးေကာက္ပြဲကို နာမည္ၾကားေကာင္း႐ုံေလာက္ လုပ္ျပတတ္ပါတယ္။ တရားမွ်တမႈ မရွိတဲ့ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ဥပေဒ ေတြ၊ စည္းကမ္းေတြ ခ်မွတ္ထားတတ္ၾကသလို၊ ၿပိဳင္ဘက္ အတိုက္အခံ ပါတီေတြ ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ မရေအာင္ အမ်ိဳးမ်ိဳး ညစ္ပတ္ထားေလ့ ရွိပါတယ္။ အဲဒီ ေ႐ြးေကာက္ပြဲကို ကမကထ လုပ္ က်င္းပေပးတဲ့ ေကာ္မရွင္ေတြကလည္း အာဏာရွင္ေတြ လိုခ်င္တဲ့ အေျဖ မထြက္ထြက္ေအာင္ မသမာမႈေတြကို နည္းမ်ိဳးစုံနဲ႔ လုပ္ေပးတတ္ပါတယ္။

အဲလို အေျခအေနေအာက္မွာ ျပည္သူလူထုဟာ သူတို႔ ဆႏၵ အစစ္အမွန္ ေဖာ္ထုတ္ခြင့္ မရတာ၊ တနည္းအားျဖင့္ သူတို႔ မဲေပးခ်င္တဲ့ ပါတီ၊ အမတ္ေလာင္းေတြ ေ႐ြးေကာက္ပြဲ မဝင္ႏိုင္လို႔ မဲေပးလို႔မရတာ၊ တကယ္လို႔ ေ႐ြးေကာက္ပြဲ ဝင္၊ မဲသြားေပးခဲ့ရင္လည္း ေကာ္မရွင္ အဆင့္ဆင့္ရဲ႕ မသမာမႈေၾကာင့္ ကိုယ့္ဆႏၵမဲ ဘာမွ မထူးျခားတာ စတဲ့ အေျခအေနမ်ိဳး ႀကဳံရမွာကို သိေနတတ္ၾကပါတယ္။ အဲဒီ အေျခအေနမ်ိဳးမွာ တစ္ဦးခ်င္းစီ အေနနဲ႔ No Vote ဆိုၿပီး မဲမေပးတာမ်ိဳး လုပ္ၾကပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္၊ No Vote Campaign လုပ္ၿပီး ေ႐ြးေကာက္ပြဲရဲ႕ တရားဝင္မႈ ပ်က္ျပယ္ေအာင္ ႀကိဳးစားၾကတာမ်ိဳးလည္း ရွိပါတယ္။ အာဏာရွင္ႏိုင္ငံ တစ္ခ်ိဳ႕မွာေတာ့ ဥပေဒ ျပဌာန္းခ်က္ေတြနဲ႔ တားျမစ္ ထားတတ္ၾကလို႔ No Vote ကို က်ယ္က်ယ္ ေျပာလို႔ မရတာမ်ိဳး ရွိတတ္သလို၊ ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္ၾကပါ ဆိုၿပီး စည္း႐ုံးလို႔လည္း မရႏိုင္ပါဘူး။ ဥပေဒ အရ ေထာင္ထဲ ေရာက္သြားႏိုင္လို႔ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း အဲလို ျဖစ္ခဲ့ဖူးပါတယ္။ သိပ္မေဝးလွေသးတဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲ ကာလ မွာ ျဖစ္ပါတယ္။ အားလုံး ပါဝင္လို႔ မရေအာင္ ဥပေဒထုတ္ တားျမစ္ခဲ့တဲ့အျပင္ ႏိုင္ငံေရးသမား အမ်ားအျပားကို အက်ယ္ခ်ဳပ္နဲ႔ အက်ဥ္းေထာင္ေတြထဲ ထည့္ထားၿပီးမွ က်င္းပတဲ့ ေ႐ြးေကာက္ပြဲျဖစ္လို႔ပါ။ အဲဒီအခ်ိန္တုန္းက အင္န္အယ္လ္ဒီ အဖြဲ႕ဝင္တစ္ခ်ိဳ႕ ေ႐ြးေကာက္ပြဲမွာ မဲသြားမေပးၾကဖို႔၊ သပိတ္ေမွာက္ၾကဖို႔ လႈံ႕ေဆာ္ခဲ့ဖူးပါတယ္။ အခု ၂၀၂၀ ေ႐ြးေကာက္ပြဲကေတာ့ ၂၀၁၀ ကနဲ႔ ျခားနားပါတယ္။ ၂၀၁၅ တုန္းကလိုပဲ အားလုံးပါဝင္ ယွဥ္ၿပိဳင္ၾကမယ့္ ပြဲပါ။ ဒါေၾကာင့္ No-vote လုပ္တာကို အင္န္အယ္လ္ဒီ၊ ျပည္ခိုင္ၿဖိဳး၊ SNLD အပါအဝင္ ပါတီတိုင္းလိုလိုက လက္မခံၾကပါဘူး။ ၾသဂုတ္လ ၅ ရက္ေန႔က လုပ္တဲ့ မဲစာရင္း ထုတ္ျပန္ျခင္းဆိုင္ရာ အြန္လိုင္း စည္းေဝးပြဲမွာ No Vote နဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က “ ကိုယ့္ႏိုင္ငံအတြက္ ကိုယ္ တာဝန္ယူခ်င္တဲ့စိတ္ဟာ လူတိုင္း လူတိုင္းမွာ ရွိရမယ္၊ ကိုယ္ႀကိဳက္သလို မဲေပးရမယ္၊ ဒါေပမယ့္ မဲမေပးပဲနဲ႔ေတာ့ ဒီစနစ္ႀကီးကို မႀကိဳက္ဘူးတို႔ ဟိုဟာ မႀကိဳက္ဘူးတို႔ ေျပာတာက အင္မတန္ တာဝန္မဲ့တာပဲ။” ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။ အလားတူ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠဌ ဦးသန္းေဌးကလည္း ဇူလိုင္ ၃၁ ရက္ေန႔က သူ႔ရဲ႕ facebook လူမႈကြန္ယက္စာမ်က္ႏွာမွာ “ ကိုယ္ႀကိဳက္တာ ကိုယ္ေ႐ြးခြင့္ဟာ ျပည္သူတိုင္းပိုင္တဲ့ အခြင့္အေရး တစ္ရပ္ပါ။ ကိုယ္ႀကိဳက္တာ ကိုယ္မေ႐ြးရင္ သူမ်ားေပးတာကိုပဲ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ယူရမွာ” ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။ ႏိုင္ငံေရးသမား အမ်ားစုကေတာ့ စစ္အာဏာရွင္ေတြကို ရာစုႏွစ္တစ္ဝက္ေက်ာ္ေလာက္ ရင္ဆိုင္၊ တိုက္ခိုက္၊ အသက္ေသြး၊ ေခြၽး အမ်ားႀကီး ေပးၿပီးမွ အခုအဆင့္ေလာက္ မဲေပးခြင့္ ရလာတာမို႔ ဒါကို ဆန႔္က်င္တဲ့ No Vote လႈပ္ရွားမႈကို မႀကိဳက္ၾကပါဘူး။ ကိုယ့္ဖာသာကိုယ္ မဲေပးတာ၊ မေပးတာ ႏိုင္ငံသားတစ္ေယာက္ရဲ႕ အခြင့္အေရး ျဖစ္ေပမယ့္ အျခားသူေတြကိုပါ မဲမေပးေအာင္ စည္း႐ုံးတာ၊ လႈံ႕ေဆာ္တာမ်ိဳးကိုေတာ့ ဒီမိုကေရစီ စနစ္ကို ဟန႔္တားေႏွာင့္ယွက္မႈ အျဖစ္ ရႈျမင္ၾကပါတယ္။

လက္ရွိ အေျခအေနအရ လာမယ့္ ေ႐ြးေကာက္ပြဲ အၿပီးမွာ ျဖစ္လာႏိုင္ေခ် ႏွစ္ခုပဲ ရွိပါတယ္။ NLD ဒါမွမဟုတ္ NLD အုပ္စုက တင္တဲ့ သမၼတ နဲ႔ အင္န္အယ္လ္ဒီ အစိုးရ၊ ဒါမွမဟုတ္ တပ္မေတာ္ အစုအဖြဲ႕က ဦးေဆာင္တဲ့ မဟာမိတ္ အုပ္စုက တင္တဲ့ သမၼတ နဲ႔ အစိုးရအဖြဲ႕ အဲဒီ ႏွစ္ခုပါပဲ။ No Vote သမားေတြ အေနနဲ႔ အဲဒီ ၂ ခုထဲက တစ္ခုခုကိုႀကိဳက္ရင္ မဲသြားေပးဖို႔ လိုပါတယ္။ ဒါမွမဟုတ္ တစ္ခုခုကို လက္မခံႏိုင္ဘူး ဆိုရင္လည္း မဲသြားေပးဖို႔ လိုပါတယ္။ ဘယ္အစိုးရတက္တက္ လက္ခံပါတယ္ ဆိုရင္ေတာ့ သူတို႔ No Vote လုပ္တာမွန္ပါလိမ့္မယ္။ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီ အားလုံးကေတာ့ ျပည္သူေတြ မဲေပးလာေအာင္ စည္း႐ုံးသင့္ပါတယ္။ လက္ရွိ မဲစာရင္း အမွားအယြင္း အလြန္မ်ားတဲ့ ကိစၥ ဝိုင္းၿပီး ကူညီ ေျဖရွင္းေပးၾကရပါမယ္။ No Vote သမားေတြကို အျပစ္တင္ေနမယ့္အစား No Vote ဆိုတာ ဘယ္လိုမ်ိဳးလဲ ျပည္သူလူထု ဒီထက္ပိုၿပီး သိလာေအာင္ ရွင္းျပတာ၊ ဒီမိုကေရစီ စနစ္ကို လိုလားျမတ္ႏိုးတယ္ ဆိုရင္ ထြက္ၿပီး မဲလာေပးေအာင္ စည္း႐ုံးတာမ်ိဳးကိုပဲ အ႐ုံစိုက္ လုပ္သင့္ၾကေၾကာင္းပါ။

==================

No Vote ပြသနာ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အတိုင်း အားလုံးပါဝင်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ပွဲ အမျိုးအစားပါ။ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ ကြီးကြီးမားမား ပါတီ၊ အဖွဲ့အစည်း မရှိပါဘူး။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ခြားနားတာ တစ်ခုက No Vote လုပ်မယ့်သူတွေ ပေါ်လာသလို၊ ပယ်မဲ သွားပေးကြဖို့ အထိ လွန်လွန်ကျွံကျွံ ပြောဆိုသူတွေလည်း ရှိလာပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ No Vote လုပ်မယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားသူတွေက သူတို့ဟာ ၂၀၁၅ ခုနှစ်မှာ အပြောင်းအလဲကို လိုလားတာကြောင့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးခဲ့ကြကြောင်း၊ ဒါပေမယ့် အင်န်အယ်လ်ဒီ အစိုးရအုပ်ချုပ်ခဲ့တဲ့ ၄ နှစ်ကျော် ကာလမှာ သူတို့ မျှော်လင့်သလို၊ အပြောင်းအလဲကို မဖော်ဆောင်နိုင်တဲ့အကြောင်း၊ ချို့ယွင်းချက်၊ အားနည်းချက်၊ အမှားတွေ အများကြီး လုပ်ခဲ့တဲ့အကြောင်း၊ တိုင်းရင်းသားတွေ အကျိုးအတွက်လည်း မလုပ်နိုင်ပဲ ပဋိပက္ခ ဖြစ်စရာတွေကိုတောင် လုပ်ခဲ့ကြောင်း၊ အခြား တစ်ဖက်မှာလည်း အင်န်အယ်လ်ဒီကို မဲမပေးပေမယ့် အခြားပေးစရာ ကြိုက်နှစ်သက်တဲ့ ပါတီလည်း မရှိတာကြောင့် ဘယ်ပါတီကိုမှ မဲမပေးပဲ No Vote လုပ်မယ် ဆိုတဲ့အကြောင်း ပြောဆိုထားကြပါတယ်။ No Vote လှုပ်ရှားမှုဟာ လာမယ့် ရွေးကောက်ပွဲ အပေါ် ဘယ်လို သက်ရောက်လာမှာလဲ ဆိုတဲ့ ကိစ္စ စိတ်ဝင်စားစရာပါ။ ခုတစ်ပတ် အဲဒီ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

တကယ်တော့ ကိုယ့်ဖာသာကိုယ် တစ်ဦးချင်း No Vote လုပ်တယ်၊ No Vote လုပ်ဖို့ စည်းရုံးတယ် ဆိုတာမျိုးကတော့ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာပါ သိပ် မစိမ်းပါဘူး။ အဲလို ကိစ္စမျိုးဟာ အကြောင်းရင်းခံ (၂) မျိုးအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာမျိုးပါ။ ပထမ တစ်မျိုးကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာ ပုံမှန် လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်။ ရွေးကောက်ပွဲ မသမာမှု ဆိုတာ အဲဒီနိုင်ငံက ပြည်သူတွေ မကြားဘူးတဲ့ အရာမျိုးပါ။ နိုင်ငံတစ်ချို့မှာတော့ ပြိုင်ဘက် ပါတီတွေအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ မူဝါဒ ရေးရာတွေမှာ သိပ်ပြီး မကွာခြားတတ်ပါဘူး။ ခိုင်မာအားကောင်းတဲ့ Institution တွေအောက်မှာ အစိုးရ တစ်လက်ကနေ နောက်တစ်လက် ပြောင်းတိုင်း၊ ဝန်ကြီးချုပ် ဒီတစ်ယောက်ကနေ နောက်တစ်ယောက် ပြောင်းသွားတိုင်း လူ့အဖွဲ့အစည်းထဲမှာ သိသာတဲ့ သက်ရောက်မှုတွေ ဖြစ်လေ့ ဖြစ်ထ မရှိပါဘူး။

ပြောရရင် အစိုးရ ပြောင်းသွားတယ် ဆိုပေမယ့် သာမန် ပြည်သူ အများစုကြီးရဲ့ နေ့စဉ် လူနေမှု ဘ၀ သိပ်ပြီး ပြောင်းလဲသွားတာမျိုး မရှိတတ်ကြတာမျိုးပါ။ ဒီလို အခြေအနေမျိုး သာမန်ပြည်သူတွေကြားမှာ မဲပေးခြင်း၊ မဲမပေးခြင်းဟာ သိပ် ထူးခြားမှု မရှိဘူးလို့ ခံစားတတ်ကြပါတယ်။ ပါတီ တစ်ခုခု၊ လူပုဂ္ဂိုလ် တစ်ယောက်ယောက်ကို မဲသွားပေးလိုက်လို့လဲ သူတို့ နေ့စဉ်ဘ၀ သိပ်ပြီး ထူးခြားသွားမှာ မဟုတ်ဘူးလို့ ခံစားတတ်ကြပါတယ်။ ဒီအခါ No Vote ဆိုပြီး မဲသွားမပေးပဲ နေတတ်ကြတာမျိုးပါ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် No Vote များလွန်းလို့ မဲပေးသူ ရာခိုင်နှုန်း အတော်လေး နည်းပါးတာမျိုးတောင် ဖြစ်တတ်ပါတယ်။ နမူနာအားဖြင့်တော့ ဂျပန်နဲ့ အနောက်ဥရောပက နိုင်ငံတစ်ချို့ပါ။

နောက်တစ်မျိုးကတော့ သပိတ်မှောက်မှု ဆန်တဲ့ No Vote ပါ။ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင် တစ်ပိုင်း နိုင်ငံတွေမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲကို နာမည်ကြားကောင်းရုံလောက် လုပ်ပြတတ်ပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ တွေ၊ စည်းကမ်းတွေ ချမှတ်ထားတတ်ကြသလို၊ ပြိုင်ဘက် အတိုက်အခံ ပါတီတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် အမျိုးမျိုး ညစ်ပတ်ထားလေ့ ရှိပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ကမကထ လုပ် ကျင်းပပေးတဲ့ ကော်မရှင်တွေကလည်း အာဏာရှင်တွေ လိုချင်တဲ့ အဖြေ မထွက်ထွက်အောင် မသမာမှုတွေကို နည်းမျိုးစုံနဲ့ လုပ်ပေးတတ်ပါတယ်။

အဲလို အခြေအနေအောက်မှာ ပြည်သူလူထုဟာ သူတို့ ဆန္ဒ အစစ်အမှန် ဖော်ထုတ်ခွင့် မရတာ၊ တနည်းအားဖြင့် သူတို့ မဲပေးချင်တဲ့ ပါတီ၊ အမတ်လောင်းတွေ ရွေးကောက်ပွဲ မဝင်နိုင်လို့ မဲပေးလို့မရတာ၊ တကယ်လို့ ရွေးကောက်ပွဲ ဝင်၊ မဲသွားပေးခဲ့ရင်လည်း ကော်မရှင် အဆင့်ဆင့်ရဲ့ မသမာမှုကြောင့် ကိုယ့်ဆန္ဒမဲ ဘာမှ မထူးခြားတာ စတဲ့ အခြေအနေမျိုး ကြုံရမှာကို သိနေတတ်ကြပါတယ်။ အဲဒီ အခြေအနေမျိုးမှာ တစ်ဦးချင်းစီ အနေနဲ့ No Vote ဆိုပြီး မဲမပေးတာမျိုး လုပ်ကြပါတယ်။

တချို့နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်၊ No Vote Campaign လုပ်ပြီး ရွေးကောက်ပွဲရဲ့ တရားဝင်မှု ပျက်ပြယ်အောင် ကြိုးစားကြတာမျိုးလည်း ရှိပါတယ်။ အာဏာရှင်နိုင်ငံ တစ်ချို့မှာတော့ ဥပဒေ ပြဌာန်းချက်တွေနဲ့ တားမြစ် ထားတတ်ကြလို့ No Vote ကို ကျယ်ကျယ် ပြောလို့ မရတာမျိုး ရှိတတ်သလို၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါ ဆိုပြီး စည်းရုံးလို့လည်း မရနိုင်ပါဘူး။ ဥပဒေ အရ ထောင်ထဲ ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အဲလို ဖြစ်ခဲ့ဖူးပါတယ်။ သိပ်မဝေးလှသေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကာလ မှာ ဖြစ်ပါတယ်။ အားလုံး ပါဝင်လို့ မရအောင် ဥပဒေထုတ် တားမြစ်ခဲ့တဲ့အပြင် နိုင်ငံရေးသမား အများအပြားကို အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲ ထည့်ထားပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါ။ အဲဒီအချိန်တုန်းက အင်န်အယ်လ်ဒီ အဖွဲ့ဝင်တစ်ချို့ ရွေးကောက်ပွဲမှာ မဲသွားမပေးကြဖို့၊ သပိတ်မှောက်ကြဖို့ လှုံ့ဆော်ခဲ့ဖူးပါတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲကတော့ ၂၀၁၀ ကနဲ့ ခြားနားပါတယ်။ ၂၀၁၅ တုန်းကလိုပဲ အားလုံးပါဝင် ယှဉ်ပြိုင်ကြမယ့် ပွဲပါ။ ဒါကြောင့် No-vote လုပ်တာကို အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ SNLD အပါအဝင် ပါတီတိုင်းလိုလိုက လက်မခံကြပါဘူး။ သြဂုတ်လ ၅ ရက်နေ့က လုပ်တဲ့ မဲစာရင်း ထုတ်ပြန်ခြင်းဆိုင်ရာ အွန်လိုင်း စည်းဝေးပွဲမှာ No Vote နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ ကိုယ့်နိုင်ငံအတွက် ကိုယ် တာဝန်ယူချင်တဲ့စိတ်ဟာ လူတိုင်း လူတိုင်းမှာ ရှိရမယ်၊ ကိုယ်ကြိုက်သလို မဲပေးရမယ်၊ ဒါပေမယ့် မဲမပေးပဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူးတို့ ဟိုဟာ မကြိုက်ဘူးတို့ ပြောတာက အင်မတန် တာဝန်မဲ့တာပဲ။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အလားတူ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကလည်း ဇူလိုင် ၃၁ ရက်နေ့က သူ့ရဲ့ facebook လူမှုကွန်ယက်စာမျက်နှာမှာ “ ကိုယ်ကြိုက်တာ ကိုယ်ရွေးခွင့်ဟာ ပြည်သူတိုင်းပိုင်တဲ့ အခွင့်အရေး တစ်ရပ်ပါ။ ကိုယ်ကြိုက်တာ ကိုယ်မရွေးရင် သူများပေးတာကိုပဲ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူရမှာ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေးသမား အများစုကတော့ စစ်အာဏာရှင်တွေကို ရာစုနှစ်တစ်ဝက်ကျော်လောက် ရင်ဆိုင်၊ တိုက်ခိုက်၊ အသက်သွေး၊ ချွေး အများကြီး ပေးပြီးမှ အခုအဆင့်လောက် မဲပေးခွင့် ရလာတာမို့ ဒါကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုကို မကြိုက်ကြပါဘူး။ ကိုယ့်ဖာသာကိုယ် မဲပေးတာ၊ မပေးတာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဖြစ်ပေမယ့် အခြားသူတွေကိုပါ မဲမပေးအောင် စည်းရုံးတာ၊ လှုံ့ဆော်တာမျိုးကိုတော့ ဒီမိုကရေစီ စနစ်ကို ဟန့်တားနှောင့်ယှက်မှု အဖြစ် ရှုမြင်ကြပါတယ်။

လက်ရှိ အခြေအနေအရ လာမယ့် ရွေးကောက်ပွဲ အပြီးမှာ ဖြစ်လာနိုင်ချေ နှစ်ခုပဲ ရှိပါတယ်။ NLD ဒါမှမဟုတ် NLD အုပ်စုက တင်တဲ့ သမ္မတ နဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ ဒါမှမဟုတ် တပ်မတော် အစုအဖွဲ့က ဦးဆောင်တဲ့ မဟာမိတ် အုပ်စုက တင်တဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့ အဲဒီ နှစ်ခုပါပဲ။ No Vote သမားတွေ အနေနဲ့ အဲဒီ ၂ ခုထဲက တစ်ခုခုကိုကြိုက်ရင် မဲသွားပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် တစ်ခုခုကို လက်မခံနိုင်ဘူး ဆိုရင်လည်း မဲသွားပေးဖို့ လိုပါတယ်။ ဘယ်အစိုးရတက်တက် လက်ခံပါတယ် ဆိုရင်တော့ သူတို့ No Vote လုပ်တာမှန်ပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အားလုံးကတော့ ပြည်သူတွေ မဲပေးလာအောင် စည်းရုံးသင့်ပါတယ်။ လက်ရှိ မဲစာရင်း အမှားအယွင်း အလွန်များတဲ့ ကိစ္စ ဝိုင်းပြီး ကူညီ ဖြေရှင်းပေးကြရပါမယ်။ No Vote သမားတွေကို အပြစ်တင်နေမယ့်အစား No Vote ဆိုတာ ဘယ်လိုမျိုးလဲ ပြည်သူလူထု ဒီထက်ပိုပြီး သိလာအောင် ရှင်းပြတာ၊ ဒီမိုကရေစီ စနစ်ကို လိုလားမြတ်နိုးတယ် ဆိုရင် ထွက်ပြီး မဲလာပေးအောင် စည်းရုံးတာမျိုးကိုပဲ အရုံစိုက် လုပ်သင့်ကြကြောင်းပါ။

စည်သူအောင်မြင့်။

XS
SM
MD
LG