သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္းရင္းေဒသ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခ အလားအလာ


တိုင္းရင္းသားအေရး ကြၽမ္းက်င္သူ ဦးေမာင္ေမာင္စိုး
တိုက္႐ိုက္ လင့္ခ္

မၿငိမ္းခ်မ္းတဲ့တိုင္းရင္းေဒသေတြမွာ ေ႐ြးေကာက္ပြဲလုပ္ဖို႔ တည္ၿငိမ္တဲ့ကာလတခု ဖန္တီးေပးရမယ္လို႔ တိုင္းရင္းသားအေရး ကြၽမ္းက်င္သူ ဦးေမာင္ေမာင္စိုးက သုံးသပ္ေျပာဆိုပါတယ္။ ကိုေအာင္လြင္ဦးက ဦးေမာင္ေမာင္စိုးကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ဆရာဦးေမာင္ေမာင္စိုး မဂၤလာပါ။ အခုဆုိရင္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က မဲဆႏၵနယ္ေျမအျဖစ္ သတ္မွတ္ေၾကညာထားတဲ့ အထဲမွာဆိုရင္ လတ္တေလာ တိုက္ပြဲေတြ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္အပါအဝင္ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ လံုၿခံဳေရးစိတ္မခ်ရတဲ့ နယ္ေျမေတြ။ ေနာက္ လက္နက္ကိုင္အဖြဲ႔ေတြ ထိန္းခ်ဳပ္ႀကီးစိုးထားတဲ့ နယ္ေျမေတြလည္းပါပါတယ္။ ဆိုေတာ့ ဒီအထဲကမွ အရင္ဆံုး ေလာေလာလတ္္လတ္ တိုက္ပြဲျဖစ္ေနတဲ့ေဒသေတြက အေျခအေနေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးေစခ်င္ပါတယ္။ အထူးသျဖင့္ေတာ့ ရခိုင္ျပည္နယ္မွာ တုိက္ပြဲေတြက အရိွန္ေကာင္းေနတာ ရိွပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းမွာဆုိရင္လဲ တိုက္ပြဲေတြ က်ဳိးၾကားက်ဳိးၾကား ျဖစ္ေနတာ ရိွပါတယ္။ ဆိုေတာ့ ဒီနယ္ေျမေတြမွာ လက္ရိွအေျခအေနအရ ေရြးေကာက္ပြဲေတြကို တကယ္တမ္း က်င္းပႏုိင္ပါ့မလား။ ဘယ္လိုယူဆပါလဲ။

ေျဖ ။ ။ မဂၤလာပါ။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွစ္ၿမိဳ ႔နယ္နဲ႔ ခ်င္းျပည္နယ္ထဲက ပလက္ဝၿမိဳ ႔နယ္ စုစုေပါင္း (၉) ၿမိဳ ႔နယ္မွာေတာ့ တုိက္ပြဲေတြျဖစ္ပြားေနတာ မွန္ပါတယ္။ ဒါေပမဲ့ ေရြးေကာက္ပြဲေကာ္မရွင္က ဒါကို ေရြးေကာက္ပြဲက်င္းပမယ့္ေနရာမွာ ဖယ္ၿပီးေတာ့ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အစိုးရနဲ႔ တပ္မေတာ္ကို ေတာင္းခံထားတာလို႔ သိရတယ္။ ေလာေလာဆယ္ေတာ့ ေရြးေကာက္ပြဲက်င္းပမယ့္နယ္ေျမထဲမွာ ထည့္ထားတယ္။ အဲဒီေတာ့ တကယ္လုိ႔သာ ဒီနယ္ေျမေတြက စစ္ပြဲကို ရပ္စဲၾကမယ္ဆိုရင္ ေရြးေကာက္ပြဲ က်င္းပလို႔ရပါတယ္။ ေရြးေကာက္ပြဲ က်င္းပဖုိ႔၊ မဲဆြယ္ဖို႔ဆိုတာ စက္တင္ဘာ၊ ေအာက္တိုဘာမွစမယ္။ အဲဒီေတာ့ ၾသဂုတ္လအကုန္မွာ စစ္ပြဲေတြကို ရပ္စဲၾကမယ္ဆိုရင္ ေရြးေကာက္ပြဲ ျဖစ္ႏုိင္ပါတယ္။ အထူးသျဖင့္ ရခိုင္မွာဆိုရင္ ပလက္ဝအပါအဝင္ အားလံုး (၉) ၿမိဳ ႔နယ္အားလံုးမွာေတာ့ AA ဘက္က ေၾကညာထားတာကေတာ့ တကယ္လို႔ ေရြးေကာက္ပြဲကာလမွာ သူတုိ႔ဘက္က စစ္ရပ္ဖုိ႔ အသင့္ရိွၿပီလို႔ ေၾကညာထားၿပီျဖစ္တယ္။ အဲဒီေတာ့ တပ္မေတာ္ဘက္ကလဲ ဒါကို အဲဒီကာလမွာ အနည္းဆံုး ၾသဂုတ္လကုန္မွာ တုိက္ပြဲေတြ ရပ္ဆိုင္းမယ္ဆိုရင္ေတာ့ ေရြးေကာက္ပြဲ က်င္းပႏုိင္မယ္။

ေလာေလာဆယ္ ဒီရက္ပိုင္းအတြင္းမွာ AA အပါအဝင္ ေျမာက္ပိုင္း (၃) ဖြဲ႔က ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ကမ္းလွမ္းလာတဲ့ အေျခအေနမ်ဳိးမွာ အပစ္အခတ္ရပ္စဲေရးသာ ျဖစ္လာခဲ့မယ္ဆိုရင္ ေျမာက္ပိုင္း (၈) ၿမိဳ ႔နယ္နဲ႔ ပလက္ဝၿမိဳ ႔နယ္တုိ႔က ေရြးေကာက္ပြဲ က်င္းပႏုိင္မယ့္ အလားအလာ ရိွလာႏို္င္မယ္လို႔ပဲ သံုးသပ္လို႔ရပါတယ္။ ဒါေပမဲ့ ယတိျပတ္ အဲဒီလို ျဖစ္မလားဆိုတာကေတာ့ ေျပာဖုိ႔ခက္ပါတယ္။ စစ္ပြဲေတြရပ္ရင္ေတာ့ ျဖစ္မွာပါ။

ေမး ။ ။ လတ္တေလာ တုိက္ပြဲေတြေၾကာင့္ လံုၿခံဳေရး စိတ္မခ်ရတဲ့ေဒသေတြမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ အခက္အခဲရိွတယ္ဆိုတာေတာ့ ရွင္းပါတယ္။ ဒါေပမဲ့ လက္နက္ကိုင္အဖြဲ႔ေတြ ႀကီးစိုးတဲ့ေဒသေတြမွာ တိုက္ပြဲမျဖစ္ဘဲ၊ ေရြးေကာက္ပြဲ မက်င္းပႏုိင္တာမ်ဳိးေတြ အရင္ကလဲ ရိွခဲ့ဖူးပါတယ္။ ဥပမာ ဝနဲ႔ မုိင္းလားေဒသေတြမွာ ၂၀၁၀ နဲ႔ ၂၀၁၅ တို႔မွာ ေရြးေကာက္ပြဲေတြ မက်င္းပႏုိင္တာမ်ဳိးေတြ ႀကံဳခဲ့ပါတယ္။ ဆိုေတာ့ ဒီအခ်ိန္မွာေကာ ဒီလိုအလားအလာမ်ဳိးေတြကို ျမင္မိသလား။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ ရွမ္းျပည္ရဲ ႔ စတုရန္းကီလိုမီတာ တစ္သိန္းခြဲေက်ာ္ ရိွပါတယ္။ ဝနယ္ရဲ ႔ ဧရိယာက စတုရန္းကီလိုမီတာ တစ္ေသာင္းငါးေထာင္ - ခုႏွစ္ေထာင္နီးပါး ရိွပါတယ္။ ရွမ္းျပည္ရဲ ႔ (၁၁) ရာခိုင္ႏႈန္း ရိွပါတယ္။ အဲဒီ (၁၁) ရာခိုင္ႏႈန္းမွာ အစိုးရထိန္းခ်ဳပ္ႏုိ္င္တဲ့ ဧရိယာက (၁၀) ရာခိုင္ႏႈန္းေလာက္ပဲ ရိွပါတယ္။ အမ်ားစုက UWSA ထိန္းခ်ဳပ္နယ္ေျမ ျဖစ္ပါတယ္။ အဲဒီေတာ့ ဒါကို ၂၀၁၀ မွာလဲ ေရြးေကာက္ပြဲ မလုပ္ႏုိင္ဘူး။ ၂၀၁၅ မွာလဲ ေရြးေကာက္ပြဲ မလုပ္ႏုိင္ဘူး။ ေရြးေကာက္ပြဲ မလုပ္ႏုိင္တဲ့ ျပႆနာက ဘာလဲဆိုေတာ့ အဓိက ျပႆနာက ဘာလဲဆိုရင္ ဒီေဒသေတြကို အစိုးရရဲ ႔ အုပ္ခ်ဳပ္ေရး လံုးဝမသက္ေရာက္ဘူး။ ဒါက အဓိကျပႆနာ ျဖစ္တယ္။ UWSA က လံုးဝထိန္းခ်ဳပ္ထားတဲ့ ေဒသ ျဖစ္တယ္။ အုပ္ခ်ဳပ္ေရးပဲျဖစ္ျဖစ္၊ တပ္ပိုင္ဆုိင္ရာပဲျဖစ္ျဖစ္၊ တရားေရးစီရင္ေရးပဲျဖစ္ျဖစ္၊ စီးပြားေရးပဲျဖစ္ျဖစ္ အားလံုးက UWSA ထိန္းခ်ဳပ္မႈေအာက္မွာ ရိွေနတယ္။ အဲဒီေတာ့ ဒီနယ္ေတြကို အစိုးရရဲ ႔ အုပ္ခ်ဳပ္ေရးယႏၱရား မရိွဘဲ၊ ဘယ္လိုမွ ေရြးေကာက္ပြဲလုပ္လို႔ မရဘူးလို႔ အဓိပၸါယ္ထြက္ပါတယ္။ ဒါေၾကာင့္ ၂၀၁၀ နဲ႔ ၂၀၁၅ တို႔မွာ ေရြးေကာက္ပြဲေတြ မရိွခဲ့ဘူး။ ဒါေပမဲ့ ေရြးေကာက္ပြဲေကာ္မရွင္ လက္ရိွ NLD အစိုးရ ေရြးေကာက္ပြဲေကာ္မရွင္က ဝနယ္ေျမကို သြားေဆြးေႏြးတယ္။ ေရြးေကာက္ပြဲ လုပ္မယ္ဆိုတဲ့အခါမွာ အဲဒီမွာ ေရြးေကာက္ပြဲ လုပ္မလားဆိုတဲ့ ေမးခြန္းေတြ ေပၚလာတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ စဥ္းစားရမွာ ဘာျဖစ္လဲဆိုေတာ့ UWSA ကေန အျပည့္အဝထိန္းခ်ဳပ္ထားတဲ့ - အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လံုၿခံဳေရး အားလံုးထိန္းခ်ဳပ္ထားတဲ့ ဧရိယာကို အစိုးရတပ္က အစိုးရရဲ ႔ အုပ္ခ်ဳပ္ေရးယႏၱရား လံုးဝမရိွေတာ့ ဘယ္လိုေရြးေကာက္ပြဲ က်င္းပမလဲဆိုတာကို နားလည္ဖို႔ ခက္ခဲတဲ့ ျပႆနာ ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။

အဲဒီေတာ့ ခ်ဳပ္လုိက္ရင္ ရွမ္းျပည္နယ္မွာ (၅၅) ၿမိဳ ႔နယ္ ရိွပါတယ္။ ဒီ (၅၅) ၿမိဳ ႔နယ္ထဲမွာ ဝမွာ (၄) ၿမိဳ ႔နယ္၊ မိုင္းလား (၁) ၿမိဳ ႔နယ္ (၅) ၿမိဳ ႔နယ္သည္ ၂၀၁၀ နဲ႔ ၂၀၁၅ မွာ ေရြးေကာက္ပြဲ မက်င္းပႏုိင္သလို၊ လက္ရိွအေျခအေနမွာလဲ ေရြးေကာက္ပြဲ က်င္းပဖို႔ က်ေနာ့္ တဦးခ်င္းအျမင္ကေတာ့ ျဖစ္ႏုိင္ဖုိ႔ ခက္ခဲလိမ့္မယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ေနာက္တခ်က္ကေတာ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြ ႀကီးစိုးတဲ့ေဒသေတြမွာ ေရြးေကာက္ပြဲေတြ က်င္းပႏုိင္တယ္ဆိုရင္ေတာင္မွ လြတ္လပ္မွ်တမႈ ရိွမရိွဆိုတဲ့ အပိုင္းကို ေဆြးေႏြးေစခ်ုင္ပါတယ္။ ရခုိင္ျပည္နယ္မွာဆိုရင္လဲ တုိက္ပြဲေတြ အရိွန္ေကာင္းေနတာနဲ႔အမွ် သိန္းနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ထြက္ေျပးေနရတာေတြ ရိွပါတယ္။ ဆိုေတာ့ ဒီလူေတြ မဲေပးခြင့္ ရမရဆိုတာကလဲ မေသခ်ာပါဘူး။ ဒီလိုအေျခအေနမ်ဳိးမွာ ေရြးေကာက္ပြဲ က်င္းပႏုိင္မယ္ဆိုရင္ေတာင္မွ လြတ္လပ္မွ်တမႈ ရိွႏိုင္ပါ့မလား။

ေျဖ ။ ။ ဒီမွာကေတာ့ ျပႆနာကေတာ့ ေတာ္ေတာ္စဥ္းစားရမွာက ရခိုင္က စစ္ေဘးဒုကၡသည္ အေရအတြက္ ႏွစ္သိန္းေက်ာ္ေလာက္ ရိွလာၿပီ။ ဒါေပမဲ့ က်ေနာ္တို႔က တကယ္လုပ္မယ္ဆိုလုိ႔ရိွရင္ တည္ၿငိမ္တဲ့ကာလတခု ဖန္တီးေပးၿပီးရင္ေတာ့ ေရြးေကာက္ပြဲ လုပ္လို႔ရႏိုင္ပါတယ္။ ႏွစ္ဘက္ကလဲ တိုက္ပြဲေတြကို ေလွ်ာ့ခ်ၿပီးေတာ့ ေနာက္ဆုတ္ေပးၾကမယ္။ ႏွစ္ဘက္ဆုတ္တာေပါ့။ တဘက္တည္းေတာ့ ဆုတ္လို႔မရဘူးေပါ့။ အဲဒီလို ဆုတ္လို႔ရႏိုင္မယ္ ထင္ပါတယ္။ လြတ္လပ္ၿပီး တရားမွ်တမႈရိွတဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အျပန္အလွန္ ေျပာစရာရိွတယ္။ ဆုိလုိုတာကေတာ့ ဒီေဒသေတြမွာ ၾသဇာသက္ေရာက္တဲ့ လက္နက္ကိုင္အဖြဲ႔အစည္းေတြက ဖိအားေပးတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကေတာ့ ေရွာင္လႊဲလို႔ရမွာ မဟုတ္ဘူး။ က်ေနာ္တို႔ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲမွာ ရွမ္းျပည္နယ္မွာ အခုနေျပာတဲ့ ဝနယ္က (၄) ၿမိဳ ႔နယ္နဲ႔ မုိင္းလားအပါအဝင္ (၅) ၿမိဳ ႔နယ္အျပင္ ေက်းစည္နဲ႔ မုိင္းရွဴး ႏွစ္ၿမိဳ ႔နယ္ ေရြးေကာက္ပြဲ မက်င္းပႏုိင္ပါဘူး။ ၂၀၁၅ မွာ တကယ္တမ္း ေရြးေကာက္ပြဲ က်င္းပႏုိ္င္တာ (၄၈) ၿမိဳ ႔နယ္ပဲ က်င္းပႏုိင္ပါတယ္။ ဘာေၾကာင့္ အဲဒီၿမိဳ ႔နယ္ေတြမွာ မက်င္းပႏုိင္သလဲဆိုေတာ့ SSA နဲ႔ တုိက္ပြဲေတြ ျဖစ္ေနၿပီး၊ မရပ္တန္႔ႏုိင္လို႔ ဒီႏွစ္ၿမိဳ ႔နယ္မွာ မက်င္းပႏုိင္တာ ျဖစ္ပါတယ္။ အဲဒီေတာ့ ၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ဒီႏွစ္ၿမိဳ ႔နယ္ကို ျပန္က်င္းပႏုိင္ခဲ့တယ္။ SNLD ပဲ အႏုိင္ရခဲ့တယ္။ ဒါေပမဲ့ အဲဒီမွာ စြပ္စြဲခ်က္ေတြ ဘာေတြေပၚလာသလဲဆိုေတာ့ ရွမ္းတုိင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ရဲ ႔ ၾသဇာေၾကာင့္ SNLD အႏုိင္ရတယ္ဆုိတဲ့ စြပ္စြဲခ်က္ေတြကေတာ့ ရိွတယ္။

ဒါကေတာ့ စြပ္စြဲခ်က္ေတြ ရိွသည္ျဖစ္ေစ၊ မရိွသည္ျဖစ္ေစ က်ေနာ္တို႔က တခုလံုးကို ၿခံဳသံုးသပ္မယ္ဆိုရင္ လက္နက္ကိုင္တပ္ဖြဲ႔ ရိွတာနဲ႔ မဲေပးတဲ့သူေတြ ေၾကာက္ၾကသလားဆိုတဲ့ ေမးခြန္းေမးမယ္ဆိုရင္ ဗမာျပည္မွာ လက္နက္ကိုင္တပ္ဖြဲ႔ အႀကီးဆံုးက တပ္မေတာ္ ျဖစ္ပါတယ္။ အဲဒီေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ အႀကီးဆံုးကိုေၾကာက္ရင္ တပ္မေတာ္ေျပာတာကို မဲေပးၾကမွာေပါ့။ ဆိုလိုတာကေတာ့ တပ္မေတာ္က ေထာက္ခံထားတဲ့ ျပည္ခိုင္ၿဖိဳးကို မဲေပးၾကမွာေပါ့။ ဒါေပမဲ့ ၂၀၁၅ မွာ ျပည္ခိုင္ၿဖိဳး မဲမရဘူး။ အမ်ားႀကီး ရႈံးနိမ့္ခဲ့တယ္။ အဲဒီေတာ့ က်ေနာ္ျမင္တာကေတာ့ ဒီေဒသေတြမွာ ေရြးေကာက္ပြဲလုပ္လို႔ မဲရသြားတာသည္ တိုိင္းရင္းသားလက္နက္ကိုင္ေတြ ၾသဇာေၾကာင့္၊ ဖိအားေၾကာင့္၊ ၿခိမ္းေျခာက္မႈေၾကာင့္ ေျပာေနဖို႔ မလိုပါဘူးလို႔ ထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ေၾကာင့္၊ ဖိအားေၾကာင့္၊ ၿခိမ္းေျခာက္မႈေၾကာင့္ဆိုရင္ လက္နက္ကိုင္တပ္ဖြဲ႔ အႀကီးဆံုးျဖစ္တဲ့ တပ္မေတာ္ကို ေၾကာက္ရမွာ ျဖစ္ပါတယ္။ အဲဒါေတာင္ မေၾကာက္ဘဲနဲ႔ မဲေပးၾကတယ္ဆုိတာကို က်ေနာ္တို႔ စဥ္းစားဖို႔လုိပါတယ္။ အထူးသျဖင့္ တုိင္းရင္းသားေဒသေတြမွာ တိုင္းရင္းသားေတြရဲ ႔ ခံစားခ်က္နဲ႔ သူတုိ႔ရဲ ႔ ႏုိင္ငံေရးသေဘာထားကို ေသခ်ာေလ့လာမွသာလွ်င္ ျပႆနာကို ေျဖရွင္းႏုိင္မယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ တကယ္လို႔သာ တုိင္းရင္းသားေဒသေတြမွာ ေရြးေကာက္ပြဲေတြ မက်င္းပႏုိင္တာမ်ဳိး က်င္းပရင္ေတာင္မွ အကန္႔အသတ္ေတြ ရိွေနတာမ်ဳိးေတြ ႀကံဳရမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ ႔ ေရြးေကာက္ပြဲလုပ္ငန္းစဥ္၊ ေနာက္ႏုိင္ငံေရးအခင္းအက်င္းမွာ ဘယ္ေလာက္အထိ ရိုက္ခတ္လာႏိုင္မယ္လို႔ ယူဆပါသလဲ။

ေျဖ ။ ။ က်ေနာ္အေနနဲ႔ ျပန္ၾကည့္မယ္ဆိုရင္ ၂၀၁၀ ေရြးေကာက္ပြဲနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲေတြမွာ တုိင္းရင္းသားေတြ ဘယ္ေလာက္အထိ လႊတ္ေတာ္မွာ မဲရသလဲဆိုတာကို ျပန္ၾကည့္ရင္ ၂၀၁၀ မွာ နည္းတယ္။ ၂၀၁၅ မွာ ပိုလုပ္ႏုိင္တယ္လုိ႔ တြက္ၾကတယ္။ ဒါေပမဲ့ ျပန္ၾကည့္မယ္ဆိုရင္ ၂၀၁၀ နဲ႔ ၂၀၁၅ မွာ တုိင္းရင္းသားေတြ လႊတ္ေတာ္မွာ အခန္းက႑ရလာၿပီး ဘယ္ေလာက္အထိ လုပ္ႏိုင္သလဲ။ ျမန္မာျပည္ႏုိင္ငံေရးအတြက္ ေမးခြန္းေတြ ထုတ္ၾကတယ္။ ဥပမာဆိုပါစို႔ ရခုိင္ျပည္နယ္မွာဆိုိရင္ တုိင္းရင္းသားရလဒ္က အမ်ားဆံုးပဲ။ ျပည္ေထာင္စုအစိုးရ ဖြဲ႔စည္းႏုိင္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ရခိုင္အမ်ဳိးသားပါတီက ျပည္သူ႔လႊတ္ေတာ္မွာ (၁၂) ေနရာေလာက္ ရတယ္။ အမ်ဳိးသားလႊတ္ေတာ္မွာ (၁၀) ေနရာေလာက္ ရတယ္။ ျပည္နယ္ထဲမွာ အမ်ားဆံုး။ အဲဒီေတာ့ ဘာလုပ္ႏိုင္သလဲဆိုေတာ့ ဘာမွမလုပ္ႏုိင္ဘူး။ ဘာမွမေတြ႔ရဘူး။ ဘာမွလုပ္ပိုင္ခြင့္လဲ မရိွဘူး။ အစိုးရဖြဲ႔တဲ့ေနရာမွာလဲ ၾသဇာမသက္ေရာက္ဘူး။ လႊတ္ေတာ္ထဲမွာ အတုိက္အခံ၊ ကန္႔ကြက္မႈေတြ ဘာမွမလုပ္ႏိုင္ဘူး။ အဲဒီေတာ့ က်ေနာ္ ေတြ႔သေလာက္ေတာ့ တုိင္းရင္းသားပါတီေတြအေနနဲ႔ သူတုိ႔အေနနဲ႔ လႊတ္ေတာ္ရဲ ႔ အခန္းက႑က သူတုိ႔အတြက္ ဘာမွမလံုေလာက္ဘူးလို႔ ျမင္ေနၾကတုန္းပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ တဘက္က ေျပာမယ္ဆိုရင္ ၂၀၂၀ ေရြးေကာက္ပြဲမွာ သူတို႔ တိုင္းရင္းသားပါတီေတြသည္ ပိုၿပီးေတာ့ အမ်ားရလာခဲ့ရင္ သူတုိ႔အခန္းက႑ ပိုႀကီးမားလာမလားလို႔ေတာ့ တြက္ဆမႈေတာ့ ရိွပါတယ္။ ေလာေလာဆယ္ အခ်ိန္မွာေတာ့ သူတုိ႔သည္ တျပည္နယ္ခ်င္းအရ လႊတ္ေတာ္ထဲမွာ အမ်ားစုရလာသည္တိုင္ေအာင္မွ အဲဒီျပည္နယ္ရဲ ႔ အမ်ားစုကို ဘာမွမလုပ္ႏိုင္ေသးပါဘူး။

ေနာက္တခုက ဆရာ့ရဲ ႔ေမးခြန္းထဲမွာပါတဲ့ ၿငိမ္းခ်မ္းေရးျပႆနာကေတာ့ ေလာေလာလတ္လတ္ ေျဖရွင္းဖို႔ လုိအပ္ပါတယ္။ ဖယ္ဒရယ္ျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့လဲ ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ ေရြးေကာက္ပြဲမွာ အမ်ားစုအႏုိင္ရၿပီး အစိုးရဖြဲ႔ႏုိင္တဲ့ပါတီ NLD ျဖစ္ေစ၊ ျပည္ခုိင္ၿဖိဳးျဖစ္ေစ၊ က်န္္တဲ့ပါတီေတြျဖစ္ေစ တုိင္းရင္းသားအေရးနဲ႔ ပတ္သက္ၿပီးေတာ့ တုိင္းရင္းသားေတြရဲ ႔ ျပည္နယ္ေတြရဲ ႔ ရပိုင္ခြင့္နဲ႔ ပတ္သက္လို႔ ဘယ္လိုေပးမလဲ။ ဘယ္အခ်က္ေတြ ခြင့္ျပဳမလဲဆိုတာကို တိုင္းရင္းသားပါတီေတြ ညိွႏိႈင္းၿပီးေတာ့ ဆံုးျဖတ္မွသာ ဒီျပႆနာက ေျပလည္မယ္လို႔ ထင္ပါတယ္။ ေရြးေကာက္ပြဲ နည္းလမ္းတခုတည္းနဲ႔ ျမန္မာျပည္အတြက္ေတာ့ ေလာေလာဆယ္မွာ အေျဖမဟုတ္ဘူး။

ေမး ။ ။ နဂိုခ်ဳပ္အေနနဲ႔ ေမးခ်င္တာကေတာ့ လက္နက္ကိုင္အဖြဲ႔ေတြ ႀကီးစိုးတဲ့နယ္ေျမေတြမွာ ေရြးေကာက္ပြဲ က်င္းပႏုိင္ဖို႔ပဲျဖစ္ျဖစ္၊ က်င္းပတဲ့အခါမွာလဲ လြတ္လပ္မွ်တတဲ့ အေျခအေနမ်ဳိးပဲျဖစ္ျဖစ္ ျဖစ္ဖို႔ဆုိရင္ အဓိက ဘယ္သူေတြမွာ တာဝန္ရိွသလဲ။ ဘာေတြမ်ားလုပ္ဖို႔ လိုပါလဲ။

ေျဖ ။ ။ ေလာေလာဆယ္ကေတာ့ ၿငိမ္းခ်မ္းေရးဆိုတဲ့ ရလဒ္တခု။ အပစ္အခတ္ရပ္စဲေရးဆိုတဲ့ ရလဒ္တခု မရိွဘဲနဲ႔ ျပႆနာ မေျဖရွင္းႏုိင္ပါဘူး။ ေနာက္တခုက အခ်ဳိ ႔စိုးရိမ္ေနတာက တဘက္နည္းနည္းေလး က်ေနပါတယ္။ ဘာလဲဆိုေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြ ႀကီးစိုးေနတဲ့ေနရာမွာ ေရြးေကာက္ပြဲေတြက လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ ႔ ၾသဇာေၾကာင့္ ဖိအားေၾကာင့္ တိမ္းေစာင္းႏိုင္တယ္ဆိုတဲ့ အျမင္မ်ဳိးသက္သက္ေတြ မထားပါနဲ႔။ ဗမာျပည္တျပည္လံုးမွာ လက္နက္ကိုင္တပ္ဖြဲ႔ အႀကီးဆံုး တပ္မေတာ္ ျဖစ္ပါတယ္။ တပ္မေတာ္ႀကီးစိုးတဲ့ ေနရာေတြမွာေတာင္မွ လြတ္လပ္ၿပီး၊ မွ်တတဲ့ ေရြးေကာက္ပြဲက်င္းပလုိ႔ ရတယ္လို႔ ယူဆေနရင္ တပ္မေတာ္ေတြ အင္အားမ်ားစြာနည္းတဲ့ တုိင္းရင္းသားလက္နက္ကိုင္ေဒသေတြမွာလည္းပဲ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပႏိုင္တာကို ျမင္မွျဖစ္ပါလိမ့္မယ္။

ေမး ။ ။ အခ်ိန္ေပးၿပီး ေဆြးေႏြးေပးတဲ့ ဦးေမာင္ေမာင္စိုးနဲ႔ ေသာတရွင္ေတြအားလံုးကို ေက်းဇူးတင္ပါတယ္။

==Unicode==

မငြိမ်းချမ်းတဲ့တိုင်းရင်းဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ တည်ငြိမ်တဲ့ကာလတခု ဖန်တီးပေးရမယ်လို့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။ ကိုအောင်လွင်ဦးက ဦးမောင်မောင်စိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဆရာဦးမောင်မောင်စိုး မင်္ဂလာပါ။ အခုဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ကြေညာထားတဲ့ အထဲမှာဆိုရင် လတ်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လုံခြုံရေးစိတ်မချရတဲ့ နယ်မြေတွေ။ နောက် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ကြီးစိုးထားတဲ့ နယ်မြေတွေလည်းပါပါတယ်။ ဆိုတော့ ဒီအထဲကမှ အရင်ဆုံး လောလောလတ်လတ် တိုက်ပွဲဖြစ်နေတဲ့ဒေသတွေက အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးစေချင်ပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေက အရှိန်ကောင်းနေတာ ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင်လဲ တိုက်ပွဲတွေ ကျိုးကြားကျိုးကြား ဖြစ်နေတာ ရှိပါတယ်။ ဆိုတော့ ဒီနယ်မြေတွေမှာ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲတွေကို တကယ်တမ်း ကျင်းပနိုင်ပါ့မလား။ ဘယ်လိုယူဆပါလဲ။

ဖြေ ။ ။ မင်္ဂလာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ် စုစုပေါင်း (၉) မြို့နယ်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတာ မှန်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ဒါကို ရွေးကောက်ပွဲကျင်းပမယ့်နေရာမှာ ဖယ်ပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ တပ်မတော်ကို တောင်းခံထားတာလို့ သိရတယ်။ လောလောဆယ်တော့ ရွေးကောက်ပွဲကျင်းပမယ့်နယ်မြေထဲမှာ ထည့်ထားတယ်။ အဲဒီတော့ တကယ်လို့သာ ဒီနယ်မြေတွေက စစ်ပွဲကို ရပ်စဲကြမယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပလို့ရပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့၊ မဲဆွယ်ဖို့ဆိုတာ စက်တင်ဘာ၊ အောက်တိုဘာမှစမယ်။ အဲဒီတော့ သြဂုတ်လအကုန်မှာ စစ်ပွဲတွေကို ရပ်စဲကြမယ်ဆိုရင် ရွေးကောက်ပွဲ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရခိုင်မှာဆိုရင် ပလက်ဝအပါအဝင် အားလုံး (၉) မြို့နယ်အားလုံးမှာတော့ AA ဘက်က ကြေညာထားတာကတော့ တကယ်လို့ ရွေးကောက်ပွဲကာလမှာ သူတို့ဘက်က စစ်ရပ်ဖို့ အသင့်ရှိပြီလို့ ကြေညာထားပြီဖြစ်တယ်။ အဲဒီတော့ တပ်မတော်ဘက်ကလဲ ဒါကို အဲဒီကာလမှာ အနည်းဆုံး သြဂုတ်လကုန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်။

လောလောဆယ် ဒီရက်ပိုင်းအတွင်းမှာ AA အပါအဝင် မြောက်ပိုင်း (၃) ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့ အခြေအနေမျိုးမှာ အပစ်အခတ်ရပ်စဲရေးသာ ဖြစ်လာခဲ့မယ်ဆိုရင် မြောက်ပိုင်း (၈) မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့က ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာ ရှိလာနိုင်မယ်လို့ပဲ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ ယတိပြတ် အဲဒီလို ဖြစ်မလားဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ စစ်ပွဲတွေရပ်ရင်တော့ ဖြစ်မှာပါ။

မေး ။ ။ လတ်တလော တိုက်ပွဲတွေကြောင့် လုံခြုံရေး စိတ်မချရတဲ့ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အခက်အခဲရှိတယ်ဆိုတာတော့ ရှင်းပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့ဒေသတွေမှာ တိုက်ပွဲမဖြစ်ဘဲ၊ ရွေးကောက်ပွဲ မကျင်းပနိုင်တာမျိုးတွေ အရင်ကလဲ ရှိခဲ့ဖူးပါတယ်။ ဥပမာ ဝနဲ့ မိုင်းလားဒေသတွေမှာ ၂၀၁၀ နဲ့ ၂၀၁၅ တို့မှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်တာမျိုးတွေ ကြုံခဲ့ပါတယ်။ ဆိုတော့ ဒီအချိန်မှာကော ဒီလိုအလားအလာမျိုးတွေကို မြင်မိသလား။

ဖြေ ။ ။ ပြောမယ်ဆိုရင် ရှမ်းပြည်ရဲ့ စတုရန်းကီလိုမီတာ တစ်သိန်းခွဲကျော် ရှိပါတယ်။ ဝနယ်ရဲ့ ဧရိယာက စတုရန်းကီလိုမီတာ တစ်သောင်းငါးထောင် - ခုနှစ်ထောင်နီးပါး ရှိပါတယ်။ ရှမ်းပြည်ရဲ့ (၁၁) ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီ (၁၁) ရာခိုင်နှုန်းမှာ အစိုးရထိန်းချုပ်နိုင်တဲ့ ဧရိယာက (၁၀) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ အများစုက UWSA ထိန်းချုပ်နယ်မြေ ဖြစ်ပါတယ်။ အဲဒီတော့ ဒါကို ၂၀၁၀ မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။ ၂၀၁၅ မှာလဲ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ပြဿနာက ဘာလဲဆိုတော့ အဓိက ပြဿနာက ဘာလဲဆိုရင် ဒီဒေသတွေကို အစိုးရရဲ့ အုပ်ချုပ်ရေး လုံးဝမသက်ရောက်ဘူး။ ဒါက အဓိကပြဿနာ ဖြစ်တယ်။ UWSA က လုံးဝထိန်းချုပ်ထားတဲ့ ဒေသ ဖြစ်တယ်။ အုပ်ချုပ်ရေးပဲဖြစ်ဖြစ်၊ တပ်ပိုင်ဆိုင်ရာပဲဖြစ်ဖြစ်၊ တရားရေးစီရင်ရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် အားလုံးက UWSA ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒီတော့ ဒီနယ်တွေကို အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား မရှိဘဲ၊ ဘယ်လိုမှ ရွေးကောက်ပွဲလုပ်လို့ မရဘူးလို့ အဓိပ္ပါယ်ထွက်ပါတယ်။ ဒါကြောင့် ၂၀၁၀ နဲ့ ၂၀၁၅ တို့မှာ ရွေးကောက်ပွဲတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် လက်ရှိ NLD အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဝနယ်မြေကို သွားဆွေးနွေးတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အခါမှာ အဲဒီမှာ ရွေးကောက်ပွဲ လုပ်မလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ ဒါပေမဲ့ ကျနော်တို့ စဉ်းစားရမှာ ဘာဖြစ်လဲဆိုတော့ UWSA ကနေ အပြည့်အဝထိန်းချုပ်ထားတဲ့ - အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး အားလုံးထိန်းချုပ်ထားတဲ့ ဧရိယာကို အစိုးရတပ်က အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား လုံးဝမရှိတော့ ဘယ်လိုရွေးကောက်ပွဲ ကျင်းပမလဲဆိုတာကို နားလည်ဖို့ ခက်ခဲတဲ့ ပြဿနာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီတော့ ချုပ်လိုက်ရင် ရှမ်းပြည်နယ်မှာ (၅၅) မြို့နယ် ရှိပါတယ်။ ဒီ (၅၅) မြို့နယ်ထဲမှာ ဝမှာ (၄) မြို့နယ်၊ မိုင်းလား (၁) မြို့နယ် (၅) မြို့နယ်သည် ၂၀၁၀ နဲ့ ၂၀၁၅ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သလို၊ လက်ရှိအခြေအနေမှာလဲ ရွေးကောက်ပွဲ ကျင်းပဖို့ ကျနော့် တဦးချင်းအမြင်ကတော့ ဖြစ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်ပါတယ်။

မေး ။ ။ နောက်တချက်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြီးစိုးတဲ့ဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တယ်ဆိုရင်တောင်မှ လွတ်လပ်မျှတမှု ရှိမရှိဆိုတဲ့ အပိုင်းကို ဆွေးနွေးစေချုင်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လဲ တိုက်ပွဲတွေ အရှိန်ကောင်းနေတာနဲ့အမျှ သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေရတာတွေ ရှိပါတယ်။ ဆိုတော့ ဒီလူတွေ မဲပေးခွင့် ရမရဆိုတာကလဲ မသေချာပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ်ဆိုရင်တောင်မှ လွတ်လပ်မျှတမှု ရှိနိုင်ပါ့မလား။

ဖြေ ။ ။ ဒီမှာကတော့ ပြဿနာကတော့ တော်တော်စဉ်းစားရမှာက ရခိုင်က စစ်ဘေးဒုက္ခသည် အရေအတွက် နှစ်သိန်းကျော်လောက် ရှိလာပြီ။ ဒါပေမဲ့ ကျနော်တို့က တကယ်လုပ်မယ်ဆိုလို့ရှိရင် တည်ငြိမ်တဲ့ကာလတခု ဖန်တီးပေးပြီးရင်တော့ ရွေးကောက်ပွဲ လုပ်လို့ရနိုင်ပါတယ်။ နှစ်ဘက်ကလဲ တိုက်ပွဲတွေကို လျှော့ချပြီးတော့ နောက်ဆုတ်ပေးကြမယ်။ နှစ်ဘက်ဆုတ်တာပေါ့။ တဘက်တည်းတော့ ဆုတ်လို့မရဘူးပေါ့။ အဲဒီလို ဆုတ်လို့ရနိုင်မယ် ထင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြောစရာရှိတယ်။ ဆိုလိုတာကတော့ ဒီဒေသတွေမှာ သြဇာသက်ရောက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖိအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ကျနော်တို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ အခုနပြောတဲ့ ဝနယ်က (၄) မြို့နယ်နဲ့ မိုင်းလားအပါအဝင် (၅) မြို့နယ်အပြင် ကျေးစည်နဲ့ မိုင်းရှူး နှစ်မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူး။ ၂၀၁၅ မှာ တကယ်တမ်း ရွေးကောက်ပွဲ ကျင်းပနိုင်တာ (၄၈) မြို့နယ်ပဲ ကျင်းပနိုင်ပါတယ်။ ဘာကြောင့် အဲဒီမြို့နယ်တွေမှာ မကျင်းပနိုင်သလဲဆိုတော့ SSA နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး၊ မရပ်တန့်နိုင်လို့ ဒီနှစ်မြို့နယ်မှာ မကျင်းပနိုင်တာ ဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီနှစ်မြို့နယ်ကို ပြန်ကျင်းပနိုင်ခဲ့တယ်။ SNLD ပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ စွပ်စွဲချက်တွေ ဘာတွေပေါ်လာသလဲဆိုတော့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ သြဇာကြောင့် SNLD အနိုင်ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ ရှိတယ်။

ဒါကတော့ စွပ်စွဲချက်တွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျနော်တို့က တခုလုံးကို ခြုံသုံးသပ်မယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ ရှိတာနဲ့ မဲပေးတဲ့သူတွေ ကြောက်ကြသလားဆိုတဲ့ မေးခွန်းမေးမယ်ဆိုရင် ဗမာပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ အကြီးဆုံးက တပ်မတော် ဖြစ်ပါတယ်။ အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့ အကြီးဆုံးကိုကြောက်ရင် တပ်မတော်ပြောတာကို မဲပေးကြမှာပေါ့။ ဆိုလိုတာကတော့ တပ်မတော်က ထောက်ခံထားတဲ့ ပြည်ခိုင်ဖြိုးကို မဲပေးကြမှာပေါ့။ ဒါပေမဲ့ ၂၀၁၅ မှာ ပြည်ခိုင်ဖြိုး မဲမရဘူး။ အများကြီး ရှုံးနိမ့်ခဲ့တယ်။ အဲဒီတော့ ကျနော်မြင်တာကတော့ ဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်လို့ မဲရသွားတာသည် တိုင်းရင်းသားလက်နက်ကိုင်တွေ သြဇာကြောင့်၊ ဖိအားကြောင့်၊ ခြိမ်းခြောက်မှုကြောင့် ပြောနေဖို့ မလိုပါဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့ကြောင့်၊ ဖိအားကြောင့်၊ ခြိမ်းခြောက်မှုကြောင့်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ အကြီးဆုံးဖြစ်တဲ့ တပ်မတော်ကို ကြောက်ရမှာ ဖြစ်ပါတယ်။ အဲဒါတောင် မကြောက်ဘဲနဲ့ မဲပေးကြတယ်ဆိုတာကို ကျနော်တို့ စဉ်းစားဖို့လိုပါတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ သူတို့ရဲ့ နိုင်ငံရေးသဘောထားကို သေချာလေ့လာမှသာလျှင် ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။

မေး ။ ။ တကယ်လို့သာ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်တာမျိုး ကျင်းပရင်တောင်မှ အကန့်အသတ်တွေ ရှိနေတာမျိုးတွေ ကြုံရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ နောက်နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ ။ ။ ကျနော်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားတွေ ဘယ်လောက်အထိ လွှတ်တော်မှာ မဲရသလဲဆိုတာကို ပြန်ကြည့်ရင် ၂၀၁၀ မှာ နည်းတယ်။ ၂၀၁၅ မှာ ပိုလုပ်နိုင်တယ်လို့ တွက်ကြတယ်။ ဒါပေမဲ့ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ နဲ့ ၂၀၁၅ မှာ တိုင်းရင်းသားတွေ လွှတ်တော်မှာ အခန်းကဏ္ဍရလာပြီး ဘယ်လောက်အထိ လုပ်နိုင်သလဲ။ မြန်မာပြည်နိုင်ငံရေးအတွက် မေးခွန်းတွေ ထုတ်ကြတယ်။ ဥပမာဆိုပါစို့ ရခိုင်ပြည်နယ်မှာဆိုရင် တိုင်းရင်းသားရလဒ်က အများဆုံးပဲ။ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းနိုင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်မှာ (၁၂) နေရာလောက် ရတယ်။ အမျိုးသားလွှတ်တော်မှာ (၁၀) နေရာလောက် ရတယ်။ ပြည်နယ်ထဲမှာ အများဆုံး။ အဲဒီတော့ ဘာလုပ်နိုင်သလဲဆိုတော့ ဘာမှမလုပ်နိုင်ဘူး။ ဘာမှမတွေ့ရဘူး။ ဘာမှလုပ်ပိုင်ခွင့်လဲ မရှိဘူး။ အစိုးရဖွဲ့တဲ့နေရာမှာလဲ သြဇာမသက်ရောက်ဘူး။ လွှတ်တော်ထဲမှာ အတိုက်အခံ၊ ကန့်ကွက်မှုတွေ ဘာမှမလုပ်နိုင်ဘူး။ အဲဒီတော့ ကျနော် တွေ့သလောက်တော့ တိုင်းရင်းသားပါတီတွေအနေနဲ့ သူတို့အနေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍက သူတို့အတွက် ဘာမှမလုံလောက်ဘူးလို့ မြင်နေကြတုန်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တဘက်က ပြောမယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ တိုင်းရင်းသားပါတီတွေသည် ပိုပြီးတော့ အများရလာခဲ့ရင် သူတို့အခန်းကဏ္ဍ ပိုကြီးမားလာမလားလို့တော့ တွက်ဆမှုတော့ ရှိပါတယ်။ လောလောဆယ် အချိန်မှာတော့ သူတို့သည် တပြည်နယ်ချင်းအရ လွှတ်တော်ထဲမှာ အများစုရလာသည်တိုင်အောင်မှ အဲဒီပြည်နယ်ရဲ့ အများစုကို ဘာမှမလုပ်နိုင်သေးပါဘူး။

နောက်တခုက ဆရာ့ရဲ့မေးခွန်းထဲမှာပါတဲ့ ငြိမ်းချမ်းရေးပြဿနာကတော့ လောလောလတ်လတ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဖယ်ဒရယ်ပြဿနာနဲ့ ပတ်သက်ပြီးတော့လဲ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့ပါတီ NLD ဖြစ်စေ၊ ပြည်ခိုင်ဖြိုးဖြစ်စေ၊ ကျန်တဲ့ပါတီတွေဖြစ်စေ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လိုပေးမလဲ။ ဘယ်အချက်တွေ ခွင့်ပြုမလဲဆိုတာကို တိုင်းရင်းသားပါတီတွေ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်မှသာ ဒီပြဿနာက ပြေလည်မယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ မြန်မာပြည်အတွက်တော့ လောလောဆယ်မှာ အဖြေမဟုတ်ဘူး။

မေး ။ ။ နဂိုချုပ်အနေနဲ့ မေးချင်တာကတော့ လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ပဲဖြစ်ဖြစ်၊ ကျင်းပတဲ့အခါမှာလဲ လွတ်လပ်မျှတတဲ့ အခြေအနေမျိုးပဲဖြစ်ဖြစ် ဖြစ်ဖို့ဆိုရင် အဓိက ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘာတွေများလုပ်ဖို့ လိုပါလဲ။

ဖြေ ။ ။ လောလောဆယ်ကတော့ ငြိမ်းချမ်းရေးဆိုတဲ့ ရလဒ်တခု။ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ရလဒ်တခု မရှိဘဲနဲ့ ပြဿနာ မဖြေရှင်းနိုင်ပါဘူး။ နောက်တခုက အချို့စိုးရိမ်နေတာက တဘက်နည်းနည်းလေး ကျနေပါတယ်။ ဘာလဲဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ကြီးစိုးနေတဲ့နေရာမှာ ရွေးကောက်ပွဲတွေက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သြဇာကြောင့် ဖိအားကြောင့် တိမ်းစောင်းနိုင်တယ်ဆိုတဲ့ အမြင်မျိုးသက်သက်တွေ မထားပါနဲ့။ ဗမာပြည်တပြည်လုံးမှာ လက်နက်ကိုင်တပ်ဖွဲ့ အကြီးဆုံး တပ်မတော် ဖြစ်ပါတယ်။ တပ်မတော်ကြီးစိုးတဲ့ နေရာတွေမှာတောင်မှ လွတ်လပ်ပြီး၊ မျှတတဲ့ ရွေးကောက်ပွဲကျင်းပလို့ ရတယ်လို့ ယူဆနေရင် တပ်မတော်တွေ အင်အားများစွာနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာလည်းပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တာကို မြင်မှဖြစ်ပါလိမ့်မယ်။

မေး ။ ။ အချိန်ပေးပြီး ဆွေးနွေးပေးတဲ့ ဦးမောင်မောင်စိုးနဲ့ သောတရှင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG