သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပႏုိင္ငံေတြက မဲဆႏၵရွင္ေတြ ႀကိဳတင္မဲေပးေနၾကၿပီ


စကၤာပူႏိုင္ငံရွိ ျမန္မာသံရံုးမွာ ျမန္မာႏိုင္ငံသားမ်ား မဲေပးဖို႔ တန္းစီေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Club (Singapore) - ေအာက္တိုဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျပည္ပေရာက္ျမန္မာႏုိင္ငံသား ေထာင္ေသာင္းခ်ီၿပီး ၂၀၂၀ အေထြေထြေရြးေကာက္ပြဲၾကီးအတြက္ ၾကိဳတင္မဲေတြကို နုိင္ငံအသီးသီးက ၾကိဳတင္မဲ႐ံုေတြမွာ သက္ဆိုင္ရာ နိုင္ငံအာဏာပိုင္ေတြရဲ႕ COVID စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ စတင္မဲေပးေနၾကတဲ့ အေၾကာင္း စုစည္းတင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက မဆုမြန္က ေျပာျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ လာမယ့္ႏိုဝင္ဘာလ ၈ရက္ေန႔မွာ က်င္းပမယ့္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲ လႊတ္ေတာ္အသီးသီးအတြက္ ျပည္ပေရာက္ မဲဆႏၵရွင္ေတြ ၾကိဳတင္ဆႏၵမဲေပးရမယ့္ရက္နဲ႔ အခ်ိန္ေတြကို ႏုိင္ငံတကာအေျခစိုက္သံ႐ံုးေတြဘက္က စတင္ေၾကညာေပးေနၿပီး ျပည္ပႏိုင္ငံတခ်ိဳ႕မွာေတာ့ ဒီသီတင္းပတ္ထဲမွာကို မဲစတင္ေပးေနၾကၿပီျဖစ္ပါတယ္။ သက္ဆိုင္ရာႏုိင္ငံအလိုက္ ၾကိဳတင္ မဲေပးရမယ့္ ရက္ေတြကေတာ့ ေအာက္တိုဘာလ ၁ ရက္ကစၿပီး ေအာက္တိုဘာလလယ္ရက္ေတြမွာ အသီးသီး သတ္မွတ္ထားပါတယ္။

အာရွႏိုင္ငံေတြထဲက မဲဆႏၵရွင္ ၉,၀၀၀ ေက်ာ္ မဲေပးခြင့္ရွိတဲ့ ေတာင္ကိုရီးယားနိုင္ငံမွာ ေအာက္တိုဘာလ ၂ ရက္ေန႔ ေသာၾကာေန႔က ဆိုးလ္ၿမိဳ႕အေျခစိုက္ ျမန္မာသံ႐ံုးမွာ မဲ႐ံုဖြင့္လွစ္ၿပီး မဲစတင္ေပးေနၾကၿပီျဖစ္ၿပီး ၾကိဳတင္မဲဆႏၵေပးရမယ့္ရက္ေတြကေတာ့ ေအာက္တိုဘာလ ၂ ရက္ကစၿပီး ေအာက္တိုဘာလ ၁၂ ရက္ေန႔အထိ စုစုေပါင္း ၈ ရက္ သတ္မွတ္ေၾကာင္း ေၾကညာထားပါတယ္။

ပထမဆံုးေန႔မွာကို ေတာင္ကိုရီးယားေရာက္ ျမန္မာနိုင္ငံသား ေထာင္ခ်ီအမ်ားအျပားမဲလာေပးၾကတဲ့အေျခအေနနဲ႔ ေတာင္ကိုရီးယားေရာက္ ျမန္မာလူမႈအသိုင္းအဝိုင္းကလည္း ေရြးေကာက္ပြဲျဖစ္ေျမာက္ေရး ဝိုင္းဝန္းကူညီေပးေနၾကတဲ့အေၾကာင္း ေရြးေကာက္ပြဲျဖစ္ေျမာက္ေရးေကာ္မတီဝင္ ေတာင္ကိုရီးယားေရာက္ ျမန္မာတဦးျဖစ္တဲ့ ကိုရန္ႏိုင္ထြန္းက ေျပာျပပါတယ္။

"ကိုရီးယားမွာက ျမန္မာသံရံုးမွာ မဲစေပးေနၾကပါၿပီ။ ေတာင္ကိုရီးယားရဲ႕ ပိ္တ္ရက္နဲ႔လည္း ၾကံဳၾကိဳက္ေနေတာ့ အနယ္နယ္ အရပ္ရပ္ကေန ကားေတြနဲ႔ တက္လာတဲ့သူေတြ ေနာက္ၿပီးေတာ့ ကိုယ့္အစီအစဥ္နဲ႔ကို္ယ္ အကုန္လံုးျဖစ္ကုန္ၿပီးေတာ့ သံရံုးေရွ႕မွာ လူအင္အားက ၁,၅၀၀ ေလာက္အထိကို တအုန္းအုန္းျဖစ္သြားတယ္။ ဒါေတာင္မွ သံရံုးေဘးနားက စာသင္ေက်ာင္းရဲ႕ ေဘာလံုးကြင္းၾကီးကို အသံုးျပဳခြင့္ေပးလို႔ နည္းနည္းေလး အဆင္ေျပတယ္။ သို႔ေသာ္လည္းပဲ လူအင္အားက ဒီေန႔တရက္တည္းနဲ႔ ျဖတ္ပစ္ဖို႔ ဘယ္လိုမွမျဖစ္နုိင္ဘူး။ အခုအခ်ိန္အထိ ကိုရီးယားစံေတာ္ခ်ိန္ ည ၇ နာရီ ၁၅ မိနစ္အထိရွိၿပီ၊ ေမွာင္ေနတဲ့ၾကားထဲကပဲ မဲေပးဖို႔ တန္းစီေစာင့္ဆိုင္းေနၾကတုန္းပဲ။ ေမွာင္ေနတဲ့ၾကားထဲကပဲ သံရံုးဝန္ထမ္းေတြလည္း ေတာ္ေတာ္ေလး ပင္ပန္းေနၾကၿပီ။ အဲ့လိုၾကိဳးပမ္းေပးေနၾကေပမဲ့ လူအင္အားကလည္း အရမ္းမ်ားလြန္းတဲ့အတြက္ ဘယ္လိုမွ မနုိင္ျဖစ္ေနတာေပါ့ေလ။ အဲ့လိုအေျခအေနမ်ိဳးမွာ ကိုရီးယားအာဏာပိုင္အဖြဲ႔အစည္းေတြ ကိုရီးယားရဲေတြ၊ ကိုရီးယားက်န္းမာေရးဌာနေတြကလည္း ေတာက္ေလွ်ာက္ ဆိုသလို ေစာင့္ၾကည့္ေနၿပီး ခဏ ခဏ စကားလာေျပာေနၾကတယ္။ အဲ့ေတာ့ ကိုဗစ္ေရာဂါမျပန္႔ပြားရေအာင္ ထိန္းသိမ္းၾကရတဲ့အေျခအေနမွာ ေလာေလာဆယ္ ရွိေနပါတယ္ခင္ဗ်။"

ေတာင္ကိုရီးယားႏိုင္ငံရွိ ျမန္မာသံရံုးမွာ ျမန္မာႏိုင္ငံသားမ်ား မဲေပးဖို႔ တန္းစီေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Yan Naing Htun (South Korea) - ေအာက္တိုဘာ ၀၂၊ ၂၀၂၀)
ေတာင္ကိုရီးယားႏိုင္ငံရွိ ျမန္မာသံရံုးမွာ ျမန္မာႏိုင္ငံသားမ်ား မဲေပးဖို႔ တန္းစီေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Yan Naing Htun (South Korea) - ေအာက္တိုဘာ ၀၂၊ ၂၀၂၀)

ဒီလိုမ်ိဳး ေတာင္ကိုရီးယားေရာက္ျမန္မာနုိင္ငံသား ေထာင္ခ်ီ ေရာက္လာၿပီး မဲလာေပးခဲ့ၾကတဲ့အတြက္ COVID 19 ေရာဂါကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ေရာ ပတ္ဝန္းက်င္ကိုပါ အေႏွာင့္အယွက္မျဖစ္ေအာင္အတြက္ စေနေန႔ ကစၿပီး လူဦးေရ ၈၀၀ ကိုသာ မဲေပးခြင့္ျပဳမယ္လို႔ ဆိုးလ္အေျခစိုက္ ျမန္မာသံရံုးက ေအာက္တိုဘာ ၂ ရက္ေန႔မွာ ခ်က္ျခင္း ဆိုသလို သတင္းထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံသားေသာင္းနဲ႔ခ်ီ မဲေပးခြင့္ရွိေနတဲ့ စင္ကာပူႏိုင္ငံမွာလည္း ေအာက္တိုဘာလ ၁ ရက္ေန႔က စတင္ၿပီး ျမန္မာသံ႐ံုး စင္ကာပူမွာ ၾကိဳတင္မဲေပးပြဲ က်င္းပေနၿပီျဖစ္ပါတယ္။ ရာနဲ႔ခ်ီတဲ့ စင္ကာပူေရာက္ ျမန္မာနုိင္ငံသားေတြဟာ စင္ကာပူအစိုးရ ထုတ္ျပန္တဲ့ COVID 19 ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲေပးဖို႔တန္းစီခဲ့ၾကၿပီး စင္ကာပူေရာက္ျမန္မာ လူမႈအဖြဲ႔အစည္းေတြ တသီးပုဂၢလ ေစတနာ့ဝန္ထမ္းေတြ ကလည္း အခက္အခဲမျဖစ္ေအာင္ ဝိုင္းဝန္းကူညီ လုပ္အားေပးခဲ့ၾကတယ္လို႔ စင္ကာပူျမန္မာကလပ္ရဲ႕ ဥကၠ႒ ဦးဘိုဘိုဝင္းကေျပာျပပါတယ္။

"စင္ကာပူမွာ ပထမေန႔က ၈၀၀ ေက်ာ္ ဒုတိယေန႔က ၁,၄၀၀ ေက်ာ္ မွာ ၂ ဆေက်ာ္ မ်ားလာတဲ့အခ်ိန္မွာ သတ္မွတ္တဲ့ မဲရံုပိတ္ခ်ိန္ ၅ နာရီခြဲမွာ ၿပီးပါတယ္။ ေခ်ာေခ်ာေမာေမာပဲ။ စင္ကာပူမွာရွိတဲ့ ကြန္ျမဴနတီက ဘာေတြကူညီၾကလဲဆိုေတာ့မဲရံုမွာ သူသတ္မွတ္ထားတဲ့ အခ်ိန္အတိုင္း လာသမွ် မဲလာေပးဖို႔ တန္းစီတဲ့သူေတြကိုယူထားတဲ့ Que နဲ႔ အခ်ိန္နဲ႔တုိက္ၿပီး ဟုတ္ မဟုတ္ စစ္ၾကတယ္။ ေနာက္ ဒီမွာ စင္ကာပူက ထုတ္ျပန္ထားတဲ့ ကိုဗစ္ Pandemic အေျခအေနေအာက္မွာ Social Distancing အရ ၁မီတာအကြာ ခြာၿပီးစီဖို႔ဟာေတြကို ေဗာ္လီတီယာေတြဘက္က ေစာင့္ေပးေနၾကတယ္။ စင္ကာပူမွာ မဲလာေပးတဲ့သူ ၉၀ ရာခိုႏႈန္း ေလာက္ကလည္း အဲ့တာေတြအကုန္လံုး လိုက္နာၿပီးသားျဖစ္ၾကတယ္။တေယာက္နဲ႔တေယာက္ ပူးေပါင္းမႈရွိၾကတယ္ ေအးေအးခ်မ္းခ်မ္းျဖစ္ပါတယ္။ သံအမႈထမ္းေတြ ဘက္ကလည္း သံအမတ္ကအစ ပူးေပါင္းလုပ္ၾကတယ္ အဲ့ေတာ့ ဒီဘက္က Man Power နဲ႔ Que ယူထားတာနဲ႔ တရက္ကို ၁,၀၀၀ ေက်ာ္ မဲေပးရမယ့္လူဦးေရကေတာ့ အဆင္ေျပတယ္။"

ဂ်ပန္ႏိုင္ငံမွာေတာ့ ၾကိဳတင္မဲရံုကို တုိက်ိဳၿမိဳ႕ေတာ္နဲ႔ နာဂိုယာၿမိဳ႕ မဲရံု ၂ ရံု ဖြင့္ေပးမွာျဖစ္ၿပီး မဲေပးခြင့္ရွိတဲ့ ျမန္မာနုိင္ငံသားေတြဟာ စေနေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔ကေန ေအာက္တိုဘာလ ၁၆ ရက္ေန႔အထိ သတ္မွတ္ရက္ေတြအတိုင္း စတင္မဲေပးၾကေတာ့မွာျဖစ္ပါတယ္။

ကိုဗစ္စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ မဲေပးႏုိင္ေရး အခက္အခဲ မရွိေအာင္ ဂ်ပန္ေရာက္ျမန္မာနုိင္ငံသားေတြ မဲေပးနိုင္ေရး ၾကိဳတင္ျပင္ဆင္ေနၾကတယ္လို႔ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ားအသင္းက ဦးသန္းေဆြက ေျပာျပပါတယ္။

"ဂ်ပန္မွာရွိတဲ့ ျမန္မာနုိင္ငံသားဦးေရထဲက ၂၀၁၅ နဲ႔ မတူဘဲ ဒီတေခါက္၂၀၂၀ မွာ လူဦးေရ ၈,၀၀၀ ေက်ာ္ မဲေပးဖို႔ စာရင္းတင္ထားပါတယ္။ မဲေပးဖို႔အတြက္ ခြင့္ျပဳထားတဲ့- မဲရံုက ဂ်ပန္နုိင္ငံမွာက တိုက်ိဳရယ္ နာဂိုယာဂုဏ္ထူးေဆာင္ ျမန္မာေကာင္စစ္ဝန္ရံုး အဲ့ဒီ ၂ေနရာခြဲ ေပးၾကမယ္။ အဓိက မိန္းကေတာ့ တိုက်ိဳမွာျဖစ္ပါတယ္။ မဲေပးဖို႔အတြက္ ဂ်ပန္မွာရွိတဲ့ ျပည္ေထာင္စုျမန္မာႏုိင္ငံသားမ်ားအသင္း ဂ်ပန္ရယ္၊ ျမန္မာလူငယ္ေစတနာ့ဝန္ထမ္းအဖြဲ႔ေတြေပါင္းၿပီးေတာ့ ေရြးေကာက္ပြဲလာၿပီး မဲေပးမယ့္ျပည္သူေတြအတြက္ က်ေနာ္တို႔ အေကာင္းဆံုး ၾကိဳတင္ျပင္ဆင္ထားပါတယ္။ မနက္ ၆ နာရီ၊ ၇ နာရီေလာက္ကတည္းက သံရံုးေရွ႕ လာတန္းစီမယ့္ လူတန္းၾကီးအတြက္လိုအပ္တာေတြ ျပင္ဆင္ေပးဖို႔ ေရြးေကာက္ပြဲနဲ႔႔ ပတ္သက္တဲ့ အခ်က္ေတြ နားမလည္တာေတြ ရွင္းျပေပးဖို႔- ၾကံဳရမယ့္ အမွားအယြင္းမျဖစ္ေအာင္ ကိုယ့္မဲ ပယ္မဲမျဖစ္ေအာင္ ပညာေပးသရုပ္ျပပံုေတြ က်ေနာ္တို႔ ျပင္ဆင္ထားပါတယ္။ တဆက္တည္းပါပဲ အခုအခ်ိန္က ကိုဗစ္ကာလျဖစ္တဲ့အတြက္ Mask ေတြကို လူတုိင္းလူတိုင္းတပ္လာၾကဖို႔ စည္းကမ္းနဲ႔အညီ မဲေပးဖို႔ လံႈ႔ေဆာ္ထားေပမဲ့ အေၾကာင္းေၾကာင္း ေမ့တာမ်ိဳး ပ်က္စီးတာမ်ိဳးျဖစ္ရင္ မက္စ္ေတြ လက္ေဆးရည္ေတြ အားလံုးကို ေဝေပးဖို႔ အဆင္သင့္ျပင္ထားၾကပါတယ္။ တန္းစီေစာင့္တဲ့အခ်ိန္ Social Distancing Rule ကို မေဖာက္ဖ်က္ေအာင္ အထူးသတိထားၾကေရးနဲ႔ နယ္ေျမခံ ဂ်ပန္ရဲေတြနဲ႔ က်ေနာ္တို႔ ညိွႏိႈင္းတိုင္ပင္ၿပီးေတာ့ ၾကိဳတင္ျပင္ဆင္ထားပါတယ္ခင္ဗ်။"

အေမရိကန္ျပည္ေထာင္စုေရာက္ ျမန္မာနုိင္ငံသားေတြထဲ ၾကိဳတင္မဲေပးခြင့္ရွိသူ စာရင္းေတြကို ဆက္တိုက္ထုတ္ျပန္ေပးေနပါတယ္။ ၾကိဳတင္မဲေပးရမယ့္ရက္ကေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၀ ရက္ေန႔နဲ႔ ေအာက္တိုဘာလ ၁၁ ရက္ေန႔စေန၊ တနဂၤေႏြ ၂ ရက္ျဖစ္ပါတယ္။ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီအေျခစိုက္ ျမန္မာသံရံုးအျပင္ ဖို႔ဝိုန္းၿမိဳ႕ ေဇတဝန္ေက်ာင္းတိုက္မွာလည္း မဲရံုခြဲၿပီး ဖြင့္လွစ္ဖို႔စီစဥ္ထားေၾကာင္း ျမန္မာသံရံုးက သတင္းထုတ္ျပန္ထားပါတယ္။

အခုဆိုရင္ေတာ့ ျပည္ပအေျခစိုက္ ျမန္မာသံရံုးအသီးသီးမွာ မဲေပးေနၾကၿပီျဖစ္ၿပီး မိမိတို႔ မဲေပးရတဲ့အခ်ိ္န္ ၾကံဳရတဲ့အခက္အခဲ ျပႆနာေတြကိုလည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို အေၾကာင္းၾကားနုိင္ေၾကာင္း UEC ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပနိုင်ငံတွေက မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနေကြပြီ

ပြည်ပရောက်မြန်မာနိုင်ငံသား ထောင်သောင်းချီပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်မဲတွေကို နိုင်ငံအသီးသီးက ကြိုတင်မဲရုံတွေမှာ သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်တွေရဲ့ COVID စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စတင်မဲပေးနေကြတဲ့ အကြောင်း စုစည်းတင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက မဆုမွန်က ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လွှတ်တော်အသီးသီးအတွက် ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်ဆန္ဒမဲပေးရမယ့်ရက်နဲ့ အချိန်တွေကို နိုင်ငံတကာအခြေစိုက်သံရုံးတွေဘက်က စတင်ကြေညာပေးနေပြီး ပြည်ပနိုင်ငံတချို့မှာတော့ ဒီသီတင်းပတ်ထဲမှာကို မဲစတင်ပေးနေကြပြီဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံအလိုက် ကြိုတင် မဲပေးရမယ့် ရက်တွေကတော့ အောက်တိုဘာလ ၁ ရက်ကစပြီး အောက်တိုဘာလလယ်ရက်တွေမှာ အသီးသီး သတ်မှတ်ထားပါတယ်။

အာရှနိုင်ငံတွေထဲက မဲဆန္ဒရှင် ၉,၀၀၀ ကျော် မဲပေးခွင့်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာလ ၂ ရက်နေ့ သောကြာနေ့က ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးမှာ မဲရုံဖွင့်လှစ်ပြီး မဲစတင်ပေးနေကြပြီဖြစ်ပြီး ကြိုတင်မဲဆန္ဒပေးရမယ့်ရက်တွေကတော့ အောက်တိုဘာလ ၂ ရက်ကစပြီး အောက်တိုဘာလ ၁၂ ရက်နေ့အထိ စုစုပေါင်း ၈ ရက် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

ပထမဆုံးနေ့မှာကို တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသား ထောင်ချီအများအပြားမဲလာပေးကြတဲ့အခြေအနေနဲ့ တောင်ကိုရီးယားရောက် မြန်မာလူမှုအသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီပေးနေကြတဲ့အကြောင်း ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီဝင် တောင်ကိုရီးယားရောက် မြန်မာတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပြပါတယ်။

"ကိုရီးယားမှာက မြန်မာသံရုံးမှာ မဲစပေးနေကြပါပြီ။ တောင်ကိုရီးယားရဲ့ ပိတ်ရက်နဲ့လည်း ကြုံကြိုက်နေတော့ အနယ်နယ် အရပ်ရပ်ကနေ ကားတွေနဲ့ တက်လာတဲ့သူတွေ နောက်ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် အကုန်လုံးဖြစ်ကုန်ပြီးတော့ သံရုံးရှေ့မှာ လူအင်အားက ၁,၅၀၀ လောက်အထိကို တအုန်းအုန်းဖြစ်သွားတယ်။ ဒါတောင်မှ သံရုံးဘေးနားက စာသင်ကျောင်းရဲ့ ဘောလုံးကွင်းကြီးကို အသုံးပြုခွင့်ပေးလို့ နည်းနည်းလေး အဆင်ပြေတယ်။ သို့သော်လည်းပဲ လူအင်အားက ဒီနေ့တရက်တည်းနဲ့ ဖြတ်ပစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခုအချိန်အထိ ကိုရီးယားစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်အထိရှိပြီ၊ မှောင်နေတဲ့ကြားထဲကပဲ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေကြတုန်းပဲ။ မှောင်နေတဲ့ကြားထဲကပဲ သံရုံးဝန်ထမ်းတွေလည်း တော်တော်လေး ပင်ပန်းနေကြပြီ။ အဲ့လိုကြိုးပမ်းပေးနေကြပေမဲ့ လူအင်အားကလည်း အရမ်းများလွန်းတဲ့အတွက် ဘယ်လိုမှ မနိုင်ဖြစ်နေတာပေါ့လေ။ အဲ့လိုအခြေအနေမျိုးမှာ ကိုရီးယားအာဏာပိုင်အဖွဲ့အစည်းတွေ ကိုရီးယားရဲတွေ၊ ကိုရီးယားကျန်းမာရေးဌာနတွေကလည်း တောက်လျှောက် ဆိုသလို စောင့်ကြည့်နေပြီး ခဏ ခဏ စကားလာပြောနေကြတယ်။ အဲ့တော့ ကိုဗစ်ရောဂါမပြန့်ပွားရအောင် ထိန်းသိမ်းကြရတဲ့အခြေအနေမှာ လောလောဆယ် ရှိနေပါတယ်ခင်ဗျ။"

ဒီလိုမျိုး တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား ထောင်ချီ ရောက်လာပြီး မဲလာပေးခဲ့ကြတဲ့အတွက် COVID 19 ရောဂါကူးစက်မှု ကာကွယ်တဲ့အနေနဲ့ရော ပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက်မဖြစ်အောင်အတွက် စနေနေ့ ကစပြီး လူဦးရေ ၈၀၀ ကိုသာ မဲပေးခွင့်ပြုမယ်လို့ ဆိုးလ်အခြေစိုက် မြန်မာသံရုံးက အောက်တိုဘာ ၂ ရက်နေ့မှာ ချက်ခြင်း ဆိုသလို သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသားသောင်းနဲ့ချီ မဲပေးခွင့်ရှိနေတဲ့ စင်ကာပူနိုင်ငံမှာလည်း အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး မြန်မာသံရုံး စင်ကာပူမှာ ကြိုတင်မဲပေးပွဲ ကျင်းပနေပြီဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ စင်ကာပူအစိုးရ ထုတ်ပြန်တဲ့ COVID 19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲပေးဖို့တန်းစီခဲ့ကြပြီး စင်ကာပူရောက်မြန်မာ လူမှုအဖွဲ့အစည်းတွေ တသီးပုဂ္ဂလ စေတနာ့ဝန်ထမ်းတွေ ကလည်း အခက်အခဲမဖြစ်အောင် ဝိုင်းဝန်းကူညီ လုပ်အားပေးခဲ့ကြတယ်လို့ စင်ကာပူမြန်မာကလပ်ရဲ့ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းကပြောပြပါတယ်။

"စင်ကာပူမှာ ပထမနေ့က ၈၀၀ ကျော် ဒုတိယနေ့က ၁,၄၀၀ ကျော် မှာ ၂ ဆကျော် များလာတဲ့အချိန်မှာ သတ်မှတ်တဲ့ မဲရုံပိတ်ချိန် ၅ နာရီခွဲမှာ ပြီးပါတယ်။ ချောချောမောမောပဲ။ စင်ကာပူမှာရှိတဲ့ ကွန်မြူနတီက ဘာတွေကူညီကြလဲဆိုတော့မဲရုံမှာ သူသတ်မှတ်ထားတဲ့ အချိန်အတိုင်း လာသမျှ မဲလာပေးဖို့ တန်းစီတဲ့သူတွေကိုယူထားတဲ့ Que နဲ့ အချိန်နဲ့တိုက်ပြီး ဟုတ် မဟုတ် စစ်ကြတယ်။ နောက် ဒီမှာ စင်ကာပူက ထုတ်ပြန်ထားတဲ့ ကိုဗစ် Pandemic အခြေအနေအောက်မှာ Social Distancing အရ ၁မီတာအကွာ ခွာပြီးစီဖို့ဟာတွေကို ဗော်လီတီယာတွေဘက်က စောင့်ပေးနေကြတယ်။ စင်ကာပူမှာ မဲလာပေးတဲ့သူ ၉၀ ရာခိုနှုန်း လောက်ကလည်း အဲ့တာတွေအကုန်လုံး လိုက်နာပြီးသားဖြစ်ကြတယ်။တယောက်နဲ့တယောက် ပူးပေါင်းမှုရှိကြတယ် အေးအေးချမ်းချမ်းဖြစ်ပါတယ်။ သံအမှုထမ်းတွေ ဘက်ကလည်း သံအမတ်ကအစ ပူးပေါင်းလုပ်ကြတယ် အဲ့တော့ ဒီဘက်က Man Power နဲ့ Que ယူထားတာနဲ့ တရက်ကို ၁,၀၀၀ ကျော် မဲပေးရမယ့်လူဦးရေကတော့ အဆင်ပြေတယ်။"

ဂျပန်နိုင်ငံမှာတော့ ကြိုတင်မဲရုံကို တိုကျိုမြို့တော်နဲ့ နာဂိုယာမြို့ မဲရုံ ၂ ရုံ ဖွင့်ပေးမှာဖြစ်ပြီး မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ စနေနေ့ အောက်တိုဘာလ ၃ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ သတ်မှတ်ရက်တွေအတိုင်း စတင်မဲပေးကြတော့မှာဖြစ်ပါတယ်။

ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ မဲပေးနိုင်ရေး အခက်အခဲ မရှိအောင် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဂျပန်ရောက်မြန်မာနိုင်ငံသားများအသင်းက ဦးသန်းဆွေက ပြောပြပါတယ်။

"ဂျပန်မှာရှိတဲ့ မြန်မာနိုင်ငံသားဦးရေထဲက ၂၀၁၅ နဲ့ မတူဘဲ ဒီတခေါက်၂၀၂၀ မှာ လူဦးရေ ၈,၀၀၀ ကျော် မဲပေးဖို့ စာရင်းတင်ထားပါတယ်။ မဲပေးဖို့အတွက် ခွင့်ပြုထားတဲ့- မဲရုံက ဂျပန်နိုင်ငံမှာက တိုကျိုရယ် နာဂိုယာဂုဏ်ထူးဆောင် မြန်မာကောင်စစ်ဝန်ရုံး အဲ့ဒီ ၂နေရာခွဲ ပေးကြမယ်။ အဓိက မိန်းကတော့ တိုကျိုမှာဖြစ်ပါတယ်။ မဲပေးဖို့အတွက် ဂျပန်မှာရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်ရယ်၊ မြန်မာလူငယ်စေတနာ့ဝန်ထမ်းအဖွဲ့တွေပေါင်းပြီးတော့ ရွေးကောက်ပွဲလာပြီး မဲပေးမယ့်ပြည်သူတွေအတွက် ကျနော်တို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားပါတယ်။ မနက် ၆ နာရီ၊ ၇ နာရီလောက်ကတည်းက သံရုံးရှေ့ လာတန်းစီမယ့် လူတန်းကြီးအတွက်လိုအပ်တာတွေ ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေ နားမလည်တာတွေ ရှင်းပြပေးဖို့- ကြုံရမယ့် အမှားအယွင်းမဖြစ်အောင် ကိုယ့်မဲ ပယ်မဲမဖြစ်အောင် ပညာပေးသရုပ်ပြပုံတွေ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ တဆက်တည်းပါပဲ အခုအချိန်က ကိုဗစ်ကာလဖြစ်တဲ့အတွက် Mask တွေကို လူတိုင်းလူတိုင်းတပ်လာကြဖို့ စည်းကမ်းနဲ့အညီ မဲပေးဖို့ လှုံ့ဆော်ထားပေမဲ့ အကြောင်းကြောင်း မေ့တာမျိုး ပျက်စီးတာမျိုးဖြစ်ရင် မက်စ်တွေ လက်ဆေးရည်တွေ အားလုံးကို ဝေပေးဖို့ အဆင်သင့်ပြင်ထားကြပါတယ်။ တန်းစီစောင့်တဲ့အချိန် Social Distancing Rule ကို မဖောက်ဖျက်အောင် အထူးသတိထားကြရေးနဲ့ နယ်မြေခံ ဂျပန်ရဲတွေနဲ့ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကြိုတင်ပြင်ဆင်ထားပါတယ်ခင်ဗျ။"

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေထဲ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းတွေကို ဆက်တိုက်ထုတ်ပြန်ပေးနေပါတယ်။ ကြိုတင်မဲပေးရမယ့်ရက်ကတော့ လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁၁ ရက်နေ့စနေ၊ တနင်္ဂနွေ ၂ ရက်ဖြစ်ပါတယ်။မြို့တော် ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာသံရုံးအပြင် ဖို့ဝိုန်းမြို့ ဇေတဝန်ကျောင်းတိုက်မှာလည်း မဲရုံခွဲပြီး ဖွင့်လှစ်ဖို့စီစဉ်ထားကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အခုဆိုရင်တော့ ပြည်ပအခြေစိုက် မြန်မာသံရုံးအသီးသီးမှာ မဲပေးနေကြပြီဖြစ်ပြီး မိမိတို့ မဲပေးရတဲ့အချိန် ကြုံရတဲ့အခက်အခဲ ပြဿနာတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားနိုင်ကြောင်း UEC ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG