သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ဆိုင္ရာ အခမဲ့ေမးျမန္းႏုိင္တဲ့ Call Center ဝန္္ေဆာင္မႈ တိုးခ်ဲ႕ေန


National Call Center ကေန ေျဖၾကားေပးေနတဲ့ ဆရာဝန္မ်ား။

(Zawgyi / Unicode)

COVID-19 နဲ႔ပတ္သက္ၿပီး သိခ်င္တဲ့အေၾကာင္းအရာေတြကို အခမဲ့ ေမးျမန္းႏုိင္တဲ့ National Call Center အေနနဲ႔ ဝန္ေဆာင္မႈေတြ ထပ္ၿပီးတိုးေပးဖို႔ စီစဥ္ထားပါတယ္။ အျပည့္အစုံကို မေမခ စုစည္းတင္ျပထားပါတယ္။

National Call Center ကို ကိုဗစ္ပထမလႈိင္း စတင္ခဲ့တဲ့ ဧၿပီလက ဖြင့္ခဲ့တာေၾကာင့္ အခုဆို ၆ လထဲဝင္လာၿပီ ျဖစ္ပါတယ္။ ကိုဗစ္ ပထမလႈိင္းကစလို႔ ကူးစက္မႈေတြ ပိုျပင္းထန္လာတဲ့ ဒုတိယလႈိင္းမွာပါ ျပည္သူေတြ သိလိုသမွ်ကို ေျဖၾကားေနဆဲျဖစ္တဲ့ Call Center ရဲ႕ ထပ္တိုးဝန္ေဆာင္မႈေတြနဲ႔ ပတ္သက္လုိ႔ ေဆးသုေတသနဦးစီးဌာနက ဒုတိယၫႊ န္ၾကားေရးမွဴး ေဒါက္တာမ်ိဳးမ်ိဳးမြန္က အခုလိုေျပာျပပါတယ္။

“စက္တင္ဘာလဆန္းကစၿပီး Auto Reply ထဲမွာ ရခုိင္ဘာသာနဲ႔ နားေထာင္လို႔ရေအာင္ ထည့္ေပးထားပါတယ္။ က်မတုိ႔ Call Center ကို ရခုိင္ေတြ ေခၚရင္လည္း တခါတရံ ဘာသာစကား အခက္အခဲေပါ့၊ သူတို႔ဘက္က ဗမာစကားကုိ နားလည္ဖုိ႔ ခက္ခဲတာေတြ၊ က်မတုိ႔ဘက္ကလည္း သူတုိ႔ ေလယူေလသိမ္းကို နားေထာင္ရတာ ခက္ခဲတာေတြ ရွိတာေပါ့။ Auto Reply ထဲမွာ ရခုိင္လုိေျပာတာတခု ထည့္ေပးထားတယ္။ ထပ္ၿပီးေတာ့ တျခား ဆရာဝန္ ေဗာ္လန္တီယာေတြကို ေခၚၿပီး က်မတုိ႔ဘက္က ထပ္ခ်ဲ႕ေနတဲ့ အစီအစဥ္ေလးတခု ရွိတယ္။ ၂၀၁၉ ကိုႏွိပ္ၾကည့္လုိက္ရင္ ၾကားရပါလိမ့္မယ္။ နံပါတ္ ၆ တခု ထပ္ထည့္ထားတယ္။ ကြာရမ္တင္းဆုိက္ကလူေတြ ေမးခ်င္ရင္ နံပါတ္ ၆ ကုိ ႏွိပ္ဖုိ႔။ ဘာျဖစ္လို႔လဲဆုိေတာ့ ကြာရမ္တင္းဆုိက္မွာ ေနေနတဲ့လူေတြကလည္း မ်ားမ်ားလာၿပီ။ အဲဒီအခါမွာ ကြာရမ္တင္းဆုိက္ဘက္က အေၾကာင္းအရာေတြကို သီးသန္႔ခြဲထုတ္လုိက္တဲ့ သေဘာပါ။”

ကိုဗစ္ေရာဂါနဲ႔ပတ္သက္ၿပီး သိခ်င္တာေတြ ေမးျမန္းခ်င္ရင္ ျပည္တြင္း ဘယ္ဖုန္းေအာ္ပေရတာကျဖစ္ျဖစ္ နံပါတ္ ၂၀၁၉ ကိုႏွိပ္ကာ ေမးျမန္းလို႔ရပါတယ္။ ေခၚဆိုတဲ့ဖုန္းေတြကို လိုင္းခြဲနံပါတ္ ၅ ခုကေန အလိုအေလ်ာက္စနစ္နဲ႔ ေျဖၾကားေပးေနတာ ရွိသလို ဆရာဝန္ေတြနဲ႔ တိုက္႐ိုက္ေဆြးေႏြးခ်င္ရင္ေတာ့ လိုင္းခြဲနံပါတ္ သုညကို ထပ္ႏွိပ္ေခၚဆိုၿပီး ေခၚဆိုသူတဦးကို အခ်ိန္ ၆ မိနစ္ၾကာ ေမးျမန္းႏုိင္ေအာင္ စီစဥ္ထားတာျဖစ္ပါတယ္။ ဒီ ၆ မိနစ္ကိုေတာ့ ေငြေကာက္ခံတာ မရွိပါဘူး။ အခုေတာ့ လိုင္းခြဲနံပါတ္ ၆ ထပ္တိုးဖို႔ စီစဥ္ေနၿပီး ဒီအတြက္ကေတာ့ လက္ရွိမွာ ညႇိႏႈိင္းကာ စမ္းသပ္ထုတ္လႊင့္ဖို႔ ျပင္ေနပါတယ္။

ကိုဗစ္ပိုး ပထမလႈိင္း ပ်ံ႕ႏွံ႔ခ်ိန္ကထက္ အခုတႀကိမ္မွာ Call Center ကို ဆက္သြယ္ေမးျမန္းလာတာေတြက ပုံစံမတူဘူးလို႔ ေဒါက္တာမ်ိဳးမ်ိဳးမြန္က ေျပာပါတယ္။ ၆ လတာနီးပါး ေန႔စဥ္မျပတ္ ျပည္သူေတြနဲ႔ တိုက္႐ိုက္ထိေတြ႔ရတဲ့ ေနရာတခု ျဖစ္ေပမယ့္ ႀကီးမားတဲ့ စိန္ေခၚမႈမ်ိဳး မႀကဳံေတြ႔ခဲ့ရဘူးလို႔ သူက ေျပာပါတယ္။

“ဖုန္းေခၚဆိုမႈ အမ်ားဆုံး တုိင္းေဒသႀကီး ျပည္နယ္ ၅ ခုအေနနဲ႔ ေျပာမယ္ဆုိရင္ ပထမလႈိင္းတုန္းကလည္း ရန္ကုန္နဲ႔ ဧရာဝတီက ပထမနဲ႔ ဒုတိယ။ ၿပီးေတာ့ စစ္ကိုင္း၊ မႏၲေလး၊ မေကြးေပါ့၊ ဒါ ပထမလႈိင္းတုန္းက။ အခု ဒုတိယလႈိင္း ၾသဂုတ္လလယ္ကစၿပီး အခုထိ ရန္ကုန္၊ ဧရာဝတီက ပထမ၊ ဒုတိယပဲ။ တတိယလုိက္တာ ရခုိင္ ဒုတိယလႈိင္းမွာ။ ေနာက္ စစ္ကိုင္းနဲ႔ မႏၲေလးေပါ့။ စုစုေပါင္း ေခၚဆုိမႈရဲ႕ ၄၃% က ေက်းလက္ေဒသေတြက ျဖစ္တယ္။ ေမးခြန္းအမ်ဳိးအစားကေတာ့ ပထမလႈိင္းတုန္းက ဘယ္လုိကာကြယ္မလဲတို႔၊ ကူးစက္ပုံက ဘယ္လုိလဲ၊ ေရာဂါလကၡဏာက ဘာလဲ ဒါမ်ဳိးေတြေမးတာ မ်ားတယ္။ အခုက်ေတာ့ ကြာရန္တင္းဘက္က တခ်ဳိ႕ကြန္ပလိန္းေတြ ေျပာတာမ်ဳိးရွိတယ္၊ ေနာက္ သူတို႔ ေနမေကာင္းျဖစ္တဲ့ ပုံစံေလးေတြနဲ႔ ေမးတာ ေျပာတာ ဘယ္လုိဆက္သြယ္ ေဆာင္ရြက္ရမယ္ဆုိတာ အႀကံဉာဏ္ေတာင္းတာေတြ မ်ားတယ္။”

ေမးျမန္းခ်က္ေတြကို ေျဖဆိုဖို႔ ေစတနာ့ဝန္ထမ္းေတြအေနနဲ႔ တာဝန္ယူ ေဆာင္ရြက္ၾကတဲ့ သူတို႔အဖြဲ႔မွာ က်န္းမာေရးဝန္ႀကီးဌာနက ဆရာဝန္ အေယာက္ ၅၀ နဲ႔ ျမန္မာႏုိင္ငံဆရာဝန္အသင္းက ဆရာဝန္ ၁၅ ေယာက္ ပူးေပါင္းၿပီး အဆိုင္းခြဲ တာဝန္ယူၿပီးေတာ့ ေန႔တိုင္း မနက္ ၉ နာရီကေန ညေန ၅ နာရီထိ ေျဖၾကားေနပါတယ္။ ၂၄ နာရီလုံး စက္ကေန အလိုအေလ်ာက္ ျပန္ေျဖတဲ့ စနစ္ကိုလည္း ပူးတြဲလုပ္ေဆာင္လ်က္ ရွိပါတယ္။

က်န္းမာေရးစာေစာင္ အယ္ဒီတာခ်ဳပ္လည္းျဖစ္ ဟယ္လို က်န္းမာေရး လူမႈဝက္ဘ္ဆုိက္ ထူေထာင္ထားတဲ့ ေဒါက္တာ သူရိန္လႈိင္ဝင္းကေတာ့ Call Center ရဲ႕ လုပ္ေဆာင္ခ်က္ေတြက ေကာင္းေပမယ့္ လူသိနည္းေနေသးတာမို႔ ဒီထပ္ပို ေပါက္ေရာက္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“ဒီဟာကို ဒီ့ထက္ပုိၿပီး လူသိမ်ားေအာင္ လုပ္ႏိုင္ရင္ ပုိေကာင္းမယ္လို႔ က်ေနာ္ကေတာ့ ယူဆတယ္။ ဒီအခ်ိန္မွာ COVID Call Center ကို လူသိမ်ားေအာင္ဆုိရင္ ပုဂၢလိက မီဒီယာေတြကို ဖိတ္ၿပီးေတာ့ အစုိးရကေန ထုတ္ျပန္ၿပီးေတာ့ ဒီဟာကိုေတာ့ျဖင့္ ဝိုင္းၿပီး ကူညီေပးပါဆုိၿပီး အစိုးရမွာရွိတဲ့ မီဒီယာခ်န္နယ္ေရာ ပုဂၢလိကမွာရွိတဲ့ မီဒီယာ ခ်န္နယ္ေရာ သူတို႔ရဲ႕ ေဖ့စ္ဘြတ္ခ္ ခ်န္နယ္ေတြေရာ အကုန္လုံးဆုိရင္ မေရာက္မရွိေအာင္ သူတုိ႔ လုပ္လုိ႔ရတယ္။ ေအာ္ပေရတာ အားလုံးဆီကေန အကုန္လုံးဆီေရာက္ေအာင္ မက္ေဆ့ခ်္လုပ္လုိ႔ရတယ္။”

COVID-19 ေရာဂါ ျပင္းထန္တဲ့အဆင့္ေရာက္ၿပီး အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ အသက္႐ွဴစက္တပ္ ကုသရတဲ့ အေရအတြက္ဟာ ကမာၻမွာေရာ ျမန္မာမွာပါ တိုးလာေနပါတယ္။ ေရာဂါအခံရွိထားသူေတြ၊ ကိုယ္ခံအားနည္းသူေတြနဲ႔ သက္ႀကီးရြယ္အိုေတြ ဒီေရာဂါပိုး ကူးခံရရင္ ျပင္းထန္တဲ့အဆင့္ ေရာက္တာမ်ားတာမို႔ ေဆး႐ုံအေရာက္ ေနာက္မက်ဖို႔ အထူးအေရးႀကီးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ႏႈိးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကိုဗစ်ဆိုင်ရာ အခမဲ့မေးမြန်းနိုင်တဲ့ Call Center ဝန်ဆောင်မှု တိုးချဲ့နေ

COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center အနေနဲ့ ဝန်ဆောင်မှုတွေ ထပ်ပြီးတိုးပေးဖို့ စီစဉ်ထားပါတယ်။ အပြည့်အစုံကို မမေခ စုစည်းတင်ပြထားပါတယ်။

National Call Center ကို ကိုဗစ်ပထမလှိုင်း စတင်ခဲ့တဲ့ ဧပြီလက ဖွင့်ခဲ့တာကြောင့် အခုဆို ၆ လထဲဝင်လာပြီ ဖြစ်ပါတယ်။ ကိုဗစ် ပထမလှိုင်းကစလို့ ကူးစက်မှုတွေ ပိုပြင်းထန်လာတဲ့ ဒုတိယလှိုင်းမှာပါ ပြည်သူတွေ သိလိုသမျှကို ဖြေကြားနေဆဲဖြစ်တဲ့ Call Center ရဲ့ ထပ်တိုးဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဆေးသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်က အခုလိုပြောပြပါတယ်။

“စက်တင်ဘာလဆန်းကစပြီး Auto Reply ထဲမှာ ရခိုင်ဘာသာနဲ့ နားထောင်လို့ရအောင် ထည့်ပေးထားပါတယ်။ ကျမတို့ Call Center ကို ရခိုင်တွေ ခေါ်ရင်လည်း တခါတရံ ဘာသာစကား အခက်အခဲပေါ့၊ သူတို့ဘက်က ဗမာစကားကို နားလည်ဖို့ ခက်ခဲတာတွေ၊ ကျမတို့ဘက်ကလည်း သူတို့ လေယူလေသိမ်းကို နားထောင်ရတာ ခက်ခဲတာတွေ ရှိတာပေါ့။ Auto Reply ထဲမှာ ရခိုင်လိုပြောတာတခု ထည့်ပေးထားတယ်။ ထပ်ပြီးတော့ တခြား ဆရာဝန် ဗော်လန်တီယာတွေကို ခေါ်ပြီး ကျမတို့ဘက်က ထပ်ချဲ့နေတဲ့ အစီအစဉ်လေးတခု ရှိတယ်။ ၂၀၁၉ ကိုနှိပ်ကြည့်လိုက်ရင် ကြားရပါလိမ့်မယ်။ နံပါတ် ၆ တခု ထပ်ထည့်ထားတယ်။ ကွာရမ်တင်းဆိုက်ကလူတွေ မေးချင်ရင် နံပါတ် ၆ ကို နှိပ်ဖို့။ ဘာဖြစ်လို့လဲဆိုတော့ ကွာရမ်တင်းဆိုက်မှာ နေနေတဲ့လူတွေကလည်း များများလာပြီ။ အဲဒီအခါမှာ ကွာရမ်တင်းဆိုက်ဘက်က အကြောင်းအရာတွေကို သီးသန့်ခွဲထုတ်လိုက်တဲ့ သဘောပါ။”

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး သိချင်တာတွေ မေးမြန်းချင်ရင် ပြည်တွင်း ဘယ်ဖုန်းအော်ပရေတာကဖြစ်ဖြစ် နံပါတ် ၂၀၁၉ ကိုနှိပ်ကာ မေးမြန်းလို့ရပါတယ်။ ခေါ်ဆိုတဲ့ဖုန်းတွေကို လိုင်းခွဲနံပါတ် ၅ ခုကနေ အလိုအလျောက်စနစ်နဲ့ ဖြေကြားပေးနေတာ ရှိသလို ဆရာဝန်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်ရင်တော့ လိုင်းခွဲနံပါတ် သုညကို ထပ်နှိပ်ခေါ်ဆိုပြီး ခေါ်ဆိုသူတဦးကို အချိန် ၆ မိနစ်ကြာ မေးမြန်းနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ ဒီ ၆ မိနစ်ကိုတော့ ငွေကောက်ခံတာ မရှိပါဘူး။ အခုတော့ လိုင်းခွဲနံပါတ် ၆ ထပ်တိုးဖို့ စီစဉ်နေပြီး ဒီအတွက်ကတော့ လက်ရှိမှာ ညှိနှိုင်းကာ စမ်းသပ်ထုတ်လွှင့်ဖို့ ပြင်နေပါတယ်။

ကိုဗစ်ပိုး ပထမလှိုင်း ပျံ့နှံ့ချိန်ကထက် အခုတကြိမ်မှာ Call Center ကို ဆက်သွယ်မေးမြန်းလာတာတွေက ပုံစံမတူဘူးလို့ ဒေါက်တာမျိုးမျိုးမွန်က ပြောပါတယ်။ ၆ လတာနီးပါး နေ့စဉ်မပြတ် ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာတခု ဖြစ်ပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုမျိုး မကြုံတွေ့ခဲ့ရဘူးလို့ သူက ပြောပါတယ်။

“ဖုန်းခေါ်ဆိုမှု အများဆုံး တိုင်းဒေသကြီး ပြည်နယ် ၅ ခုအနေနဲ့ ပြောမယ်ဆိုရင် ပထမလှိုင်းတုန်းကလည်း ရန်ကုန်နဲ့ ဧရာဝတီက ပထမနဲ့ ဒုတိယ။ ပြီးတော့ စစ်ကိုင်း၊ မန္တလေး၊ မကွေးပေါ့၊ ဒါ ပထမလှိုင်းတုန်းက။ အခု ဒုတိယလှိုင်း သြဂုတ်လလယ်ကစပြီး အခုထိ ရန်ကုန်၊ ဧရာဝတီက ပထမ၊ ဒုတိယပဲ။ တတိယလိုက်တာ ရခိုင် ဒုတိယလှိုင်းမှာ။ နောက် စစ်ကိုင်းနဲ့ မန္တလေးပေါ့။ စုစုပေါင်း ခေါ်ဆိုမှုရဲ့ ၉၃ ရာခိုင်နှုန်းက ကျေးလက်ဒေသတွေက ဖြစ်တယ်။ မေးခွန်းအမျိုးအစားကတော့ ပထမလှိုင်းတုန်းက ဘယ်လိုကာကွယ်မလဲတို့၊ ကူးစက်ပုံက ဘယ်လိုလဲ၊ ရောဂါလက္ခဏာက ဘာလဲ ဒါမျိုးတွေမေးတာ များတယ်။ အခုကျတော့ ကွာရန်တင်းဘက်က တချို့ကွန်ပလိန်းတွေ ပြောတာမျိုးရှိတယ်၊ နောက် သူတို့ နေမကောင်းဖြစ်တဲ့ ပုံစံလေးတွေနဲ့ မေးတာ ပြောတာ ဘယ်လိုဆက်သွယ် ဆောင်ရွက်ရမယ်ဆိုတာ အကြံဉာဏ်တောင်းတာတွေ များတယ်။”

မေးမြန်းချက်တွေကို ဖြေဆိုဖို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ တာဝန်ယူ ဆောင်ရွက်ကြတဲ့ သူတို့အဖွဲ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် အယောက် ၅၀ နဲ့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဆရာဝန် ၁၅ ယောက် ပူးပေါင်းပြီး အဆိုင်းခွဲ တာဝန်ယူပြီးတော့ နေ့တိုင်း မနက် ၈ နာရီကနေ ည ၈ နာရီထိ ဖြေကြားနေပါတယ်။ ၂၄ နာရီလုံး စက်ကနေ အလိုအလျောက် ပြန်ဖြေတဲ့ စနစ်ကိုလည်း ပူးတွဲလုပ်ဆောင်လျက် ရှိပါတယ်။

ကျန်းမာရေးစာစောင် အယ်ဒီတာချုပ်လည်းဖြစ် ဟယ်လို ကျန်းမာရေး လူမှုဝက်ဘ်ဆိုက် ထူထောင်ထားတဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းကတော့ Call Center ရဲ့ လုပ်ဆောင်ချက်တွေက ကောင်းပေမယ့် လူသိနည်းနေသေးတာမို့ ဒီထပ်ပို ပေါက်ရောက်စေချင်တယ်လို့ ပြောပါတယ်။

“ဒီဟာကို ဒီ့ထက်ပိုပြီး လူသိများအောင် လုပ်နိုင်ရင် ပိုကောင်းမယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီအချိန်မှာ COVID Call Center ကို လူသိများအောင်ဆိုရင် ပုဂ္ဂလိက မီဒီယာတွေကို ဖိတ်ပြီးတော့ အစိုးရကနေ ထုတ်ပြန်ပြီးတော့ ဒီဟာကိုတော့ဖြင့် ဝိုင်းပြီး ကူညီပေးပါဆိုပြီး အစိုးရမှာရှိတဲ့ မီဒီယာချန်နယ်ရော ပုဂ္ဂလိကမှာရှိတဲ့ မီဒီယာ ချန်နယ်ရော သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် ချန်နယ်တွေရော အကုန်လုံးဆိုရင် မရောက်မရှိအောင် သူတို့ လုပ်လို့ရတယ်။ အော်ပရေတာ အားလုံးဆီကနေ အကုန်လုံးဆီရောက်အောင် မက်ဆေ့ချ်လုပ်လို့ရတယ်။”

COVID-19 ရောဂါ ပြင်းထန်တဲ့အဆင့်ရောက်ပြီး အထူးကြပ်မတ်ကုသဆောင် (ICU) မှာ အသက်ရှူစက်တပ် ကုသရတဲ့ အရေအတွက်ဟာ ကမ္ဘာမှာရော မြန်မာမှာပါ တိုးလာနေပါတယ်။ ရောဂါအခံရှိထားသူတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဒီရောဂါပိုး ကူးခံရရင် ပြင်းထန်တဲ့အဆင့် ရောက်တာများတာမို့ ဆေးရုံအရောက် နောက်မကျဖို့ အထူးအရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက နှိုးဆော်ထားပါတယ်။

XS
SM
MD
LG