သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း ကိုဗစ္လူနာကုသမယ့္ ေဆး႐ံုေတြ ထပ္တိုးထား


COVID-19 ကူးစက္ပ်ံ႕ႏွံ႔မႈ တုိးေနတဲ့ ရန္ကုန္ၿမိဳ႕မွာ သံသယလူနာေတြကို ရွာေဖြၿပီး ကြာရမ္တင္းစင္တာေတြကို ပို႔ေဆာင္ေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္း ကိုဗစ္လူနာေတြကို ကုသမႈေပးမယ့္ ေဆး႐ံုေတြ ထပ္ၿပီးတိုးထားတယ္လုိ႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာဆိုလိုက္ခ်ိန္မွာပဲ အေရးေပၚလူနာေတြ ေဆး႐ုံပို႔ဖို႔ အခက္အခဲ ျဖစ္ေနရတယ္လုိ႔ ဖ်ားနာကုေဆးခန္းတာဝန္ခံ ဆရာဝန္တဦးက ေျပာၿပီးေတာ့ ပုဂၢလိကေဆး႐ံုေတြမွာပါ ကုသမႈေပးႏုိင္ေအာင္ အျမန္စီစဥ္ဖို႔ အႀကံေပးတဲ့အေၾကာင္း မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ကိုဗစ္လူနာေတြကို အထူးကုေဆး႐ုံႀကီး ၇ ခုမွာ ကုသေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အေရးေပၚစီစဥ္ထားတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“ေနာက္ဆံုးအေျခအေနကေတာ့ အခုပိုးေတြ႔လူနာက ၁၅,၀၀၀ ေက်ာ္သြားၿပီေပါ့ေနာ္။ မေန႔ကဆို ဓာတ္ခြဲအတည္ျပဳလူနာ ၁,၁၄၂ ေယာက္ တုိးတယ္။ ေဆး႐ုံဆင္းတဲ့ဦးေရနဲ႔ ထပ္တက္ရတဲ့လူနာက ေလးဆေက်ာ္ေက်ာ္ေလာက္ ျဖစ္ေနတယ္။ တခ်ိဳ႕ေန႔ေတြမွာ ႏွစ္ဆခြဲ၊ သံုးဆ။ အဲ့ဒီ့လိုအေျခအေနမွာ ေဆး႐ုံတင္ဖို႔လိုတဲ့သူ ေဆး႐ုံတင္ဖို႔ မလိုတဲ့သူဆိုၿပီး ခြဲျခားထားတာ ရွိပါတယ္။ ဒါကေတာ့ Rapid test kit ေတြ အမ်ားႀကီး ရလာၿပီးတဲ့ေနာက္မွာ ခြဲလိုက္တာျဖစ္ပါတယ္။ ေရာဂါလကၡဏာ ဆိုးဝါးျပင္းထန္မယ္၊ ေနာက္ခံေရာဂါေတြလည္း ရွိေနမယ့္သူေတြကိုေတာ့ က်မတို႔ ကိုဗစ္ကုသေရး ေဆး႐ုံႀကီး ၇ ႐ံုေပါ့ေနာ္ အဲ့ဒီ့ေဆး႐ုံ ၇ ႐ုံမွာ ကုသေပးမယ္ဆိုၿပီး လုပ္ထားပါတယ္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရယ္ ေတာင္ဥကၠလာ အထူးကုေဆး႐ုံႀကီးရယ္ ကိုဗစ္ကုသေရးဌာန ေဖာင္ႀကီးရယ္ သံုးခုေပါ့ေနာ္။ ဒါ့အျပင္ က်မတို႔ ရန္ကုန္ေဆး႐ုံႀကီးရယ္ ေျမာက္ဥကၠလာေဆး႐ုံႀကီးရယ္ အင္းစိန္ေဆး႐ုံႀကီးရယ္ သဃၤန္းကၽြန္းစံျပေဆး႐ုံႀကီး ဒီေလးခုမွာပါ ထပ္ခ်ဲ႕ၿပီး စုစုေပါင္း ၇ ခုမွာ ကုသမႈေပးမယ္ေပါ့။”

ကိုဗစ္သံသယလူနာေတြဆီမွာ ကို႐ုိနာဗိုင္းရပ္စ္ပိုး ရွိမရွိ အျမန္ဆံုးနဲ႔ လူမ်ားမ်ား စစ္ေဆးႏုိင္ေအာင္နဲ႔ ပိုးျပန္႔ပြားမႈ ႀကိဳတင္ကာကြယ္ႏုိင္ေရး ျပည္နယ္ တုိင္းေတြအထိ Rapid test ေတြနဲ႔ စစ္ေဆးႏုိင္ေအာင္ မေန႔ကစ စီစဥ္ေနၿပီလို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“က်မတို႔ ေနာက္ပိုင္းမွာ Rapid test ေတြကို ၿမိဳ႕နယ္ေဆး႐ုံေတြအထိ ေပးဖို႔ ရည္ရြယ္တယ္။ မေန႔ကစၿပီးေတာ့ တုိင္းနဲ႔ျပည္နယ္မွာ ေဆး႐ုံေတြကို Rapid test Kit ေတြ ျဖန္႔ေဝဖို႔ ေစလႊတ္ေနၿပီေပါ့ေနာ္။ ကယားရယ္ မေကြးရယ္ ေနျပည္ေတာ္ရယ္အတြက္ ပို႔ေပးဖို႔ ေဆာင္ရြက္ေနပါတယ္။ သက္ဆိုင္ရာ ခ႐ုိင္ ၿမိဳ႕နယ္ ေဆး႐ုံေတြအလိုက္ စစ္ေဆးႏုိင္မွာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ျမန္ျမန္ေဆးကုသမႈ ေပးႏုိင္မယ္၊ သူ႔ရဲ႕ Contact ေတြ ရွာႏုိင္မယ္။ ဒီလို ေနာက္ထပ္ Contact ေတြကို လုိက္ရွာျခင္းအားျဖင့္ က်မတို႔ ေရာဂါကို ထိန္းခ်ဳပ္ႏုိင္မႈမွာ အမ်ားႀကီး အေထာက္အကူျပဳႏုိင္ပါမယ္။ အဲ့လိုစစ္ခဲ့တာမွာ အခုလက္ရွိ အေနအထားအရ က်မတို႔ႏုိင္ငံမွာ ပိုးေတြ႔တဲ့သူ ၁၅,၀၀၀ ေက်ာ္ ရွိလာေနေပမယ့္လို႔ က်မတို႔ ေနာက္ထပ္ တိုးခ်ဲ႕ေနတာေတြလည္း ရွိေနပါတယ္။ ေအာင္ျမင့္မိုရ္အိမ္ရာေတြမွာ ထပ္ခ်ဲ႕ေနပါတယ္။ ႐ိုးမ ေနာက္ထပ္ အေဆာင္ ၁ ကို ထပ္တိုးခ်ဲ႕တဲ့အျပင္ကို ႐ုိးမအေဆာင္ ၂ မွာ ေနာက္ထပ္လူနာေတြ အမ်ားႀကီး လက္ခံလို႔ရေအာင္လည္း ယဥ္ေက်းမႈတကၠသိုလ္ရယ္ ပညာေရးေကာလိပ္ေတြမွာရယ္ တိုးခ်ဲ႕ထားတာေတြ ရွိပါတယ္။”

အခု ဖ်ားနာကု အခမဲ့ေဆးခန္းေတြမွာလည္း အနံ႔ေပ်ာက္ ကိုဗစ္လကၡဏာျပ လူနာေတြ ရာခ်ီပံုလာသလို အေရးေပၚေဆး႐ုံတင္ ေဆးကုသမႈေပးဖို႔ အေျခအေနေတြမွာ အေတာ္ေလး အခက္အခဲ ျဖစ္လာေနတယ္လို႔ ဖ်ားနာကုေဆးခန္းမ်ား (ရန္ကုန္ကြန္ရက္) တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာျပပါတယ္။

“ေဆး႐ုံေတြက လက္ရွိ လတ္တေလာ လူနာအေနအထားအရ အရမ္းကို လူနာေတြမ်ားေနတဲ့အတြက္ Emergency လူနာေတြကလည္း ဒီရက္ပိုင္း ေဆး႐ုံေတြမွာ အရမ္းမ်ားေနတယ္။ က်ေနာ္တို႔ တကယ္လိုအပ္လို႔ လႊဲတဲ့ Emergency လူနာေတြကိုေတာင္ လက္မခံႏုိင္တဲ့ အေနအထားေတြ ျဖစ္ေနတယ္။ မေန႔ကဆို က်ေနာ္တို႔ လူနာ ၂ ေယာက္ ၃ ေယာက္ဆို ေတာ္ေတာ္ကို ဒုကၡေရာက္သြားတယ္။ မေန႔က ေဆး႐ုံအေနအထားအရ လႊဲလို႔ကို မရေတာ့ဘူး။ လႊဲလို႔မရေတာ့ တကယ္တမ္း အဲ့လူနာေတြက ေဆး႐ုံတင္ၿပီးကို ေဆးကုသမႈေပးရမွာ၊ အခုက ဘာေတြျဖစ္ေနလဲဆိုေတာ့ ေဆး႐ုံေတြမွာတင္ ေနရာ၊ ကုတင္ေတြ အျပည့္ျဖစ္ေနတယ္ လူနာေတြက။ Emergency လူနာေတြခ်ည္းပဲ။ အဲ့ေတာ့ က်ေနာ္တို႔က Emergency ေတာင္ ေဆး႐ုံကို လႊဲလို႔မရတဲ့ အေနအထားအထိကို အခု ဒီတေလာ ႀကံဳေနရတယ္ေပါ့ေနာ္။ ျဖစ္ႏုိင္ရင္ေတာ့ ေဆး႐ုံက Emergency ေတြကို ယူေပးပါလို႔ ေျပာခ်င္တယ္။”

အခုလို အစိုးရေဆး႐ုံႀကိီးေတြမွာ လူနာေတြပံုၿပီး အေရးေပၚအေျခအေနနဲ႔ က်န္းမာေရးကုသမႈ ေစာင့္ေရွာက္မႈေပးဖို႔ အခက္အခဲ ႀကံဳေနရခ်ိ္န္မွာ ပုဂၢလိကေဆး႐ုံႀကီးေတြနဲ႔ ေဆးခန္းေတြကို က်န္းမာေရးစည္းမ်ဥ္း သတ္မွတ္ခ်က္ေတြနဲ႔အညီ ကုသမႈေပးႏုိင္ဖို႔ အလုပ္ေတြ အျမန္ဆံုး ခြဲေဝေပးသင့္တယ္လို႔ ေဒါက္တာေက်ာ္မင္းထြန္းက အႀကံျပဳပါတယ္။

“Emergency မဟုတ္တဲ့သူေတြကို Isolation Center ေတြထား၊ Quarantine Center ေတြမွာထား၊ ဒီ COVID Center ေတြကို မ်ားမ်ားဖြင့္၊ ျမန္ျမန္လုပ္ပါ။ အခုက ေဆး႐ုံေတြမွာ သြားပံုေနတယ္။ Positive ထြက္သြားတဲ့လူေတြကို ေဖာင္ႀကီးက လာမေခၚတဲ့ ျပႆနာ တက္ေနတယ္။ ေဖာင္ႀကိီးမွာကလည္း သူ႔ေနရာနဲ႔သူ လူက အျပည့္ျဖစ္ေနတယ္။ အဲ့ေတာ့ Private Section အေနနဲ႔ ေဆး႐ုံေဆးခန္းေတြကို ေပးဖြင့္ေပးလုိက္ေတာ့။ အဲ့က်ရင္ Private က Private ကို သြားၾကလိမ့္မယ္။ Government လည္းကုၾက၊ Private လည္းကု၊ ေပါင္းကုၾကမယ္ဆိုရင္ Workload လည္း ေလ်ာ့သြားမယ္။ အခု Government ပဲ ကုေနရၿပီး Private ကို ေပးမကုေတာ့ ျပႆနာက အဲ့မွာ အကုန္သြားပံုေနတာေပါ့ ေဆး႐ုံေတြမွာ။ အဲ့ေတာ့ ယူနစ္တခု သတ္မွတ္လိုက္၊ စံခ်ိန္စံညႊန္းတခု သတ္မွတ္လိုက္။ အဲ့ဒီ့စံခ်ိန္ စံညႊန္းရွိရင္ ဖြင့္၊ ဒီလိုအခ်ိ္န္မွာ အကုန္ဝိုင္းၿပီးကုလိုက္ရင္ က်ေနာ္တို႔လည္း လူအင္အားလည္း မ်ားလာမယ္၊ ေဆး႐ုံေတြမွာ သြားပံုေနတာေတြလည္း ေလ်ာ့သြားမယ္။ အဲ့လိုေလး ဖိဖိစီးစီး လုပ္လိုက္မယ္ဆိုရင္ ေတာ္ေတာ္ႀကီးကို ဒီကာလမွာ ထိန္းထိန္းသိမ္းသိမ္း ျဖစ္သြားလိမ့္မယ္။”

ျမန္မာႏုိင္ငံတြင္း ကုိဗစ္ကူးစက္လူနာေတြနဲ႔ သံသယလူနာေတြကို ပုဂၢလိက ေဆး႐ံုေဆးခန္းေတြမွာပါ ခြဲေဝလက္ခံ ကုသမႈေပးေရး မၾကာခင္ အေကာင္အထည္ေဖာ္ေတာ့မွာ ျဖစ္တယ္လို႔ေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။ အခုလက္ရွိ အေျခအေနမွာေတာ့ ႏုိင္ငံတဝန္း ျပည္တြင္းကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ ရန္ကုန္တိုင္းမွာ ပိုးရွိမရွိ အုပ္စုလိုက္ လူအမ်ားအျပား တၿပိဳင္နက္တည္း စစ္ေဆးေနသလို ေန႔စဥ္ဆိုသလို ပိုးေတြ႔ရွိႏႈန္း ျမန္ဆန္ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာကုသမယ့် ဆေးရုံတွေ ထပ်တိုးထား

မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေကို ကုသမှုပေးမယ့် ဆေးရုံတွေ ထပ်ပြီးတိုးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ချိန်မှာပဲ အရေးပေါ်လူနာတွေ ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ဖျားနာကုဆေးခန်းတာဝန်ခံ ဆရာဝန်တဦးက ပြောပြီးတော့ ပုဂ္ဂလိကဆေးရုံတွေမှာပါ ကုသမှုပေးနိုင်အောင် အမြန်စီစဉ်ဖို့ အကြံပေးတဲ့အကြောင်း မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ကိုဗစ်လူနာတွေကို အထူးကုဆေးရုံကြီး ၇ ခုမှာ ကုသပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်စီစဉ်ထားတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ အခုပိုးတွေ့လူနာက ၁၅,၀၀၀ ကျော်သွားပြီပေါ့နော်။ မနေ့ကဆို ဓာတ်ခွဲအတည်ပြုလူနာ ၁,၁၄၂ ယောက် တိုးတယ်။ ဆေးရုံဆင်းတဲ့ဦးရေနဲ့ ထပ်တက်ရတဲ့လူနာက လေးဆကျော်ကျော်လောက် ဖြစ်နေတယ်။ တချို့နေ့တွေမှာ နှစ်ဆခွဲ၊ သုံးဆ။ အဲ့ဒီ့လိုအခြေအနေမှာ ဆေးရုံတင်ဖို့လိုတဲ့သူ ဆေးရုံတင်ဖို့ မလိုတဲ့သူဆိုပြီး ခွဲခြားထားတာ ရှိပါတယ်။ ဒါကတော့ Rapid test kit တွေ အများကြီး ရလာပြီးတဲ့နောက်မှာ ခွဲလိုက်တာဖြစ်ပါတယ်။ ရောဂါလက္ခဏာ ဆိုးဝါးပြင်းထန်မယ်၊ နောက်ခံရောဂါတွေလည်း ရှိနေမယ့်သူတွေကိုတော့ ကျမတို့ ကိုဗစ်ကုသရေး ဆေးရုံကြီး ၇ ရုံပေါ့နော် အဲ့ဒီ့ဆေးရုံ ၇ ရုံမှာ ကုသပေးမယ်ဆိုပြီး လုပ်ထားပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးရယ် တောင်ဥက္ကလာ အထူးကုဆေးရုံကြီးရယ် ကိုဗစ်ကုသရေးဌာန ဖောင်ကြီးရယ် သုံးခုပေါ့နော်။ ဒါ့အပြင် ကျမတို့ ရန်ကုန်ဆေးရုံကြီးရယ် မြောက်ဥက္ကလာဆေးရုံကြီးရယ် အင်းစိန်ဆေးရုံကြီးရယ် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး ဒီလေးခုမှာပါ ထပ်ချဲ့ပြီး စုစုပေါင်း ၇ ခုမှာ ကုသမှုပေးမယ်ပေါ့။”

ကိုဗစ်သံသယလူနာတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ အမြန်ဆုံးနဲ့ လူများများ စစ်ဆေးနိုင်အောင်နဲ့ ပိုးပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေး ပြည်နယ် တိုင်းတွေအထိ Rapid test တွေနဲ့ စစ်ဆေးနိုင်အောင် မနေ့ကစ စီစဉ်နေပြီလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကျမတို့ နောက်ပိုင်းမှာ Rapid test တွေကို မြို့နယ်ဆေးရုံတွေအထိ ပေးဖို့ ရည်ရွယ်တယ်။ မနေ့ကစပြီးတော့ တိုင်းနဲ့ပြည်နယ်မှာ ဆေးရုံတွေကို Rapid test Kit တွေ ဖြန့်ဝေဖို့ စေလွှတ်နေပြီပေါ့နော်။ ကယားရယ် မကွေးရယ် နေပြည်တော်ရယ်အတွက် ပို့ပေးဖို့ ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ခရိုင် မြို့နယ် ဆေးရုံတွေအလိုက် စစ်ဆေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မြန်ဆေးကုသမှု ပေးနိုင်မယ်၊ သူ့ရဲ့ Contact တွေ ရှာနိုင်မယ်။ ဒီလို နောက်ထပ် Contact တွေကို လိုက်ရှာခြင်းအားဖြင့် ကျမတို့ ရောဂါကို ထိန်းချုပ်နိုင်မှုမှာ အများကြီး အထောက်အကူပြုနိုင်ပါမယ်။ အဲ့လိုစစ်ခဲ့တာမှာ အခုလက်ရှိ အနေအထားအရ ကျမတို့နိုင်ငံမှာ ပိုးတွေ့တဲ့သူ ၁၅,၀၀၀ ကျော် ရှိလာနေပေမယ့်လို့ ကျမတို့ နောက်ထပ် တိုးချဲ့နေတာတွေလည်း ရှိနေပါတယ်။ အောင်မြင့်မိုရ်အိမ်ရာတွေမှာ ထပ်ချဲ့နေပါတယ်။ ရိုးမ နောက်ထပ် အဆောင် ၁ ကို ထပ်တိုးချဲ့တဲ့အပြင်ကို ရိုးမအဆောင် ၂ မှာ နောက်ထပ်လူနာတွေ အများကြီး လက်ခံလို့ရအောင်လည်း ယဉ်ကျေးမှုတက္ကသိုလ်ရယ် ပညာရေးကောလိပ်တွေမှာရယ် တိုးချဲ့ထားတာတွေ ရှိပါတယ်။”

အခု ဖျားနာကု အခမဲ့ဆေးခန်းတွေမှာလည်း အနံ့ပျောက် ကိုဗစ်လက္ခဏာပြ လူနာတွေ ရာချီပုံလာသလို အရေးပေါ်ဆေးရုံတင် ဆေးကုသမှုပေးဖို့ အခြေအနေတွေမှာ အတော်လေး အခက်အခဲ ဖြစ်လာနေတယ်လို့ ဖျားနာကုဆေးခန်းများ (ရန်ကုန်ကွန်ရက်) တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပြပါတယ်။

“ဆေးရုံတွေက လက်ရှိ လတ်တလော လူနာအနေအထားအရ အရမ်းကို လူနာတွေများနေတဲ့အတွက် Emergency လူနာတွေကလည်း ဒီရက်ပိုင်း ဆေးရုံတွေမှာ အရမ်းများနေတယ်။ ကျနော်တို့ တကယ်လိုအပ်လို့ လွှဲတဲ့ Emergency လူနာတွေကိုတောင် လက်မခံနိုင်တဲ့ အနေအထားတွေ ဖြစ်နေတယ်။ မနေ့ကဆို ကျနော်တို့ လူနာ ၂ ယောက် ၃ ယောက်ဆို တော်တော်ကို ဒုက္ခရောက်သွားတယ်။ မနေ့က ဆေးရုံအနေအထားအရ လွှဲလို့ကို မရတော့ဘူး။ လွှဲလို့မရတော့ တကယ်တမ်း အဲ့လူနာတွေက ဆေးရုံတင်ပြီးကို ဆေးကုသမှုပေးရမှာ၊ အခုက ဘာတွေဖြစ်နေလဲဆိုတော့ ဆေးရုံတွေမှာတင် နေရာ၊ ကုတင်တွေ အပြည့်ဖြစ်နေတယ် လူနာတွေက။ Emergency လူနာတွေချည်းပဲ။ အဲ့တော့ ကျနော်တို့က Emergency တောင် ဆေးရုံကို လွှဲလို့မရတဲ့ အနေအထားအထိကို အခု ဒီတလော ကြုံနေရတယ်ပေါ့နော်။ ဖြစ်နိုင်ရင်တော့ ဆေးရုံက Emergency တွေကို ယူပေးပါလို့ ပြောချင်တယ်။”

အခုလို အစိုးရဆေးရုံကြီးတွေမှာ လူနာတွေပုံပြီး အရေးပေါ်အခြေအနေနဲ့ ကျန်းမာရေးကုသမှု စောင့်ရှောက်မှုပေးဖို့ အခက်အခဲ ကြုံနေရချိန်မှာ ပုဂ္ဂလိကဆေးရုံကြီးတွေနဲ့ ဆေးခန်းတွေကို ကျန်းမာရေးစည်းမျဉ်း သတ်မှတ်ချက်တွေနဲ့အညီ ကုသမှုပေးနိုင်ဖို့ အလုပ်တွေ အမြန်ဆုံး ခွဲဝေပေးသင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။

“Emergency မဟုတ်တဲ့သူတွေကို Isolation Center တွေထား၊ Quarantine Center တွေမှာထား၊ ဒီ COVID Center တွေကို များများဖွင့်၊ မြန်မြန်လုပ်ပါ။ အခုက ဆေးရုံတွေမှာ သွားပုံနေတယ်။ Positive ထွက်သွားတဲ့လူတွေကို ဖောင်ကြီးက လာမခေါ်တဲ့ ပြဿနာ တက်နေတယ်။ ဖောင်ကြီးမှာကလည်း သူ့နေရာနဲ့သူ လူက အပြည့်ဖြစ်နေတယ်။ အဲ့တော့ Private Section အနေနဲ့ ဆေးရုံဆေးခန်းတွေကို ပေးဖွင့်ပေးလိုက်တော့။ အဲ့ကျရင် Private က Private ကို သွားကြလိမ့်မယ်။ Government လည်းကုကြ၊ Private လည်းကု၊ ပေါင်းကုကြမယ်ဆိုရင် Workload လည်း လျော့သွားမယ်။ အခု Government ပဲ ကုနေရပြီး Private ကို ပေးမကုတော့ ပြဿနာက အဲ့မှာ အကုန်သွားပုံနေတာပေါ့ ဆေးရုံတွေမှာ။ အဲ့တော့ ယူနစ်တခု သတ်မှတ်လိုက်၊ စံချိန်စံညွှန်းတခု သတ်မှတ်လိုက်။ အဲ့ဒီ့စံချိန် စံညွှန်းရှိရင် ဖွင့်၊ ဒီလိုအချိန်မှာ အကုန်ဝိုင်းပြီးကုလိုက်ရင် ကျနော်တို့လည်း လူအင်အားလည်း များလာမယ်၊ ဆေးရုံတွေမှာ သွားပုံနေတာတွေလည်း လျော့သွားမယ်။ အဲ့လိုလေး ဖိဖိစီးစီး လုပ်လိုက်မယ်ဆိုရင် တော်တော်ကြီးကို ဒီကာလမှာ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်လူနာတွေနဲ့ သံသယလူနာတွေကို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာပါ ခွဲဝေလက်ခံ ကုသမှုပေးရေး မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်တယ်လို့တော့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ နိုင်ငံတဝန်း ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းမှာ ပိုးရှိမရှိ အုပ်စုလိုက် လူအများအပြား တပြိုင်နက်တည်း စစ်ဆေးနေသလို နေ့စဉ်ဆိုသလို ပိုးတွေ့ရှိနှုန်း မြန်ဆန်မြင့်တက်လာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG