သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္စမ္းသပ္နည္းအသစ္ေၾကာင့္ တုိးလာမယ့္လူနာေတြအေပၚ ျမန္မာအစုိးရရဲ႕ ႀကိဳတင္ ျပင္ဆင္ထားမႈ


PPE ၀တ္စံု၀တ္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ ကြာရန္တင္းစင္တာမွာ ေတြ႔ရစဥ္ (စက္တင္ဘာ ၂၈၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုဗစ္ပိုးေတြ႔ရွိသူ အထူးသျဖင့္ ရန္ကုန္မွာ အရွိန္အဟုန္နဲ႔ တက္လာခ်ိန္မွာ၊ အျမန္စစ္ႏိုင္တဲ့ နည္းသစ္ေတြနဲ႔ စစစ္ၿပီး၊ လူနာအမ်ားအျပားတိုးလာႏိုင္တာအတြက္ ျပင္ဆင္ထားမႈကို၊ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ေျပာခြင့္ရကို ကို၀င္းမင္း ေမးရာမွာ၊ ေဒါက္တာသန္းႏိုင္စိုးက ဒီ စမ္းသပ္စစ္ေဆးမႈအသစ္အေၾကာင္း အခုလို စရွင္းျပပါတယ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ Test Kit (အျမန္စစ္တာ) နဲ႔ စမ္းတဲ့ဟာေပါ့ေနာ္ က်ေနာ္တို႔ စလုပ္တယ္။ ရလာတဲ့အေျဖေတြကို က်ေနာ္တို႔ ဒီေန႔ PCR (ပံုမွန္႔စစ္တာ) နဲ႔ ထပ္တိုက္တယ္ေပါ့ေနာ္။ သူ႔ရဲ႕ ေရာဂါလကၡဏာမရွိသူေတြ စမ္းသပ္တဲ့အခါမွာ တခ်ိဳ႕အေျဖေတြလည္း ထြက္လာၿပီ၊ ညေနေလာက္ဆိုရင္ Test Kit နဲ႔ စစ္တဲ့ Result (အေျဖ) ေတြလည္း ပါလာၿပီေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ အခု ခိုင္လံုမႈနဲ႔ပတ္သက္လို႔ ဒီ PCR နဲ႔ ျပန္တိုက္စစ္တာေတြက ခိုင္လံုမႈ အားေကာင္းတယ္လို႔ ဆိုလိုတာေပါေ့နာ္။

ေဒါက္တာသန္းႏိုင္စိုး။ ။ Test Kit နဲ႔ PCR နဲ႔ ျခားနားခ်က္က၊ PCR က ဒီထက္ပိုၿပီးနည္းတဲ့ Low Viral Load (ပိုးပမာဏနည္းတာ) ကို ပိုၿပီး Detect (ေတြ႔ေအာင္) လုပ္ႏိုင္တာေပါ့ေနာ္။ အဲဒီေတာ့ Test Kit နဲ႔ စစ္ၿပီး Positive (ပိုးေတြ႔တာ) ျဖစ္ၿပီဆိုရင္၊ PCR နဲ႔ ထပ္စမ္းစရာမလုိေတာ့ဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ Viral Load (ပိုးပမာဏ) နည္းနည္းမ်ားေတာ့မွ၊ Test Kit က မိတဲ့သေဘာရွိတယ္။ ဒါေပမယ့္ Test Kit နဲ႔ မေတြ႔ဘူး ဆိုရင္ေတာ့၊ ဒါကလည္း အရမ္း (ကိုဗစ္လကၡဏာနဲ႔) တူေနတယ္ေပါ့ေနာ္၊ တခ်ိဳ႕ဆိုရင္ X-Ray Finding (ဓာတ္မွန္အေျဖ) အရလည္း (ကိုဗစ္နဲ႔) တူတယ္၊ Clinical Sign and Symptom (ေရာဂါ လကၡဏာ) အရလည္း (ကိုဗစ္နဲ႔) တူတယ္ဆိုရင္ေတာ့၊ Attending Physician (ကုေနတဲ့ဆရာဝန္) ကေနၿပီးေတာ့၊ PCR ထပ္ၿပီး Request (ေတာင္းတာ) လုပ္လို႔ရတယ္။ ေနာက္ၿပိးေတာ့ Test Kit နဲ႔ စစ္တဲ့အခါက်ရင္လည္း ၂ ႀကိမ္လည္းစစ္ခြင့္ေပးထားတယ္။ ဥပမာ တစ္ႀကိမ္စစ္တယ္ Negative (ပိုးမေတြ႔တာ) ျဖစ္တယ္၊ (ကိုဗစ္လကၡဏာရွိေနတာအတြက္) သိပ္မတူဘူးေပါ့ေနာ္။ အဲဒီေတာ့ ေနာက္ေန႔တစ္ခါ ထပ္စစ္ရင္စစ္မယ္ ၊ ဒါမွမဟုတ္ ရက္ျခားၿပီး တစ္ခါထပ္စစ္ရင္ စစ္မယ္။ အဲလို ၂ ႀကိမ္စစ္ၿပီး Negative (ပိုးမေတြ႔) အရမ္းတူေန (COVID လကၡဏာနဲ႔တူေန) တယ္ဆိုရင္၊ PCR တန္းေတာင္းလို႔ရတယ္။ Test Kit ကေတာ့ အမ်ားႀကီးစစ္ႏိုင္တယ္၊ အထူးသျဖင့္ Symptomatic (လကၡဏာေပၚသူ) ေတြအတြက္ေပါ့၊ အထူးသျဖင့္ PUI (ေစာင့္ၾကည့္သံသယလူနာ) ေတြအတြက္ကေတာ့ အရမ္းအသံုး၀င္ပါတယ္။ အဲ့ဒိေတာ့ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး စစ္ႏိုင္မယ့္နည္းလမ္းေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာ၊ အခုလို မ်ားမ်ား စစ္ႏိုင္ၿပီးေတာ့ ျမန္ျမန္ေတြ႔ႏိုင္ေတာ့၊ ပိုးေတြ႔သူမ်ားမ်ား ပိုထြက္လာမယ့္ သေဘာရွိတာေပါ့ေနာ္ဆရာ။ သူတို႔အတြက္ေရာ ေဆးရံု အေနအထားေတြ။

ေဒါက္တာသန္းႏိုင္စိုး။ ။ က်ေနာ္တို႔ကေတာ့ ေတြ႔တဲ့လူတိုင္းကေတာ့ ill (ဖ်ားနာတာ) မျဖစ္ဘူးေပါ့။ နံပါတ္ ၁ အခ်က္က၊ ေတြ႔တဲ့လူတိုင္းမွာ ၄၀ % သည္ Asymptomatic (လကၡဏာမျပ) ပဲ ျဖစ္ေနေသးတယ္။ ခုနကလို၊ ၄၀ % က Anosmia (အန႔မရတာ) လိုမ်ိဳးေပါ့ေနာ္၊ Mild Fever (အဖ်ားမျပင္းထန္တာ) လိုမ်ိဳး။ ဒါမွမဟုတ္ရင္ ႏွာေခ်မယ္ ေခ်ာင္းဆိုးမယ္ ဒီေလာက္ပဲေပါ့၊ ဒါေတြကလည္း Very Mild Symptom (အေတာ့ကို မျပင္းထန္တဲ့လကၡဏာ) နဲ႔လာတယ္။ အဲဒီမွာ ၂၀ % ကေတာ့ Hospital Care (ေဆးရံုကုသမူလိုတာ) ေတြေပါ့၊ အဲဒီမွာ ထပ္ၿပီး ၅ % ကေတာ့ ICU (အထူးၾကပ္မတ္ကုသေဆာင္) ေရာက္ႏိုင္တယ္။ ၂-၃ % ကေတာ့ Mortality (ေသဆံုးမူ) ျဖစ္ႏိုင္တယ္ေပါ့။ အဲဒီေတာ့ စစ္တိုင္း ျပင္းထန္မွာမဟုတ္ဘူး။ ဒါေပမယ့္ ပိုးေတြ႔ရွိ Confirm (အတည္ျပဳၿပီး) လူနာေတြကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရနဲ႔ ေပါင္းၿပီးေတာ့ Anosmia စင္တာ၊ အနံမရတဲ့လူေတြကို သီးသန္႔ထားဖို႔ ေနရာေပါ့ေနာ္၊ အဲလိုေနရာမ်ိဳးေလးမွာလည္း က်ေနာ္တို႔ ထားၿပီးေတာ့ ကုသေပးလို႔ရတယ္။ ေနာက္ၿပီးေတာ့ ေဆးရံုေတြမွာ Hospital ေတြမွာလည္း ေနာက္ထပ္တိုးခ်ဲ႔တဲ႕ ေဆးရံုေတြလည္းအမ်ားႀကီးပဲဆရာ၊ ရန္ကုန္တိုင္းမွာ ၅၀၀၀- ၆၀၀၀ ေတာင္ ကေတာ့ဘူးေပါ့ေနာ္။ ေန႔တိုင္းလည္း က်ေနာ္တို႔ ထပ္တိုးေနတယ္။ အဲဒီေတာ့ ဒီဟာေတြရဲ႕ ကုတင္အေရအတြက္ေပါင္းလိုက္ရင္၊ ၆၀၀၀-၇၀၀၀ ေလာက္အထိ တက္လာႏိုင္တယ္။ အဲဒီေတာ့ အဲဒီေနရာမွာ က်ေနာ္တို႔ ခုနကေျပာတဲ့၊ နံပတ္၁ က Asymptomatic Positive (လကၡဏာမျပဘဲပိုးေတြ႔သူ)၊ နံပတ္ ၂ က Positive with Mild Symptom (ပိုးေတြ႔ၿပီး လကၡဏာမျပင္းထန္သူ) အဲလူေတြက ၈၀ % ေပါ့။ သူတို႔ကလည္း အိမ္ျပန္လို႔မရဘူး၊ အိမ္ျပန္လိုုက္ရင္ အသက္အရြယ္ ႀကီးရင့္တဲ့သူေတြ၊ အေဖေတြ၊ အေမေတြ၊ တိုက္ခန္းထဲမွာဆိုေတာ့ ဆက္လက္ၿပီးကူးစက္ႏိုင္တယ္ေပါေ့နာ္။ အဲလိုလူေတြကို ခုနက Positive Treatment Isolation Center (ပိုးေတြ႔သူသီးသန္႔ခြဲကုသဌာန) ေပါ့၊ အဲလိုေနရာထားလိုက္ရင္ Symptom (လကၡဏာ) ေပၚၿပီးတဲ့လူေတြက၊ CDC (အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန) ကဆိုရင္ ၁၀ ရက္ပဲ (ၿပီးရင္ျပန္ဆင္းလို႔ရၿပီ) ေျပာတယ္။ အဲ့ဒိခ်ိန္ ျပန္ဆင္းလို႔ရတယ္။ က်ေနာ္တို႔ဆီကေတာ့ ၁၁ ရက္နဲ႔ ဆင္းေနတာေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ဒီ Positive Treatment Isolation Center (ပိုးေတြ႔သူသီးသန္႔ခြဲကုသဌာန) ဆိုေတာ့ ပိုးေတြ႔တဲ့လူေတြထားရာမွာ၊ ေကာင္းတဲ့လူကေတာ့ ျပန္ဆင္းႏိုင္တာေပါ့ေနာ္။ မေကာင္းတဲ့သူ ရွိေကာင္းရွိလာႏိုင္တဲ့အတြက္၊ သူတို႔ကို သီးသန္႔ခြဲထားၿပီးေတာ့ ေစာင့္ၾကည့္ ကုသေပးတဲ့သေဘာေပါ့ေနာ္ဆရာ။ ဆိုးမသြားေအာင္ ၊ ဆိုးသြားရင္လည္း ခ်က္ခ်င္း အခ်ိန္မီေအာင္။

ေဒါက္တာသန္းႏိုင္စိုး။ ။ မွန္ပါတယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ ခုနက ၈၀% ထဲမွာ ေကာင္းၿပီးေတာ့ Asymptomatic Positive (လကၡဏာမျပဘဲ ပိုးေတြ႔တာ) ျဖစ္ေနတဲ့ လူနာကလည္း ၄-၅-၆ ရက္အတြင္းမွာ Symptom (လကၡဏာ) ေတြျပႏိုင္တယ္။ ျပတဲ့ Symptom ေတြကလည္း Severe (ျပင္းထန္တာ) ျဖစ္ၿပီး၊ ICU (အထူးၾကပ္မတ္ကုသေဆာင္) အထိေရာက္ႏိုင္တယ္။ အဲဒီအထဲမွာ ေသဆံုးတာလည္း ျဖစ္ႏိုင္တယ္။ သူတုိ႔ရဲ႕ Heart (ႏွလံုး) အတြက္လည္း က်ေနာ္တုိ႔က Monitor (ေစာင့္ၾကည့္တာ) လုပ္ဖို႔လိုတယ္။ ဥပမာ- ေအာက္ဆီဂ်င္ ၄ ေယာက္ကို တစ္ခုေပးထားတယ္ေပါ့ေနာ္။ က်ေနာ္တို႔ SpO2 (ေသြးထဲရွိေအာက္ဆီဂ်င္ပမာဏ) တိုင္းတဲ့ဟာေလးေတြေလ၊ Pulse Oximeter (လက္ေခ်ာင္းအေရျပားမွတဆင့္ ေသြးထဲရွိေအာက္ဆီဂ်င္တိုင္းကရိယာ) ေလးေတြေပါ့။ အဲဒါေလးေတြ က်ေနာ္တု႔ိေပးထားတယ္။ အဲဒီေတာ့ သူတို႔ေတြက အခ်ိန္နဲ႔ စမ္းသပ္ရတယ္။ စမ္းသပ္ၿပီးေတာ့ ေအာက္စီဂ်င္ Level (အဆင့္) ၉၅ ေအာက္က်ၿပီဆိုတာနဲ႔၊ ခ်က္ခ်င္းအေၾကာင္းၾကားရတယ္။ အဲဒါမ်ိဳးဆိုရင္ သူတို႔ Early Treatment (ေစာေစာကုသမူ) ရမယ္။ အဲဒီအခ်ိန္မွာ X-ray (ဓာတ္မွန္) ေကာက္ရိုက္လိုက္ရင္ Spot (အစက္အေပ်ာက္) ေတြလည္း ထြက္ေနမယ္။ Blood Parameter (ေသြးျဖဴဥအမ်ိဳးအစား) စစ္လိုက္လို႔ရွိရင္ Lymphocytopenia (ေသြးျဖဴဥတစ္မ်ိဳးနည္းတာ) လို႔ေခၚတာေပါ့ေနာ္၊ ဒါမ်ိဳးေတြလည္းျဖစ္ႏိုင္တာ။ အဲ့ဒါမ်ိဳးေတြဆိုရင္ ဒါလံုးဝကို သူသည္ ခဏေန၊ Cytokine Storm (ကိုယ္ခံစြမ္းအားတံု႔ျပန္မူလြန္ကဲတာ) ဝင္ႏို္င္တယ္ေပါ့ေနာ္။ ေသခ်ာ Intensive Care (အထူးၾကပ္မတ္ကုသမူေဆာင္) ကို ထည့္ၿပီးကုလိုက္ရင္ သူက မေသႏိုင္ေတာ့ဘူးေပါ့။ ဒါမ်ိဳးထားထည့္တာက၊ ေနရာနဲ႔ Support (အေထာက္အပံ့) လုပ္ႏိုင္ဖို႔ကေတာ့ အဓိက လိုတာေပါ့ေနာ္။ အဲ့ဒိေနရာေတာ့ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက၊ ေနရာလည္း Support (ေထာက္ပံ့) ေပးတယ္။ ၿပီးေတာ့ အိပ္ရာကအစ ေပးတယ္၊ စားစရာလည္း ေပးတယ္။ ဒါကေတာ့ အင္မတန္ ခ်ီးက်ဴးရမဲ့ ကိစၥေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ ့ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ အခုလို အေသးစိတ္ရွင္းျပေပးတဲ့အတြက္။ အားလံုးေအာင္ျမင္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်စမ်းသပ်နည်းအသစ်ကြောင့် တိုးလာမယ့်လူနာတွေအပေါ် မြန်မာအစိုးရရဲ့ ကြိုတင် ပြင်ဆင်ထားမှု

(Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့ရှိသူ အထူးသဖြင့် ရန်ကုန်မှာ အရှိန်အဟုန်နဲ့ တက်လာချိန်မှာ၊ အမြန်စစ်နိုင်တဲ့ နည်းသစ်တွေနဲ့ စစစ်ပြီး၊ လူနာအများအပြားတိုးလာနိုင်တာအတွက် ပြင်ဆင်ထားမှုကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို ကိုဝင်းမင်း မေးရာမှာ၊ ဒေါက်တာသန်းနိုင်စိုးက ဒီ စမ်းသပ်စစ်ဆေးမှုအသစ်အကြောင်း အခုလို စရှင်းပြပါတယ်။

ဒေါက်တာသန်းနိုင်စိုး။ ။ Test Kit (အမြန်စစ်တာ) နဲ့ စမ်းတဲ့ဟာပေါ့နော် ကျနော်တို့ စလုပ်တယ်။ ရလာတဲ့အဖြေတွေကို ကျနော်တို့ ဒီနေ့ PCR (ပုံမှန့်စစ်တာ) နဲ့ ထပ်တိုက်တယ်ပေါ့နော်။ သူ့ရဲ့ ရောဂါလက္ခဏာမရှိသူတွေ စမ်းသပ်တဲ့အခါမှာ တချို့အဖြေတွေလည်း ထွက်လာပြီ၊ ညနေလောက်ဆိုရင် Test Kit နဲ့ စစ်တဲ့ Result (အဖြေ) တွေလည်း ပါလာပြီပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခု ခိုင်လုံမှုနဲ့ပတ်သက်လို့ ဒီ PCR နဲ့ ပြန်တိုက်စစ်တာတွေက ခိုင်လုံမှု အားကောင်းတယ်လို့ ဆိုလိုတာပေါေ့နာ်။

ဒေါက်တာသန်းနိုင်စိုး။ ။ Test Kit နဲ့ PCR နဲ့ ခြားနားချက်က၊ PCR က ဒီထက်ပိုပြီးနည်းတဲ့ Low Viral Load (ပိုးပမာဏနည်းတာ) ကို ပိုပြီး Detect (တွေ့အောင်) လုပ်နိုင်တာပေါ့နော်။ အဲဒီတော့ Test Kit နဲ့ စစ်ပြီး Positive (ပိုးတွေ့တာ) ဖြစ်ပြီဆိုရင်၊ PCR နဲ့ ထပ်စမ်းစရာမလိုတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ Viral Load (ပိုးပမာဏ) နည်းနည်းများတော့မှ၊ Test Kit က မိတဲ့သဘောရှိတယ်။ ဒါပေမယ့် Test Kit နဲ့ မတွေ့ဘူး ဆိုရင်တော့၊ ဒါကလည်း အရမ်း (ကိုဗစ်လက္ခဏာနဲ့) တူနေတယ်ပေါ့နော်၊ တချို့ဆိုရင် X-Ray Finding (ဓာတ်မှန်အဖြေ) အရလည်း (ကိုဗစ်နဲ့) တူတယ်၊ Clinical Sign and Symptom (ရောဂါ လက္ခဏာ) အရလည်း (ကိုဗစ်နဲ့) တူတယ်ဆိုရင်တော့၊ Attending Physician (ကုနေတဲ့ဆရာဝန်) ကနေပြီးတော့၊ PCR ထပ်ပြီး Request (တောင်းတာ) လုပ်လို့ရတယ်။ နောက်ပြိးတော့ Test Kit နဲ့ စစ်တဲ့အခါကျရင်လည်း ၂ ကြိမ်လည်းစစ်ခွင့်ပေးထားတယ်။ ဥပမာ တစ်ကြိမ်စစ်တယ် Negative (ပိုးမတွေ့တာ) ဖြစ်တယ်၊ (ကိုဗစ်လက္ခဏာရှိနေတာအတွက်) သိပ်မတူဘူးပေါ့နော်။ အဲဒီတော့ နောက်နေ့တစ်ခါ ထပ်စစ်ရင်စစ်မယ် ၊ ဒါမှမဟုတ် ရက်ခြားပြီး တစ်ခါထပ်စစ်ရင် စစ်မယ်။ အဲလို ၂ ကြိမ်စစ်ပြီး Negative (ပိုးမတွေ့) အရမ်းတူနေ (COVID လက္ခဏာနဲ့တူနေ) တယ်ဆိုရင်၊ PCR တန်းတောင်းလို့ရတယ်။ Test Kit ကတော့ အများကြီးစစ်နိုင်တယ်၊ အထူးသဖြင့် Symptomatic (လက္ခဏာပေါ်သူ) တွေအတွက်ပေါ့၊ အထူးသဖြင့် PUI (စောင့်ကြည့်သံသယလူနာ) တွေအတွက်ကတော့ အရမ်းအသုံးဝင်ပါတယ်။ အဲ့ဒိတော့ အမြန်ဆုံးနဲ့ အထိရောက်ဆုံး စစ်နိုင်မယ့်နည်းလမ်းပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ၊ အခုလို များများ စစ်နိုင်ပြီးတော့ မြန်မြန်တွေ့နိုင်တော့၊ ပိုးတွေ့သူများများ ပိုထွက်လာမယ့် သဘောရှိတာပေါ့နော်ဆရာ။ သူတို့အတွက်ရော ဆေးရုံ အနေအထားတွေ။

ဒေါက်တာသန်းနိုင်စိုး။ ။ ကျနော်တို့ကတော့ တွေ့တဲ့လူတိုင်းကတော့ ill (ဖျားနာတာ) မဖြစ်ဘူးပေါ့။ နံပါတ် ၁ အချက်က၊ တွေ့တဲ့လူတိုင်းမှာ ၄၀ % သည် Asymptomatic (လက္ခဏာမပြ) ပဲ ဖြစ်နေသေးတယ်။ ခုနကလို၊ ၄၀ % က Anosmia (အန့မရတာ) လိုမျိုးပေါ့နော်၊ Mild Fever (အဖျားမပြင်းထန်တာ) လိုမျိုး။ ဒါမှမဟုတ်ရင် နှာချေမယ် ချောင်းဆိုးမယ် ဒီလောက်ပဲပေါ့၊ ဒါတွေကလည်း Very Mild Symptom (အတော့ကို မပြင်းထန်တဲ့လက္ခဏာ) နဲ့လာတယ်။ အဲဒီမှာ ၂၀ % ကတော့ Hospital Care (ဆေးရုံကုသမူလိုတာ) တွေပေါ့၊ အဲဒီမှာ ထပ်ပြီး ၅ % ကတော့ ICU (အထူးကြပ်မတ်ကုသဆောင်) ရောက်နိုင်တယ်။ ၂-၃ % ကတော့ Mortality (သေဆုံးမူ) ဖြစ်နိုင်တယ်ပေါ့။ အဲဒီတော့ စစ်တိုင်း ပြင်းထန်မှာမဟုတ်ဘူး။ ဒါပေမယ့် ပိုးတွေ့ရှိ Confirm (အတည်ပြုပြီး) လူနာတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ပေါင်းပြီးတော့ Anosmia စင်တာ၊ အနံမရတဲ့လူတွေကို သီးသန့်ထားဖို့ နေရာပေါ့နော်၊ အဲလိုနေရာမျိုးလေးမှာလည်း ကျနော်တို့ ထားပြီးတော့ ကုသပေးလို့ရတယ်။ နောက်ပြီးတော့ ဆေးရုံတွေမှာ Hospital တွေမှာလည်း နောက်ထပ်တိုးချဲ့တဲ့ ဆေးရုံတွေလည်းအများကြီးပဲဆရာ၊ ရန်ကုန်တိုင်းမှာ ၅၀၀၀- ၆၀၀၀ တောင် ကတော့ဘူးပေါ့နော်။ နေ့တိုင်းလည်း ကျနော်တို့ ထပ်တိုးနေတယ်။ အဲဒီတော့ ဒီဟာတွေရဲ့ ကုတင်အရေအတွက်ပေါင်းလိုက်ရင်၊ ၆၀၀၀-၇၀၀၀ လောက်အထိ တက်လာနိုင်တယ်။ အဲဒီတော့ အဲဒီနေရာမှာ ကျနော်တို့ ခုနကပြောတဲ့၊ နံပတ်၁ က Asymptomatic Positive (လက္ခဏာမပြဘဲပိုးတွေ့သူ)၊ နံပတ် ၂ က Positive with Mild Symptom (ပိုးတွေ့ပြီး လက္ခဏာမပြင်းထန်သူ) အဲလူတွေက ၈၀ % ပေါ့။ သူတို့ကလည်း အိမ်ပြန်လို့မရဘူး၊ အိမ်ပြန်လိုက်ရင် အသက်အရွယ် ကြီးရင့်တဲ့သူတွေ၊ အဖေတွေ၊ အမေတွေ၊ တိုက်ခန်းထဲမှာဆိုတော့ ဆက်လက်ပြီးကူးစက်နိုင်တယ်ပေါေ့နာ်။ အဲလိုလူတွေကို ခုနက Positive Treatment Isolation Center (ပိုးတွေ့သူသီးသန့်ခွဲကုသဌာန) ပေါ့၊ အဲလိုနေရာထားလိုက်ရင် Symptom (လက္ခဏာ) ပေါ်ပြီးတဲ့လူတွေက၊ CDC (အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန) ကဆိုရင် ၁၀ ရက်ပဲ (ပြီးရင်ပြန်ဆင်းလို့ရပြီ) ပြောတယ်။ အဲ့ဒိချိန် ပြန်ဆင်းလို့ရတယ်။ ကျနော်တို့ဆီကတော့ ၁၁ ရက်နဲ့ ဆင်းနေတာပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ ဒီ Positive Treatment Isolation Center (ပိုးတွေ့သူသီးသန့်ခွဲကုသဌာန) ဆိုတော့ ပိုးတွေ့တဲ့လူတွေထားရာမှာ၊ ကောင်းတဲ့လူကတော့ ပြန်ဆင်းနိုင်တာပေါ့နော်။ မကောင်းတဲ့သူ ရှိကောင်းရှိလာနိုင်တဲ့အတွက်၊ သူတို့ကို သီးသန့်ခွဲထားပြီးတော့ စောင့်ကြည့် ကုသပေးတဲ့သဘောပေါ့နော်ဆရာ။ ဆိုးမသွားအောင် ၊ ဆိုးသွားရင်လည်း ချက်ချင်း အချိန်မီအောင်။

ဒေါက်တာသန်းနိုင်စိုး။ ။ မှန်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခုနက ၈၀% ထဲမှာ ကောင်းပြီးတော့ Asymptomatic Positive (လက္ခဏာမပြဘဲ ပိုးတွေ့တာ) ဖြစ်နေတဲ့ လူနာကလည်း ၄-၅-၆ ရက်အတွင်းမှာ Symptom (လက္ခဏာ) တွေပြနိုင်တယ်။ ပြတဲ့ Symptom တွေကလည်း Severe (ပြင်းထန်တာ) ဖြစ်ပြီး၊ ICU (အထူးကြပ်မတ်ကုသဆောင်) အထိရောက်နိုင်တယ်။ အဲဒီအထဲမှာ သေဆုံးတာလည်း ဖြစ်နိုင်တယ်။ သူတို့ရဲ့ Heart (နှလုံး) အတွက်လည်း ကျနော်တို့က Monitor (စောင့်ကြည့်တာ) လုပ်ဖို့လိုတယ်။ ဥပမာ- အောက်ဆီဂျင် ၄ ယောက်ကို တစ်ခုပေးထားတယ်ပေါ့နော်။ ကျနော်တို့ SpO2 (သွေးထဲရှိအောက်ဆီဂျင်ပမာဏ) တိုင်းတဲ့ဟာလေးတွေလေ၊ Pulse Oximeter (လက်ချောင်းအရေပြားမှတဆင့် သွေးထဲရှိအောက်ဆီဂျင်တိုင်းကရိယာ) လေးတွေပေါ့။ အဲဒါလေးတွေ ကျနော်တု့ိပေးထားတယ်။ အဲဒီတော့ သူတို့တွေက အချိန်နဲ့ စမ်းသပ်ရတယ်။ စမ်းသပ်ပြီးတော့ အောက်စီဂျင် Level (အဆင့်) ၉၅ အောက်ကျပြီဆိုတာနဲ့၊ ချက်ချင်းအကြောင်းကြားရတယ်။ အဲဒါမျိုးဆိုရင် သူတို့ Early Treatment (စောစောကုသမူ) ရမယ်။ အဲဒီအချိန်မှာ X-ray (ဓာတ်မှန်) ကောက်ရိုက်လိုက်ရင် Spot (အစက်အပျောက်) တွေလည်း ထွက်နေမယ်။ Blood Parameter (သွေးဖြူဥအမျိုးအစား) စစ်လိုက်လို့ရှိရင် Lymphocytopenia (သွေးဖြူဥတစ်မျိုးနည်းတာ) လို့ခေါ်တာပေါ့နော်၊ ဒါမျိုးတွေလည်းဖြစ်နိုင်တာ။ အဲ့ဒါမျိုးတွေဆိုရင် ဒါလုံးဝကို သူသည် ခဏနေ၊ Cytokine Storm (ကိုယ်ခံစွမ်းအားတုံ့ပြန်မူလွန်ကဲတာ) ဝင်နိုင်တယ်ပေါ့နော်။ သေချာ Intensive Care (အထူးကြပ်မတ်ကုသမူဆောင်) ကို ထည့်ပြီးကုလိုက်ရင် သူက မသေနိုင်တော့ဘူးပေါ့။ ဒါမျိုးထားထည့်တာက၊ နေရာနဲ့ Support (အထောက်အပံ့) လုပ်နိုင်ဖို့ကတော့ အဓိက လိုတာပေါ့နော်။ အဲ့ဒိနေရာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက၊ နေရာလည်း Support (ထောက်ပံ့) ပေးတယ်။ ပြီးတော့ အိပ်ရာကအစ ပေးတယ်၊ စားစရာလည်း ပေးတယ်။ ဒါကတော့ အင်မတန် ချီးကျူးရမဲ့ ကိစ္စပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ အခုလို အသေးစိတ်ရှင်းပြပေးတဲ့အတွက်။ အားလုံးအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG