သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ မုိဘိုင္းအက္ပ္ ရခိုင္မွာ သံုးဖုိ႔ခက္


မိုဘိုင္းဖုန္းအသံုးျပဳေနသူတဦးကို ရန္ကုန္ၿမိဳ႕ရွိ လက္ဖက္ရည္ဆိုင္တခုမွာ ေတြ႔ရ။ (ဒီဇင္ဘာ ၁၈၊ ၂၀၁၈)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ လာမယ့္ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရမယ့္ မဲဆႏၵရွင္ေတြအတြက္ သတင္းအခ်က္ေတြ ရႏုိင္ဖုိ႔ မုိဘုိင္းလက္ကုိင္ဖုန္း Application ကုိ ဒီတပတ္ထဲမွာပဲ စတင္အသုံးျပဳခြင့္ေပးလုိက္ေပမဲ့ လက္ေတြ႔သုံးဖုိ႔ အခက္ႀကံဳေနရတဲ့ ရခုိင္ျပည္နယ္က အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏုိင္က သတင္းေပးပို႔ထားပါတယ္။

မုိဘုိင္းလက္ကုိင္ဖုန္းကေန အင္တာနက္ သုံးတဲ့သူ ခန္႔မွန္းေျခ ၂၂ သန္းေလာက္ရွိတဲ့ ျမန္မာႏိုင္ငံမွာ ႏုိ၀င္ဘာလ ၈ ရက္ေန႔ မတုိင္ခင္ ေရြးေကာက္ပဲြအတြက္ သတင္းအခ်က္အလက္ေတြ ရႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ဒီတပတ္ထဲမွာပဲ mVoter 2020 App ကုိ မိတ္ဆက္လုိက္တာပါ။ ကပ္ေရာဂါႀကံဳေနရတဲ့အတြက္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ မဲဆႏၵရွင္ေတြ သိရွိလုိတဲ့ သတင္းအခ်က္ေတြ ေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေကာ္မရွင္က ေျပာပါတယ္။ ဒါေပမဲ့လည္း အင္တာနက္ ဆက္သြယ္မႈေတြ ကန္႔သတ္ထားတဲ့ ရခုိင္ျပည္နယ္မွာေတာ့ ေကာ္မရွင္က ေမွ်ာ္မွန္းထားသလုိ ျဖစ္လာႏုိင္မယ့္ အလားအလာေတြ နည္းပါးေနတာ ေတြ႔ရပါတယ္။

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ပဋိပကၡေတြ ေပၚေပါက္ခဲ့ရာက ၁ ႏွစ္ေက်ာ္ၾကာ ပိတ္ထားတဲ့ အင္တာနက္ ဆက္သြယ္မႈေတြကို ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ျပန္ဖြင့္ေပးလုိက္ေပမဲ့ ျမန္ႏႈန္းျမင့္ 4G မရဘဲ 2G သာ ခြင့္ျပဳခဲ့တာေၾကာင့္ လက္ေတြ႔သုံးတဲ့ေနရာမွာ အခက္အခဲေတြ ႀကံဳေနရတာပါ။ ေက်ာက္ေတာ္ေဒသခံ ကိုေက်ာ္လွျမင့္ကေတာ့ သုံးမရတဲ့အေျခအေနနဲ႔ ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔က အက္ပလီေကးရွင္း ထုတ္ထားတာကိုေတာင္မသိဘူးဗ်ာ။ ဖုန္းနဲ႔ ၾကည့္ရတာလည္း အဆင္မေျပေတာ့ မသိဘူး။ အဲတာကို ဖြင့္ၾကည့္ဖို႔ေနေနသာသာ က်ေနာ္အခု ေက်ာ္ေတာ္ၿမိဳ႕ရယ္၊ ၿပီးေတာ့ ေျမာက္ဦး၊ ပုဏၰားကြ်န္း အဲဒီၿမိဳ႕ေတြမွာ က်ေတာ့ 2G ေလာက္ပဲရတာ။ ေက်ာက္ေတာ္ၿမိဳ႕တြင္းမွာရွိတဲ့ တာဝါတိုင္ေတြ ကေတာ့ 2G ေတာင္မဖြင့္ေပးတဲ့ တာဝါတိုင္ေတြရွိတယ္။ ၿပီးေတာ့ ျပည္သူေတြကလည္း အေၾကာက္တရားေတြ လြမ္းမိုးေနေတာ့ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ဘာမွျပင္ဆင္ထားတာ ေတြမရွိၾကဘူးခင္ဗ်ာ။"

ဆြီဒင္ႏုိင္ငံ အေျခစုိက္ ႏုိင္ငံတကာ ဒီမုိကေရစီနဲ႔ ေရြးေကာက္ပဲြ အကူအညီေပးေရးအဖဲြ႔ (IDEA)၊ အာရွေဖာင္ေဒးရွင္းတုိရဲ႕ အကူအညီနဲ႔ ျမန္မာႏုိင္ငံက PopStack အဖဲြ႔က ဖန္တီးထုတ္လုပ္တဲ့ မုိဘုိင္းအက္ပ္ကုိ စတင္အသုံးျပဳရာမွာ အားနည္းခ်က္ ခ်ဳိ႕ယြင္းခ်က္ေတြ ရွိမယ္ဆုိရင္ သည္းခံဖုိ႔လည္း ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္က ပန္ၾကားထားပါတယ္။ mVoter 2020 App ကုိေတာ့ မဲေပးစုိ႔ ဆုိတဲ့ ၀ဘ္ဆုိဒ္မွာ တုိက္႐ုိက္ download ရယူႏုိင္ၿပီး ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ ၀ဘ္ဆုိဒ္နဲ႔ ေဖ့စ္ဘြတ္စာမ်က္ႏွာေတြမွာ သုံးစဲြနည္းကုိ ေလ့လာႏိုင္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း ရခုိင္ျပည္နယ္လုိ အင္တာနက္ ဆက္သြယ္မႈ ခက္ခဲတဲ့ ေနရာမ်ဳိးမွာ လက္ေတြ႔သုံးဖုိ႔ မလြယ္ဘူးလုိ႔လည္း ရခိုင္ျပည္နယ္ ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔ ညႇိႏိႈင္းေရးမွဴး ကိုေအာင္ႏိုင္က ေျပာပါတယ္။

"ေကာ္မရွင္ကေတာ့ မဲစာရင္းကို အဆင္ေျပေျပၾကည့္ဖို႔အတြက္ application ကေတာ့ လုပ္လိုက္ၿပီးေနာ္။ ဒါေပမယ့္ အဲဒီ အပလီေကရွင္းက အင္တာနက္ေကာင္းတဲ့ ၿမိဳ႕နယ္ေတြမွာပဲ အဆင္ေျပေလာက္တယ္။ အင္တာနက္ 2G ေလာက္သာရတဲ့ ၿမိဳ႕နယ္ေတြက ရခိုင္မွာ ၈ ၿမိဳ႕နယ္ေလာက္ရွိတာကို အဲဒီကလူေတြက အဲတာကို ၾကည့္ဖို႔ အဆင္ေျပမွာမဟုတ္ဘူး ဆိုေတာ့ သူတို႔အတြက္အဆင္ေျပေလာက္တဲ့ ျမန္မာတစ္ႏိုင္ငံလံုးအေနနဲ႔ ေပးေနတဲ့ 4G အင္တာနက္ကို ဖြင့္ေပးသင့္တယ္လို႔ ထင္တယ္ က်ေနာ္အေနနဲ႔။"

ရခုိင္ျပည္နယ္ ေရြးေကာက္ပဲြ ေကာ္မရွင္အဖဲြ႔ခဲြကလည္း မဲဆႏၵရွင္စာရင္း ထုတ္ျပန္ထားတာကုိ မုိဘုိင္းလက္ကုိင္ဖုန္းကေန ၾကည့္႐ႈႏုိင္ေအာင္ စီစဥ္ထားေပမဲ့ လက္ေတြ႔မွာ သုံးဖုိ႔အခက္အခဲ ရွိတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။ ကပ္ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားၿပီး လူစုခဲြေနဖို႔ အႀကံျပဳထားတဲ့အတြက္ အြန္လုိင္းကုိ အားထားေနရခ်ိန္မွာ ရခုိင္ျပည္နယ္မွာေတာ့ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္ အပါအ၀င္ အင္တာနက္ကုိ အားထားရတဲ့ ၀န္ေဆာင္မႈေတြမွာ စိန္ေခၚမႈေတြ ႀကံဳေနရတာ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ေဒၚတင္လိႈင္ကေတာ့ ဒီျပႆနာကုိ ျပည္နယ္ေကာ္မရွင္တာ၀န္ရွိသူေတြအေနနဲ႔ ေျဖရွင္းႏုိင္မယ့္ နည္းလမ္း မရွိေသးဘူးလုိ႔ ေျပာပါတယ္။

"အက္ပ္လီေကးရွင္းက အဆင္မေျပဘူးဆိုတာကေတာ့ ဒါကိုလုပ္တဲ့ အဖြဲ႔အစည္းနဲ႔ပဲ ဆိုင္တယ္ေလ အဲဒီက အဆင္ေျပေျပ ၾကည့္လို႔ရေအာင္ ျပန္လုပ္ေပးႏိုင္တယ္ဆိုရင္ေတာ့ ဒါနည္းပညာပိုင္းလည္း တက္ကြ်န္းတဲ့ သူရွိရင္ေတာ့ ၾကည္လို႔ရၾကမယ္ေပါ့ေနာ္။ ဒါကိုေတာ့ ရခိုင္ျပည္နယ္ ေကာ္မရွင္ကေတာ့ လုပ္ေပးလို႔ မရဘူးေပါ့ေနာ္။"

လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ကုိဗစ္ကပ္ေရာဂါ အႏၱရာယ္ႀကံဳေနရတဲ့ ရခုိင္ျပည္နယ္မွာ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ မရတဲ့အေပၚ ျပည္တြင္းျပည္ပက စုိးရိမ္မႈေတြလည္း ထြက္ေပၚေနတာပါ။ ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳေနရခ်ိန္မွာ လူထုအတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏုိင္ေအာင္ အင္တာနက္ဆက္သြယ္မႈေတြ အျပည့္အ၀ရဖုိ႔ အေရးႀကီးေၾကာင္းလည္း ၿပီးခဲ့တဲ့ လဆန္းမွာပဲ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ဌာေနညွိႏႈိင္းေရးမွဴးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴးကလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဆိုင်ရာ မိုဘိုင်းအက်ပ် ရခိုင်မှာသုံးဖို့ခက်

မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့် မဲဆန္ဒရှင်တွေအတွက် သတင်းအချက်တွေ ရနိုင်ဖို့ မိုဘိုင်းလက်ကိုင်ဖုန်း Application ကို ဒီတပတ်ထဲမှာပဲ စတင်အသုံးပြုခွင့်ပေးလိုက်ပေမဲ့ လက်တွေ့သုံးဖို့ အခက်ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

မိုဘိုင်းလက်ကိုင်ဖုန်းကနေ အင်တာနက် သုံးတဲ့သူ ခန့်မှန်းခြေ ၂၂ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် ရွေးကောက်ပွဲအတွက် သတင်းအချက်အလက်တွေ ရနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီတပတ်ထဲမှာပဲ mVoter 2020 App ကို မိတ်ဆက်လိုက်တာပါ။ ကပ်ရောဂါကြုံနေရတဲ့အတွက် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ သိရှိလိုတဲ့ သတင်းအချက်တွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့လည်း အင်တာနက် ဆက်သွယ်မှုတွေ ကန့်သတ်ထားတဲ့ ရခိုင်ပြည်နယ်မှာတော့ ကော်မရှင်က မျှော်မှန်းထားသလို ဖြစ်လာနိုင်မယ့် အလားအလာတွေ နည်းပါးနေတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ရာက ၁ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လမှာ ပြန်ဖွင့်ပေးလိုက်ပေမဲ့ မြန်နှုန်းမြင့် 4G မရဘဲ 2G သာ ခွင့်ပြုခဲ့တာကြောင့် လက်တွေ့သုံးတဲ့နေရာမှာ အခက်အခဲတွေ ကြုံနေရတာပါ။ ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်ကတော့ သုံးမရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

"ကျနော်တို့က အက်ပလီကေးရှင်း ထုတ်ထားတာကိုတောင်မသိဘူးဗျာ။ ဖုန်းနဲ့ ကြည့်ရတာလည်း အဆင်မပြေတော့ မသိဘူး။ အဲတာကို ဖွင့်ကြည့်ဖို့နေနေသာသာ ကျနော်အခု ကျော်တော်မြို့ရယ်၊ ပြီးတော့ မြောက်ဦး၊ ပုဏ္ဏားကျွန်း အဲဒီမြို့တွေမှာ ကျတော့ 2G လောက်ပဲရတာ။ ကျောက်တော်မြို့တွင်းမှာရှိတဲ့ တာဝါတိုင်တွေ ကတော့ 2G တောင်မဖွင့်ပေးတဲ့ တာဝါတိုင်တွေရှိတယ်။ ပြီးတော့ ပြည်သူတွေကလည်း အကြောက်တရားတွေ လွမ်းမိုးနေတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာမှပြင်ဆင်ထားတာ တွေမရှိကြဘူးခင်ဗျာ။"

ဆွီဒင်နိုင်ငံ အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ အကူအညီပေးရေးအဖွဲ့ (IDEA)၊ အာရှဖောင်ဒေးရှင်းတိုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံက PopStack အဖွဲ့က ဖန်တီးထုတ်လုပ်တဲ့ မိုဘိုင်းအက်ပ်ကို စတင်အသုံးပြုရာမှာ အားနည်းချက် ချို့ယွင်းချက်တွေ ရှိမယ်ဆိုရင် သည်းခံဖို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားထားပါတယ်။ mVoter 2020 App ကိုတော့ မဲပေးစို့ ဆိုတဲ့ ဝဘ်ဆိုဒ်မှာ တိုက်ရိုက် download ရယူနိုင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝဘ်ဆိုဒ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ သုံးစွဲနည်းကို လေ့လာနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ်လို အင်တာနက် ဆက်သွယ်မှု ခက်ခဲတဲ့ နေရာမျိုးမှာ လက်တွေ့သုံးဖို့ မလွယ်ဘူးလို့လည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ညှိနှိုင်းရေးမှူး ကိုအောင်နိုင်က ပြောပါတယ်။

"ကော်မရှင်ကတော့ မဲစာရင်းကို အဆင်ပြေပြေကြည့်ဖို့အတွက် application ကတော့ လုပ်လိုက်ပြီးနော်။ ဒါပေမယ့် အဲဒီ အပလီကေရှင်းက အင်တာနက်ကောင်းတဲ့ မြို့နယ်တွေမှာပဲ အဆင်ပြေလောက်တယ်။ အင်တာနက် 2G လောက်သာရတဲ့ မြို့နယ်တွေက ရခိုင်မှာ ၈ မြို့နယ်လောက်ရှိတာကို အဲဒီကလူတွေက အဲတာကို ကြည့်ဖို့ အဆင်ပြေမှာမဟုတ်ဘူး ဆိုတော့ သူတို့အတွက်အဆင်ပြေလောက်တဲ့ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ပေးနေတဲ့ 4G အင်တာနက်ကို ဖွင့်ပေးသင့်တယ်လို့ ထင်တယ် ကျနော်အနေနဲ့။"

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကလည်း မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ထားတာကို မိုဘိုင်းလက်ကိုင်ဖုန်းကနေ ကြည့်ရှုနိုင်အောင် စီစဉ်ထားပေမဲ့ လက်တွေ့မှာ သုံးဖို့အခက်အခဲ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး လူစုခွဲနေဖို့ အကြံပြုထားတဲ့အတွက် အွန်လိုင်းကို အားထားနေရချိန်မှာ ရခိုင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပါအဝင် အင်တာနက်ကို အားထားရတဲ့ ဝန်ဆောင်မှုတွေမှာ စိန်ခေါ်မှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒေါ်တင်လှိုင်ကတော့ ဒီပြဿနာကို ပြည်နယ်ကော်မရှင်တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိသေးဘူးလို့ ပြောပါတယ်။

"အက်ပ်လီကေးရှင်းက အဆင်မပြေဘူးဆိုတာကတော့ ဒါကိုလုပ်တဲ့ အဖွဲ့အစည်းနဲ့ပဲ ဆိုင်တယ်လေ အဲဒီက အဆင်ပြေပြေ ကြည့်လို့ရအောင် ပြန်လုပ်ပေးနိုင်တယ်ဆိုရင်တော့ ဒါနည်းပညာပိုင်းလည်း တက်ကျွန်းတဲ့ သူရှိရင်တော့ ကြည်လို့ရကြမယ်ပေါ့နော်။ ဒါကိုတော့ ရခိုင်ပြည်နယ် ကော်မရှင်ကတော့ လုပ်ပေးလို့ မရဘူးပေါ့နော်။"

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အ၀ မရတဲ့အပေါ် ပြည်တွင်းပြည်ပက စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။ ကပ်ရောဂါကူးစက်မှုတွေ ကြုံနေရချိန်မှာ လူထုအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်အောင် အင်တာနက်ဆက်သွယ်မှုတွေ အပြည့်အဝရဖို့ အရေးကြီးကြောင်းလည်း ပြီးခဲ့တဲ့ လဆန်းမှာပဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးကလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG