သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကုိဗစ္ကူးစက္မႈ ျမန္ျမန္ေလ်ာ့က်ေရး ျပည္သူေတြ ပူးေပါင္းပါ၀င္ဖုိ႔လုိ (က်န္းမာေရး၀န္ႀကီး)


က်န္းမာေရး ဝန္ႀကီး ေဒါက္တာ ျမင့္ေထြး (ဓါတ္ပံု-Ministry of Health and Sports, Myanmar)

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID-19 ေၾကာင့္ ေရာဂါ ကူးစက္မႈႏႈန္း တစ္ရက္တည္း ေထာင္နဲ႔ခ်ီ စံခ်ိန္တင္ ျမင့္တက္ေနခ်ိန္မွာပဲ က်န္းမာေရး ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ကူးစက္မႈႏႈန္း ျမန္ျမန္ က်ဖို႔ ျပည္သူေတြ ပူေပါင္းပါဝင္ဖို႔ လိုတယ္လို႔ သတိေပးလိုက္ပါတယ္။

“Strategy ကေတာ့ ေလာေလာဆယ္ Containment နဲ႔သြားေနတာပါ။ေနာက္နည္းနည္း ‘က်’ လာတဲ့အခါ Strategy တစ္မ်ိဳးသြားမယ္။ ဒီ အခ်ိန္ မွာ ျပည္သူရဲ့ အခန္းက႑သည္ နံပါတ္ ၁ ျဖစ္တယ္။ ျပည္သူပါရင္ အနည္းဆုံး ၂ ပတ္ေလာက္အတြင္း က် သြားမယ္။ ျပည္သူ မပါသေရြ႕ေတာ့ ဆက္ၿပီး ေႏွးၿပီး ျမန္ျမန္ မက်ဘူး ျဖည္းျဖည္းပဲ က်မယ္။ ျမန္ျမန္က်ေစရင္ေတာ့ ျပည္သူပါပါ။”

COVID 19 ေရာဂါ ကူးစက္မႈႏႈန္း စံခ်ိန္တင္ ဆက္လက္ ျမင့္တက္ေနတာနဲ႔ပတ္သက္ၿပီး ဝန္ႀကီးေဒါက္တာ ျမင့္ေထြးက VOA ကို ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ COVID 19 ေရာဂါ ေနာက္ထပ္ကူးစက္သူ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၁ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ့ မေန႔ည ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ ည ၈ နာရီကေန ေအာက္တိုဘာလ ၁ ရက္ ည ၈ နာရီ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာ ၅,၃၅၂ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူေပါင္း ၁,၀၁၀ ကို ထပ္မံေတြရွိခဲ့တာပါ။ ဒါေၾကာင့္ ေရာဂါကူးစက္သူ စုစုေပါင္း ၁၄,၃၈၃ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြကတည္းကစၿပီး ေန႔စဥ္ စစ္ေဆးသူအေရအတြက္ ပိုမ်ားလာတဲ့အတြက္ အခုလို ၂၄ နာရီအတြင္း ေရာဂါပိုး ကူးစက္သူ ၁,၀၀၀ ေက်ာ္အထိ ေတြ႕လာတာျဖစ္ပါတယ္။ ေသဆုံးသူကလည္း ေနာက္ထပ္ ၁၁ ေယာက္ တိုးလာတာေၾကာင့္ ေသဆုံးသူအေရအတြက္က ၃၂၁ ေယာက္ ရွိသြားခဲ့ၿပီလို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

မေန႔ကအထိ ဓါတ္ခြဲ နမူနာ စုစုေပါင္း ၃ သိန္းေက်ာ္ ျပဳလုပ္ခဲ့ရာမွာ အတည္ျပဳလူနာ စုစုေပါင္း ၁၅,၀၀၀ နီးပါး ရွိတဲ့အထဲက ေရာဂါ သက္သာေပ်ာက္ကင္းလာသူကေတာ့ ၄,၁၅၆ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က အသိအမွတ္ျပဳထားတဲ့ COVID 19 ကာကြယ္ေဆး မရွိေသးတာေၾကာင့္ ေလာေလာဆယ္ အင္တာနက္ စာမ်က္ႏွာေတြ၊ လူမႈကြန္ရက္ ေတြနဲ႔ အြန္လိုင္းေစ်းကြက္ေတြမွာ COVID 19 ကာကြယ္ေဆးဆိုၿပီး ေရာင္းခ်ေနတာေတြကို ျပည္သူေတြအေနနဲ႔ ဝယ္ယူသုံးစြဲတာ ေတြ မလုပ္ဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက မေန႔က သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာ့ကိုဗစ်ကူးစက်မှု မြန်မြန်လျော့ကျရေး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လို (ကျန်းမာရေးဝန်ကြီး)

(Unicode)

မြန်မာနိုင်ငံမှာ COVID 19 ကြောင့် ရောဂါ ကူးစက်မှုနှုန်း တစ်ရက်တည်း ထောင်နဲ့ချီ စံချိန်တင် မြင့်တက်နေချိန်မှာပဲ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကူးစက်မှုနှုန်း မြန်မြန် ကျဖို့ ပြည်သူတွေ ပူပေါင်းပါဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်ပါတယ်။

“Strategy ကတော့ လောလောဆယ် Containment နဲ့သွားနေတာပါ။နောက်နည်းနည်း ‘ကျ’ လာတဲ့အခါ Strategy တစ်မျိုးသွားမယ်။ ဒီ အချိန် မှာ ပြည်သူရဲ့ အခန်းကဏ္ဍသည် နံပါတ် ၁ ဖြစ်တယ်။ ပြည်သူပါရင် အနည်းဆုံး ၂ ပတ်လောက်အတွင်း ကျ သွားမယ်။ ပြည်သူ မပါသရွေ့တော့ ဆက်ပြီး နှေးပြီး မြန်မြန် မကျဘူး ဖြည်းဖြည်းပဲ ကျမယ်။ မြန်မြန်ကျစေရင်တော့ ပြည်သူပါပါ။”

COVID 19 ရောဂါ ကူးစက်မှုနှုန်း စံချိန်တင် ဆက်လက် မြင့်တက်နေတာနဲ့ပတ်သက်ပြီး ဝန်ကြီးဒေါက်တာ မြင့်ထွေးက VOA ကို ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ နောက်ထပ်ကူးစက်သူ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီကနေ အောက်တိုဘာလ ၁ ရက် ည ၈ နာရီ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၅,၃၅၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူပေါင်း ၁,၀၁၀ ကို ထပ်မံတွေရှိခဲ့တာပါ။ ဒါကြောင့် ရောဂါကူးစက်သူ စုစုပေါင်း ၁၄,၃၈၃ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းကစပြီး နေ့စဉ် စစ်ဆေးသူအရေအတွက် ပိုများလာတဲ့အတွက် အခုလို ၂၄ နာရီအတွင်း ရောဂါပိုး ကူးစက်သူ ၁,၀၀၀ ကျော်အထိ တွေ့လာတာဖြစ်ပါတယ်။ သေဆုံးသူကလည်း နောက်ထပ် ၁၁ ယောက် တိုးလာတာကြောင့် သေဆုံးသူအရေအတွက်က ၃၂၁ ယောက် ရှိသွားခဲ့ပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မနေ့ကအထိ ဓါတ်ခွဲ နမူနာ စုစုပေါင်း ၃ သိန်းကျော် ပြုလုပ်ခဲ့ရာမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅,၀၀၀ နီးပါး ရှိတဲ့အထဲက ရောဂါ သက်သာပျောက်ကင်းလာသူကတော့ ၄,၁၅၆ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုထားတဲ့ COVID 19 ကာကွယ်ဆေး မရှိသေးတာကြောင့် လောလောဆယ် အင်တာနက် စာမျက်နှာတွေ၊ လူမှုကွန်ရက် တွေနဲ့ အွန်လိုင်းဈေးကွက်တွေမှာ COVID 19 ကာကွယ်ဆေးဆိုပြီး ရောင်းချနေတာတွေကို ပြည်သူတွေအနေနဲ့ ဝယ်ယူသုံးစွဲတာ တွေ မလုပ်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက မနေ့က သတိပေးထားပါတယ်။

XS
SM
MD
LG