သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၁၁ ေယာက္ ထပ္တိုး


PPE ၀တ္စံု၀တ္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ားကို ရန္ကုန္ၿမိဳ႕ ေ၀ဘာဂီေဆးရံုမွာေတြ႔ရ။ (ဇန္န၀ါရီ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါ ေနာက္ထပ္ကူးစက္သူ ၁,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၁ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ ည ၈ နာရီကေန ေအာက္တိုဘာလ ၁ ရက္ ည ၈ နာရီ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၅,၃၅၂ ခုကို စစ္ေဆးခဲ့တာမွာ ေရာဂါပိုးကူးစက္သူေပါင္း ၁,၀၁၀ ကို ထပ္မံေတြရွိခဲ့တာျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ဒါေၾကာင့္ ေရာဂါကူးစက္သူ စုစုေပါင္း ၁၄,၃၈၃ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြကတည္းကစၿပီး ေန႔စဥ္ စစ္ေဆးသူအေရအတြက္ ပိုမ်ားလာတဲ့အတြက္ အခုလို ၂၄ နာရီအတြင္း ေရာဂါပိုးကူးစက္သူ ၁,၀၀၀ ေက်ာ္အထိ ေတြ႔လာတာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ၁၁ ေယာက္ ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူအေရအတြက္က ၃၂၁ ေယာက္ ရွိသြားခဲ့ၿပီးျဖစ္ပါတယ္။ ဒီေန႔မွာ ၂ ႀကိမ္ ဆက္ ပိုးမေတြ႔လို႔ ေဆး႐ုံဆင္းခြင့္ရသူ ၄၀၁ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းလာသူ ၄,၁၅၆ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ က်န္းမာေရး နဲ႔ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

အခုခ်ိန္မွာ ကိုဗစ္ ၁၉ ေရာဂါနဲ႔ ပတ္သက္လို႔ ကမာၻ႔ႏုိင္ငံအသီးသီးမွာ ကာကြယ္ေဆးထုတ္လုပ္ႏုိင္ဖို႔ ႀကိဳးစားေနဆဲျဖစ္ၿပီး ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က အသိအမွတ္ျပဳေထာက္ခံထားတဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆး မထြက္ေသးတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အင္တာနက္စာမ်က္ႏွာေတြ၊ လူမႈကြန္ရက္ေတြနဲ႔ အြန္လိုင္းေစ်းကြက္ေတြမွာ ကိုဗစ္ ၁၉ ကာကြယ္ေဆးဆုိၿပီး ေရာင္းခ်ေနတာေတြကို ၀ယ္ယူသုံးစဲြတာေတြ မလုပ္ဖို႔လည္း က်န္းမာေရး၀န္ႀကီးဌာနက ဒီေန႔မွာ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁,၀၀၀ ကျော်၊ သေဆုံးသူ ၁၁ ယောက် ထပ်တိုး

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါ နောက်ထပ်ကူးစက်သူ ၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီကနေ အောက်တိုဘာလ ၁ ရက် ည ၈ နာရီ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၅,၃၅၂ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်သူပေါင်း ၁,၀၁၀ ကို ထပ်မံတွေရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါကြောင့် ရောဂါကူးစက်သူ စုစုပေါင်း ၁၄,၃၈၃ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းကစပြီး နေ့စဉ် စစ်ဆေးသူအရေအတွက် ပိုများလာတဲ့အတွက် အခုလို ၂၄ နာရီအတွင်း ရောဂါပိုးကူးစက်သူ ၁,၀၀၀ ကျော်အထိ တွေ့လာတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ၁၁ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူအရေအတွက်က ၃၂၁ ယောက် ရှိသွားခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာ ၂ ကြိမ် ဆက် ပိုးမတွေ့လို့ ဆေးရုံဆင်းခွင့်ရသူ ၄၀၁ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းလာသူ ၄,၁၅၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခုချိန်မှာ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အသိအမှတ်ပြုထောက်ခံထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး မထွက်သေးတာကြောင့် ပြည်သူတွေအနေနဲ့ အင်တာနက်စာမျက်နှာတွေ၊ လူမှုကွန်ရက်တွေနဲ့ အွန်လိုင်းဈေးကွက်တွေမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးဆိုပြီး ရောင်းချနေတာတွေကို ဝယ်ယူသုံးစွဲတာတွေ မလုပ်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG