သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္စမ္းသပ္မႈမွာ Antigen Test က ဘယ္ေလာက္ အေထာက္အကူျပဳေစသလဲ


အင္းစိန္ၿမိဳ႕နယ္က ေဆးခန္းတခုမွာ အမ်ဳိးသမီးတဦးကို COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ မ်ားလာတဲ့ ကိုဗစ္သံသယေတြကို ျမန္ျမန္နဲ႔ မ်ားမ်ားစစ္ႏုိင္တဲ့ Antigen Test ေတြကို စသံုးေနရာမွာ၊ ဘယ္လိုအေထာက္အကူျပဳႏိုင္တာနဲ႔၊ လစ္ဟာမူရွိႏိုင္တာေတြကို၊ NHL အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမူဆိုင္ရာဌာနက ဒုတိယညႊန္ၾကားေရးမူးခ်ဳပ္ (ဓာတ္ခြဲ) ကို၊ ကိုဝင္းမင္းက ေမးရာမွာ၊ အဂၤါေန႔ကစျဖန္္႔ၿပီး၊ မေန႔ ဗုဒၶဟူးေန႔က စစစ္ပံုကို၊ ပါေမာကၡ ေဒါက္တာေဌးေဌးတင္က အခုလိုစရွင္းျပပါတယ္။

ေဒါက္တာေဌးေဌးတင္။ ။ စတာက ရန္ကုန္က ေဆးရံု ၉ ရံုမွာ စစစ္ရတာေလ။ မေန႔ကမွပဲ စၿပီးသူတို႔ စစ္ေနပါတယ္။ Positive လည္းေတာ္ေတာ္မ်ားမ်ားလည္း ေတြ႔ပါတယ္။ ရန္ကုန္တိုင္း ၿပီးေတာ့မွ ခရိုင္အဆင့္ေလာက္၊ ၿမိဳ႕နယ္အဆင့္ေလာက္ထိ သြားမယ္လို႔ေတာ့ မွန္းထားပါတယ္။ ၿပီးေတာ့မွ ဒုတိယအဆင့္ ထပ္ၿပီးေတာ့ ၀ယ္ထားတဲ့ဟာနဲ႔ ျပည္နယ္နဲ႔ တိုင္းမွာရွိတဲ့ ေဆးရံုေတြအထိစစ္သြားမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရန္ကုန္ၿမိဳ႕က အဓိကလူနာက တအားမ်ားတာ ။ ေနာက္တခုက Anosmia လို႔ေခၚတဲ့ အနံ႔မရတဲ့ လကၡဏာရွိတဲ့လူေတြကလည္း မ်ားတဲ့အခါက်ေတာ့ အဓိက လိုအပ္ခ်က္ ရွိေနတာေပါ့။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာမ၊ အခု ပမာဏ ခန္႔မွန္းေခ်ေပါ့ေနာ္ ဘယ္ေလာက္ေလာက္ စစ္ၿပီးေတာ့ ဘယ္ေလာက္ ရာခိုင္ႏႈန္းေလာက္ေတြ႔ထားလဲ ဆရာမေရ။

ေဒါက္တာေဌးေဌးတင္။ ။ ၁၆၀ ေလာက္မွာ ၅၀ ေက်ာ္ေလာက္က positive ျဖစ္တယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာမ၊ ဒီထြက္တဲ့ ရလဒ္အေပၚမွာ ဘယ္လိုထင္သလဲဆရာမ သူ႔ရဲ႕ Reliability ယံုၾကည္စိတ္ခ်ႏိုင္မႈေပါ့ေနာ္။

ေဒါက္တာေဌးေဌးတင္။ ။ Rapid test ဆိုတာေလ က်မတို႔ PCR ဆိုတာ ေမာ္လီက်ဴးလား RT-PCRကို အစားထိုးတဲ့ Test မဟုတ္ဘူး။ RT-PCR ကေတာ့ Gold Standard ပဲ ။ RT-PCR ကို အားျဖည့္တဲ့ Test ပဲ ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ Rapid test မွာက သတ္မွတ္ခ်က္ေတြ အမ်ားႀကီးရွိတယ္။ အခ်ိန္ကန္႔သတ္ခ်က္ေပါ့။ ေရာဂါလကၡဏာမျပခင္ ၂ ရက္ ၃ ရက္ ၊ ေရာဂါလကၡဏာျပၿပီးလည္း ၅ ရက္ ၆ ရက္။ အဲဒီေလာက္မွ စမ္းမွ သူကအေကာင္းဆံုးအေျဖထြက္တယ္။ ေနာက္တခုက သူက လကၡဏာလည္း ျပမွ ။ လကၡဏာ မျပပဲ ေရာဂါသယ္ေဆာင္ေနတဲ့လူက ၇၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္ေလ။ အဲဒီလိုမ်ိဳးေနရာမွာ ေရာဂါလကၡဏာမျပတဲ့သူကို စစ္မယ္ဆိုရင္ သူက Negative ထြက္တတ္တယ္။ False Negative ေပါ့။ တကယ္ေတာ့ PCR နဲ႔ စစ္ရင္ Positive ထြက္ေနတယ္။ RT-PCR ဆိုတာက Gene ကိုေဖာ္ထုတ္တာ RNA Gene ကို ။ သူက က်ေတာ့ Virus ေပၚမွာ ရွိေနတဲ့ ပရိုတင္းေလးတခုပဲ Antigen ေလးပဲ ပဋိပစၥည္းထြက္ဖို႔အတြက္ လွံဳ႕ေဆာ္တဲ့ အရာေလးကိုပဲ ထုတ္တာ။ သူက ရွင္းေပးႏုိင္တဲ့ ဧရိယာက နည္းတာေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာမ၊ အဲဒီေတာ့ ဒီ Antigen test ရဲ႕ ေနာက္ထပ္ထူးျခားမႈနဲ႔ သူ႔ရဲ႕ အေရးပါ အသံုး၀င္တဲ့ပံုေရာ ဆရာမေရ။

ေဒါက္တာေဌးေဌးတင္။ ။ Singapore တို႔ဘာတို႔ တျခား West ဘက္မွာ ထြက္တဲ့ paper ေတြအရဆိုရင္ သူက Positive case က ၉ ရက္ ၁၀ ရက္ေလာက္ေက်ာ္ဆိုရင္ သူ႔မွာ RT-PCR နဲ႔ positive ျဖစ္ေနေပမယ့္ သူမ်ားကို ကူးေစႏိုင္တဲ့ ပရိုတင္းက မရွိေတာ့ဘူး။ ဒါေၾကာင့္မို႔ ကမာၻက်န္းမာေရးအဖြဲ႔က စကတည္းကိုက PCR နဲ႔ စခဲ့တာ။ ၿပီးေတာ့မွ Rapid Antigen ဆိုတာ အခု စက္တင္ဘာက်မွ WHO က စက္တင္ဘာ ၂၂ မွာ ဒီ Standard Korean Made Product ကို ကမာၻ႔ပထမဦးဆံုး WHO က Qualified ေပးလိုက္တာ။ ေနာက္တခု US FDA ကဆိုရင္ ၄ မ်ိဳးပဲ ေပးထားေသးတာ။ ဆိုေတာ့ သူက ေနာက္ဆံုးမွ ေပၚလာတာ ။ ဘာေၾကာင့္ေနာက္ဆံုးမွာ ေပၚလာသလဲဆိုေတာ ့ခုနက အလံုးစံု ေျဖရွင္းတဲ့ နည္းပညာမဟုတ္တာတခုရယ္ ေနာက္တခုကေတာ့ အရမ္းအျဖစ္မ်ားလာတယ္ PCR နဲ႔ လက္လွမ္းေ၀းတယ္၊ PCR နဲ႔မမီႏိုင္တဲ့ PCR နဲ႔ မေရာက္ႏိုင္တဲ့ Remote area ေတြ ။ ေနာက္တခုက ရန္ကုန္လိုမ်ိဳးအေျခအေနေပ့ါ၊ နယူးေဒလီတို႔၊ မြန္ဘိုင္းတို႔လို အမ်ားႀကီး စုျပံဳၿပီးျဖစ္ေနတဲ့အေျခအေနမွာ သူက Positive ေတြကို ျမန္ျမန္ရွာၿပီးေတာ့ ျမန္ျမန္ခြဲထုတ္ကုသႏိုင္တယ္။ အဲဒီ အတြက္ ရည္ရြယ္တာပါ။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဆရာမ၊ အခုရန္ကုန္အေနအထားမွာေတာ့ ပိုးေတ႔ြသူမ်ားလာေတာ့ ဒါတစံုတရာ အေထာက္အကူျပဳတာေပါ့ ဆရာမေနာ္၊ PCR အေနနဲ႔။

ေဒါက္တာေဌးေဌးတင္။ ။ မ်ားလာတဲ့အတြက္ေၾကာင့္ သူ႔ကုိ၊ ဒီနည္းပညာကို ထည့္ရတာကို။ သူက အမ်ားႀကီးေျဖရွင္းေပးႏိုင္တာေပါ့။ အခုဆို ၁၆၀ ေလာက္စစ္တာ ၅၀ ဆိုေတာ့ ၃ ပံု ၁ ပံုေလာက္ဆိုေတာ့ ။ ဒါအရင္လည္း က်မတို႔ စစ္တာ PCR စစ္တယ္ဆိုရင္လည္း ၅၀၀၀ ၀န္းက်င္ေလာက္စစ္တယ္ဆိုရင္ ၉၀၀-၁၀၀၀ ေလာက္ေတြ႔ေနတာပဲ ဆိုေတာ့ သူကေတာင္ပိုၿပီးေတာ့ ျမန္ျမန္နဲ႔ မ်ားမ်ားစစ္ႏိုင္ေတာ့ သူ႕ေၾကာင့္ Positive rate ေတြလည္း ပိုတက္လာမွာ။ ေနာက္တခုက ရန္ကုန္ေဆးရံုႀကီးတို႔ဘာတို႔မွာ ဖ်ားတာတို႔၊ ေမာတာတို႔ သံသယလူနာေတြက မ်ားတာေပ့ါ။ က်မတို႔ PCR ဘက္ကက်ေတာ့ အေျဖက ရက္နည္းနည္းေလး ေစာင့္ရတာကို ၂ ရက္ေလာက္။ အဲဒီအခါက်ေတာ့ လူနာေတြ ေရာဂါ ရွိတာနဲ႔ မရွိတာနဲ႔ ကူးသြားႏိုင္တဲ့ အေနအထားေလးေတြ စိုးရိမ္ရတာေပါ့ သူတို႔ လူနာေတြအတြက္။ Rapid Test ကက်ေတာ့ ျမန္ျမန္ရွင္းထုတ္၊ Positive ဆိုရင္လည္း ဒီေရာဂါအတိမ္အနက္ေပၚမွာ မူတည္ၿပီး ေဆးရံုတင္ရမယ့္သူက တင္ ၊ ေဆးရံုမွာမွ ICU လိုတဲ့လူေတြက လိုမွာေပ့ါဆရာရယ္။ အဲဒါမ်ိဳး မဟုတ္တဲ့သူဆိုရင္လည္း အိမ္မွာျပန္ၿပီးေတာ့ တခ်ိဳ႕ တျခားေရာဂါေတြလိုက္ရွာဖို႔အတြက္ တျခားအေဆာင္ေတြကို ေရြ႕ႏိုင္တာေပ့ါ။ အဲဒီေတာ့ Rapid test အေနနဲ႔ကေတာ့ အခုေလာေလာဆည္ ရန္ကုန္ၿမိဳ႕အေျခအေန အတြက္ေတာ့ ေျဖရွင္းတဲ့ေနရာမွာ အရမ္းအသံုး၀င္တယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

မြန်မာနိုင်ငံမှာ များလာတဲ့ ကိုဗစ်သံသယတွေကို မြန်မြန်နဲ့ များများစစ်နိုင်တဲ့ Antigen Test တွေကို စသုံးနေရာမှာ၊ ဘယ်လိုအထောက်အကူပြုနိုင်တာနဲ့၊ လစ်ဟာမူရှိနိုင်တာတွေကို၊ NHL အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာနက ဒုတိယညွှန်ကြားရေးမူးချုပ် (ဓာတ်ခွဲ) ကို၊ ကိုဝင်းမင်းက မေးရာမှာ၊ အင်္ဂါနေ့ကစဖြန့််ပြီး၊ မနေ့ ဗုဒ္ဓဟူးနေ့က စစစ်ပုံကို၊ ပါမောက္ခ ဒေါက်တာဌေးဌေးတင်က အခုလိုစရှင်းပြပါတယ်။

ဒေါက်တာဌေးဌေးတင်။ ။ စတာက ရန်ကုန်က ဆေးရုံ ၉ ရုံမှာ စစစ်ရတာလေ။ မနေ့ကမှပဲ စပြီးသူတို့ စစ်နေပါတယ်။ Positive လည်းတော်တော်များများလည်း တွေ့ပါတယ်။ ရန်ကုန်တိုင်း ပြီးတော့မှ ခရိုင်အဆင့်လောက်၊ မြို့နယ်အဆင့်လောက်ထိ သွားမယ်လို့တော့ မှန်းထားပါတယ်။ ပြီးတော့မှ ဒုတိယအဆင့် ထပ်ပြီးတော့ ဝယ်ထားတဲ့ဟာနဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဆေးရုံတွေအထိသွားမယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့က အဓိကလူနာက တအားများတာ ။ နောက်တခုက Anosmia လို့ခေါ်တဲ့ အနံ့မရတဲ့ လက္ခဏာရှိတဲ့လူတွေကလည်း များတဲ့အခါကျတော့ အဓိကလိုအပ်ချက် ရှိနေတာပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာမ၊ အခု ပမာဏ ခန့်မှန်းချေပေါ့နော် ဘယ်လောက်လောက် စစ်ပြီးတော့ ဘယ်လောက် ရာခိုင်နှုန်းလောက်တွေ့ထားလဲ ဆရာမရေ။

ဒေါက်တာဌေးဌေးတင်။ ။ ၁၆၀ ကျော်လောက်မှာ ၅၀ ကျော်လောက်က positive ဖြစ်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာမ၊ ဒီထွက်တဲ့ ရလဒ်အပေါ်မှာ ဘယ်လိုထင်သလဲဆရာမ သူ့ရဲ့ Reliability ယုံကြည်စိတ်ချနိုင်မှုပေါ့နော်။

ဒေါက်တာဌေးဌေးတင်။ ။ Rapid test ဆိုတာလေ ကျမတို့ PCR ဆိုတာ မော်လီကျူးလား RT-PCRကို အစားထိုးတဲ့ Test မဟုတ်ဘူး။ RT-PCR ကတော့ Gold Standard ပဲ ။ RT-PCR ကို အားဖြည့်တဲ့ Test ပဲ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ Rapid test မှာက သတ်မှတ်ချက်တွေ အများကြီးရှိတယ်။ အချိန်ကန့်သတ်ချက်ပေါ့။ ရောဂါလက္ခဏာမပြခင် ၂ ရက် ၃ ရက် ၊ ရောဂါလက္ခဏာပြပြီးလည်း ၅ ရက် ၆ ရက်။ အဲဒီလောက်မှ စမ်းမှ သူကအကောင်းဆုံးအဖြေထွက်တယ်။ နောက်တခုက သူက လက္ခဏာလည်း ပြမှ ။ လက္ခဏာ မပြပဲ ရောဂါသယ်ဆောင်နေတဲ့လူက ၇၀ ရာခိုင်နှုန်းလောက်ရှိတယ်လေ။ အဲဒီလိုမျိုးနေရာမှာ ရောဂါလက္ခဏာမပြတဲ့သူကို စစ်မယ်ဆိုရင် သူက Negative ထွက်တတ်တယ်။ False Negative ပေါ့။ တကယ်တော့ PCR နဲ့ စစ်ရင် Positive ထွက်နေတယ်။ RT-PCR ဆိုတာက Gene ကိုဖော်ထုတ်တာ RNA Gene ကို ။ သူက ကျတော့ Virus ပေါ်မှာ ရှိနေတဲ့ ပရိုတင်းလေးတခုပဲ Antigen လေးပဲ ပဋိပစ္စည်းထွက်ဖို့အတွက် လှုံ့ဆော်တဲ့ အရာလေးကိုပဲ ထုတ်တာ။ သူက ရှင်းပေးနိုင်တဲ့ ဧရိယာက နည်းတာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာမ၊ အဲဒီတော့ ဒီ Antigen test ရဲ့ နောက်ထပ်ထူးခြားမှုနဲ့ သူ့ရဲ့ အရေးပါ အသုံးဝင်တဲ့ပုံရော ဆရာမရေ။

ဒေါက်တာဌေးဌေးတင်။ ။ Singapore တို့ဘာတို့ တခြား West ဘက်မှာ ထွက်တဲ့ paper တွေအရဆိုရင် သူက Positive case က ၉ ရက် ၁၀ ရက်လောက်ကျော်ဆိုရင် သူ့မှာ RT-PCR နဲ့ positive ဖြစ်နေပေမယ့် သူများကို ကူးစေနိုင်တဲ့ ပရိုတင်းက မရှိတော့ဘူး။ ဒါကြောင့်မို့ ကမ္ဘာကျန်းမာရေးအဖွဲ့က စကတည်းကိုက PCR နဲ့ စခဲ့တာ။ ပြီးတော့မှ Rapid Antigen ဆိုတာ အခု စက်တင်ဘာကျမှ WHO က စက်တင်ဘာ ၂၂ မှာ ဒီ Standard Korean Made Product ကို ကမ္ဘာ့ပထမဦးဆုံး WHO က Qualified ပေးလိုက်တာ။ နောက်တခု US FDA ကဆိုရင် ၄ မျိုးပဲ ပေးထားသေးတာ။ ဆိုတော့ သူက နောက်ဆုံးမှ ပေါ်လာတာ ။ ဘာကြောင့်နောက်ဆုံးမှာ ပေါ်လာသလဲဆိုတော့ခုနက အလုံးစုံ ဖြေရှင်းတဲ့ နည်းပညာမဟုတ်တာတခုရယ် နောက်တခုကတော့ အရမ်းအဖြစ်များလာတယ် PCR နဲ့ လက်လှမ်းဝေးတယ်၊ PCR နဲ့မမီနိုင်တဲ့ PCR နဲ့ မရောက်နိုင်တဲ့ Remote area တွေ ။ နောက်တခုက ရန်ကုန်လိုမျိုးအခြေအနေပေ့ါ၊ နယူးဒေလီတို့၊ မွန်ဘိုင်းတို့လို အများကြီး စုပြုံပြီးဖြစ်နေတဲ့အခြေအနေမှာ သူက Positive တွေကို မြန်မြန်ရှာပြီးတော့ မြန်မြန်ခွဲထုတ်ကုသနိုင်တယ်။ အဲဒီ အတွက် ရည်ရွယ်တာပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာမ၊ အခုရန်ကုန်အနေအထားမှာတော့ ပိုးတေ့ွသူများလာတော့ ဒါတစုံတရာ အထောက်အကူပြုတာပေါ့ ဆရာမနော်၊ PCR အနေနဲ့။

ဒေါက်တာဌေးဌေးတင်။ ။ များလာတဲ့အတွက်ကြောင့် သူ့ကို၊ ဒီနည်းပညာကို ထည့်ရတာကို။ သူက အများကြီးဖြေရှင်းပေးနိုင်တာပေါ့။ အခုဆို ၁၆၀ လောက်စစ်တာ ၅၀ ဆိုတော့ ၃ ပုံ ၁ ပုံလောက်ဆိုတော့ ။ ဒါအရင်လည်း ကျမတို့ စစ်တာ PCR စစ်တယ်ဆိုရင်လည်း ၅၀၀၀ ဝန်းကျင်လောက်စစ်တယ်ဆိုရင် ၉၀၀-၁၀၀၀ လောက်တွေ့နေတာပဲ ဆိုတော့ သူကတောင်ပိုပြီးတော့ မြန်မြန်နဲ့ များများစစ်နိုင်တော့ သူ့ကြောင့် Positive rate တွေလည်း ပိုတက်လာမှာ။ နောက်တခုက ရန်ကုန်ဆေးရုံကြီးတို့ဘာတို့မှာ ဖျားတာတို့၊ မောတာတို့ သံသယလူနာတွေက များတာပေ့ါ။ ကျမတို့ PCR ဘက်ကကျတော့ အဖြေက ရက်နည်းနည်းလေး စောင့်ရတာကို ၂ ရက်လောက်။ အဲဒီအခါကျတော့ လူနာတွေ ရောဂါ ရှိတာနဲ့ မရှိတာနဲ့ ကူးသွားနိုင်တဲ့ အနေအထားလေးတွေ စိုးရိမ်ရတာပေါ့ သူတို့ လူနာတွေအတွက်။ Rapid Test ကကျတော့ မြန်မြန်ရှင်းထုတ်၊ Positive ဆိုရင်လည်း ဒီရောဂါအတိမ်အနက်ပေါ်မှာ မူတည်ပြီး ဆေးရုံတင်ရမယ့်သူက တင် ၊ ဆေးရုံမှာမှ ICU လိုတဲ့လူတွေက လိုမှာပေ့ါဆရာရယ်။ အဲဒါမျိုး မဟုတ်တဲ့သူဆိုရင်လည်း အိမ်မှာပြန်ပြီးတော့ တချို့ တခြားရောဂါတွေလိုက်ရှာဖို့အတွက် တခြားအဆောင်တွေကို ရွေ့နိုင်တာပေ့ါ။ အဲဒီတော့ Rapid test အနေနဲ့ကတော့ အခုလောလောဆည် ရန်ကုန်မြို့အခြေအနေ အတွက်တော့ ဖြေရှင်းတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်။

XS
SM
MD
LG