သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေစ်းကြက္ထဲက ကုိဗစ္စမ္းသပ္ပစၥည္းေတြ မွန္ကန္မႈရွိမရွိ သတိထားဖုိ႔ က်န္းမာေရးဌာနသတိေပး


COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇူလိုင္ ၁၆ ၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြနဲ႔ ကူးစက္မႈေတြ တိုးလာေနတာနဲ႔အမွ် ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အရွိန္ျမင့္ ေဆာင္႐ြက္ေနခ်ိန္မွာပဲ ျပည္တြင္းေစ်းကြက္မွာ ေရာဂါပိုးစစ္တဲ့ ပစၥည္းေတြ ေရာင္းခ်ေနတဲ့ အႏၲရာယ္ကိုလည္း သတိေပးေနတဲ့အေၾကာင္း တင္ျပခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပမွာပါ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ လပိုင္းအတြင္း ေသဆုံးသူ ၂၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁ ေသာင္းေက်ာ္ တိုးလာသလို ေနာက္ထပ္လည္း ေရာဂါကူးစက္မယ့္ အႏၲရာယ္ ရွိေနတာေၾကာင့္ ေရာဂါပိုး စမ္းသပ္စစ္ေဆးမႈေတြကို အရွိန္ျမႇင့္ေဆာင္႐ြက္လာေနတာပါ။ ေရာဂါပိုး ကူးစက္မႈေတြ အဓိကႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း ဒီသီတင္းပတ္ကစလို႔ တိုးျမႇင့္စစ္ေဆးေပးေနေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

“ေဆး႐ုံ ၉႐ုံစစ္တယ္။ ဒီေန႔ေတာ့ အဲဒီ ေဆးရံုႀကီး ၉ ရံုမွာ အေရအတြက္ပိုဖို႔ရွိတယ္ ခင္ဗ်။ မေန႔ကေတာ့ Report ေတြ တက္မလာေသးဘူး။ မေန႔ကေတာ ့က်ေနာ္တို႔အားလံုး ၁၀၀ေက်ာ္ေက်ာ္ေလာက္ စစ္လိုက္တယ္။ အဓိကေတာ့ Training အေနနဲ႔ေပါ့ေနာ္ သင္ၾကားရင္းနဲ႔ စစ္ေပးတဲ့သေဘာေပါ့ေနာ္။ရန္ကုန္ေဆး႐ုံႀကီးမွာေတာ့ မေန႔က ၆၀ေလာက္စစ္တယ္။ တေယာက္မွေတာ့ positive မျဖစ္ဘူး ဒါေပမယ့္ လႈိင္သာယာမွာေတာ့ တခ်ိဳ႕ positive ျဖစ္တာေတြ ရွိတယ္။ အဲဒါေတြကို က်ေနာ္တို႔ စုၿပီးေတာ့ ထုတ္ျပန္ပါမယ္ခင္ဗ်။ ရန္ကုန္မွာရွိတဲ့ pilot အေနနဲ႔ ေဆာင္ရြက္လ်က္ရွိတဲ့ ေဆးရံု ၉႐ုံမကဘဲ ရန္ကုန္တိုင္း ေဒသႀကီးမွာရွိတဲ့ ခ႐ိုင္အဆင့္ၿမိဳ႕နယ္ အဆင့္ ေဆး႐ုံေတြ၊ တိုင္းနဲ႔ ျပည္နယ္မွာရွိတဲ့ ေဆး႐ုံေတြကို လိုအပ္လာရင္ လိုအပ္သလို ၿမိဳ႕နယ္ေဆးရံုအထိေပါ့ေနာ္ ဒါကိုေတာ့ က်ေနာ္တို႔ အဆင့္လိုက္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။”

ကိုဗစ္ေရာဂါ ရွိမရွိကို စစ္ေဆးႏိုင္မယ့္ ပစၥည္းေတြ ဒီလကုန္မွာ ေနာက္ထပ္ ၂သိန္းထပ္ရဖို႔ရွိေနေၾကာင္းလည္း ေျပာပါတယ္။ စစ္ေဆးရာမွာေတာ့ က်န္းမာေရးဝန္ထမ္း၊ သံသယလူနာ၊ အေရးေပၚ ခြဲစိတ္မယ့္လူနာေတြအျပင္၊ အတည္ျပဳလူနာေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ဖူးသူေတြကို အဓိက ဦးစားေပး စစ္ေဆးသြားမယ္လို႔ သူကေျပာပါတယ္။

မိနစ္ပိုင္းအတြင္း ကိုဗစ္ပိုးရွိမရွိ အေျဖသိႏိုင္မယ့္ သိန္းနဲ႔ခ်ီတဲ့ test kit ပစၥည္းေတြ ေရာက္လာတဲ့အခါ ရန္ကုန္သာမက အျခားတိုင္းနဲ႔ျပည္နယ္ေတြကုိပါ ေပးပုိ႔အသုံးျပဳသြားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ေရာဂါပိုး စစ္ေဆးမႈေတြ တိုးလာတာနဲ႔အမွ် အတည္ျပဳလူနာေတြ တိုးလာႏိုင္တာေၾကာင့္ ႀကိဳတင္ျပင္ဆင္ဖို႔ လိုတယ္လို႔လည္း အေထြေထြေရာဂါကု ဆရာဝန္ႀကီးေဒါက္တာမိုးေအာင္ေက်ာ္ႏိုင္က ေျပာပါတယ္။

“ဒီ Rapid Antigen test ေတြေပၚေပါက္လာၿပီး စစ္ေဆးႏိုင္တာကေတာ့ ေကာင္းက်ိဳး ေတြအမ်ားႀကီးပဲရွိတယ္။ ဆိုးက်ိဳးဆိုေတာ့ ဆိုးက်ိဳးရယ္ေတာ့ေျပာမရဘူး။ အကယ္၍မ်ား အဲလို စစ္ေဆးလိုက္ၿပီးရင္ ခုနက ပိုးရွိတဲ့လူေတြ ပိုေတြ႔လာမွာေပါ့ေနာ္ ။ ပိုးေတြ႔တဲ့လူေတြ တၿပိဳင္တည္း အမ်ားႀကီးျဖစ္လာႏိုင္တယ္ ဒါကို ဆရာတို႔ စနစ္တက် ကိုင္တြယ္ႏိုင္ဖို႔ အေရးႀကီးတယ္။ ကိုင္တြယ္ႏိုင္မယ္ဆိုရင္ေတာ့ အက်ိဳးအမ်ားႀကီးရွိတယ္။ ဆိုေတာ့ တခုပဲ ရွိတာက သူတို႔ စီစဥ္ေဆာင္ရြက္ႏိုင္မယ့္အတိုင္းအတာ ပမာဏထက္ ေက်ာ္လြန္ၿပီးေတာ့ ပိုးေတြ႔တဲ့လူေတြ မ်ားလာရင္အတြက္ Stretegy တခု အဲဒီအခါက်မွ ေျပာင္းရမွာေပါ့ေနာ္။ အခုလက္ရွိ လုပ္ေနတဲ့ အစီအမံအတိုင္းပဲ ဆရာတို႔ လိုက္နာဖို႔လိုတယ္။ ေနာက္တခု လူေတြအေနနနဲ႔ကလည္း တိတိက်က် ဆက္ၿပီးေတာ ့လိုက္နာေဆာင္ရြက္သြားဖုိ႔ လိုတယ္ေပါ့။”

က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေရာဂါပိုး စစ္ေဆးမႈေတြကို အရွိန္ျမႇင့္ ေဆာင္႐ြက္လာေနခ်ိန္မွာပဲ ေရာဂါလကၡဏာ သံသယေၾကာင့္ စိုးရိမ္စိတ္နဲ႔ စစ္ေဆးခ်င္တဲ့သူေတြလည္း တိုးလာေနပါတယ္။ အခုဆိုရင္ ျပည္တြင္း ေဆးေစ်းကြက္မြာ ေရာဂါပုိး ႐ွိ မ႐ွိေသြးေဖာက္စစ္ေဆးတဲ့ ပစၥည္းေတြ ေရာင္းခ်လာေနတဲ့အတြက္ သတိထားဖို႔လည္း ေဒါက္တာ သန္းႏိုင္စိုးက သတိေပးပါတယ္။

“ဒီ Test kit ကိုေတာ့ ကမာၻက်န္းမာေရးအဖြဲ႕က အသိမွတ္ျပဳတာ ရက္ပိုင္းဘဲရွိေသးတယ္။ က်န္တာေတြကို အသိမွတ္ ျပဳထားျခင္း မရွိပါဘူး။ အသိအမတ္မျပဳတဲ့ Test Kit ေတြ ႏိုင္ငံအလိုက္အသိမွတ္ျပဳတာရွိခ်င္ရွိမယ္။ ေနာက္တခါ ကမာၻက်န္းမာေရးအဖြဲ႕က အသိမွတ္ျပဳတာ ကေတာ့ လက္တေလာမွာ Standard Q တမ်ိဳးပဲရွိေသးတယ္။ အသိအမွတ္ျပဳတဲ့ Test Kit ဆိုတာ တကယ္တမ္းက်ေတာ့ သူ႔နည္းလမ္းေတြနဲ႔ မွန္ကန္ေအာင္စစ္ဖို႔လိုတယ္ခင္ဗ်။ ဒီ က်ေနာ္တို႔ Standard Q ေတာင္မွ တရက္ ၂ ရက္ေက်ာ္သြားတဲ့ sample ေတြမွာ ေရခဲေသတၱာထဲထားၿပီး ျပန္စစ္ရင္ေတာင္မွ အေျဖ မမွန္ဘူးေပါ့ေနာ္။ ျဖစ္ႏိုင္ရင္ ေရခဲေသတၱာမွာ ထားၿပီးေတာ့ ၄ နာရီအတြင္း စစ္ႏိုင္မွသာ အေျဖမွန္တာမ်ိဳးလည္းရွိတယ္ေပါ့။ ဒီလိုမ်ိဳး ဒီ Test ကေတာ့ ေပါ့စတစ္ျဖစ္တယ္ဆိုၿပီး ေဖ့ဘုတ္ေၾကာ္ျငာေလးနဲ႔ သြားၿပီးေတာ့ စစ္တာကေတာ့ လြဲဖို႔မ်ားပါတယ္။ ဒါေတြနဲ႔စစ္တာ လုံးဝမယုံၾကည္သင့္ဘူးလို႔ ေျပာျပခ်င္တယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီေန႔အေစာပိုင္းအထိ ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြအရ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၈၄ ဦးနဲ႔ ေရာဂါကူးစက္သူ ၁၂၀၀၀ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဈေးကွက်ထဲက ကိုဗစ်စမ်းသပ်ပစ္စည်းတွေ မှန်ကန်မှုရှိမရှိ သတိထားဖို့ ကျန်းမာရေးဌာနသတိပေး

(Unicode)

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာနဲ့အမျှ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အရှိန်မြင့် ဆောင်ရွက်နေချိန်မှာပဲ ပြည်တွင်းဈေးကွက်မှာ ရောဂါပိုးစစ်တဲ့ ပစ္စည်းတွေ ရောင်းချနေတဲ့ အန္တရာယ်ကိုလည်း သတိပေးနေတဲ့အကြောင်း တင်ပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် လပိုင်းအတွင်း သေဆုံးသူ ၂၀၀ ကျော်နဲ့ ကူးစက်သူ ၁ သောင်းကျော် တိုးလာသလို နောက်ထပ်လည်း ရောဂါကူးစက်မယ့် အန္တရာယ် ရှိနေတာကြောင့် ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေကို အရှိန်မြှင့်ဆောင်ရွက်လာနေတာပါ။ ရောဂါပိုး ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ဒီသီတင်းပတ်ကစလို့ တိုးမြှင့်စစ်ဆေးပေးနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ဆေးရုံ ၉ရုံစစ်တယ်။ ဒီနေ့တော့ အဲဒီ ဆေးရုံကြီး ၉ ရုံမှာ အရေအတွက်ပိုဖို့ရှိတယ် ခင်ဗျ။ မနေ့ကတော့ Report တွေ တက်မလာသေးဘူး။ မနေ့ကတော့ကျနော်တို့အားလုံး ၁၀၀ကျော်ကျော်လောက် စစ်လိုက်တယ်။ အဓိကတော့ Training အနေနဲ့ပေါ့နော် သင်ကြားရင်းနဲ့ စစ်ပေးတဲ့သဘောပေါ့နော်။ရန်ကုန်ဆေးရုံကြီးမှာတော့ မနေ့က ၆၀လောက်စစ်တယ်။ တယောက်မှတော့ positive မဖြစ်ဘူး ဒါပေမယ့် လှိုင်သာယာမှာတော့ တချို့ positive ဖြစ်တာတွေ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ စုပြီးတော့ ထုတ်ပြန်ပါမယ်ခင်ဗျ။ ရန်ကုန်မှာရှိတဲ့ pilot အနေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဆေးရုံ ၉ရုံမကဘဲ ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ ခရိုင်အဆင့်မြို့နယ် အဆင့် ဆေးရုံတွေ၊ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဆေးရုံတွေကို လိုအပ်လာရင် လိုအပ်သလို မြို့နယ်ဆေးရုံအထိပေါ့နော် ဒါကိုတော့ ကျနော်တို့ အဆင့်လိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကိုဗစ်ရောဂါ ရှိမရှိကို စစ်ဆေးနိုင်မယ့် ပစ္စည်းတွေ ဒီလကုန်မှာ နောက်ထပ် ၂သိန်းထပ်ရဖို့ရှိနေကြောင်းလည်း ပြောပါတယ်။ စစ်ဆေးရာမှာတော့ ကျန်းမာရေးဝန်ထမ်း၊ သံသယလူနာ၊ အရေးပေါ် ခွဲစိတ်မယ့်လူနာတွေအပြင်၊ အတည်ပြုလူနာတွေနဲ့ တိုက်ရိုက်ထိတွေ့ဖူးသူတွေကို အဓိက ဦးစားပေး စစ်ဆေးသွားမယ်လို့ သူကပြောပါတယ်။

မိနစ်ပိုင်းအတွင်း ကိုဗစ်ပိုးရှိမရှိ အဖြေသိနိုင်မယ့် သိန်းနဲ့ချီတဲ့ test kit ပစ္စည်းတွေ ရောက်လာတဲ့အခါ ရန်ကုန်သာမက အခြားတိုင်းနဲ့ပြည်နယ်တွေကိုပါ ပေးပို့အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရောဂါပိုး စစ်ဆေးမှုတွေ တိုးလာတာနဲ့အမျှ အတည်ပြုလူနာတွေ တိုးလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်လို့လည်း အထွေထွေရောဂါကု ဆရာဝန်ကြီးဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

“ဒီ Rapid Antigen test တွေပေါ်ပေါက်လာပြီး စစ်ဆေးနိုင်တာကတော့ ကောင်းကျိုး တွေအများကြီးပဲရှိတယ်။ ဆိုးကျိုးဆိုတော့ ဆိုးကျိုးရယ်တော့ပြောမရဘူး။ အကယ်၍များ အဲလို စစ်ဆေးလိုက်ပြီးရင် ခုနက ပိုးရှိတဲ့လူတွေ ပိုတွေ့လာမှာပေါ့နော် ။ ပိုးတွေ့တဲ့လူတွေ တပြိုင်တည်း အများကြီးဖြစ်လာနိုင်တယ် ဒါကို ဆရာတို့ စနစ်တကျ ကိုင်တွယ်နိုင်ဖို့ အရေးကြီးတယ်။ ကိုင်တွယ်နိုင်မယ်ဆိုရင်တော့ အကျိုးအများကြီးရှိတယ်။ ဆိုတော့ တခုပဲ ရှိတာက သူတို့ စီစဉ်ဆောင်ရွက်နိုင်မယ့်အတိုင်းအတာ ပမာဏထက် ကျော်လွန်ပြီးတော့ ပိုးတွေ့တဲ့လူတွေ များလာရင်အတွက် Stretegy တခု အဲဒီအခါကျမှ ပြောင်းရမှာပေါ့နော်။ အခုလက်ရှိ လုပ်နေတဲ့ အစီအမံအတိုင်းပဲ ဆရာတို့ လိုက်နာဖို့လိုတယ်။ နောက်တခု လူတွေအနေနနဲ့ကလည်း တိတိကျကျ ဆက်ပြီးတော့လိုက်နာဆောင်ရွက်သွားဖို့ လိုတယ်ပေါ့။”

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ရောဂါပိုး စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေချိန်မှာပဲ ရောဂါလက္ခဏာ သံသယကြောင့် စိုးရိမ်စိတ်နဲ့ စစ်ဆေးချင်တဲ့သူတွေလည်း တိုးလာနေပါတယ်။ အခုဆိုရင် ပြည်တွင်း ဆေးဈေးကွက်မွာ ရောဂါပိုး ရှိ မရှိသွေးဖောက်စစ်ဆေးတဲ့ ပစ္စည်းတွေ ရောင်းချလာနေတဲ့အတွက် သတိထားဖို့လည်း ဒေါက်တာ သန်းနိုင်စိုးက သတိပေးပါတယ်။

“ဒီ Test kit ကိုတော့ ကမ္ဘာကျန်းမာရေးအဖွဲ့က အသိမှတ်ပြုတာ ရက်ပိုင်းဘဲရှိသေးတယ်။ ကျန်တာတွေကို အသိမှတ် ပြုထားခြင်း မရှိပါဘူး။ အသိအမတ်မပြုတဲ့ Test Kit တွေ နိုင်ငံအလိုက်အသိမှတ်ပြုတာရှိချင်ရှိမယ်။ နောက်တခါ ကမ္ဘာကျန်းမာရေးအဖွဲ့က အသိမှတ်ပြုတာ ကတော့ လက်တလောမှာ Standard Q တမျိုးပဲရှိသေးတယ်။ အသိအမှတ်ပြုတဲ့ Test Kit ဆိုတာ တကယ်တမ်းကျတော့ သူ့နည်းလမ်းတွေနဲ့ မှန်ကန်အောင်စစ်ဖို့လိုတယ်ခင်ဗျ။ ဒီ ကျနော်တို့ Standard Q တောင်မှ တရက် ၂ ရက်ကျော်သွားတဲ့ sample တွေမှာ ရေခဲသေတ္တာထဲထားပြီး ပြန်စစ်ရင်တောင်မှ အဖြေ မမှန်ဘူးပေါ့နော်။ ဖြစ်နိုင်ရင် ရေခဲသေတ္တာမှာ ထားပြီးတော့ ၄ နာရီအတွင်း စစ်နိုင်မှသာ အဖြေမှန်တာမျိုးလည်းရှိတယ်ပေါ့။ ဒီလိုမျိုး ဒီ Test ကတော့ ပေါ့စတစ်ဖြစ်တယ်ဆိုပြီး ဖေ့ဘုတ်ကြော်ငြာလေးနဲ့ သွားပြီးတော့ စစ်တာကတော့ လွဲဖို့များပါတယ်။ ဒါတွေနဲ့စစ်တာ လုံးဝမယုံကြည်သင့်ဘူးလို့ ပြောပြချင်တယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့အစောပိုင်းအထိ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂၈၄ ဦးနဲ့ ရောဂါကူးစက်သူ ၁၂၀၀၀ကျော် ရှိနေပါတယ်။

XS
SM
MD
LG