သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေဆးဝါးသုံးစြဲမႈသတိထားဖို႔ က်န္းမာေရးတာဝန္ရွိသူေတြသတိေပး


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ Swab နမူနာယူဖို႔ ျပင္ဆင္ေနၾကတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ရင္ဆိုင္ေနရခ်ိန္မွာ ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးေသာက္သုံးတာေတြ မလုပ္ၾကဖို႔နဲ႔ က်န္းမာေရးဆိုင္ရာ သတင္းမွားေတြကို ေရွာင္ရွားၾကဖို႔လည္း က်န္းမာေရးပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈနဲ႔ ကူးစက္သူ တိုးလာေနတာေၾကာင့္ စိုးရိမ္မႈေတြ တိုးလာေနခ်ိန္မွာပဲ ေဆးဝါးမ်ိဳးစုံကို အြန္လိုင္း အပါအဝင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေရာင္းခ်သုံးစြဲေနသူေတြလည္း တိုးလာေနတာေၾကာင့္ သတိထားဖို႔ကို က်န္းမာေရး ပညာရွင္ေတြ သတိေပးေနတာပါ။ တခ်ိဳ႕ေဆးေတြကို သုံးစြဲရာမွာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးျဖစ္ႏိုင္တာေၾကာင့္ ကြၽမ္းက်င္သူေတြနဲ႔ မတိုင္ပင္ဘဲ ေသာက္သုံးတာေတြ မလုပ္သင့္ဘူးလို႔လည္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“ျပည္သူေတြကို အဓိကအသိေပးခ်င္တာကေတာ့ အခုဒီလိုကာလမွာဆိုရင္ ဟိုေဆးကိုေသာက္ပါလား၊ ဒီေဆးကေတာ့ အစြမ္းထက္တယ္၊ စသျဖင့္ေပါ့ေနာ္။ ဗီတာမင္မ်ိဳးစုံ၊ တခ်ိဳ႕ေဆးမ်ိဳးစုံကို အြန္လိုင္းကေနတဆင့္ မွ်ေဝတာမွာ တခ်ိဳ႕ေတြက ထင္ေယာင္ထင္မွားျဖစ္ၿပီးေတာ့ မလိုအပ္ဘဲ ေသာက္ၾကတာမ်ိဳးေတြ ရွိပါတယ္။ ဒါဟာ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။ ဗီတာမင္ပဲျဖစ္ျဖစ္၊ ေဆးပဲျဖစ္ျဖစ္ လိုအပ္တဲ့သူအတြက္ေတာ့ ဒါဟာအသုံးဝင္ၿပီး အစြမ္းထက္ေစေပမဲ့လို႔ မလိုတဲ့သူအတြက္ကေတာ့ ပိုလွ်ံလို႔ရွိရင္ ဒုကၡမ်ားေစပါတယ္။ မလိုအပ္ဘဲနဲ႔ ဒါဟာ ကိုဗစ္ကို ကာကြယ္တယ္ဆိုၿပီးေတာ့ မရွိမဲ့ရွိမဲ့နဲ႔ ဝယ္ေသာက္ၾကတယ္။ ဒါမ်ိဳးေတြဟာ ဝင္ေငြနည္းတဲ့သူေတြအတြက္က သူတို႔ရဲ႕ေၾကာက္႐ြံ႕တဲ့စိတ္ေၾကာင့္သာ ဝယ္ေသာက္ေပမဲ့ ဒါဟာလည္းမျဖစ္သင့္ပါဘူး။ ဒါေၾကာင့္မို႔ မလိုအပ္ဘဲနဲ႔ ေဆးေတြကို မေသာက္ၾကပါနဲ႔။”

ဒီလိုအခ်ိန္မွာ ေရာဂါကိုကာကြယ္ႏိုင္ဖို႔အတြက္ဆို က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အစားအေသာက္ေတြကို စားၿပီး၊ အိပ္ေရးဝေအာင္အိပ္ဖို႔နဲ႔ သင့္တင့္တဲ့ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းကို ပုံမွန္လုပ္ေပးၿပီး၊ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္ဖို႔ အေရးႀကီးတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ကိုဗစ္ေရာဂါပိုးရွိေနေပမဲ့ ေရာဂါလကၡဏာမျပသူေတြဆီကေန တျခားသူေတြကို ကူးစက္ႏိုင္လို႔ ဆီးခ်ိဳေရာဂါနဲ႔ နာတာရွည္ေရာဂါရွိသူေတြ အေနနဲ႔ ကိုယ့္ရဲ႕ေနအိမ္တြင္းမွာသာ သီးျခားေနထိုင္ဖို႔ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးထားပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း တဦးတေယာက္ခ်င္းစီအေနနဲ႔ ကိုယ့္ရဲ႕က်န္းမာေရးကို ဂ႐ုစိုက္ေနဖို႔က အဓိကက်တယ္လို႔ အြန္လိုင္းကေနတဆင့္ မိန႔္ခြန္းေျပာရာမွာ တိုက္တြန္းထားပါတယ္။

“က်မထပ္တလဲလဲေျပာသလိုေပါ့။ က်မတို႔ျပည္သူေတြရဲ႕အဓိကတာဝန္ကေတာ့ ကိုယ့္က်န္းမာေရး ကိုယ္ဂ႐ုစိုက္ဖို႔ပဲ။ ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ပါ။ ကိုယ့္ကို ပိုးဝင္ၿပီးၿပီဆိုရင္ ဒါကိုေက်ာ္လႊားႏိုင္ဖို႔ စိတ္ဓာတ္အင္အားနဲ႔တင္မက က်မတို႔ႏိုင္ငံေတာ္ကေပးတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈအင္အားနဲ႔ ေက်ာ္လႊားပါ။ ကိုဗစ္ေရာဂါပိုး မဝင္ေသးဘူးဆိုရင္လည္း ေနာင္မဝင္ေအာင္လို႔ ကိုယ့္ကိုမကူးစက္ေအာင္လို႔၊ တျခားလူေတြ မကူးစက္ေအာင္လို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားၾကပါလို႔ က်မအေနနဲ႔ေမတၱာ ရပ္ခံခ်င္ပါတယ္။ က်န္တဲ့ကိစၥေတြကိုေတာ့ က်မတို႔ႏိုင္ငံေတာ္ကေနၿပီးေတာ့ တတ္ႏိုင္သမွ်တာဝန္ယူပါ့မယ္။ က်မကတတ္ႏိုင္သမွ်လို႔ေျပာတာက ဘာျဖစ္လို႔လဲဆိုေတာ့ အားလုံးကိုလည္း က်မတို႔ကေနၿပီးေတာ့ ႀကိဳတင္ၿပီးေတာ့ခန႔္မွန္းလို႔ မရပါဘူး။ ခန႔္မွန္းႏိုင္သ၍ေတာ့ ခန႔္မွန္းၿပီးေတာ့ ျပည္သူလူထုမထိခိုက္ေအာင္၊ ႏိုင္ငံေတာ္မထိခိုက္ေအာင္လို႔ က်မတို႔ တစိုက္မတ္မတ္ လုပ္ေနပါတယ္ဆိုတာေတာ့ ျပည္သူေတြယုံၾကည္ေစခ်င္ပါတယ္။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာကိုဗစ္အတည္ျပဳလူနာေပါင္း ၁၂,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူကေတာ့ ၂၈၄ ဦး ရွိပါတယ္။ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံဆင္းခြင့္ရသူကေတာ့ ၃,၃၀၀ ေက်ာ္ရွိထားၿပီးျဖစ္ပါတယ္။ ကိုဗစ္ေရာဂါနဲ႔ပတ္သက္တဲ့ အေမး၊ အေျဖအစီအစဥ္ကိုလည္း အဂၤါ၊ ဗုဒၶဟူးနဲ႔ ၾကာသပေတးေန႔ေတြမွာ ထုတ္လႊင့္ေျဖၾကားေပးမွာျဖစ္လို႔ ကပ္ေရာဂါသတင္းအမွားေတြကို မယုံၾကဖို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လက္ရွိကာလမွာ လူေတြေၾကာက္လန႔္ေနတာကို အခြင့္ေကာင္းယူၿပီးေတာ့ ရႈေထာင့္ေပါင္းစုံ ဘက္ေပါင္းစုံကေန သတင္းအမွားကို သတင္းအမွန္သဖြယ္ အခ်က္အလက္အမွားေတြကို အေပၚကေနသၾကားအုပ္ၿပီးတဲ့အခါက်ေတာ့ အမွန္သဖြယ္တင္ျပတဲ့ ကိစၥေတြကလည္း အလြန္အႏၲရာယ္မ်ားပါတယ္၊ မလုပ္သင့္ပါဘူး။ ဒီအခ်ိန္မွာအားလုံးက အသက္နဲ႔ရင္းၿပီးလုပ္ေနရတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ မိမိရဲ႕သတင္းအမွားဟာ အမ်ားျပည္သူအတြက္ အသက္အႏၲရာယ္ကို အမ်ားႀကီး ထိခိုက္ႏိုင္ပါတယ္။ ဒါေလးကိုလည္း သတိေပးလိုပါတယ္။”

ဒီကေန႔အေစာပိုင္း ထုတ္ျပန္တဲ့စာရင္းေတြအရ ကိုဗစ္ေရာဂါကူးစက္သူ ၁၂,၄၂၅ ဦးရွိေနတဲ့ ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (Asean) ထဲမွာ စတုတၳေနရာမွာရွိေနၿပီး ေသဆုံးသူအေရအတြက္ကေတာ့ ၂၈၄ ဦးနဲ႔ တတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ ဆေးဝါးသုံးစွဲမှုသတိထားဖို့ ကျန်းမာရေးတာဝန်ရှိသူတွေသတိပေး

ကိုဗစ်ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်သုံးတာတွေ မလုပ်ကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ သတင်းမှားတွေကို ရှောင်ရှားကြဖို့လည်း ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုနဲ့ ကူးစက်သူ တိုးလာနေတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ ဆေးဝါးမျိုးစုံကို အွန်လိုင်း အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ရောင်းချသုံးစွဲနေသူတွေလည်း တိုးလာနေတာကြောင့် သတိထားဖို့ကို ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတာပါ။ တချို့ဆေးတွေကို သုံးစွဲရာမှာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်နိုင်တာကြောင့် ကျွမ်းကျင်သူတွေနဲ့ မတိုင်ပင်ဘဲ သောက်သုံးတာတွေ မလုပ်သင့်ဘူးလို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“ပြည်သူတွေကို အဓိကအသိပေးချင်တာကတော့ အခုဒီလိုကာလမှာဆိုရင် ဟိုဆေးကိုသောက်ပါလား၊ ဒီဆေးကတော့ အစွမ်းထက်တယ်၊ စသဖြင့်ပေါ့နော်။ ဗီတာမင်မျိုးစုံ၊ တချို့ဆေးမျိုးစုံကို အွန်လိုင်းကနေတဆင့် မျှဝေတာမှာ တချို့တွေက ထင်ယောင်ထင်မှားဖြစ်ပြီးတော့ မလိုအပ်ဘဲ သောက်ကြတာမျိုးတွေ ရှိပါတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။ ဗီတာမင်ပဲဖြစ်ဖြစ်၊ ဆေးပဲဖြစ်ဖြစ် လိုအပ်တဲ့သူအတွက်တော့ ဒါဟာအသုံးဝင်ပြီး အစွမ်းထက်စေပေမဲ့လို့ မလိုတဲ့သူအတွက်ကတော့ ပိုလျှံလို့ရှိရင် ဒုက္ခများစေပါတယ်။ မလိုအပ်ဘဲနဲ့ ဒါဟာ ကိုဗစ်ကို ကာကွယ်တယ်ဆိုပြီးတော့ မရှိမဲ့ရှိမဲ့နဲ့ ဝယ်သောက်ကြတယ်။ ဒါမျိုးတွေဟာ ဝင်ငွေနည်းတဲ့သူတွေအတွက်က သူတို့ရဲ့ကြောက်ရွံ့တဲ့စိတ်ကြောင့်သာ ဝယ်သောက်ပေမဲ့ ဒါဟာလည်းမဖြစ်သင့်ပါဘူး။ ဒါကြောင့်မို့ မလိုအပ်ဘဲနဲ့ ဆေးတွေကို မသောက်ကြပါနဲ့။”

ဒီလိုအချိန်မှာ ရောဂါကိုကာကွယ်နိုင်ဖို့အတွက်ဆို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို စားပြီး၊ အိပ်ရေးဝအောင်အိပ်ဖို့နဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပြီး၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ အရေးကြီးတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ကိုဗစ်ရောဂါပိုးရှိနေပေမဲ့ ရောဂါလက္ခဏာမပြသူတွေဆီကနေ တခြားသူတွေကို ကူးစက်နိုင်လို့ ဆီးချိုရောဂါနဲ့ နာတာရှည်ရောဂါရှိသူတွေ အနေနဲ့ ကိုယ့်ရဲ့နေအိမ်တွင်းမှာသာ သီးခြားနေထိုင်ဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တဦးတယောက်ချင်းစီအနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်နေဖို့က အဓိကကျတယ်လို့ အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ တိုက်တွန်းထားပါတယ်။

“ကျမထပ်တလဲလဲပြောသလိုပေါ့။ ကျမတို့ပြည်သူတွေရဲ့အဓိကတာဝန်ကတော့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ဖို့ပဲ။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ကို ပိုးဝင်ပြီးပြီဆိုရင် ဒါကိုကျော်လွှားနိုင်ဖို့ စိတ်ဓာတ်အင်အားနဲ့တင်မက ကျမတို့နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအင်အားနဲ့ ကျော်လွှားပါ။ ကိုဗစ်ရောဂါပိုး မဝင်သေးဘူးဆိုရင်လည်း နောင်မဝင်အောင်လို့ ကိုယ့်ကိုမကူးစက်အောင်လို့၊ တခြားလူတွေ မကူးစက်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါလို့ ကျမအနေနဲ့မေတ္တာ ရပ်ခံချင်ပါတယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ကျမတို့နိုင်ငံတော်ကနေပြီးတော့ တတ်နိုင်သမျှတာဝန်ယူပါ့မယ်။ ကျမကတတ်နိုင်သမျှလို့ပြောတာက ဘာဖြစ်လို့လဲဆိုတော့ အားလုံးကိုလည်း ကျမတို့ကနေပြီးတော့ ကြိုတင်ပြီးတော့ခန့်မှန်းလို့ မရပါဘူး။ ခန့်မှန်းနိုင်သ၍တော့ ခန့်မှန်းပြီးတော့ ပြည်သူလူထုမထိခိုက်အောင်၊ နိုင်ငံတော်မထိခိုက်အောင်လို့ ကျမတို့ တစိုက်မတ်မတ် လုပ်နေပါတယ်ဆိုတာတော့ ပြည်သူတွေယုံကြည်စေချင်ပါတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာကိုဗစ်အတည်ပြုလူနာပေါင်း ၁၂,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူကတော့ ၂၈၄ ဦး ရှိပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူကတော့ ၃,၃၀၀ ကျော်ရှိထားပြီးဖြစ်ပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အမေး၊ အဖြေအစီအစဉ်ကိုလည်း အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ဖြေကြားပေးမှာဖြစ်လို့ ကပ်ရောဂါသတင်းအမှားတွေကို မယုံကြဖို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လက်ရှိကာလမှာ လူတွေကြောက်လန့်နေတာကို အခွင့်ကောင်းယူပြီးတော့ ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ သတင်းအမှားကို သတင်းအမှန်သဖွယ် အချက်အလက်အမှားတွေကို အပေါ်ကနေသကြားအုပ်ပြီးတဲ့အခါကျတော့ အမှန်သဖွယ်တင်ပြတဲ့ ကိစ္စတွေကလည်း အလွန်အန္တရာယ်များပါတယ်၊ မလုပ်သင့်ပါဘူး။ ဒီအချိန်မှာအားလုံးက အသက်နဲ့ရင်းပြီးလုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ မိမိရဲ့သတင်းအမှားဟာ အများပြည်သူအတွက် အသက်အန္တရာယ်ကို အများကြီး ထိခိုက်နိုင်ပါတယ်။ ဒါလေးကိုလည်း သတိပေးလိုပါတယ်။”

ဒီကနေ့အစောပိုင်း ထုတ်ပြန်တဲ့စာရင်းတွေအရ ကိုဗစ်ရောဂါကူးစက်သူ ၁၂,၄၂၅ ဦးရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (Asean) ထဲမှာ စတုတ္ထနေရာမှာရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၂၈၄ ဦးနဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။

XS
SM
MD
LG