သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖားကန႔္နဲ႔ ရတနာနယ္ေျမမ်ား ေနာက္ထပ္ႏွစ္လရပ္နားဖို႔ စီစဥ္ေန


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာ ေက်ာက္မ်က္တူးေဖာ္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၂၈၊ ၂၀၁၅)

[Zawgyi/Unicode]

COVID 19 ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ဖားကန္႔နဲ႔ အျခားရတနာေျမေတြမွာ မုိးတြင္းကာလ ေက်ာက္မ်က္ တူးေဖာ္ခြင့္ ရပ္နားထားတာကို ေနာက္ထပ္ ၂ လ သက္တမ္းတိုးဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

မိုးရာသီကာလမွာ လံုးခင္း၊ ဖားကန္႔၊ ခႏီၱးနဲ႔ ေမာ္လူး-ေမာ္ဟန္ ရတနာေျမေတြကေန ေက်ာက္စိမ္းရိုင္း ထုတ္လုပ္တာကို ဇူလုိင္လ ၁ ရက္ေန႔ကေန စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ယာယီ ရပ္နားထားခဲ့တာပါ။

ပံုမွန္အေျခအေနဆုိရင္ ေအာက္တုိဘာလ ၁ ရက္ေန႔မွာ ေက်ာက္မ်က္တူးေဖာ္မႈကို ျပန္လည္ခြင့္ျပဳရမွာ ျဖစ္ေပမဲ့ လက္ရိွ ျဖစ္ပြားေနတဲ့ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ ေနာက္ထပ္ ၂ လ ထပ္မံရပ္နားဖုိ႔ စီစဥ္ေနေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္း၀ယ္ေရး လုပ္ငန္းရံုးခ်ဳပ္က အဆင့္ျမင့္အရာရိွတစ္ဦးက အခုလုိ ေျပာပါတယ္။

“အဲဒီက နယ္ေျမအေျခအေနရယ္၊ လုပ္ငန္းအေျခအေနရယ္၊ ဒီေရာဂါအေျခအေနေၾကာင့္မုိ႔ က်ေနာ္တုိ႔က ဒါကိုေတာ့ ဟုိ က်န္တဲ့ ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ၊ အသင္းေတြ၊ က်န္တဲ့ေဒသေတြေရာေပါ့ေနာ္။ သူတို႔ တင္ျပခ်က္ရေတာ့ ဆက္လက္ၿပီးေတာ့ ၂ လ ယာယီရပ္နားဖို႔ အထက္ကိုေတာ့ တင္ျပထားပါတယ္ဗ်။ ဒီဟာေလးကို။ ခြင့္ျပဳခ်က္ေပါ့၊ ခြင့္ျပဳခ်က္ရတာနဲ႔ ခ်က္ခ်င္းထုတ္ျပန္ပါမယ္။ ေလာေလာဆယ္ကေတာ့ ဒီလုပ္ငန္းေတြက အၿငိမ္ပဲ ဆက္ၿပီးေတာ့ သြားေနမွာေပါ့ေနာ္။ အဲဒါ ညႊန္ၾကားခ်က္ကေတာ့ တရား၀င္ ထုတ္ဖို႔ပဲ က်န္ပါေတာ့တယ္။”

ေနာက္ထပ္ ၂ လ ယာယီရပ္နားဖို႔ကို ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းထံကေန သေဘာထားရယူၿပီး လြန္ခဲ့တဲ့အပတ္က အစိုးရအဖဲြ႔ကို တင္ျပထားတာျဖစ္ေၾကာင္းနဲ႔ အစိုးရဆီက ခြင့္ျပဳခ်က္မရရိွမီမွာ လုပ္ငန္းေတြ ရပ္နားထားဖုိ႔ ညႊန္ၾကားထားေၾကာင္းလည္း ေျပာပါတယ္။

ဖားကန္႔ေဒသက အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က လက္ရိွ ဖားကန္႔ေဒသမွာ COVID 19 ကူးစက္မႈအေျခအေနကို အခုလို ေျပာပါတယ္။

“ဖားကန္႔မွာ မေန႔က သူတုိ႔စစ္တဲ့အထဲမွာ အကုန္လံုးေပၚတာကေတာ့ ဒီေန႔ထိကေတာ့ ၃၅ေယာက္လို႔ ေျပာတယ္ဗ်။ COVID 19 က၊ Positive က ၃၅ ေယာက္၊ အဲဒီေတာင္ၿပိဳရြာတစ္ခုမွာပဲ။ သူတို႔က စစ္ေတြက လာၿပီးေတာ့မွ အကုန္ contact ျဖစ္သြားတာ။ အဲဒီမွာ ၃၅ ဦးရိွတယ္။ ေဆးရံုကဆင္းတာကေတာ့ ဟုိေန႔က ၄ ဦးရယ္၊ အကုန္လံုး ၉ ဦးေလာက္ေတာ့ ဆင္းၿပီ။”

ေလာေလာဆယ္ ဖားကန္႔ၿမိဳ႕နယ္အတြင္း ကပ္ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ေဆာင္ရြက္ေနတာေတြကိုလည္း အခုလို ဆက္ေျပာပါတယ္။

“အခုကေတာ့ ရန္ကုန္လုိပဲ အားလံုးက Stay at home ပဲ။ ေနာက္ၿပီးေတာ့မွ အျပင္မသြား၊မလာဖုိ႔၊ ေနာက္ တစ္ရပ္ကြက္နဲ႔ တစ္ရပ္ကြက္သြားမယ္ဆုိ out pass ေပါ့ဗ်ာ။ ကဒ္ျပားေလးနဲ႔ ေစ်း၀ယ္ဘာညာဆုိ အဲဒီမွာ တစ္ခ်ိန္ပဲ ထြက္ရမယ္ဆုိ ကန္႔သတ္ထားတာေပါ့။ အ၀င္အထြက္ေတြကေတာ့ အကုန္ ဂိတ္ေတြနဲ႔ ထားတာေပါ့။ ဒါေပမဲ့ ၀င္လု႔ိထြက္လို႔ ေတာ့ ရတာေပါ့။ ဒီ အစားအေသာက္၀ယ္တာတို႔ ဘာတို႔ ေစ်းသြားတာတုိ႔။ ၿမိဳ႕အ၀င္အထြက္ေတြလည္း အကုန္လံုး ကန္႔သတ္ထားတယ္။ လာသမွ်လူကေတာ့အကုန္လံုး Quarantine ၀င္ရမယ္။ ကိုယ္စရိတ္နဲ႔ ကိုယ္ေပါ့။”

ကခ်င္ျပည္နယ္မွာ စက္တင္ဘာလ ၃၀ ရက္ မနက္ပိုင္းအထိ COVID 19 ပုိးေတြ႔လူနာ ၄၅ ဦး ေတြ႔ရိွထားၿပီး ဖားကန္႔ၿမိဳ႕နယ္မွာ ၃၅ ဦး ရိွေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖားကန့်နဲ့ ရတနာနယ်မြေများ နောက်ထပ်နှစ်လရပ်နားဖို့ စီစဉ်နေ

COVID 19 ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဖားကန့်နဲ့ အခြားရတနာမြေတွေမှာ မိုးတွင်းကာလ ကျောက်မျက် တူးဖော်ခွင့် ရပ်နားထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

မိုးရာသီကာလမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီးနဲ့ မော်လူး-မော်ဟန် ရတနာမြေတွေကနေ ကျောက်စိမ်းရိုင်း ထုတ်လုပ်တာကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီ ရပ်နားထားခဲ့တာပါ။

ပုံမှန်အခြေအနေဆိုရင် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျောက်မျက်တူးဖော်မှုကို ပြန်လည်ခွင့်ပြုရမှာ ဖြစ်ပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် နောက်ထပ် ၂ လ ထပ်မံရပ်နားဖို့ စီစဉ်နေကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ်က အဆင့်မြင့်အရာရှိတစ်ဦးက အခုလို ပြောပါတယ်။

“အဲဒီက နယ်မြေအခြေအနေရယ်၊ လုပ်ငန်းအခြေအနေရယ်၊ ဒီရောဂါအခြေအနေကြောင့်မို့ ကျနော်တို့က ဒါကိုတော့ ဟို ကျန်တဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ၊ အသင်းတွေ၊ ကျန်တဲ့ဒေသတွေရောပေါ့နော်။ သူတို့ တင်ပြချက်ရတော့ ဆက်လက်ပြီးတော့ ၂ လ ယာယီရပ်နားဖို့ အထက်ကိုတော့ တင်ပြထားပါတယ်ဗျ။ ဒီဟာလေးကို။ ခွင့်ပြုချက်ပေါ့၊ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်းထုတ်ပြန်ပါမယ်။ လောလောဆယ်ကတော့ ဒီလုပ်ငန်းတွေက အငြိမ်ပဲ ဆက်ပြီးတော့ သွားနေမှာပေါ့နော်။ အဲဒါ ညွှန်ကြားချက်ကတော့ တရားဝင် ထုတ်ဖို့ပဲ ကျန်ပါတော့တယ်။”

နောက်ထပ် ၂ လ ယာယီရပ်နားဖို့ကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းထံကနေ သဘောထားရယူပြီး လွန်ခဲ့တဲ့အပတ်က အစိုးရအဖွဲ့ကို တင်ပြထားတာဖြစ်ကြောင်းနဲ့ အစိုးရဆီက ခွင့်ပြုချက်မရရှိမီမှာ လုပ်ငန်းတွေ ရပ်နားထားဖို့ ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။

ဖားကန့်ဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က လက်ရှိ ဖားကန့်ဒေသမှာ COVID 19 ကူးစက်မှုအခြေအနေကို အခုလို ပြောပါတယ်။

“ဖားကန့်မှာ မနေ့က သူတို့စစ်တဲ့အထဲမှာ အကုန်လုံးပေါ်တာကတော့ ဒီနေ့ထိကတော့ ၃၅ယောက်လို့ ပြောတယ်ဗျ။ COVID 19 က၊ Positive က ၃၅ ယောက်၊ အဲဒီတောင်ပြိုရွာတစ်ခုမှာပဲ။ သူတို့က စစ်တွေက လာပြီးတော့မှ အကုန် contact ဖြစ်သွားတာ။ အဲဒီမှာ ၃၅ ဦးရှိတယ်။ ဆေးရုံကဆင်းတာကတော့ ဟိုနေ့က ၄ ဦးရယ်၊ အကုန်လုံး ၉ ဦးလောက်တော့ ဆင်းပြီ။”

လောလောဆယ် ဖားကန့်မြို့နယ်အတွင်း ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတာတွေကိုလည်း အခုလို ဆက်ပြောပါတယ်။

“အခုကတော့ ရန်ကုန်လိုပဲ အားလုံးက Stay at home ပဲ။ နောက်ပြီးတော့မှ အပြင်မသွား၊မလာဖို့၊ နောက် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်သွားမယ်ဆို out pass ပေါ့ဗျာ။ ကဒ်ပြားလေးနဲ့ ဈေးဝယ်ဘာညာဆို အဲဒီမှာ တစ်ချိန်ပဲ ထွက်ရမယ်ဆို ကန့်သတ်ထားတာပေါ့။ အဝင်အထွက်တွေကတော့ အကုန် ဂိတ်တွေနဲ့ ထားတာပေါ့။ ဒါပေမဲ့ ဝင်လု့ိထွက်လို့ တော့ ရတာပေါ့။ ဒီ အစားအသောက်ဝယ်တာတို့ ဘာတို့ ဈေးသွားတာတို့။ မြို့အဝင်အထွက်တွေလည်း အကုန်လုံး ကန့်သတ်ထားတယ်။ လာသမျှလူကတော့အကုန်လုံး Quarantine ဝင်ရမယ်။ ကိုယ်စရိတ်နဲ့ ကိုယ်ပေါ့။”

ကချင်ပြည်နယ်မှာ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းအထိ COVID 19 ပိုးတွေ့လူနာ ၄၅ ဦး တွေ့ရှိထားပြီး ဖားကန့်မြို့နယ်မှာ ၃၅ ဦး ရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG