သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူေတြထဲ သံသယရွိသူေတြကို ကိုဗစ္ဓါတ္ခဲြစစ္ေဆးေန


ရန္ကုန္ၿမိဳ႕ Quarantine စင္တာတခုမွာ လုပ္အားေပးေနၾကတဲ့ ေစတနာ့ ဆရာ၀န္မ်ား။ (ေမ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူ တရက္တည္းမွာတင္ ၃၀ အထိ ရွိခဲ့တဲ့အထဲမွာ ထက္၀က္ဟာ ကြယ္လြန္ၿပီးမွ ေဆး႐ုံေရာက္လာသူေတြျဖစ္ၿပီး ေရာဂါထိန္းခ်ဳပ္ဖုိ႔ ေျခရာေကာက္စစ္ေဆးရာက အတည္ျပဳႏုိင္ခဲ့တာလုိ႔လည္း က်န္းမာေရး၀န္ႀကီးဌာန တာ၀န္ရွိသူက ေျပာဆုိလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပပါမယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါေၾကာင့္ ေသဆုံးမႈေတြကုိ အတည္ျပဳထားတဲ့အထဲမွာ မေန႔တုန္းက ထပ္တုိးလာတဲ့ ၃၀ အနက္ ထက္၀က္ဟာ ကြယ္လြန္ၿပီးမွ ေဆး႐ုံေရာက္လာၾကတာပါ။ မကြယ္လြန္ခင္မွာ ကုိဗစ္ေရာဂါလကၡဏာ ရွိသူေတြကုိ စစ္ေဆးခဲ့တာျဖစ္ၿပီး၊ ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္ရာမွာ ထိေတြ႔ဆက္ဆံခဲ့သူေတြကုိ ေျခရာခံႏုိင္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ အခုလုိ ကြယ္လြန္သူေတြကုိပါ စစ္ေဆးရတာလုိ႔လည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“ေသဆုံးတဲ့သူေတြတိုင္းကို ကိုဗစ္စစ္တာ မဟုတ္ပါဘူး။ ေသဆုံးတဲ့အခါမွာ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိပါတယ္။ မေသခင္က အိမ္မွာဖ်ားတာ ငါးရက္၊ ေျခာက္ရက္၊ တပတ္ေလာက္ၾကာတယ္၊ ေခ်ာင္းဆိုးတယ္၊ ေမာတယ္၊ အသက္မရႉႏိုင္ဘူး၊ အနံ႔မရဘူး စတဲ့ ကိုဗစ္နဲ႔ဆိုင္တဲ့ လကၡဏာေတြရွိေနတဲ့ ေရာဂါရာဇဝင္ရွိတဲ့သူကိုသာ စစ္တာျဖစ္ပါတယ္။ ေသတဲ့သူကေတာင္ ေသေနၿပီ၊ ဘာျဖစ္လို႔စစ္တာလဲ - စစ္ရတဲ့ရည္႐ြယ္ခ်က္ ေနာက္မွာရွိပါတယ္။ အေရးႀကီးတဲ့ရည္႐ြယ္ခ်က္က သူသာ Positive ျဖစ္တယ္ဆိုရင္ သူ႔ရဲ႕မိသားစုဝင္ေတြဟာ Close Contact ဆိုတဲ့ အနီးကပ္ထိေတြ႕သူေတြ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ သူ႔မိသားစုဝင္ေတြကို စစ္ေဆးဖို႔ လိုအပ္ပါတယ္။ စစ္ေဆးၿပီးလို႔ တကယ္လို႔ Positive ျဖစ္တယ္ဆိုရင္ သူတို႔ေတြကို Isolation လို႔ေခၚတဲ့ သီးျခားထားရွိမယ္။ ထားရွိၿပီးေတာ့ သူတို႔ရဲ႕ Contact ေတြကို ထပ္ၿပီးေတာ့ လိုက္ရမွာ ျဖစ္ပါတယ္။ ဒါဟာ က်မတို႔အခုလက္ရွိလုပ္ေနတဲ့ Contact Tracing မွာ Aggressive Contact Tracing ျဖစ္ပါတယ္။ Contact Tracing ကို ဒီမွာေသေသခ်ာခ်ာ ဂ႐ုတစိုက္လုပ္လို႔ရွိရင္ အခုလက္ရွိျဖစ္ေနတဲ့ ေရာဂါထိန္းခ်ဳပ္ေရးမွာ အဓိကအေရးႀကီးဆုံး အခန္းက႑က Cotact Tracing ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ က်မတို႔စစ္ေဆးတာ ျဖစ္ပါတယ္။"

အခုေသဆုံးခဲ့သူေပါင္း ၂၅၆ ဦးမွာ အေလာင္းအျဖစ္နဲ႔ ေဆး႐ုံကိုေရာက္လာသူက ၄၃ ေယာက္ရွိတယ္လို႔လည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ တခ်ိဳ႕ကေတာ့ ေရာဂါအေျခအေန ဆိုးေတာ့မွာ ေရာက္လာသူေတြျဖစ္ၿပီး၊ ၉၅ ရာခိုင္ႏႈန္းကေတာ့ နာတာရွည္ေရာဂါသည္ေတြ ျဖစ္တယ္လုိ႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ ေသဆုံးသူေတြထဲက ၅ ရာခိုင္ႏႈန္းကေတာ့ ေရာဂါလကၡဏာ လုံးဝမျပဘဲ ေသဆုံးခဲ့သူေတြ ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ ျဖစ္သူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ဒီလိုအခ်ိန္မွာ ေရာဂါအခံရွိသူေတြ၊ အသက္အ႐ြယ္ႀကီးသူေတြ ပိုၿပီးသတိရွိၾကဖို႔ကို အြန္လိုင္းကေနတဆင့္ မိန႔္ခြန္းေျပာရာမွာ သတိေပးလိုက္ပါတယ္။

“အရင္လည္း က်မတို႔ေျပာခဲ့ပါတယ္။ ဒီေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ အေသအေပ်ာက္ရွိခဲ့တာဟာ ဘာေတြနဲ႔ ဆက္စပ္ေနသလဲဆိုေတာ့ အေျခခံက်န္းမာေရးနဲ႔ ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္မို႔လို႔ အသက္ႀကီးတဲ့ပုဂၢိဳလ္ေတြ၊ အေျခခံက်န္းမာေရး အားမေကာင္းတဲ့ပုဂၢိဳလ္ေတြ၊ အေျခခံေရာဂါေတြ၊ တျခားေရာဂါေတြရွိတာ၊ အထူးသျဖင့္ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ က်မတို႔ရဲ႕ ျပည္သူေတြမွာ ရွိတတ္ပါတယ္။ အဲဒါေတြရွိတဲ့ ပုဂၢိဳလ္ေတြဆိုရင္ ပိုၿပီးေတာ့ သတိထားရပါတယ္။ ပိုၿပီးေတာ့ ကိုယ္ခံအား မေကာင္းလို႔ ပိုစိုးရိမ္စရာျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလိုေရာဂါေတြရွိလို႔လည္း ေစာေစာက က်မေျပာသလိုေပါ့ေနာ္ စိတ္ဓာတ္မက်ပါနဲ႔။ စိတ္ဓာတ္က အမ်ားႀကီးေဆာင္ပါတယ္။ ကိုယ္တေယာက္တည္း မဟုတ္ဘူး၊ ကိုယ္နဲ႔တတိုင္းျပည္လုံးက ရွိတယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ အင္အားေမြးပါ။ က်မတို႔တတိုင္းျပည္လုံးအတြက္ ကိုယ္ကလည္း ႐ုန္းကန္ရမယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ ဒီေရာဂါကိုေက်ာ္လႊားႏိုင္ေအာင္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဝန္ထမ္းေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေပးေစခ်င္ပါတယ္။"

ေရာဂါျပန႔္ပြားႏႈန္းတိုးၿပီး ဆိုးရြားေနတဲ့ ရန္ကုန္တိုင္းမွာ ကိုဗစ္နဲ႔ပတ္သက္တဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာေနေပမဲ့ ေစ်းေတြမွာေတာ့ စည္းကမ္းလိုက္နာမႈ အားနည္းေနေသးတယ္လို႔ အတိုင္ပင္ခံကေျပာပါတယ္။ စည္းမ်ဥ္းစည္းကမ္းေတြကို အခုထက္ပိုၿပီး လိုက္နာဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ဒီကေန႔ အေစာပုိင္း ထုတ္ျပန္တဲ့ စာရင္းေတြအရ ကုိဗစ္ေရာဂါ ကူးစက္သူ ၁၁,၆၃၁ ဦးရွိေနတဲ့ ျမန္မာႏုိင္ငံဟာ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအသင္း (Asean) ထဲမွာ စတုတၳေနရာမွာရွိေနၿပီး ေသဆုံးသူအေရအတြက္ကေတာ့ ၂၅၆ ဦးနဲ႔ တတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွယ်လွန်သူတွေထဲ သံသယရှိသူတွေကို ကိုဗစ်ဓါတ်ခွဲစစ်ဆေးနေ

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ တရက်တည်းမှာတင် ၃၀ အထိ ရှိခဲ့တဲ့အထဲမှာ ထက်ဝက်ဟာ ကွယ်လွန်ပြီးမှ ဆေးရုံရောက်လာသူတွေဖြစ်ပြီး ရောဂါထိန်းချုပ်ဖို့ ခြေရာကောက်စစ်ဆေးရာက အတည်ပြုနိုင်ခဲ့တာလို့လည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေကို အတည်ပြုထားတဲ့အထဲမှာ မနေ့တုန်းက ထပ်တိုးလာတဲ့ ၃၀ အနက် ထက်ဝက်ဟာ ကွယ်လွန်ပြီးမှ ဆေးရုံရောက်လာကြတာပါ။ မကွယ်လွန်ခင်မှာ ကိုဗစ်ရောဂါလက္ခဏာ ရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး၊ ရောဂါကူးစက်မှုကို ထိန်းချုပ်ရာမှာ ထိတွေ့ဆက်ဆံခဲ့သူတွေကို ခြေရာခံနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ကွယ်လွန်သူတွေကိုပါ စစ်ဆေးရတာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“သေဆုံးတဲ့သူတွေတိုင်းကို ကိုဗစ်စစ်တာ မဟုတ်ပါဘူး။ သေဆုံးတဲ့အခါမှာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ မသေခင်က အိမ်မှာဖျားတာ ငါးရက်၊ ခြောက်ရက်၊ တပတ်လောက်ကြာတယ်၊ ချောင်းဆိုးတယ်၊ မောတယ်၊ အသက်မရှူနိုင်ဘူး၊ အနံ့မရဘူး စတဲ့ ကိုဗစ်နဲ့ဆိုင်တဲ့ လက္ခဏာတွေရှိနေတဲ့ ရောဂါရာဇဝင်ရှိတဲ့သူကိုသာ စစ်တာဖြစ်ပါတယ်။ သေတဲ့သူကတောင် သေနေပြီ၊ ဘာဖြစ်လို့စစ်တာလဲ - စစ်ရတဲ့ရည်ရွယ်ချက် နောက်မှာရှိပါတယ်။ အရေးကြီးတဲ့ရည်ရွယ်ချက်က သူသာ Positive ဖြစ်တယ်ဆိုရင် သူ့ရဲ့မိသားစုဝင်တွေဟာ Close Contact ဆိုတဲ့ အနီးကပ်ထိတွေ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ သူ့မိသားစုဝင်တွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ စစ်ဆေးပြီးလို့ တကယ်လို့ Positive ဖြစ်တယ်ဆိုရင် သူတို့တွေကို Isolation လို့ခေါ်တဲ့ သီးခြားထားရှိမယ်။ ထားရှိပြီးတော့ သူတို့ရဲ့ Contact တွေကို ထပ်ပြီးတော့ လိုက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျမတို့အခုလက်ရှိလုပ်နေတဲ့Contact Tracing မှာ Aggressive Contact Tracing ဖြစ်ပါတယ်။ Contact Tracing ကို ဒီမှာသေသေချာချာ ဂရုတစိုက်လုပ်လို့ရှိရင် အခုလက်ရှိဖြစ်နေတဲ့ ရောဂါထိန်းချုပ်ရေးမှာ အဓိကအရေးကြီးဆုံး အခန်းကဏ္ဍက Cotact Tracing ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမတို့စစ်ဆေးတာ ဖြစ်ပါတယ်။"

အခုသေဆုံးခဲ့သူပေါင်း ၂၅၆ ဦးမှာ အလောင်းအဖြစ်နဲ့ ဆေးရုံကိုရောက်လာသူက ၄၃ ယောက်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ တချို့ကတော့ ရောဂါအခြေအနေ ဆိုးတော့မှာ ရောက်လာသူတွေဖြစ်ပြီး၊ ၉၅ ရာခိုင်နှုန်းကတော့ နာတာရှည်ရောဂါသည်တွေ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ သေဆုံးသူတွေထဲက ၅ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာ လုံးဝမပြဘဲ သေဆုံးခဲ့သူတွေ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုအချိန်မှာ ရောဂါအခံရှိသူတွေ၊ အသက်အရွယ်ကြီးသူတွေ ပိုပြီးသတိရှိကြဖို့ကို အွန်လိုင်းကနေတဆင့် မိန့်ခွန်းပြောရာမှာ သတိပေးလိုက်ပါတယ်။

“အရင်လည်း ကျမတို့ပြောခဲ့ပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ အသေအပျောက်ရှိခဲ့တာဟာ ဘာတွေနဲ့ ဆက်စပ်နေသလဲဆိုတော့ အခြေခံကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့်မို့လို့ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ အခြေခံကျန်းမာရေး အားမကောင်းတဲ့ပုဂ္ဂိုလ်တွေ၊ အခြေခံရောဂါတွေ၊ တခြားရောဂါတွေရှိတာ၊ အထူးသဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ ကျမတို့ရဲ့ ပြည်သူတွေမှာ ရှိတတ်ပါတယ်။ အဲဒါတွေရှိတဲ့ ပုဂ္ဂိုလ်တွေဆိုရင် ပိုပြီးတော့သတိထားရပါတယ်။ ပိုပြီးတော့ ကိုယ်ခံအား မကောင်းလို့ ပိုစိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရောဂါတွေရှိလို့လည်း စောစောက ကျမပြောသလိုပေါ့နော် စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်က အများကြီးဆောင်ပါတယ်။ ကိုယ်တယောက်တည်း မဟုတ်ဘူး၊ ကိုယ်နဲ့တတိုင်းပြည်လုံးက ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အင်အားမွေးပါ။ ကျမတို့တတိုင်းပြည်လုံးအတွက် ကိုယ်ကလည်း ရုန်းကန်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဒီရောဂါကိုကျော်လွှားနိုင်အောင်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။"

ရောဂါပြန့်ပွားနှုန်းတိုးပြီး ဆိုးရွားနေတဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေပေမဲ့ ဈေးတွေမှာတော့ စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ အတိုင်ပင်ခံကပြောပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို အခုထက်ပိုပြီး လိုက်နာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ အစောပိုင်း ထုတ်ပြန်တဲ့ စာရင်းတွေအရ ကိုဗစ်ရောဂါ ကူးစက်သူ ၁၁,၆၃၁ ဦးရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထဲမှာ စတုတ္ထနေရာမှာရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၂၅၆ ဦးနဲ့ တတိယအများဆုံး ဖြစ်နေပါတယ်။

XS
SM
MD
LG