သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် သွားလာခွင့် ပိတ်ဆို့မှုတွေထဲ သတင်းယူခွင့်ပါ အခက်အခဲကြုံနေရ

စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့အတွင်း lockdown ချထားသည့် လမ်းတနေရာ

(Zawgyi/Unicode)

ကိုဗစ်၁၉ ကပ်ရောဂါကာလ အစိုးရထုတ်ပြန် ကန့်သတ်ချက်တွေထဲ သတင်းသမားတွေ သတင်းရယူခွင့် ကင်းလွတ်ခွင့်ပေးဖို့ သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာသတင်းသမားတွေတောင်းဆိုလိုက်ပါတယ်။ မဆုမွန်က ဆက်လက်တင်ပြမှာပါ။

ကူးစက်မြန်ရောဂါ COVID 19 ဖြစ်ပွားနေတဲ့အချိန် မရှိမဖြစ်အရေးကြီးလုပ်ငန်းခွင်တွေမှာ တာဝန်ထမ်းဆောင်နေသူများမှအပ ပြည်သူတွေ နေအိမ်ထဲမှာပဲနေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ Stay At Home အမိန့်ထုတ်ပြန်ချက်ထဲ သတင်းမီဒီယာလုပ်ငန်းတွေ မပါဝင်တဲ့အတွက် သတင်းမီဒီယာအဖွဲ့တွေဘက်က စိုးရိမ်မကင်းသဘောထားထုတ်ပြန်နေကြတာပါ။ သတင်းမီဒီယာလွတ်လပ်ခွင့် လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာ့ သတင်းသမားတွေ စုဖွဲ့ထားတဲ့ Pen Myanmar အဖွဲ့ကလည်း ကပ်ရောဂါကာလ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ပါ ကန့်သတ်ချက်တွေထဲ သတင်းရယူခွင့် စနစ်တကျကင်းလွတ်ခွင့်ပေးဖို့ စက်တင်ဘာ ၂၈ရက်နေ့ မှာ တောင်းဆိုပါတယ်။ Pen မြန်မာအဖွဲ့က ဦးမျိုးမြင့်ငြိမ်းက ထုတ်ပြန်ရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"အဓိကကတော့ တရားဝင်ပေါ့နော် Officially သတင်းသမားတွေ သတင်းယူခွင့်ရှိတယ် အပြင်ထွက်ခွင့်ရှိတယ်။ ဒါမျိုး ကျနော်တို့ ရချင်ပါတယ်။ ခိုင်လုံတဲ့အာမခံချက်မရှိပဲနဲ့ သတင်းသမားတွေ လမ်းပေါ်ထွက်သတင်းယူဖို့ အင်မတန်မှကို ခက်ပါတယ်။ အခုသတင်းသမားတွေထဲ လူငယ်လေးတွေလည်းများတယ်။ အများအားဖြင့် မိန်းကလေးတွေလည်းများတယ်။ အဲ့တာကျနော်တို့ နည်းနည်းစိုးရိမ်တယ်။ နောက်တခါ အာဏာပိုင်တွေဘက်မှာလည်း အဲ့ဒီ့အတွေ့အကြုံမရှိဘူး ။ ခွင့်မပြုထားဘူး မပြုထားဘူးဆိုရင် မင်းတို့မဝင်ရဘူး။ မလာရဘူး။ မသွားရဘူး ဒီလိုပဲ ပိတ်ပင်ဟန့်တားမှာပဲ။ ဒါတွေက မြန်မာပြည်မှာဖြစ်နေကျပဲလေ လက်ပတ် ပတ်ထားတဲ့သူတွေက သြဇာအပြည့်အဝရှိနေတယ်။ ဒီလူတွေပြောတာက အတည်ပဲ အဲ့တာတွေကို ကျော်လွှားနိုင်ဖို့ဆိုတာက အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်းတိတိကျကျနဲ့ သတင်းမီဒီယာသမားတွေဟာ ဒေသတွေအတွင်း လွတ်လွတ်လပ်လပ်သွားလာ သတင်းရယူခွင့်ရှိတယ် ဆိုတာမျိုးကိုပဲ ထုတ်ပြန်ပေးစေချင်ပါတယ်။ တိုင်းနဲ့ပြည်နယ်ဒေသကြီးတွေက တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ ကလည်း ဒါကိုထည့်သွင်းစဉ်းစားစေချင်ပါတယ်။"

ကပ်ရောဂါကိုဗစ်၁၉ ဖြစ်နေတဲ့ အရေးပေါ်ကာလမှာ အချိန်နဲ့တပြေးညီ သတင်းတွေကို ထုတ်ပြန်ပေးနိုင်ဖို့ သတင်းမီဒီယာတွေဘက်က သတင်းဖြစ်နေတဲ့နေရာမှာ သတင်းရယူနိုင်ဖို့ က အရေးကြီးတာမို့ ကုလက သတ်မှတ်ထားတဲ့ သတင်းအချက်အလက်သိပိုင်ခွင့်နေ့ စက်တင်လာ ၂၈ရက်နေ့မှာ Pen Myanmar အနေနဲ့ အလေးအနက်ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဦးမျိုးမြင့်ငြိမ်းကပြောပါတယ်။

"COVID နဲ့ပတ်သက်ပြီးတော့ သတင်းတွေက အမျိုးမျိုးဖြစ်နေတယ်။ သတင်းမှန်တွေလည်းတွေ့ရတယ် သတင်းမှားတွေလည်းတွေ့ရတယ်။ Misinformation Disinformation သတင်းတွေအမျိုးမျိုး ကျနော်တို့တွေ့နေရတယ်။ ဒါတွေကို ဟုတ်သလား မှန်သလားဆိုတာ ပြန်ပြီးလိုက်ပါဖြေရှင်းနိုင်ဖို့က ခိုင်မာယုံကြည်ရတဲ့သတင်းဌာနတွေရှိဖို့ သတင်းဌာနတွေမှာ သတင်းတွေ ရှာဖွေလေ့လာဖို့ဆိုတာက အဲ့သတင်းဌာနက သတင်းသမားတွေက အလုပ်လုပ်နေမှရမှာလေ။ သတင်းသမားက သတင်းဖြစ်တဲ့နေရာတွေကို မဖြစ်မနေသွားဖို့လာဖို့ဆိုတာ ခုနကပြောတဲ့ နယ်မြေဒေသတွေကို ကန့်သတ်ထားတယ်တွေရှိတယ် ဟန့်တားထားတာတွေရှိတယ်။ ဆိုတော့- အဲ့ဒီ့ကို သွားလို့ ဖမ်းထားတဲ့သူတယောက်မှမရှိဘူး လို့ပြောကောင်းပြောနိုင်ပါတယ်။ သို့သော် အထူးသဖြင့် အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ရနိုင်တဲ့ နယ်မြေမကျော်ရဘူး သတင်းမရဘူးဆိုတာမျိုးကို ကျနော်နဲ့ဆက်နွယ်တဲ့ သတင်းသမားတောင်မှ လှမ်းမေးတာရှိပါတယ်။ သူတို့သတင်းသွားယူလို့ အခက်အခဲရှိလာရင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုး မေးတဲ့အထိ တွေ့ရတယ်။ မင်းတို့ထွက်သာထွက်ကွာလို့တိုက်တွန်းဖို့ကျတော့လည်း သူတို့လုံခြုံရေးက အရေးကြီးတာကိုး။ ဆိုတော့ အခုထုတ်ပြန်ထားတဲ့အထဲ အပြင်ထွက်ခွင့်ရှိတဲ့သူတွေထဲ သတင်းမီဒီယာသမားတွေမပါဘူး ဆိုတော့ ဒါကို ကျနော်တို့က ပြန်စဉ်းစားစေချင်ပါတယ်။"

ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ တရားစီရင်ရေးမဏ္ဍိုင် ၊ ဥပဒေပြုရေးမဏ္ဍိုင်ကြီးသုံးရပ်ပြီးရင် စတုတ္ထမဏ္ဍိုင် ဆိုတာ မီဒီယာသမားတွေပဲ ဒီလူတွေ အလုပ်ခွင့်မရဘူးဆို ကျန်တဲ့ကိစ္စတွေမှာလည်း Balance ဖြစ်လာမှာမဟုတ်ဘူး။ ဟန်ချက်ညီထိန်းကွပ်ဖို့ဆိုတဲ့ ရီသမ်ပျက်သွားမှာပေါ့နော်။ အခုက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်က တောင်းဆိုတာကိုလည်း ဘာမှကို အရေးတယူထုတ်ပြန်ပေးတာမျိုးမတွေ့ရဘူး ။ ဒါကြောင့် Pen Myanmar အနေနဲ့ ဒါကို ပြောဖို့လိုအပ်လာပြီလို့ယူဆတဲ့အတွက် ကြေညာချက်ထုတ်ရတာဖြစ်ပါတယ်။"

အစိုးရအမိန့်ကြေညာချက်ထဲ မီဒီယာလုပ်ငန်းခွင်ကသူတွေ အပြင်ထွက်အလုပ်လုပ်ကိုင်ခွင့် တရားဝင်ထည့်သွင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်းမာရေးဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာနစတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ရက်နေ့က ကြေညာချက်ထုတ်တောင်းဆို ထားတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုထားပါတယ်။ ဒီလို မီဒီယာအဖွဲ့တွေရဲ့တောင်းဆိုချက်နဲ့ပတ်သက်ပြီး အခုအချိန်အထိ သက်ဆိုင်ရာ တရားဝင်သတင်း ထုတ်ပြန်တုန့်ပြန်တာမျိုးတော့မရှိသေးပါဘူး။ ကပ်ရောဂါကာလ စီးပွားရေးထိခိုက်မှုတွေထဲ သတင်းမီဒီယာလုပ်ငန်းတွေ ပါဝင်ပြီး ပုံနှိပ်သတင်းစာတချို့ထုတ်ဝေတာရပ်ဆိုင်းလိုက်လို့ သတင်းသမားတွေ အလုပ်နားလိုက်ရတဲ့အခက်အခဲတွေကိုလည်း သတင်းမီဒီယာကောင်စီအပါအဝင် သတင်းသမားတွေက ဝိုင်းဝန်းကူညီပေးနေကြရချိန်လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.................

ကိုဗစ်ကြောင့် သွားလာခွင့် ပိတ်ဆို့မှုတွေထဲ သတင်းယူခွင့်ပါ အခက်အခဲကြုံနေရ

(Unicode)

XS
SM
MD
LG