သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဓါတ္ခဲြစစ္ေဆးမႈ ပိုလုပ္လာႏိုင္ေလ COVID-19 ကူးစက္မႈ ပိုမိုေတြ႔ လာဖို႔ရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ သတိေပး


ဓါတ္ပံု-- Myanmar State Counsellor Office

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ COVID 19 ေၾကာင့္ ေရာဂါ ကူးစက္မႈႏႈန္းနဲ႔ ေသဆုံးမႈႏႈန္း ျမင့္တက္ေနတဲ့အေပၚ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္က စက္တင္ဘာလ၂၈ရက္ေန႔က အစီရင္ခံမိန္႔ခြန္းေျပာၾကားခဲ့ရာမွာ ေတာင္ကိုရီးယားနိုင္ငံကမွာယူထားတဲ့ အျမန္ စစ္ ဓါတ္ခြဲ စမ္းသပ္ ကိရိယာေတြေရာက္ ရွိ လာၿပီ ျဖစ္ေၾကာင္းနဲ႔ ဓါတ္ခြဲ စစ္ေဆးမႈ ပိုလုပ္နိုင္မွာျဖစ္တာေၾကာင့္ ေရာဂါ ပိုးေတြ႕တာ ေတြ ပိုမ်ားလာနိုင္တယ္လို႔လည္း သတိေပးလိုက္ ပါတယ္။

“ ဒီေတာ့ ဒီေရာဂါပိုး ေတြ႔ရွိတာနဲ႔ ပတ္သက္လို႔ ေသာၾကာေန႔တုန္းက က်မ ေျပာပါတယ္။ ေတာင္ကိုရီးယား ကေနၿပီးေတာ့ ဒီေရာဂါပိုး ရွိ မရွိကို ျမန္ျမန္ဆန္ဆန္နဲ႔ မွန္မွန္ကန္ကန္စစ္ေဆးႏိုင္တဲ့ Antigen Test Kit ေတြရဖို႔ ရွိတယ္လို႔ က်မေျပာခဲ့ပါတယ္။ ဒီရက္ပိုင္းအတြင္းေရာက္မယ္ဆုိတာ က်မေျပာတဲ့အတိုင္းပဲ ခုရက္ပိုင္းအတြင္း ေရာက္ပါၿပီ။ မေန႔ကဆိုရင္ က်မတို႔ အစိုးရက ၀ယ္တဲ့ ၂ သိန္းထဲမွာဆိုရင္ ၆ ေသာင္း ေရာက္ပါတယ္။ ဒီေန႔ဆိုရင္ ေနာက္ ၁ သိန္း ၄ ေသာင္း ေရာက္ဖို႔ ရွိတဲ့အခါက်ေတာ့ ဒီ ၂ သိန္း စလံုးဟာ ဒီေန႔ ျပည့္မွာ ျဖစ္ပါတယ္။ မနက္ျဖန္ကစၿပီးေတာ့ ၿမိဳ႕နယ္ ၊ ခရိုင္ ေဆးရံုေတြမွာ စၿပီးေတာ့ စမ္းသပ္တဲ့ test kit ကို သံုးမွာျဖစ္ပါတယ္။ ေနာက္ မေနက္ျဖန္မွာလည္း ေတာင္ကိုရီးယား အစိုးရကေနၿပီးေတာ့ လွဴဒန္းတဲ့ Test Kit ေတြထဲက ၅ ေထာင္ေရာက္ဖို႔ ရွိပါတယ္။ အဲဒီေတာ့ စၿပီးေတာ့ ျမန္ျမန္ဆန္ဆန္နဲ႔ မွန္မွန္ကန္ကန္ စမ္းသပ္ႏိုင္တဲ့ test kit ေတြကို သံုးၿပီဆိုရင္ ေရာဂါပိုး ရွိတာေတြ ပိုၿပီးေတာ့ သိရတယ္။ အဲဒါေၾကာင့္ စိတ္ဓါတ္မက်ပါနဲ႔။ ဒီလိုျမန္ျမန္ သိရတဲ့အခါက်ေတာ့ ေစာေစာစီးစီး ကုသမႈ ေပးႏိုင္တယ္။ ေပ်ာက္ႏႈန္းကပိုၿပီးေတာ့ ေကာင္းလာမယ္။

ေန႔စဥ္ ဓါတ္ခြဲ စစ္ေဆးမႈႏႈန္း ဘယ္ေလာက္အထိ တိုးျမႇင့္ လုပ္ေဆာင္နိုင္မလဲဆိုတာကိုေတာ့ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္က အေသးစိတ္ ေျပာသြားျခင္း မရွိပါဘူး။

စက္တင္ ဘာလ ၂၈ ရက္ေန႔ ညပိုင္းမွာေတာ့ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါ ကူးစက္သူ စုစုေပါင္း ၁၁,၆၃၁ ဦးရွိသြားၿပီး ေသဆုံးသူ စုစုေပါင္း ၂၅၆ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

ဒီအေတာအတြင္း ျမန္မာႏုိင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ သက္ဆိုင္ရာဌာနေတြက ခ်မွတ္ထားတဲ့ ေရာဂါ ကာကြယ္တားဆီးေရး ညြန္ၾကားခ်က္၊ အမိန္႔နဲ႔ ထုတ္ျပန္ခ်က္ေတြကိုေအာက္တိုလာလ ၃၁ ရက္ေန႔အထိ သက္တမ္းတိုး သတ္မွတ္လိုက္တဲ့အေၾကာင္း ကိုဗစ္ႏိုင္တင္း ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားဗဟိုေကာ္မတီက တနလၤာေန႔ကေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

အလားတူ ႏုိင္ငံျခားေရးဌာန ကလည္း ကိုဗစ္ႏုိင္တင္း ကာကြယ္ထိန္းခ်ဳပ္တဲ့ အစီအစဥ္ေတြ ပုိမိုထိေရာက္ေစဖို႔အတြက္ ျပည္ပႏုိင္ငံေတြကေန ျမန္မာႏုိင္ငံကို လာေရာက္ၾကမယ့္ ခရီးသြားေတြအေပၚ ျပည္၀င္ခြင့္ဗီဇာ ယာယီကန္႔သတ္ခ်က္ ထုတ္ျပန္ထားတာကို ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ ထပ္မံ သက္တမ္းတိုး သတ္မွတ္ေၾကာင္း တနလၤာေန႔ကပဲ ထုတ္ျပန္ထားပါတယ္။ ျပည္၀င္ခြင့္ဗီဖာ ယာယီကန္႔သတ္ခ်က္ကို ဒီလကုန္အထိ သက္တမ္းတိုးသတ္မွတ္ထားရာကေန ခုေတာ့ ေနာက္လကုန္အထိ ထပ္တိုးလိုက္တာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ အေရးေပၚ အစိုးရတာ၀န္နဲ႔ျဖစ္ျဖစ္၊ မလႊဲမေရွာင္သာကိစၥရပ္ေတြေၾကာင့္ပဲျဖစ္ျဖစ္ ျမန္မာႏိုင္ငံကိုလာေရာက္ဖို႔ လိုအပ္တဲ့ ျပည္ပႏုိင္ငံသားေတြကိုေတာ့ ဒီကန္႔သတ္ခ်က္ကေန ကင္းလြတ္ခြင့္ ရယူႏုိင္ေအာင္ နီးစပ္ရာ ျမန္မာသံ႐ံုး၊ ေကာင္စစ္၀န္ခ်ဳပ္ရံုးေတြကို ဆက္သြယ္ ကူညီေတာင္းခံႏုိင္တယ္လုိ႔ ဒီလ ၂၈ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ႏုိင္ငံျခားေရးဌာန ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဓါတ်ခွဲစစ်ဆေးမှု ပိုလုပ်လာနိုင်လေ COVID-19 ကူးစက်မှု ပိုမိုတွေ့ လာဖို့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

(Unicode)

မြန်မာနိုင်ငံမှာ COVID 19 ကြောင့် ရောဂါ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က စက်တင်ဘာလ၂၈ရက်နေ့က အစီရင်ခံမိန့်ခွန်းပြောကြားခဲ့ရာမှာ တောင်ကိုရီးယားနိုင်ငံကမှာယူထားတဲ့ အမြန် စစ် ဓါတ်ခွဲ စမ်းသပ် ကိရိယာတွေရောက် ရှိ လာပြီ ဖြစ်ကြောင်းနဲ့ ဓါတ်ခွဲ စစ်ဆေးမှု ပိုလုပ်နိုင်မှာဖြစ်တာကြောင့် ရောဂါ ပိုးတွေ့တာ တွေ ပိုများလာနိုင်တယ်လို့လည်း သတိပေးလိုက် ပါတယ်။

“ ဒီတော့ ဒီရောဂါပိုး တွေ့ရှိတာနဲ့ ပတ်သက်လို့ သောကြာနေ့တုန်းက ကျမ ပြောပါတယ်။ တောင်ကိုရီးယား ကနေပြီးတော့ ဒီရောဂါပိုး ရှိ မရှိကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်စစ်ဆေးနိုင်တဲ့ Antigen Test Kit တွေရဖို့ ရှိတယ်လို့ ကျမပြောခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းရောက်မယ်ဆိုတာ ကျမပြောတဲ့အတိုင်းပဲ ခုရက်ပိုင်းအတွင်း ရောက်ပါပြီ။ မနေ့ကဆိုရင် ကျမတို့ အစိုးရက ဝယ်တဲ့ ၂ သိန်းထဲမှာဆိုရင် ၆ သောင်း ရောက်ပါတယ်။ ဒီနေ့ဆိုရင် နောက် ၁ သိန်း ၄ သောင်း ရောက်ဖို့ ရှိတဲ့အခါကျတော့ ဒီ ၂ သိန်း စလုံးဟာ ဒီနေ့ ပြည့်မှာ ဖြစ်ပါတယ်။ မနက်ဖြန်ကစပြီးတော့ မြို့နယ် ၊ ခရိုင် ဆေးရုံတွေမှာ စပြီးတော့ စမ်းသပ်တဲ့ test kit ကို သုံးမှာဖြစ်ပါတယ်။ နောက် မနေက်ဖြန်မှာလည်း တောင်ကိုရီးယား အစိုးရကနေပြီးတော့ လှူဒန်းတဲ့ Test Kit တွေထဲက ၅ ထောင်ရောက်ဖို့ ရှိပါတယ်။ အဲဒီတော့ စပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ test kit တွေကို သုံးပြီဆိုရင် ရောဂါပိုး ရှိတာတွေ ပိုပြီးတော့ သိရတယ်။ အဲဒါကြောင့် စိတ်ဓါတ်မကျပါနဲ့။ ဒီလိုမြန်မြန် သိရတဲ့အခါကျတော့ စောစောစီးစီး ကုသမှု ပေးနိုင်တယ်။ ပျောက်နှုန်းကပိုပြီးတော့ ကောင်းလာမယ်။

နေ့စဉ် ဓါတ်ခွဲ စစ်ဆေးမှုနှုန်း ဘယ်လောက်အထိ တိုးမြှင့် လုပ်ဆောင်နိုင်မလဲဆိုတာကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသေးစိတ် ပြောသွားခြင်း မရှိပါဘူး။

စက်တင် ဘာလ ၂၈ ရက်နေ့ ညပိုင်းမှာတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ကူးစက်သူ စုစုပေါင်း ၁၁,၆၃၁ ဦးရှိသွားပြီး သေဆုံးသူ စုစုပေါင်း ၂၅၆ ယောက်ရှိပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေက ချမှတ်ထားတဲ့ ရောဂါ ကာကွယ်တားဆီးရေး ညွန်ကြားချက်၊ အမိန့်နဲ့ ထုတ်ပြန်ချက်တွေကိုအောက်တိုလာလ ၃၁ ရက်နေ့အထိ သက်တမ်းတိုး သတ်မှတ်လိုက်တဲ့အကြောင်း ကိုဗစ်နိုင်တင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီက တနင်္လာနေ့ကကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အလားတူ နိုင်ငံခြားရေးဌာန ကလည်း ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်တဲ့ အစီအစဉ်တွေ ပိုမိုထိရောက်စေဖို့အတွက် ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာ ယာယီကန့်သတ်ချက် ထုတ်ပြန်ထားတာကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်မံ သက်တမ်းတိုး သတ်မှတ်ကြောင်း တနင်္လာနေ့ကပဲ ထုတ်ပြန်ထားပါတယ်။ ပြည်ဝင်ခွင့်ဗီဖာ ယာယီကန့်သတ်ချက်ကို ဒီလကုန်အထိ သက်တမ်းတိုးသတ်မှတ်ထားရာကနေ ခုတော့ နောက်လကုန်အထိ ထပ်တိုးလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်ဖြစ်၊ မလွှဲမရှောင်သာကိစ္စရပ်တွေကြောင့်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုလာရောက်ဖို့ လိုအပ်တဲ့ ပြည်ပနိုင်ငံသားတွေကိုတော့ ဒီကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့် ရယူနိုင်အောင် နီးစပ်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေကို ဆက်သွယ် ကူညီတောင်းခံနိုင်တယ်လို့ ဒီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဌာန ကြေညာချက်မှာဖော်ပြထားပါတယ်။

XS
SM
MD
LG