သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေထာက္ပံ့ေရးတိုင္းနဲ႔ ျပည္နယ္ တေျပးညီျဖစ္သင့္


က်န္းမာေရးလုပ္သားမ်ားအတြက္ COVID-19 ကာကြယ္ေရးဝတ္စံုမ်ား ခ်ဳပ္လုပ္ေနသည့္ စက္ခ်ဳပ္လုပ္သားမ်ား။ (ေမ ၈၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ဗဟိုအစိုးရ ေထာက္ပံ့ေရးအစီအစဥ္မွာ ကူးစက္မႈဒဏ္ အဆုိးဆုံး ခံေနရတဲ့ ရန္ကုန္တိုင္း တတိုင္းတည္းမဟုတ္ပဲ စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္ထားရတဲ့ က်န္ တိုင္းနဲ႔ ျပည္နယ္ ေဒသေတြမွာလည္း ခံစားခြင္႔ ေပးဖို႔ အလုပ္သမားအမ်ားစုေမွ်ာ္လင့္ေနၾကပါတယ္။

ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအ သတင္းေထာက္ ကိုေဇာ္ထက္က အေသးစိတ္ကို ေျပာျပမွာပါ။

စက္႐ုံေတြ သီတင္း ၂ ပတ္ၾကာ ပိတ္ထားတဲ့ ကာလမွာ လူမႈဖူလုံေၾကးေပးသြင္းထားတဲ့သူေရာ၊ မေပးသြင္းတဲ့သူပါ ေထာက္ပံ့ဖို႔အစိုးရက စီစဥ္ေနတဲ့အတြက္ စက္႐ုံအမ်ားစုရွိတဲ့ ရန္ကုန္တိုင္းတင္မကဘဲ တျခားျပည္နယ္နဲ႔တိုင္းက ပိတ္ထားတဲ့ စက္႐ုံလုပ္သားေတြ ကလည္း အလားတူ ခံစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက လုပ္ငန္းေတြ ယာယီရပ္လုိက္ရတဲ့ ရန္ကုန္တိုင္းမွာ အလုပ္သမားေတြကုိ လူမႈဖူလုံေၾကး ခံစားခြင့္ ၄၀ ရာခိုင္ႏႈန္းေပးမယ့္အေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက စက္တင္ဘာ ၂၄ ရက္မွာ ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း အလားတူ လုပ္ငန္းေတြ ပိတ္ထားရတဲ့ ပဲခူးတိုင္း၊ မြန္ျပည္နယ္၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္း ေတြအတြက္ေတာ့ ထုတ္ျပန္ေၾကညာတာ မရွိေသးပါဘူး

အလုပ္သမားအခ်င္းခ်င္း ႐ိုင္းပင္းကူညီေရးအဖြဲ႕ LHEO အျငင္းပြားမႈ ေျဖရွင္းေရး တာဝန္ခံ ေဒၚခခ ကေတာ့ အလုပ္သမားေတြရဲ႕ ခံစားခြင့္ တေျပးညီ ျဖစ္သင့္ေၾကာင္း ေျပာပါတယ္။

“ ခံစားခြင့္ဆိုရင္ မွ်တတဲ့ ခံစားခြင့္ေတြ ရရွိေစခ်င္တယ္၊ ဒါေၾကာင့္မို႔ တိုင္းနဲ႔ျပည္နယ္ အစိုးရေတြကလည္း ႀကိဳးစားအားထုတ္ၿပီးမွ ျပည္ေထာင္စုကို လက္ရွိ အလုပ္သမားေတြ ႀကဳံေတြ႕ေနရတဲ့ အခက္ခဲနဲ႔ ေျမျပင္မွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကို တင္ျပဖို႔ဆိုရင္ ျပည္ေထာင္စု အစိုးရအေနနဲ႔ကလည္း ေအာက္ေျခမွာ ျဖစ္ေနတဲ့ အလုပ္သမားေတြရဲ႕ အခက္အခဲကို စာနာ၊ နားလည္ ၿပီးေတာ့မွ တေျပးညီ ခံစားခြင့္ ေပးေစခ်င္ပါတယ္ရွင့္။ ဒါက်မတို႔ရဲ႕ သေဘာထားပါ။”

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM လက္ေထာက္အေထြေထြ အတြင္းေရးမႉး ေဒၚၿဖိဳးစႏၵာစိုးကေတာ့ အစိုးရကေပးဖုိ႔ စီစဥ္ေနတဲ့ လူမႈဖူလုံေၾကးရဲ႕ ၄၀ % ကုိ အလုပ္သမားတုိင္း ခံစားခြင္ရွိတယ္လုိ႔ ေျပာပါတယ္။

“ အာမခံလုပ္သား အားလုံးအတြက္ ရည္႐ြယ္တာပါ၊ အစိုးရအေနနဲ႔ အရင္ဆုံး ရန္ကုန္တိုင္းအတြက္ကို ေျပာတာေပါ့ေနာ္၊ အာမခံ။ ဒါေပမဲ့ ေပးမွာပါ၊ က်မတို႔အခု သတင္းထဲမွာ သိရသေလာက္ဆိုရင္ ၃၀၀၀၀ ေပးမယ္လို႔ သူတို႔၊ အစိုးရ ေျပာထားတယ္ေပါ့ေနာ္၊ အာမခံထဲကို မဝင္ထားတဲ့ အလုပ္သမားေတြလည္း ရၾကမွာပါ။”

အလုပ္သမားေတြအေနနဲ႔ လုပ္ခလစာကို သတ္မွတ္ရက္အတိုင္း မရဘူးဆိုရင္ အခက္အခဲျဖစ္ႏိုင္တဲ့ အေျခအေနေတြလည္း ရွိပါတယ္။ လူမႈဖူလုံေၾကး အာမခံ ၄၀ % ကို ပထမအႀကိမ္ စက္႐ုံေတြပိတ္တုန္းကအတိုင္း အစိုးရကတဆင့္ အလုပ္ရွင္က ထုတ္ေပးဖို႔ရွိေပမဲ့ အာမခံမရွိတဲ့ လုပ္သားေတြရမယ့္ ၃၀၀၀၀ က်ပ္ကိုေတာ့ ဘယ္လိုေပးမယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလုိ႔လည္း အလုပ္သမားအခ်င္းခ်င္း ႐ိုင္းပင္းကူညီေရးအဖြဲ႕က ေဒၚခခ က အခုလိုေျပာပါတယ္။

“ ေနာက္ ဒီ ၃၀၀၀၀ က်ပ္ေထာက္ပံ့မယ္ ဆိုတာကိုေတာ့ ( ရန္ကုန္တိုင္း) အလုပ္သမားဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ ေျပာၾကားခ်က္အရဆိုရင္ ေအာက္တိုဘာ ဒုတိယအပတ္ေလာက္မွာ ထုတ္ေပးႏိုင္ဖို႔အတြက္ သူတို႔ျပင္ဆင္ေနတယ္လို႔ ေျပာပါတယ္။ ဘယ္လိုနည္းလမ္းနဲ႔ေပးမလဲ၊ အလုပ္သမားေတြ လက္ထဲကို ဘယ္လိုပုံစံနဲ႔ေပးသြားမလဲ၊ ဘယ္လိုစစ္တမ္းေတြ ေကာက္ေနလဲ ဆိုတာကို က်မတို႔ အေသးစိတ္ မသိရပါဘူးရွင့္။”

ရန္ကုန္တိုင္းအတြင္း အထည္ခ်ဳပ္လုပ္သား ၆ သိန္းေလာက္ရွိေနၿပီး ျမန္မာတႏိုင္ငံလုံး အေနနဲ႔ ၈ သိန္းဝန္းက်င္ ရွိမယ္လို႔ အလုပ္သမား သမဂၢေတြက ခန္႔မွန္းထားပါတယ္။ အလုပ္သမားဝန္ႀကီးဌာနနဲ႔ အျပည္ျပည္ဆုိင္ရာ အလုပ္သမားအဖဲြ႔ခ်ဳပ္ ILO ထုတ္ျပန္ခ်က္အရဆိုရင္ တႏိုင္ငံလုံးမွာရွိတဲ့ စက္႐ုံ၊ အလုပ္႐ုံ လုပ္သားေပါင္း ၂၂.၃ သန္းရွိပါတယ္။

လတ္တေလာမွာေတာ့ ဥေရာပသမဂၢ EU ကေတာ့ ကိုဗစ္ကပ္ေရာဂါကာလ ထိခိုက္သြားတဲ့ ျမန္မာ အထည္ခ်ဳပ္လုပ္သား ၉၀၀,၀၀၀ အတြက္ အေရးေပၚရန္ပုံေငြ ယူ႐ို ၅,၀၀၀,၀၀၀ (က်ပ္ေငြ ၇.၉ ဘီလီယံ) ေထာက္ပံ့ထားၿပီး ေနာက္ထပ္ ယူ႐ို ၅,၀၀၀,၀၀၀ ေပးဖို႔လည္း ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကိုဗစ်ထောက်ပံ့ရေးတိုင်းနဲ့ ပြည်နယ် တပြေးညီဖြစ်သင့်

(Unicode)

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ဗဟိုအစိုးရ ထောက်ပံ့ရေးအစီအစဉ်မှာ ကူးစက်မှုဒဏ် အဆိုးဆုံး ခံနေရတဲ့ ရန်ကုန်တိုင်း တတိုင်းတည်းမဟုတ်ပဲ စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားရတဲ့ ကျန် တိုင်းနဲ့ ပြည်နယ် ဒေသတွေမှာလည်း ခံစားခွင့် ပေးဖို့ အလုပ်သမားအများစုမျှော်လင့်နေကြပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က အသေးစိတ်ကို ပြောပြမှာပါ။

စက်ရုံတွေ သီတင်း ၂ ပတ်ကြာ ပိတ်ထားတဲ့ ကာလမှာ လူမှုဖူလုံကြေးပေးသွင်းထားတဲ့သူရော၊ မပေးသွင်းတဲ့သူပါ ထောက်ပံ့ဖို့အစိုးရက စီစဉ်နေတဲ့အတွက် စက်ရုံအများစုရှိတဲ့ ရန်ကုန်တိုင်းတင်မကဘဲ တခြားပြည်နယ်နဲ့တိုင်းက ပိတ်ထားတဲ့ စက်ရုံလုပ်သားတွေ ကလည်း အလားတူ ခံစားခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက လုပ်ငန်းတွေ ယာယီရပ်လိုက်ရတဲ့ ရန်ကုန်တိုင်းမှာ အလုပ်သမားတွေကို လူမှုဖူလုံကြေး ခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးမယ့်အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာထားပါတယ်။ ဒါပေမဲ့လည်း အလားတူ လုပ်ငန်းတွေ ပိတ်ထားရတဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တွေအတွက်တော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး

အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့ LHEO အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခ ကတော့ အလုပ်သမားတွေရဲ့ ခံစားခွင့် တပြေးညီ ဖြစ်သင့်ကြောင်း ပြောပါတယ်။

“ ခံစားခွင့်ဆိုရင် မျှတတဲ့ ခံစားခွင့်တွေ ရရှိစေချင်တယ်၊ ဒါကြောင့်မို့ တိုင်းနဲ့ပြည်နယ် အစိုးရတွေကလည်း ကြိုးစားအားထုတ်ပြီးမှ ပြည်ထောင်စုကို လက်ရှိ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်ခဲနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တင်ပြဖို့ဆိုရင် ပြည်ထောင်စု အစိုးရအနေနဲ့ကလည်း အောက်ခြေမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို စာနာ၊ နားလည် ပြီးတော့မှ တပြေးညီ ခံစားခွင့် ပေးစေချင်ပါတယ်ရှင့်။ ဒါကျမတို့ရဲ့ သဘောထားပါ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကတော့ အစိုးရကပေးဖို့ စီစဉ်နေတဲ့ လူမှုဖူလုံကြေးရဲ့ ၄၀ % ကို အလုပ်သမားတိုင်း ခံစားခွင်ရှိတယ်လို့ ပြောပါတယ်။

“ အာမခံလုပ်သား အားလုံးအတွက် ရည်ရွယ်တာပါ၊ အစိုးရအနေနဲ့ အရင်ဆုံး ရန်ကုန်တိုင်းအတွက်ကို ပြောတာပေါ့နော်၊ အာမခံ။ ဒါပေမဲ့ ပေးမှာပါ၊ ကျမတို့အခု သတင်းထဲမှာ သိရသလောက်ဆိုရင် ၃၀၀၀၀ ပေးမယ်လို့ သူတို့၊ အစိုးရ ပြောထားတယ်ပေါ့နော်၊ အာမခံထဲကို မဝင်ထားတဲ့ အလုပ်သမားတွေလည်း ရကြမှာပါ။”

အလုပ်သမားတွေအနေနဲ့ လုပ်ခလစာကို သတ်မှတ်ရက်အတိုင်း မရဘူးဆိုရင် အခက်အခဲဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ လူမှုဖူလုံကြေး အာမခံ ၄၀ % ကို ပထမအကြိမ် စက်ရုံတွေပိတ်တုန်းကအတိုင်း အစိုးရကတဆင့် အလုပ်ရှင်က ထုတ်ပေးဖို့ရှိပေမဲ့ အာမခံမရှိတဲ့ လုပ်သားတွေရမယ့် ၃၀၀၀၀ ကျပ်ကိုတော့ ဘယ်လိုပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က ဒေါ်ခခ က အခုလိုပြောပါတယ်။

“ နောက် ဒီ ၃၀၀၀၀ ကျပ်ထောက်ပံ့မယ် ဆိုတာကိုတော့ ( ရန်ကုန်တိုင်း) အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည် ပြောကြားချက်အရဆိုရင် အောက်တိုဘာ ဒုတိယအပတ်လောက်မှာ ထုတ်ပေးနိုင်ဖို့အတွက် သူတို့ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပေးမလဲ၊ အလုပ်သမားတွေ လက်ထဲကို ဘယ်လိုပုံစံနဲ့ပေးသွားမလဲ၊ ဘယ်လိုစစ်တမ်းတွေ ကောက်နေလဲ ဆိုတာကို ကျမတို့ အသေးစိတ် မသိရပါဘူးရှင့်။”

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်လုပ်သား ၆ သိန်းလောက်ရှိနေပြီး မြန်မာတနိုင်ငံလုံး အနေနဲ့ ၈ သိန်းဝန်းကျင် ရှိမယ်လို့ အလုပ်သမား သမဂ္ဂတွေက ခန့်မှန်းထားပါတယ်။ အလုပ်သမားဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထုတ်ပြန်ချက်အရဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ လုပ်သားပေါင်း ၂၂.၃ သန်းရှိပါတယ်။

လတ်တလောမှာတော့ ဥရောပသမဂ္ဂ EU ကတော့ ကိုဗစ်ကပ်ရောဂါကာလ ထိခိုက်သွားတဲ့ မြန်မာ အထည်ချုပ်လုပ်သား ၉၀၀,၀၀၀ အတွက် အရေးပေါ်ရန်ပုံငွေ ယူရို ၅,၀၀၀,၀၀၀ (ကျပ်ငွေ ၇.၉ ဘီလီယံ) ထောက်ပံ့ထားပြီး နောက်ထပ် ယူရို ၅,၀၀၀,၀၀၀ ပေးဖို့လည်း ကတိပြုထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG